• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပလတ်စတစ် ပြဿနာ ကျန်းမာရေး ကဏ္ဍမှာ ၁ နှစ်ကို အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ ထရီလျံခန့် ထိခိုက်နိုင်လို့ ဆို

by ဧရာဝတီ
9 August 2025
in သတင်း
A A
ပလတ်စတစ် ပြဿနာ ကျန်းမာရေး ကဏ္ဍမှာ ၁ နှစ်ကို အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ ထရီလျံခန့် ထိခိုက်နိုင်လို့ ဆို

ကင်ညာ နိုင်ငံ နာကုရု (Nakuru) မှာ အလုပ်သမားတွေ ကောက်ယူ သိမ်းဆည်းထားတဲ့ ပလတ်စတစ် အမှိုက်တွေကို တွေ့ရစဉ် / The Guardian

198
VIEWS
Share on FacebookShare on Twitter

ပလတ်စတစ်တွေဟာ လူသား မျိုးနွယ်နဲ့ ကမာ္ဘကြီး အတွက် ကြီးထွားလာနေပြီး ဂရုမပြုမိတဲ့ အန္တရာယ် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေရဲ့ လေ့လာမှုတွေမှာ သတိပေး ဖော်ပြထားပါတယ်။

ကမာ္ဘကြီးဟာ ပလတ်စတစ် အကြပ်အတည်း ထဲမှာ ရောက်ရှိနေပြီး မွေးကင်းစကနေ သက်ကြီးရွယ်အိုတွေထိ ရောဂါတွေ နဲ့ သေဆုံးမှုတွေ ဖြစ်နေစေကာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ထိခိုက် ဆုံးရှုံးမှုတွေ အဖြစ် ၁ နှစ်ကို ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ အနည်းဆုံး ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီအကြပ်အတည်းရဲ့ အဓိက အကြောင်းရင်းက ၁၉၅၀ ပြည့်နှစ်ကစရင် အဆပေါင်း ၂၀၀ ကျော် တိုးမြင့်လာတဲ့ ပလတ်စတစ် ထုတ်လုပ်မှုကြောင့် ဖြစ်ကြောင်း၊ ၂၀၆၀ မှာ ၃ ဆခန့် မြင့်တက်နိုင်ပြီး တန်ချိန်ပေါင်း ၁ ဘီလီယံ အထိ ရှိလာနိုင်ကြောင်း သိရပါတယ်။

ပလတ်စတစ်တွေမှာ အရေးပါတဲ့ အသုံးဝင်မှုတွေ ရှိပြီး ထုတ်လုပ်မှု အများဆုံး မြင့်တက်လာတာက အချိုရည်ဘူးတွေနဲ့ fast food ထည့်စရာတွေလို တခါသုံး ပလတ်စတစ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရလဒ်အနေနဲ့ ပလတ်စတစ် ညစ်ညမ်းမှု မြင့်တက်လာခဲ့ကာ ဧဝရတ် တောင်ထိပ်ကနေ အနက်ရှိုင်းဆုံး သမုဒ္ဒရာအောက် ကြမ်းပြင်ထိ ကမာ္ဘတခုလုံးမှာ ပလတ်စတစ် တန်ချိန်ပေါင်း ၈ ဘီလီယံအထိ ညစ်ညမ်းနေတယ်လို့ လေ့လာမှုတွေ အရ သိရပါတယ်။

ဒါ့အပြင် ပလတ်စတစ်တွေရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ပြန်လည် အသုံးပြုကြတယ်လို့ ဆိုပါတယ်။

ပလတ်စတစ် ထုတ်လုပ်ဖို့ ရုပ်ကြွင်း လောင်စာတွေ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းနဲ့ စွန့်ပစ်ခြင်း အထိ အဆင့်တိုင်းမှာ လူသားတွေနဲ့ ကမာ္ဘမြေကို အန္တရာယ် ဖြစ်စေတယ်လို့ လေ့လာမှုတွေ အရ သိရပါတယ်။

အဆိုပါ လုပ်ငန်းစဉ် အားလုံးမှာ လေထု ညစ်ညမ်းခြင်း၊ အဆိပ်သင့် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ခြင်း၊ ခန္ဓာကိုယ်အတွင်း မိုက်ခရို ပလတ်စတစ်များ ဝင်ရောက်ခြင်းတွေ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

ပလတ်စတစ် ညစ်ညမ်းမှုဟာ ရောဂါ သယ်ဆောင်တဲ့ ခြင်တွေကိုလည်း ပေါက်ဖွားမှုနှုန်း မြင့်တက်စေပါတယ်။

ကမာ္ဘ့ ပလတ်စတစ် ပြဿနာ အတွက် Global Plastics Treaty Talks ရဲ့၆ ကြိမ်မြောက် ဆွေးနွေးမှုကို ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမှာ လက်ရှိ ကျင်းပနေတာ ဖြစ်ပြီး အခု လေ့လာသုံးသပ်မှုဟာ အဆိုပါ ဆွေးနွေးပွဲ မစခင် The Lancet ဆေးပညာ ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
42
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
5
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
8

ရေနံထွက်တဲ့ နိုင်ငံတွေ နဲ့ ပလတ်စတစ် လုပ်ငန်းတွေက ထုတ်လုပ်မှု လျှော့ချဖို့ မဟုတ်ဘဲ ပြန်လည် အသုံးပြုမှု အပေါ်မှာပဲ အဓိကထား ဆွေးနွေးနေကြတာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဒါပေမယ့် စက္ကူ၊ ဖန်၊ သံမဏိ၊ အလူမီနီယံ စတာတွေနဲ့ မတူတဲ့ ဓာတုဗေဒ နည်းအရ ရှုပ်ထွေးတဲ့ ပလတ်စတစ်တွေဟာ လွယ်လွယ်ကူကူ ပြန်အသုံးပြုဖို့ မဖြစ်နိုင်ဘူးလို့ တင်ပြမှုမှာ ဆိုထားပါတယ်။

“ခုတော့ ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာကနေ လွတ်မြောက်ဖို့ ပြန်လည် အသုံးပြုခြင်း နည်းလမ်းနဲ့ မရတော့ဘူး ဆိုတာ ရှင်းသွားပါပြီ” လို့လည်း လေ့လာ သုံးသပ်မှုမှာ ဆိုထားပါတယ်။

ပလတ်စတစ်တွေရဲ့ ၉၈ ရာခိုင်နှုန်းကို ရုပ်ကြွင်း လောင်စာဆီတွေ၊ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတွေ အသုံးပြုပြီး ထုတ်လုပ် ရကြောင်းလည်း သိရပါတယ်။

ဒီလို စွမ်းအင်သုံးစွဲမှု မြင့်မားတဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်ဟာ တနှစ်ကို CO2 တန်ချိန် ၂ ဘီလီယံ အထိ ထုတ်လွှတ်နေပြီး ကမာ္ဘ့ စတုတ္ထ အများဆုံး ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်တဲ့ ရုရှား နိုင်ငံထက် ပိုများတဲ့ ပမာဏ ဖြစ်တယ်လို့ ဆိုပါတယ်။

ပလတ်စတစ်တွေမှာ ဓာတုပစ္စည်းပေါင်း ၁၆၀၀၀ ကျော်အထိ ပါဝင် အသုံးပြုနေပြီး တော်တော်များများက ကျန်းမာရေးကို ထိခိုက်စေတယ်လို့ သိရပါတယ်။

ပလတ်စတစ်တွေကို ဈေးပေါတဲ့ ပစ္စည်း အဖြစ် မြင်နေကြပေမယ့် ကျန်းမာရေး ထိခိုက်မှုတွေကို ထည့်တွက်မယ် ဆိုရင် ဈေးကြီးတယ်လို့ သတ်မှတ်ရမှာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေရဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

Ref : The Guardian

Your Thoughts …
Tags: Fast foodကင်ညာနိုင်ငံဓာတုပစ္စည်းပလတ်စတစ်ရုပ်ကြွင်း လောင်စာလေထုညစ်ညမ်းသမုဒ္ဒရာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငလျင်လှုပ်ခြင်း

ငလျင်လှုပ်ခြင်း

by ဧရာဝတီ
6 April 2025
1.2k

မြန်မာနိုင်ငံမှာ အပြင်းထန်ဆုံးလို့ ယူဆရတဲ့ ငလျင်မှာ ၁၉၁၂ ခုနှစ် မေလ ၂၃ ရက် မနက် ၃ နာရီခန့်မှာ လှုပ်တဲ့ မေမြို့ ငလျင် ဖြစ်တယ်လို့ ဆိုပါတယ်။

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကနေ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ ကျရှုံးနေကြပြီလား

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကနေ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ ကျရှုံးနေကြပြီလား

by စိမ်းလန်း ခါကာဘို
9 June 2024
420

ကျနော်တို့ လူသားတွေက ကြီးကြီးမားမား ပြောင်းလဲမှုသာ မလုပ်ရင် ကမ္ဘာကြီးက ကျနော်တို့ အသက်ရှင်ရေး ထောက်ပံ့ ပေးနိုင်တော့မှာ မဟုတ်ဘူး ဆိုတာကို…

ရာသီဥတု ပြောင်းလဲမှု စနစ်

ရာသီဥတု ပြောင်းလဲမှု စနစ်

by ဦးအုန်း (ကမ္ဘာမြေ ချစ်သူ)
2 June 2024
308

ကျွန်ုပ်တို့ ကိုယ်တိုင်နှင့် ပိုင်ဆိုင်မှုများကို ရာသီဥတု ပြောင်းလဲခြင်း အန္တရာယ်မှ ကာကွယ်ရမည် ဖြစ်သည်။ ယခု အချိန်တွင် အချို့ ရာသီဥတု ပြောင်းလဲမှုများမှာ ရှောင်လွှဲ၍ မရနိုင်တော့ပေ။

ဒီစက်ဟာ ပလတ်စတစ်နဲ့ သံဘူးတွေကို စက်ထဲ ထည့်လိုက်ရုံနဲ့ သင့်ကို ငွေအကြွေအချို့ ပြန်ပေးမှာ ဖြစ်ပါတယ်

စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချနေကြတဲ့ နိုင်ငံတကာက ခေတ်မီ နည်းလမ်းများ

by ဟယ်လ်သင်
19 March 2019
7.3k

စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်သရိုက်တွေကို လျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာမှာတော့ The Zero Waste ဆိုတဲ့ လှုပ်ရှားမှုကို ဈေးဝယ်စင်တာ အများစုမှာ ပြုလုပ်လာနေကြပါပြီ။

ပလတ်စတစ်ကို အဓိက အသုံးပြုတဲ့နေရာကတော့ ပစ္စည်းတွေကို ထုပ်ပိုးတဲ့ နေရာတွေမှာပါ

ပလတ်စတစ်ကို ဘယ်သူ တီထွင်ခဲ့သလဲ

by ညီညီသူ
11 March 2019
7.7k

၁၉၅၀ ကနေစပြီး တနှစ်ကို ပလတ်စတစ်တန်ချိန် ၂ သန်း ထုတ်လုပ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ထုတ်လုပ်လာခဲ့ရာမှာ ၂၀၁၅ ခုနှစ်မှာဆိုရင် တန်ချိန် ၃၈၁ သန်း ထိတိုင်အောင် ရောက်လာခဲ့ပါတယ်။

နိုင်ငံအသီးသီးမှာ ပလတ်စတစ်အသုံးပြုမှု လျော့ကျစေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ပလစ်စတစ် အစားထိုး သုံးစွဲမှုများ ရှိနေပါတယ်

ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ နိုင်ငံတကာမှာ တီထွင်အသုံးပြုလာကြတဲ့ အသုံးပြုမှုများ

by ဟယ်လ်သင်
15 May 2019
14.3k

နိုင်ငံတကာက စားသောက်ဆိုင်တချို့မှာတော့ ပလတ်စတစ် ပန်းကန်နဲ့ ခွက်တွေအစား သစ်ရွက်ခြောက်တွေကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ တခါသုံး ပန်းကန်တွေနဲ့ ခွက်တွေအဖြစ် အသုံးပြုနေကြပါတယ်။

Next Post
တပ်လော်ဘီ ဇော်ဘုန်းဟိန်း အမှု ၄ ခုဖြင့် ထောင် ၁၁ နှစ် ကျ

တပ်လော်ဘီ ဇော်ဘုန်းဟိန်း အမှု ၄ ခုဖြင့် ထောင် ၁၁ နှစ် ကျ

ဒီတခေါက်မှမနိုင်ရင် သားစဉ်မြေးဆက် စစ်ကျွန်ဖြစ်လိမ့်မယ် (ရုပ်/သံ)

ဒီတခေါက်မှမနိုင်ရင် သားစဉ်မြေးဆက် စစ်ကျွန်ဖြစ်လိမ့်မယ် (ရုပ်/သံ)

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

1 day ago
880

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved