ဟွာဝေး ကုမ္ပဏီအနေဖြင့် နည်းပညာသုံး၍ နောက်ယောင်ခံ ထောက်လှမ်းရေး မလုပ်ကြောင်းကို ကမ္ဘာ့အရပ်ရပ်မှ အစိုးရများနှင့် သဘောတူလက်မှတ်ရေးထိုးလိုဟု ကုမ္ပဏီ ဥက္ကဋ္ဌ လိုင်ဟွာက ပြောကြားလိုက်ပြီး၊ နိုင်ငံခြားတိုင်းပြည်များကို ထောက်လှမ်း ရန် တရုတ်ဥပဒေအရ ၎င်းကုမ္ပဏီကို တွန်းအားပေးခြင်းမရှိပါကြောင်း တဆက်တည်းတွင် ငြင်းဆိုခဲ့သည်။
လတ်တလော သူ၏ ဗြိတိန်ခရီးစဉ်အတွင်း မိမိအနေဖြင့် မည်သည့်ဗြိတိသျှအစိုးရတာဝန်ရှိသူနှင့်မဆို တွေ့ခဲ့ခြင်းမရှိ ကြောင်း၊ သို့သော် မိမိ ကုမ္ပဏီသည် ဗြိတိန်နိုင်ငံ၏ အမျိုးသားရ ာဇဝတ်ထောက်လှမ်းရေးဌာန(NCIS)နှင့် ကာလရှည်ကြာ ပူးပေါင်းလုပ်ကိုင်ခဲ့ကြောင်း၊ ဆိုက်ဘာလုံခြုံရေး အစီအမံများလည်း ချမှတ်ခဲ့ကြောင်း ဟွာက ဆက်လက်ပြောကြားခဲ့သည်။
လုပ်ငန်း ကျယ်ပြန့်မှု၊ နည်းပညာ ဖြေရှင်းချက်တို့ အတွက် ဆိုက်ဘာလုံခြုံရေး တိုးတက်စေရန် ဆောင်ရွက်ရေးအပေါ် ဟွာဝေးလုပ်ငန်းရှင်က တိုက်တွန်းခဲ့ပြီး ဆိုက်ဘာလုံခြုံရေးအန္တရာယ်နှင့်ပတ်သက်၍ ကမ္ဘာ့အစိုးရများအနေဖြင့် ခိုင်လုံ သောအထောက်အထားများအခြေခံလျက် ချဉ်းကပ်ကြရန် ဆော်သြခဲ့သည်။
တရုတ်နိုင်ငံ ပြင်ပတွင် ၎င်းကုမ္ပဏီထုတ် ပစ္စည်းကိရိယာများ၌ နောက်ယောင်ခံ နည်းပညာ ထည့်သွင်းခြင်း(သို့မဟုတ်) အခြားတိုင်းပြည်များ၏ထောက်လှမ်းရေးသတင်းများ စုဆောင်းရန် မည်သည့်ဥပဒေမှ ပြဋ္ဌာန်းထားခြင်းမရှိကြောင်း ဟွာဝေးဥက္ကဋ္ဌက ငြင်းဆိုသည့် အပြင် ကုမ္ပဏီအနေဖြင့် “ထောက်လှမ်းရေးမလုပ်ပါကြောင်း” ဗြိတိန်အပါအဝင် ကမ္ဘာတလွှားမှ အစိုးရများနှင့် စာချုပ်ချုပ်ဆိုလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
၎င်း၏ အထက်ပါ ပြောကြားချက်ကို ထင်ဟပ်လျက် ကုမ္ပဏီ၏ အနောက်ဥရောပ ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ တင်မ်ဝပ်ကင်က အလားတူ ကြေညာချက် ထုတ်ရာ၌ “ဟွာဝေး တည်ထောင်သူ ရင်ကျင့်ဖေ အနေဖြင့် မည်သည့် စားသုံးသူ အချက်အလက် (သို့မဟုတ်) သတင်းကို မဆို လွှဲပြောင်းမှုပြုရန် တခါမှ ညွှန်ကြားခဲ့ခြင်းမရှိသည်ကို ရှင်းရှင်းထုတ်ဖော်ပြောကြားကြောင်း၊ အကယ်၍ ယင်းသို့ ထောက်လှမ်းပေးရန် အတင်းအကျပ် စေခိုင်းခံရပါက လက်သင့်မခံဘဲ ကုမ္ပဏီပိတ်ပစ်မည်ဖြစ် ကြောင်း” ဆိုထားသည်။
တရုတ်အစိုးရ အနေဖြင့် ထောက်လှမ်းရေး လုပ်ငန်းများ လုပ်ရန် ဟွာဝေးကို စေခိုင်းထားကြောင်း အမေရိကန်စိုးရိမ်ပူပန်မှု အား အခြေခံ၍ ဗြိတိန်နိုင်ငံအတွင်း 5G ကွန်ရက်များ တပ်ဆင်ရာ၌ နောက်ယောင်ခံ ထောက်လှမ်းနေခြင်းရှိ/မရှိ အရေးကြီးသော အရှုပ်တော်ပုံနှင့် ဟွာဝေးကုမ္ပဏီ လတ်တလောရင်ဆိုင်နေရသည်။
ဆက်စပ်ဖတ်ရှု့ရန်
မန္တလေးမြို့ လုံခြုံရေးအတွက် ဟွာဝေးနှင့် ဆောင်ရွက်မည်
ဟွာဝေး 5G နည်းပညာက အမေရိကန်အတွက် အဏုမြူဗုံးသဖွယ် ဖြစ်နေဟုဆို
Huawei နည်းပညာကုမ္ပဏီ၏ ဘဏ္ဍာရေး အရာရှိချုပ် ကနေဒါအစိုးရဖမ်းဆီး
Huawei နှင့် ZTE ကုမ္ပဏီများမှ ပစ္စည်း အစိုးရဝယ်ယူမှု ဖယ်ရှားရန် ဂျပန်စီစဉ်နေ
5G ကွန်ရက် အတွက် Huawei ပံ့ပိုးမှု လက်မခံရန် EU ကို အမေရိကန်သတိပေး
၂၀၁၈ ဟာ စီးပွားရေးနဲ့ ဘဏ္ဍာရေးပိုင်း မှတ်ကျောက်တင်နိုင်ခဲ့တဲ့နှစ် ဖြစ်ကြောင်း Huawei ပြော
5G ကွန်ရက်မှာ Huawei ကို အပြီးတိုင် ပိတ်ပင်စရာ မလိုကြောင်း ဗြိတိန် ဆို
နယူးဇီလန်က 5 G မိုဘိုင်းကွန်ရက် လက်သင့်မခံသည့်ကိစ္စ Huawei အဖြေရှာ