နေ့စဉ်အသုံးပြုမှုတွေမှာ ပလတ်စတစ်တွေဟာ မပါမဖြစ် အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာဟာဆိုရင်လည်း ကြီးထွားလို့ နေပါတယ်။
ပလတ်စတစ် ညစ်ညမ်းမှုဟာ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တခု ဖြစ်တာကြောင့် နိုင်ငံတကာမှာ ပလတ်စတစ်သုံးစွဲမှုကို လျှော့ချနိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို စမ်းသပ်တီထွင်ပြီး အသုံးပြုနေကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာ ပလတ်စတစ် အသုံးပြုမှု လျော့ကျစေဖို့ တီထွင်အသုံးပြုလာကြတဲ့ အသုံးပြုမှုတွေပဲ ဖြစ်ပါတယ်။
(၁) ထိုင်းနိုင်ငံက စူပါမားကတ်အများစုမှာတော့ ဟင်းသီးဟင်းရွက်တွေကို ထုပ်ပိုးတဲ့အခါ ပလတ်စတစ်အစား ငှက်ပျောရွက်ကို အသုံးပြုပြီး ထုပ်ပိုးရောင်းချလာကြသလို အအေးရောင်းချတဲ့ အခါမှာလည်း ပလတ်စတစ် ပိုက်တွေအစား မြက်ရိုင်းပင်တွေနဲ့ စပါးလင်ပင်တို့ကို ကုန်ချောအဖြစ် ပြန်လည်ထုတ်လုပ်ထားတဲ့ ပိုက်တွေကိုသာ အသုံးပြုလာနေကြပါပြီ။
(၂) ပေါ်တူဂီနိုင်ငံက လေကြောင်းလိုင်းတချို့ဟာဆိုရင်လည်း ခရီးသည်တွေကို တည်ခင်းကျွေးမွေးတဲ့အခါ ပလတ်စတစ် အသုံးအဆောင်တွေအစား အပင်ထွက် ပစ္စည်းတွေကနေ အခြေခံ ထုတ်လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
(၃) နိုင်ငံတကာက စားသောက်ဆိုင်တချို့မှာတော့ ပလတ်စတစ် ပန်းကန်နဲ့ ခွက်တွေအစား သစ်ရွက်ခြောက်တွေကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ တခါသုံး ပန်းကန်တွေနဲ့ ခွက်တွေအဖြစ် အသုံးပြုနေကြပါတယ်။
(၄) ပလတ်စတစ် အစားထိုးအဖြစ် နောက်ထပ် အသုံးများလာတာကတော့ ထောပတ်သီး အစေ့ကို ကုန်ကြမ်းအဖြစ် အသုံးပြုထားတဲ့ ပန်းကန်၊ ဇွန်း၊ ခက်ရင်း စတာတွေနဲ့ သပွတ်သီးခြောက်ကို ပန်းကန်ဆေးရေမြှုပ်အဖြစ် အသုံးပြုလာကြတာတွေပဲ ဖြစ်ပါတယ်။
(၅) အမေရိကန်နိုင်ငံက အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတချို့မှာတော့ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကို ပလတ်စတစ် ပါကင်ဘူးတွေနဲ့ ရောင်းချခြင်းအစား ဆပ်ပြာခဲ၊ ခေါင်းလျှော် ဆပ်ပြာခဲတွေအဖြစ် ထုတ်လုပ်ရောင်းချနေကြပြီ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ပလတ်စတစ် သုံးစွဲခြင်းကို တားဆီးပိတ်ပင်ထားတဲ့ နိုင်ငံနဲ့ မြို့များ
ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး ဥပဒေထုတ်ပြန်ခဲ့တဲ့ နယူးယောက်မြို့
ဗီယက်နမ် စူပါမားကတ်များတွင် ပလတ်စတစ်အိတ်အစား ဖက်ရွက်များဖြင့် ထုပ်ပိုးမှု စတင်
ထိုင်း စူပါမားကတ်များတွင် ပလတ်စတစ် အစားထိုး ငှက်ပျောရွက် ထုပ်ပိုးမှုများ အသုံးပြုလာ
စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချနေကြတဲ့ နိုင်ငံတကာက ခေတ်မီ နည်းလမ်းများ
Ref. brightside.me