• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အခွန်အကောက်ဥပဒေတွင် စည်းကြပ်လွတ်ကင်း ဝင်ငွေခွန် လျှော့ချထား

by ကျော်မျိုး
10 August 2019
in သတင်း
A A
ဘဏ်တခုတွင်ရေတွက်နေသော မြန်မာကျပ်ငွေများ / ဧရာဝတီ

ဘဏ်တခုတွင်ရေတွက်နေသော မြန်မာကျပ်ငွေများ / ဧရာဝတီ

15.3k
VIEWS
Share on FacebookShare on Twitter

အစိုးရက လွှတ်တော်သို့ တင်သွင်းထားသော ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းတွင် အခွန် စည်းကြပ်မှုမှ လွတ်ကင်းနေသော (အခွန်မဆောင်ရသေးသော) ဝင်ငွေများအပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို လျှော့ချသတ်မှတ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန က ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက “လျှော့ချသတ်မှတ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်ရဲ့ လက်ရှိ စီးပွားရေး အခြေအနေကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် တွန်းအားပေး ဆောင်ရွက်သည့် အနေဖြင့် ပြည်တွင်းရင်းနှီးမြုပ်နှံမှုများ စားသုံးမှုများ တိုးမြှင့်လာစေရန်အလို့ငှာ ပြည်သူများလက်ဝယ်မှာရှိတဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေသော ငွေများပြန်လည်ပေါ်ထွက်လာစေရန်ဖြစ်ပါတယ်” ဟု လွှတ်တော်သို့ သြဂုတ်လ ၇ ရက်က လာရောက် ရှင်းလင်းတင်ပြခဲ့သည်။ 

ဝင်ငွေခွန်ဥပဒေတွင်  စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေဆိုသည်မှာ မည်သူမဆို မိမိ မည်ကဲ့သို့ ရရှိခဲ့သည်ကို အတိအကျ မဖြေရှင်းနိုင်သည့် မရွှေ့မပြောင်း နိုင်သည် ပစ္စည်း၊ သို့မဟုတ် ငွေ အပါအဝင် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း တစ်ရပ်ရပ်အတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခေါင်းစဉ်ဖြင့် ယင်းပစ္စည်း တန်ဖိုးသို့မဟုတ် ငွေအပေါ်တွင် အခွန် ထမ်းဆောင်ရမည်ဟု ပြဌာန်းထားသည်။

ထို့အတွက် မိမိ တရားဝင်ရရှိခဲ့သော ဝင်ငွေအပေါ် လစာငွေ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေ၊ ပစ္စည်းငှားရမ်းခ ဝင်ငွေ၊ အခြေပစ္စည်းမှ မြတ်စွန်းငွေ စသည့် ဝင်ငွေခွန် အမျိုးအစားများဖြင့် အခွန်ပေးဆောင်ခဲ့ရခြင်း မရှိသူများသည် စည်းကြပ်မှုမှလွတ်ကင်းနေသည့် ဝင်ငွေခွန်ခေါင်းစဉ် ဖြင့် အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ 

ယင်းခေါင်းစဉ်ဖြင့် အခွန်ကောက်ခံခြင်းကို နေအိမ်၊ မြေ၊ ယာဉ်၊ လုပ်ငန်းသုံး မတည်ပစ္စည်းများ ဝယ်ယူသည့် အခါတွင် ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။  

စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေအပေါ် အခွန်ကောက်ခံမှုနှုန်းထားကို လက်ရှိတွင် အနည်းဆုံး ၁၅ ရာနှုန်း ပေးဆောင်ရန် သတ်မှတ်ထားရာမှ ယခုဥပဒေကြမ်းတွင် အနည်းဆုံး ၃ ရာခိုင်နှုန်းသို့ သတ်မှတ် ပြင်ဆင်ထားခြင်းဖြစ်သည်။ 

လက်ရှိ အခွန်အကောက်ဥပဒေအရ  စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်ကို ကျပ်သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ မှ သိန်း ၁ ထောင်အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁သောင်းနှင့် အထက်ဖြစ်ပါက ၃၀ ရာခိုင်နှုန်း ကောက်ခံရန် ပြဌာန်းထားသည်။ 

ယင်းသို့ သတ်မှတ်ပြဌာန်းထားရာမှ ကျပ်သိန်း ၁ ထောင်အထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ထောင်အထက်မှ ကျပ်သိန်း ၃ ထောင်အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ ထောင်အထက်မှ ကျပ်သိန်း ၃ သောင်းအထိ ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃ သောင်းအထက်ကို  လက်ရှိအတိုင်း ၃၀ ရာခိုင်နှုန်း သို့ ပြောင်းလဲ သတ်မှတ်ခြင်း ဖြစ်သည်။

ထိုသို့ ဝင်ငွေခွန်နှုန်းထားလျှော့ချပေးခြင်းကို (မြေ၊ အဆောက်ဦ၊ ယာဉ် စသော လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်းနှင့် အစုရှယ်ယာစသည့် ) အခြေပစ္စည်း တရပ်ဝယ်ယူခြင်း တည်ဆောက်ခြင်း၊ ရယူခြင်း လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ခြင်း တို့အတွက် အသုံးပြုမည့် ငွေကြေးများ တွင်သာ ခံစားရရှိနိုင်မည်ဖြစ်ပြီး တရားမဝင် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်း တို့မှ ရရှိသော ဝင်ငွေများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သော ကိစ္စများဖြင့်  သက်ဆိုင်ခြင်း မရှိကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ရှင်းလင်းသည်။

ယခုကဲ့သို့ အခွန်နှုန်း လျှော့ချပေးရန် အစီအစဉ်သည် အကြောင်းအမျိုးမျိုးကြောင့် အခွန်မဆောင်ခဲ့ရသည့် ငွေများအပေါ်တွင်သာ သက်သာသောနှုန်းဖြင့် ကောက်ခံပေးခြင်းဖြစ်ပြီး ငွေမည်းကို ငွေဖြူဖြစ်စေရန် ဆောင်ရွက်ပေးခြင်းမဟုတ်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ဆိုသည်။ 

ယင်းသို့ အခွန်နှုန်းလျှော့ချပေးခြင်းကြောင့် ပြည်သူများ နေအိမ်၊ ကားဝယ်စသည်တို့ ဝယ်ယူသည့်အခါ၌ စည်းကြပ်မှုမှ ကင်းလွတ်နေသည့် ဝင်ငွေခွန်ဆောင်ရသည့်အခါ သက်သာစွာ အခွန်ဆောင်နိုင်မည် ဖြစ်ကြောင်း ဥပမာပေး၍ ရှင်းပြသည်။ 

ဦးအောင်မင်းက “ဘယ်သူ့အတွက်မှ ရည်ရွယ်တာမဟုတ်ဘူး။ ပြည်သူအားလုံးအတွက် ရည်ရွယ်တာ လူတိုင်းမှာ ဒီလို (အခွန်မဆောင်ရသေးသော) ပိုက်ဆံတွေ စုဆောင်းထားတဲ့ငွေတွေ ရှိနေနိုင်တယ်။ အကြောင်းကြောင်း ကြောင့် အခွန်မဆောင်ရသေးတဲ့ ဝင်ငွေတွေ ရှိနေတယ်။ အခုကျတော့ လျှော့ပေါ့ပေးလိုက်တာ” ဟု ပြောသည်။

ယင်းကဲ့သို့ ဝင်ငွေခွန်နှုန်းလျှော့ချပေးခြင်းကို ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင်လည်း အလားတူ လျှော့ချဆောင်ရွက်ခဲ့ခြင်းရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

အစိုးရက တင်သွင်းသော ပြည်ထောင်စု အခွန်အကောက်ဥပဒေကို လွှတ်တော်မှ အတည်ပြုပါက အခွန်ကောက်ခံမှုနှုန်းထားများသည် အောက်တိုဘာလ ၁ ရက်မှ စတင်အသက်ဝင်မည်ဖြစ်သည်။ 

ပြီးခဲ့သည့်နှစ်က အခွန်အကောက်ဥပဒေကြမ်းတွင် ဝင်ငွေခွန်နှုန်းထားများ လျှော့ချပေးရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီသို့ လုပ်ငန်းရှင်များက တင်ပြခဲ့သော်လည်း တံဆိပ်ခေါင်းခွန်အနည်းသာ လျှော့ချပေးကာ အခွန်နှုန်းထားကို လက်ရှိနှုန်းထားအတိုင်းသာ သတ်မှတ်ခဲ့ကြောင်း သိရသည်။

လက်ရှိအခြေအနေအရ အခွန်နှုန်း၊ ဘဏ်တိုးနှုန်းမြင့်မားနေခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်းအပါအဝင် လုပ်ငန်းအတော်များများ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေ၍ အခွန်နှုန်းထား လျှော့ချပေးရန် စီစဉ်ခြင်းကို ကြိုဆိုကြောင်း ဇေယျာအိမ်ခြံမြေ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးနန္ဒကျော်က ပြောသည်။ 

ဦးနန္ဒကျော် က “အခွန်နှုန်းထားလျှော့ချတာက ဖြစ်သင့်တာကြာပါပြီ။ တကယ်ချပေးမယ်ဆိုရင် ကဏ္ဍ အသီးသီးကို ရင်းနှီးမြုပ်နှံမှုတွေ စီးဝင်လာမှာဖြစ်လို့ ကြိုဆိုပါတယ်” ဟု ဆိုသည်။

စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန်အဖြစ် ၂၀၁၇–၁၈ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၀၅ ဘီလီယံကျော်၊ ၂၀၁၈–၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ ကျပ် ၇၇ ဘီလီယံကျော် ရရှိထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် အခွန်အကောက်ဥပဒေကြမ်းကို ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၊ ဥပဒေကြမ်းပူးပေါင်းကော်မတီတို့က လုပ်ငန်းရှင်များ၊ စီးပွားရေး ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမည်ဖြစ်သည်။

ယင်းအစီရင်ခံစာအပေါ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး၍ အတည်ပြုရန်သင့်မသင့် လွှတ်တော်က ဆုံးဖြတ်မည်ဖြစ်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
520
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
42
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
89

You may also like these stories:

မသမာမှုများ ရှိ၍ ကြိုတင် ဝင်ငွေခွန်၂ ရာခိုင်နှုန်း ပြန်ကောက်မည်ဟု ဆို

လုပ်ငန်းရှင်ကြီးများ၏ အခွန်အခ နိုင်ငံကို အင်အား ဖြစ်စေဟု သမ္မတ ပြော

Your Thoughts …
Tags: စည်းကြပ်လွတ်ကင်းဝင်ငွေခွန်အခွန်အကောက်ဥပဒေ
ကျော်မျိုး

ကျော်မျိုး

ဧရာဝတီ

Similar Picks:

ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်

ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်

by ဧရာဝတီ
15 December 2023
2.2k

စင်္ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ဆောင်မှသာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးမြှင့်ခြင်းနှင့် သံရုံးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စင်္ကာပူရှိ မြန်မာသံရုံးက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

by ဧရာဝတီ
26 September 2023
2.2k

ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ ပြည်ပရောက် မြန်မာနိုင်ငံသားများ ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်း ကို အခွန်ပေးဆောင်ရမည်ဟု စစ်ကောင်စီ သတ်မှတ်လိုက်သည့်အပေါ် လက်မခံကြောင်း

ပြည်ပစေလွှတ်သည့် အလုပ်သမားစာရင်း မဖြစ်မနေတင်ပြရန် အေဂျင်စီများကို ဖိအားပေး

ပြည်ပစေလွှတ်သည့် အလုပ်သမားစာရင်း မဖြစ်မနေတင်ပြရန် အေဂျင်စီများကို ဖိအားပေး

by ဧရာဝတီ
11 October 2023
1.6k

လစဉ် လဆန်း ၅ ရက်အတွင်း မဖြစ်မနေ ပို့ရမည် ပျက်ကွက်ခဲ့ပါက စေလွှတ် ရေးလုပ်ငန်းစဉ် ရပ်ဆိုင်းခြင်း၊ အသိပေး အကြောင်းကြားခြင်း၊ ထပ်မံ မလိုက်နာပါက အေဂျင်စီ ပိတ်သိမ်းခံရခြင်းတို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ စေလွှတ်သည့် လုပ်သားဦးရေ စာရင်းရှိပါက...

ပြည်ပရောက်လုပ်သားတွေ အခွန်ဆောင်ဖို့ လျှပ်စစ်ကားနဲ့ မက်လုံးပေး (ရုပ်/သံ)

ပြည်ပရောက်လုပ်သားတွေ အခွန်ဆောင်ဖို့ လျှပ်စစ်ကားနဲ့ မက်လုံးပေး (ရုပ်/သံ)

by ဧရာဝတီ
14 December 2024
318

စစ်ကောင်စီအနေနဲ့ ပြည်ပရောက်မြန်မာလုပ်သားတွေကို ဝင်ငွေခွန်နဲ့ မိသားစုကိုပြန်လွှဲငွေ အခွန်အခတွေ ပေးဆောင်ဖို့ ဖိအားပေးလုပ်ဆောင်နေတဲ့အပြင် မက်လုံးပေးစည်းရုံးတာတွေကိုပါ လုပ်ဆောင်လာပါတယ်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲတခု

KBZ အုပ်စုနှင့် ပြည်တွင်းအခွန်တို့ကြား ဝင်ငွေခွန် အငြင်းပွား

by ဧရာဝတီ
30 September 2022
6.4k

ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း မှာ ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်မှ ၂၀၁၇-၁၈ စည်းကြပ်နှစ်အထိ ဆက်တိုက် နိုင်ငံတော်သို့ ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သူဖြစ်သည်။

နိုင်ငံတကာ အဖွဲ့အစည်းများ တာဝန်ခံမှု ရှိစေလို

နိုင်ငံတကာ အဖွဲ့အစည်းများ တာဝန်ခံမှု ရှိစေလို

by မောင်လင်းထက်
9 February 2022
8.7k

အခွန်နှစ် ကုန်လာတဲ့အချိန်မှာ INGO က ဝန်ထမ်းတွေရဲ့ ဝင်ငွေခွန်ကို စစ်ကောင်စီထံ ပေးဆောင်ဖို့ ကြိုးပမ်းလာပါတယ်

Next Post
အိမ်မက်ထဲက ကားကို တကယ်ဝယ်ယူနိုင်ပြီ (ရုပ်/သံ)

အိမ်မက်ထဲက ကားကို တကယ်ဝယ်ယူနိုင်ပြီ (ရုပ်/သံ)

နဂါးမောက်သီးဟာ ကျန်းမာရေး အတွက်သာမက အသားအရေ အလှအပအတွက်လည်း အကျိုးရှိစေပါတယ်

အသားအရေ အလှအပအတွက် နဂါးမောက်သီးရဲ့ အကျိုးပြုပုံများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved