စစ်ကောင်စီအနေနဲ့ ပြည်ပရောက်မြန်မာလုပ်သားတွေကို ဝင်ငွေခွန်နဲ့ မိသားစုကိုပြန်လွှဲငွေ အခွန်အခတွေ ပေးဆောင်ဖို့ ဖိအားပေးလုပ်ဆောင်နေတဲ့အပြင် မက်လုံးပေးစည်းရုံးတာတွေကိုပါ လုပ်ဆောင်လာပါတယ်။
ပြည်ပနိုင်ငံတွေဆီရောက်နေကြတဲ့ သင်္ဘောသားတွေအပါအဝင် တခြားဝင်ငွေရရှိသူတွေက တနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ သောင်းနဲ့အထက်လွှဲပို့ပါက စုစုပေါင်း လွှဲပို့ငွေရဲ့ ၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ လျှပ်စစ်ကားနဲ့ ဆိုင်ကယ်တွေကို တနှစ်တစီးနှုန်း တင်သွင်းခွင့်ပြုမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ကားနဲ့ ဆိုင်ကယ် တင်သွင်းခွင့်ကို ရရှိထားတဲ့ ကုမ္ပဏီတွေထဲမှာ စစ်ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ ခင်သိရီသက်မွန်၊ သားဖြစ်သူ အောင်ပြည့်စုံနဲ့ အပေါင်းအပါတွေက တင်သွင်းခွင့် ရထားတာကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ စစ်ခေါင်းဆောင်ကြီးပွားချမ်းသာမယ့်နည်းလမ်းသာဖြစ်တယ်လို့ ပြည်ပရောက် အလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးသူတွေက ဝေဖန်ထောက်ပြပါတယ်။
#မြန်မာ #ဝင်ငွေခွန် #လျှပ်စစ်ကား #အခွန် #ခင်သိရီသက်မွန် #အောင်ပြည့်စုံ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy