• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့ ပလတ်စတစ် ညစ်ညမ်းမှု အန္တရာယ်

by Aurora
13 December 2018
in Environment
A A
ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်ဟာ သဘာဝပတ်ဝန်းကျင်ကိုပါ များစွာ ထိခိုက်စေပါတယ်

ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်ဟာ သဘာဝပတ်ဝန်းကျင်ကိုပါ များစွာ ထိခိုက်စေပါတယ်

7.2k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေထဲက အဆိုးရွားဆုံး ရင်ဆိုင်နေရတာကတော့ ညစ်ညမ်းမှုတွေပါ။ လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုတွေအပြင် ကမ္ဘာ့လူဦးရေ များပြားလာတာနဲ့အမျှ နိုင်ငံတိုင်းလိုလို ရင်ဆိုင်လာရတဲ့ ပလတ်စတစ် ညစ်ညမ်းမှုကလည်း တခုအပါအဝင် ဖြစ်လာပါတယ်။

အမေရိကန် တနိုင်ငံတည်းမှာတင် နှစ်စဉ် ပလတ်စတစ်တန်ချိန် ဘီလီယံ ၁၀၀ ကျော် အသုံးပြုခဲ့ကြတယ်လို့ စစ်တမ်းတွေ အရ သိရပါတယ်။ ဒီပမာဏဟာ အီကွေတာကို ၁,၃၃၀ ကျော် ပတ်လည်တိုင်းတာနဲ့ ညီမျှတာမလို့ စိုးရိမ်စရာ အခြေအနေပါ။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ ထုတ်ပြန်ထားတဲ့ စစ်တမ်းတွေအရ ပင်လယ်ထဲမှာမျောနေတဲ့ ပလတ်စတစ် အမှုန်ပေါင်းဟာ အာကာသဟင်းလင်းပြင်ထဲမှာရှိတဲ့ ကြယ်မှုန်တွေထက်တောင်များတာမို့ ဒီနေ့ခေတ်ရဲ့ သက်ရှိတွေကို ချိန်းခြောက်နေတဲ့ အဓိကပြဿနာအဖြစ် သတ်မှတ်ထားပါတယ်။

နေ့တိုင်း အများဆုံးအသုံးပြုနေတဲ့ ဘယ်ပစ္စည်းတွေက ပလတ်စတစ် အများဆုံး ပါဝင်နေလဲ။ သင်ကိုယ်တိုင်ရော ဒီပစ္စည်းတွေထဲက နေ့တိုင်းဘယ်အရာကို အများဆုံးသုံးဖြစ်နေလဲ သတိပြုနိုင်အောင် ဖော်ပြလိုက်ပါတယ်။

 

ကမ္ဘာပေါ်က နေ့စဉ် ပလတ်စတစ် စွန့်ပစ်မှု အများဆုံးကတော့ မီးဖိုးချောင်သုံးနဲ့ ရေချိုးခန်းသုံး ပစ္စည်းဘူး အခွံတွေပါ။ ရေချိုးဆပ်ပြာ၊ မီးဖိုခန်းသန့်စင်ဆေးရည်၊ ပန်းကန်ဆေးဆပ်ပြာရည် စတဲ့ ပလတ်စတစ်ဘူး အခွံတွေက ဘယ်လောက်တောင် များပြားနေပြီလဲ။ ဒါကြောင့် ဖြစ်နိုင်ရင် သုံးပြီးသား ဘူးခွံတွေကို ပြန်သုံးပါ။

နောက်တခုကတော့ အသုံးများလာတဲ့ Credit Card, Membership Card, Discount Card တွေက တယောက်ချင်းစီတိုင်းမှာ နှစ်စဉ်အရေအတွက် အသုံးများလာကြပါပြီ။ သေချာတာကတော့ အရေအတွက် များတဲ့ဘက်မှာ ရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ပလတ်စတ်ကဒ်တွေအစား စက္ကူဖြတ်ပိုင်းတွေ အစားထိုးသုံးသင့်ပါတယ်။

အင်္ကျီတွေမှာ ပိုလီစတာ၊ နိုင်လွန်အသားတွေဟာ ပုလင်းတွေ၊ ပါကင်တွေလုပ်တဲ့ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းချင်း အတူတူပါပဲ။ ဒါကြောင့် ဒီအသားတွေနဲ့ ချုပ်လုပ်ထားတဲ့ အဝတ်အစားတွေ တခါလျှော်လိုက်တိုင်း မျက်စိနဲ့ မမြင်နိုင်တဲ့ ပလတ်စတစ် အမှုန်လေးတွေ ရေနဲ့အတူ မျောပါသွားပါတယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေနဲ့ ချုပ်လုပ်ထားတဲ့ အဝတ်အစားတွေကို ရွေးချယ်ပါ။

နောက်ထပ် အသုံးများဆုံးဖြစ်လာတဲ့ ပလတ်စတစ်ပစ္စည်းကတော့ ဖုန်းကာဗာတွေပါ။ ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး လက်ကိုင်ဖုန်း အသုံးများလာတာနဲ့အမျှ ဖုန်းကာဗာတွေကိုလည်း ထပ်လဲ အသုံးပြုကြပါတယ်။ ဖုန်းကာဗာတိုင်း လိုလို ပလတ်စတစ်နဲ့ လုပ်ထားတာ မဟုတ်ပေမယ့် အများဆုံးက ပလတ်စတစ် ကာဗာတွေမလို့ ဖြစ်နိုင်ရင် ဖုန်းကာဗာ မကြာခဏ လဲခြင်းကို ရှောင်ပါ။

အမေရိကန် တနိုင်ငံတည်းမှာတင် နှစ်စဉ် ပလတ်စတစ်ဘောပင်ပေါင်း ၁ ဒဿမ ၆ ဘီလီယံနီးပါး အသုံးပြုကြတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီပမာဏ အတိုင်းဆိုရင် နှစ်စဉ် ဘောပင်တခုတည်းနဲ့တင် ကမ္ဘာပေါ်မှာ ပလတ်စတစ် စွန့်ပစ်မှုပမာဏ မရေတွက်နိုင်အောင် များလာနိုင်တာမို့ ပလတ်စတစ် အစားထိုး ဘောပင် ဒါမှမဟုတ် ပြန်ဖြည့်လို့ရတဲ့ ဘောပင်မျိုးကို သုံးပါ။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
69
သဇင်ပန်း

သဇင်ပန်း

10 January 2026
118
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
307

နေ့စဉ် မသုံးမဖြစ် တကိုယ်ရည်သုံးပစ္စည်းဖြစ်တဲ့ သွားတိုက်တံကလည်း ပလတ်စတစ်အမျိုးအစား တခုပါ။ သုံးလ တကြိမ် လဲသင့်တဲ့ သွားတိုက်တံတွေဟာ ကမ္ဘာမြေပေါ်မှာ မပျက်မစီးဘဲ နှစ်ပေါင်းရာနဲ့ချီ ရှိနေတတ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ အခုနောက်ပိုင်း သွားတိုက်တံအမျိုးအစားတွေက ပတ်ဝန်းကျင် ညစ်ညမ်းမှုနည်းအောင် တီထွင် ထုတ်လုပ်လာ ကြပါပြီ။

မိန်းကလေးတွေ နေ့တိုင်းအသုံးများတဲ့ ပစ္စည်းတွေကတော့ အလှကုန်တွေပါ။ အလှကုန်ဘူးတွေကို ပလတ်စတစ်နဲ့ အများဆုံး လုပ်ထားတာမို့ မိန်းကလေးတယောက် တနှစ်စာစွန့်ပစ်လိုက်တဲ့ ပမာဏလည်း များပါတယ်။ ဘူးခွံတွေမှာ ပါတဲ့ ပလတ်စတစ်အမှုန်တွေက ရေထု၊ မြေထုတွေကို ညစ်ညမ်းစေတာကြောင့် ဖြစ်နိုင်ရင် အသုံးပြုတာ လျော့ချသွားဖို့ တိုက်တွန်းချင်ပါတယ်။

Ref: Brightside Me

Your Thoughts …
Tags: ညစ်ညမ်းမှုပလတ်စတစ်ဘူးခွံ
Aurora

Aurora

Contributor

Similar Picks:

ဒီစက်ဟာ ပလတ်စတစ်နဲ့ သံဘူးတွေကို စက်ထဲ ထည့်လိုက်ရုံနဲ့ သင့်ကို ငွေအကြွေအချို့ ပြန်ပေးမှာ ဖြစ်ပါတယ်

စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချနေကြတဲ့ နိုင်ငံတကာက ခေတ်မီ နည်းလမ်းများ

by ဟယ်လ်သင်
19 March 2019
7.3k

စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်သရိုက်တွေကို လျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာမှာတော့ The Zero Waste ဆိုတဲ့ လှုပ်ရှားမှုကို ဈေးဝယ်စင်တာ အများစုမှာ ပြုလုပ်လာနေကြပါပြီ။

ပလတ်စတစ် ပြဿနာ ကျန်းမာရေး ကဏ္ဍမှာ ၁ နှစ်ကို အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ ထရီလျံခန့် ထိခိုက်နိုင်လို့ ဆို

ပလတ်စတစ် ပြဿနာ ကျန်းမာရေး ကဏ္ဍမှာ ၁ နှစ်ကို အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ ထရီလျံခန့် ထိခိုက်နိုင်လို့ ဆို

by ဧရာဝတီ
9 August 2025
198

အဓိက အကြောင်းရင်းက ၁၉၅၀ ပြည့်နှစ်ကစရင် အဆပေါင်း ၂၀၀ ကျော် တိုးမြင့်လာတဲ့ ပလတ်စတစ် ထုတ်လုပ်မှုကြောင့် ဖြစ်ကြောင်း၊ ၂၀၆၀ မှာ ၃ ဆခန့် မြင့်တက်နိုင်ပြီး တန်ချိန်ပေါင်း ၁ ဘီလီယံ အထိ...

ပလတ်စတစ်ကို အဓိက အသုံးပြုတဲ့နေရာကတော့ ပစ္စည်းတွေကို ထုပ်ပိုးတဲ့ နေရာတွေမှာပါ

ပလတ်စတစ်ကို ဘယ်သူ တီထွင်ခဲ့သလဲ

by ညီညီသူ
11 March 2019
7.7k

၁၉၅၀ ကနေစပြီး တနှစ်ကို ပလတ်စတစ်တန်ချိန် ၂ သန်း ထုတ်လုပ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ထုတ်လုပ်လာခဲ့ရာမှာ ၂၀၁၅ ခုနှစ်မှာဆိုရင် တန်ချိန် ၃၈၁ သန်း ထိတိုင်အောင် ရောက်လာခဲ့ပါတယ်။

နိုင်ငံအသီးသီးမှာ ပလတ်စတစ်အသုံးပြုမှု လျော့ကျစေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ပလစ်စတစ် အစားထိုး သုံးစွဲမှုများ ရှိနေပါတယ်

ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ နိုင်ငံတကာမှာ တီထွင်အသုံးပြုလာကြတဲ့ အသုံးပြုမှုများ

by ဟယ်လ်သင်
15 May 2019
14.3k

နိုင်ငံတကာက စားသောက်ဆိုင်တချို့မှာတော့ ပလတ်စတစ် ပန်းကန်နဲ့ ခွက်တွေအစား သစ်ရွက်ခြောက်တွေကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ တခါသုံး ပန်းကန်တွေနဲ့ ခွက်တွေအဖြစ် အသုံးပြုနေကြပါတယ်။

ပလတ်စတစ်တွေ လျှော့ချ အသုံးပြုနိုင်ဖို့ သင်ကိုယ်တိုင် ပြုလုပ်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်

ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ မိမိကိုယ်တိုင် ပြုလုပ်နိုင်မယ့် နည်းလမ်းများ

by ဟယ်လ်သင်
10 August 2019
11.9k

ဈေးဝယ်ပစ္စည်းတွေထည့်ဖို့ အိတ်တလုံးလောက် ယူသွားခြင်းဟာ ပလတ်စတစ်ညစ်ညမ်းမှုကို ကာကွယ်ပေးနိုင်သလို အမှိုက်ပွခြင်းကနေလည်း လျော့ပါးစေနိုင်မှာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့၌ စွန့်ပစ်ပစ္စည်းများ ပြန်လည် အသုံးချခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းနေစဉ်  / အောင်သီဟ / ဧရာဝတီ

စွန့်ပစ်ပစ္စည်း ပြန်လည် အသုံးချမှု ကုမ္ပဏီ ၄၀ ကျော် ပူးပေါင်း လုပ်ဆောင်မည်

by အောင်သီဟ
28 August 2019
5.1k

ဘိလပ်မြေ ထုတ်လုပ်သည့် The Siam Cement Group (SCG) ကုမ္ပဏီက ဦးဆောင်၍ နိုင်ငံတကာ ကုမ္ပဏီ ပေါင်း ၄၀ ကျော်က ပလတ်စတစ် သုံးစွဲမှု လျှော့ချခြင်းနှင့် စွန့်ပစ်ပစ္စည်းများ ပြည်လည် အသုံးချခြင်း...

Next Post
မီးဖိုချောင်ထဲမှာ မထားသင့်တဲ့ အစားအစာများ

မီးဖိုချောင်ထဲမှာ မထားသင့်တဲ့ အစားအစာ ၅ မျိုး

ရှေးဟောင်းပစ္စည်းများ

သုတေသနပညာရှင်တွေ ဖြေရှင်းဖို့ ခက်ခဲနေဆဲဖြစ်တဲ့ ရှေးဟောင်းပစ္စည်းများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved