• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

စွန့်ပစ်ပစ္စည်း ပြန်လည် အသုံးချမှု ကုမ္ပဏီ ၄၀ ကျော် ပူးပေါင်း လုပ်ဆောင်မည်

by အောင်သီဟ
28 August 2019
in သတင်းတို
A A
ဘန်ကောက်မြို့၌ စွန့်ပစ်ပစ္စည်းများ ပြန်လည် အသုံးချခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းနေစဉ်  / အောင်သီဟ / ဧရာဝတီ

ဘန်ကောက်မြို့၌ စွန့်ပစ်ပစ္စည်းများ ပြန်လည် အသုံးချခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းနေစဉ် / အောင်သီဟ / ဧရာဝတီ

5.1k
VIEWS
Share on FacebookShare on Twitter

ဘိလပ်မြေ ထုတ်လုပ်သည့် SCG ကုမ္ပဏီက ဦးဆောင်၍ နိုင်ငံတကာ ကုမ္ပဏီပေါင်း ၄၀ ကျော်က ပလတ်စတစ် သုံးစွဲမှု လျှော့ချခြင်းနှင့် စွန့်ပစ်ပစ္စည်းများ ပြည်လည် အသုံးချခြင်း အစီအစဉ်ကို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီများသည် အရင်းအမြစ်များ ပျောက်ကွယ်ခြင်းဘေးမှ ကာကွယ်ရန် စွန့်ပစ်ပစ္စည်းများ ပြန်လည် အသုံးပြု သည့် (Circular Economy) ၏ လုပ်ဆောင်ချက်များ ဖြစ်သည့် စက်မှုလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲခြင်း၊ လူမှု အဖွဲ့အစည်းအတွင်း ပိုမိုကောင်းမွန်သော နေထိုင်မှု ဘဝပုံစံများ တိုးတက်ရေး၊ သမုဒ္ဒရာများအတွင်း ပလတ်စတစ် ညစ် ညမ်းမှုများကို တိုက်ဖျက်ခြင်း လုပ်ဆောင်သွားကြမည် ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် SCG ၏ အမှုဆောင် အရာရှိချုပ် Mr.Roongrote Rangsiyopash က“သင့်တင့်တဲ့ စွန့်ပစ်ပစ္စည်း စီမံ ခန့်ခွဲမှုနှင့် စွန့်ပစ်ခြင်း လေ့ကျင့်ရေး ကောင်းများသာ မရှိရင် စွန့်ပစ်ပစ္စည်း အားလုံးက သမုဒ္ဒရာအတွင်း ရောက်ရှိ သွားပြီး အဏ္ဏဝါဗေဒ အသက်ရှင်နေထိုင်မှု ဆုံးရှုံးခြင်းတွေနဲ့ တွေ့ကြရမှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

အဆိုပါ အစီအစဉ်အား မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၌ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Mr.Roongrote Rangsiyopash က ဆက်လက်၍“ဒါကြောင့် Circular Economy လုပ်ငန်းစဉ်သည် Make-use-return ပြန်လည် ဖြည့်သွင်းခြင်းပုံစံနဲ့ တိုးတက်အောင် ပြုလုပ်သလိုမျိုး ဒီပြဿနာတွေကို ပြေပျောက်စေရေး ကူညီပေးမယ့် အဖြေ တခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ လာမယ့် မျိုးဆက်သစ်များအတွက် သဘာဝ အရင်းအမြစ်များရရှိရန် သင့်တော်သော စွန့်ပစ်စနစ်၊ စွန့်ပစ်ပစ္စည်း ခွဲခြားခြင်းနဲ့ အရင်းအမြစ်များ တိုးပွားစေမယ့် ချဉ်းကပ်မှုများလည်း ပါဝင်မှု ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သြဂုတ်လ ၂၆ ရက်က ကျင်းပသည့် စွန့်ပစ်ပစ္စည်းများ လျှော့ချရေးနှင့် သဘာဝသယံဇာ တများ ရေရှည်တည်မြဲရေး အတွက် ကဏ္ဍပေါင်းစုံ၏ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲ (SD Symposium 2019) ၌ ပြောခြင်း ဖြစ်သည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
124
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
146
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
5.4k

အဆိုပါ စာတမ်းဖတ်ပွဲ၌ ပါဝင်ခဲ့သည့် ကုမ္ပဏီများသည် စွန့်ပစ် ပလတ်စတစ်များအား ပြန်လည် အသုံးပြုပြီး လူသုံးကုန် ပစ္စည်းများ အဖြစ် ပြန်လည်အသုံးပြုခြင်းများ၊ စက်မှုလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုများနှင့် သမုဒ္ဒရာများ အတွင်း ပလတ်စတစ် စွန့်ပစ်ခြင်း စီမံခန့်ခွဲမှုများကို ပူးပေါင်း လုပ်ဆောင်သွားကြမည်ဟု ဆိုသည်။ 

ယင်းသို့ လုပ်ငန်းများမှ စွန့်ပစ် ပလတ်စတစ်များကို ပြန်လည် အသုံးချရာတွင် ဥပမာအားဖြင့် စွန့်ပစ်ပစ္စည်းများအား ပြုပြင် ကာ လမ်းခင်းသည့် နေရာများ၌ ပြန်လည် အသုံးပြုခြင်း စသည့်ပုံစံမျိုး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပူးပေါင်းလုပ်ဆောင်မည့် ကုမ္ပဏီပေါင်း ၄၀ တွင် လက်လီလက်ကား လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ရေနံလုပ်ငန်းများ၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်း များလည်း ပါဝင် သည်။

ယင်းကုမ္ပဏီများသည် မြန်မာအပါအဝင် အာဆီယံနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြသည့် ကုမ္ပဏီများလည်း ဖြစ်ကြောင်း သိရသည်။

ထိုင်းအခြေစိုက် SCG ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံများ ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီတခု ဖြစ်ပြီး ပညာရေးနှင့် ပတ်သက်သည့် SCG Excellent Intership Program များဖြင့် မြန်မာ အပါအဝင် အာဆီယံနိုင်ငံများက ကျောင်းသားများကို ပညာသင်ဆုများ ပေးအပ်လျက် ရှိသည်။

You may also like these stories:

ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေအောက်ကြမ်းပြင် သန့်ရှင်းရေး စတင်

ပင်လယ်သမုဒ္ဒရာတွင်းက ပလတ်စတစ်တွေကို Recycle ပြုလုပ်ပြီး ဖိနပ်တွေ ထုတ်လုပ်မယ့် Adidas

အမှိုက်ကို သဘာဝထုတ်ကုန်အဖြစ် ထုတ်လုပ်သူ ဦးမင်းကျော်ဇင်နှင့် တွေ့ဆုံခြင်း

ပလတ်စတစ်အမှိုက်ကို အသုံးပြုပြီး ကလေးတွေအတွက် ခုံတွေ ပြုလုပ်ပေးတဲ့ အင်ဂျင်နီယာ

ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ နိုင်ငံတကာမှာ တီထွင်အသုံးပြုလာကြတဲ့ အသုံးပြုမှုများ

Your Thoughts …
Tags: SCGစွန့်ပစ်ပစ္စည်းပလတ်စတစ်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ဒီစက်ဟာ ပလတ်စတစ်နဲ့ သံဘူးတွေကို စက်ထဲ ထည့်လိုက်ရုံနဲ့ သင့်ကို ငွေအကြွေအချို့ ပြန်ပေးမှာ ဖြစ်ပါတယ်

စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချနေကြတဲ့ နိုင်ငံတကာက ခေတ်မီ နည်းလမ်းများ

by ဟယ်လ်သင်
19 March 2019
7.3k

စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်သရိုက်တွေကို လျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာမှာတော့ The Zero Waste ဆိုတဲ့ လှုပ်ရှားမှုကို ဈေးဝယ်စင်တာ အများစုမှာ ပြုလုပ်လာနေကြပါပြီ။

ပလတ်စတစ် ပြဿနာ ကျန်းမာရေး ကဏ္ဍမှာ ၁ နှစ်ကို အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ ထရီလျံခန့် ထိခိုက်နိုင်လို့ ဆို

ပလတ်စတစ် ပြဿနာ ကျန်းမာရေး ကဏ္ဍမှာ ၁ နှစ်ကို အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ ထရီလျံခန့် ထိခိုက်နိုင်လို့ ဆို

by ဧရာဝတီ
9 August 2025
198

အဓိက အကြောင်းရင်းက ၁၉၅၀ ပြည့်နှစ်ကစရင် အဆပေါင်း ၂၀၀ ကျော် တိုးမြင့်လာတဲ့ ပလတ်စတစ် ထုတ်လုပ်မှုကြောင့် ဖြစ်ကြောင်း၊ ၂၀၆၀ မှာ ၃ ဆခန့် မြင့်တက်နိုင်ပြီး တန်ချိန်ပေါင်း ၁ ဘီလီယံ အထိ...

ပလတ်စတစ်ကို အဓိက အသုံးပြုတဲ့နေရာကတော့ ပစ္စည်းတွေကို ထုပ်ပိုးတဲ့ နေရာတွေမှာပါ

ပလတ်စတစ်ကို ဘယ်သူ တီထွင်ခဲ့သလဲ

by ညီညီသူ
11 March 2019
7.7k

၁၉၅၀ ကနေစပြီး တနှစ်ကို ပလတ်စတစ်တန်ချိန် ၂ သန်း ထုတ်လုပ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ထုတ်လုပ်လာခဲ့ရာမှာ ၂၀၁၅ ခုနှစ်မှာဆိုရင် တန်ချိန် ၃၈၁ သန်း ထိတိုင်အောင် ရောက်လာခဲ့ပါတယ်။

နိုင်ငံအသီးသီးမှာ ပလတ်စတစ်အသုံးပြုမှု လျော့ကျစေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ပလစ်စတစ် အစားထိုး သုံးစွဲမှုများ ရှိနေပါတယ်

ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ နိုင်ငံတကာမှာ တီထွင်အသုံးပြုလာကြတဲ့ အသုံးပြုမှုများ

by ဟယ်လ်သင်
15 May 2019
14.3k

နိုင်ငံတကာက စားသောက်ဆိုင်တချို့မှာတော့ ပလတ်စတစ် ပန်းကန်နဲ့ ခွက်တွေအစား သစ်ရွက်ခြောက်တွေကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ တခါသုံး ပန်းကန်တွေနဲ့ ခွက်တွေအဖြစ် အသုံးပြုနေကြပါတယ်။

ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်ဟာ သဘာဝပတ်ဝန်းကျင်ကိုပါ များစွာ ထိခိုက်စေပါတယ်

ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့ ပလတ်စတစ် ညစ်ညမ်းမှု အန္တရာယ်

by Aurora
13 December 2018
7.2k

လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုတွေအပြင် ကမ္ဘာ့လူဦးရေ များပြားလာတာနဲ့အမျှ နိုင်ငံတိုင်းလိုလို ရင်ဆိုင်လာရတဲ့ ပလတ်စတစ် ညစ်ညမ်းမှုကလည်း တခုအပါအဝင် ဖြစ်လာပါတယ်။

Nature Myanmar ကုမ္ပဏီ တည်ထောင်သူ ဦးမင်းကျော်ဇင် / ထက်ဝေ / ဧရာဝတီ

အမှိုက်ကို သဘာဝထုတ်ကုန်အဖြစ် ထုတ်လုပ်သူ ဦးမင်းကျော်ဇင်နှင့် တွေ့ဆုံခြင်း

by အောင်သီဟ
22 June 2019
12.5k

ကျနော်တို့ အစိုးရကိုပဲ အားကိုးနေရင်တော့ ရှေ့ရောက်မှာ မဟုတ်ဘူး။ အစိုးရ ကိုယ်တိုင်က သူ့ဖာသာသူ ရုန်းကန်နေရတဲ့ ကာလဖြစ်နေတာကို သိနေရတယ်လေ။ ကျနော်ကတော့ ရိုးရိုးသားသား ပြောရရင် ဒီထုတ်ကုန်ကို စထုတ်ဖို့ ကြိုးစားတဲ့ အချိန်ကနေ အခုထက်ထိ အစိုးရကို...

Next Post
Beyond Meat နဲ့လက်တွဲပြီး သက်သတ်လွတ်မီနူးတွေ ရောင်းတော့မယ့် KFC

Beyond Meat နဲ့လက်တွဲပြီး သက်သတ်လွတ်မီနူးတွေ ရောင်းတော့မယ့် KFC

သရုပ်ဆောင် အောင်ပိုင် / Aung Paing's Facebook

Dancer တယောက်အနေနဲ့ ပထမဆုံးသရုပ်ဆောင်ရတဲ့ အခက်အခဲတွေကို ပြောပြတဲ့ အောင်ပိုင်

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved