• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

5G ကွန်ရက် အတွက် Huawei ပံ့ပိုးမှု လက်မခံရန် EU ကို အမေရိကန်သတိပေး

by ဧရာဝတီ
6 February 2019
in သတင်း
A A
ဘေဂျင်းမြို့ရှိ Huawei ဖုန်းဆိုင် အပြင်ဘက်တွင် ဖုန်းသုံးနေသည် အမျိုးသမီး တဦး / AFP

ဘေဂျင်းမြို့ရှိ Huawei ဖုန်းဆိုင် အပြင်ဘက်တွင် ဖုန်းသုံးနေသည် အမျိုးသမီး တဦး / AFP

11.4k
VIEWS
Share on FacebookShare on Twitter

ဥရောပတလွှား နိုင်ငံများအနေဖြင့် 5G မိုဘိုင်းလ်ကွန်ရက် ထူထောင်ရေးတွင် တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ Huawei ၏ ပံ့ပိုးမှုကို ခွင့်မပြုရန် အမေရိကန်အစိုးရ တာဝန်ရှိသူများက သတိပေးထား ကြောင်း အမေရိကန် သံတမန်တဦး၏ အင်္ဂါနေ့ ကပြောကြားချက်ကို ကိုးကား၍ Bangkok Post ကဆိုသည်။

ဥရောပ သမဂ္ဂနိုင်ငံများသည် ချက်ခြင်းနီးပါး ဆက်သွယ်နိုင်ပြီး ဒေတာ စွမ်းရည်ကျယ်ပြန့်ကာ အနာ ဂတ်နည်းပညာများ ပါဝင်သည့် ပဉ္စမမျိုးဆက် ကွန်ရက် (5-G) များကို စတင် အသုံးပြုရန် ပြင်ဆင်နေ သောကြောင့် ထိုကိစ္စသည် အရေးကြီး သည်ဟု အမေရိကန်နိုင်ငံက သတ်မှတ်သည်။

အမေရိကန်နိုင်ငံခြားရေးဌာနအရာရှိတဦးက “တရုတ်လိုမျိုး နိုင်ငံတွေဆီကနေ စိတ်မချရတဲ့ ပံ့ပိုးသူ တွေနဲ့ သဘောတူ လက်မှတ်ထိုးတာတွေ၊ ထိုးဖို့ ဦးတည်တာတွေ အလျင်စလို မလုပ်ကြဖို့ ကျနော်တို့ တိုက်တွန်းနေပါတယ်” ဟု ဘရပ်ဆဲလ် မြို့တွင် သတင်းထောက်များနှင့်တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

ထို့အပြင် အီးယူတာဝန်ရှိသူများ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့မှ အစိုးရတာဝန်ရှိသူများ နှင့် အဆိုပါ အမေရိကန် နိုင်ငံခြားရေးဌာနမှ အရာရှိတို့ အကြား အစည်းအဝေးထိုင်ခဲ့ကြောင်း၊ အလားတူ တခြားသော နိုင်ငံခြားရေး အရာရှိများက လည်း စပိန်နှင့်အခြားနိုင်ငံများသို့ သွားရောက်၍ အမေရိကန်စိုးရိမ်ပူပန်နေမှုကို ချပြမည်ဟု သိရသည်။

“ဟွာဝေး ဒါမှမဟုတ် ZTE တို့လို စိတ်မချရတဲ့ ပံ့ပိုးသူတွေနဲ့ လုပ်တာဟာ ခင်ဗျားတို့ အမျိုးသားလုံခြုံ ရေးအတွက် အမျိုးမျိုး သော ဂယက်ရိုက်မှုတွေ ရှိလာမှာဖြစ်ပါတယ်”ဟု အမည်မဖော်လိုသူ အမေရိကန်နိုင်ငံခြားရေးအရာရှိက သတိပေးပြော ကြားခဲ့သည်။

ထိုကိစ္စရပ်များသည် ဉာဏပစ္စည်း ပိုင်ဆိုင်မှု ကာကွယ်ရေး၊ ကိုယ်ရေး အချက်အလက် လုံခြုံမှုနှင့် လူ့အခွင့်အရေးတို့ကို ထိခိုက်နိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဝါရှင်တန်၏ ဦးစားပေးမှာ ဥရောပကို သတိပေးရန်ဖြစ်ကြောင်း၊ အမေရိကန်၏ အမြင်အရ ဥရောပ တွင် ခိုင်မာသော မဟာမိတ်များရှိသောကြောင့် အမျိုးသားလုံခြုံရေးအပိုင်းကို ပိုမိုအာရုံစိုက်ရန် လိုကြောင်း အဆိုပါ အရာရှိက ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ဥရောပကော်မရှင် ဒု ဥက္ကဋ္ဌ အန်ဒရူးရပ်စ် အန်ဆစ်က Huawei နှင့် ZTE တို့၏ ခြိမ်းခြောက်လာနိုင်မှုအပေါ် အမေရိကန်၏ သတိပေးချက်ကို ထပ်ဆင့်ပြော ကြားထားပြီးဖြစ်သည်။

အက်စတိုးနီးယား ဝန်ကြီးချုပ်ဟောင်းကမူ “အဖွဲ့ဝင်နိုင်ငံတွေ အတွက် အမျိုးသားလုံခြုံရေးက လုံလုံလောက်လောက် ရှိပါတယ်” ဟုဆိုသည်။

Huawei ကမူ ၎င်း၏စက်ကိရိယာများကို သူလျှိုလုပ်ငန်းအတွက် သုံးနိုင်မည်မဟုတ်ကြောင်း အပြင်းအထန်ငြင်းဆန်ထား သည်။

ကျွမ်းကျင်သူများ၏ အဆိုအရ Huawei သည် ပြီးခဲ့သည် ၆ လနှင့် ၁ နှစ်ကာလအတွင်း ဆွီဒင်နိုင်ငံရှိ အဲရစ်ဆင် (Ericsson) အတွက် 5G ကွန်ရက် အရည်အသွေး ပြည့်မီအောင် ဦးဆောင် လုပ်ကိုင်နိုင်ခဲ့ ကြောင်း၊  ဖင်လန်နိုင်ငံမှ နိုကီရာ(Nokia)သည်လည်း ထပ်မံ၍ နောက်ကွယ်မှ ရပ်တည်ပေးနေကြောင်း ပြောဆိုနေကြသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

ပြင်သစ်နိုင်ငံမှ Bouygues Telecom နှင့် SFR ကဲ့သို့ ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီများကလည်း ဟွာဝေး ထုတ်လုပ် သည့် စက်ကိရိယာများဖြင့် ပြင်သစ်မြို့ကြီးအများအပြားတွင် အော်ပရေတာများက စတင်စမ်းသပ်လုပ်ကိုင်နေပြီဖြစ်သည်။

လက်ရှိတွင်လည်း ၎င်း၏စီးပွားရေးအစုရှယ်ယာများမှာ မြင့်နေပြီး၊ စီးပွားရေးဆိုင်ရာ သတင်းနှင့် အချက်အလက်များ ထုတ်ပြန်ပေးသည့် Bloomberg ၏ အတွင်းရေး အချက်အလက်များသိမ်းဆည်း ရာဖြစ်သည့် ဒတ်ချ်တယ်လီကွန် (Deutsche Telekom)ကုမ္ပဏီကလည်း “အကယ်၍ ဟွာဝေး၏ 5G စက်ကိရိယာများကို မသုံးဘဲနေမည်ဆိုလျှင် ဥရောပသည် တရုတ်နှင့် အမေရိကန် နောက်တွင် နှစ်နှစ်ထက်မကျော်ဘဲ နောက်ကျကျန်နေခဲ့မည်ဖြစ်ကြောင်း” သတိပေးခဲ့သည်။

သို့သော် ဝါရှင်တန်အနေဖြင့် စီးပွားရေးအကျိုးအမြတ်ထက် လုံခြုံရေးဘက်ကို ပိုမိုနှိုးဆော်ပေးနေခဲ့ရ ကြောင်း အမေရိကန်သံတမန်များက ပြောကြားခဲ့ကြသည်။

Your Thoughts …
Tags: Huawei
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

Google နဲ့ လက်တွဲခွင့် မရတော့တဲ့အတွက် Huawei စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ Android OS စနစ်နဲ့ အလှမ်းဝေးတော့မှာပါ

Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း

by Nigma
20 May 2019
30.9k

တရုတ်နိုင်ငံပြင်ပ ရောင်းချတဲ့ Huawei စမတ်ဖုန်းအသစ်တွေမှာလည်း Google Play Store နဲ့ Gmail App အပါအဝင် လူသုံးများတဲ့ Application တွေနဲ့ Service တွေ အသုံးပြုခွင့် ရရှိတော့မှာ မဟုတ်ပါဘူး

Huawei Nova 5 Series

Huawei က Nova 5 Series အသစ်ကို မိတ်ဆက်

by Nigma
21 June 2019
5k

Huawei Nova 5 Pro နဲ့ ကျန် Nova 5 မော်ဒယ် ၂ ခုမှာ အဓိကကွာခြားချက်ကတော့ Chipset ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် အမြန်ချောပို့လုပ်ငန်း FedEx Corp

Huawei ရဲ့ ပါဆယ်ထုပ်ကို ပြန်ပို့ခဲ့ပြီးနောက် FedEx က အမေရိကန်အစိုးရကို တရားစွဲဆို

by Nigma
25 June 2019
9.3k

"FedEx ဟာ ပို့ဆောင်ရေး ကုမ္ပဏီ ဖြစ်ပါတယ်။ ဥပဒေ စိုးမိုးရေး ဌာနတခု မဟုတ်ပါဘူး"လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Huawei ကုမ္ပဏီ

Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်

by Nigma
20 May 2019
9.9k

သတင်းရင်းမြစ်တွေအရ ထပ်မံ ကြေညာချက် မပြုခင်အထိ Huawei နဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေကို ရပ်ဆိုင်းထားရန် အမေရိကန် Chip ကုမ္ပဏီ အကြီးအကဲ အများအပြားကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

Linux ပြောင်းသုံးထားတဲ့ Huawei Matebook 13

Windows အစား Linux ပြောင်းသုံးထားတဲ့ Matebook တွေကို Huawei စတင်ရောင်းချ

by Nigma
17 September 2019
15k

Deepin Linux နဲ့ ရောင်းနေတဲ့ မော်ဒယ်တွေကတော့ Huawei Matebook X Pro၊ Matebook 13 နဲ့ Matebook 14 တို့ ဖြစ်ပါတယ်။

တရုတ်နည်းပညာ ကုမ္ပဏီ Huawei

တရုတ်အစိုးရထံမှ ဒေါ်လာဘီလျံများစွာ အထောက်အပံ့ ရရှိခဲ့ခြင်း မဟုတ်ကြောင်း Huawei ပြောကြား

by Nigma
27 December 2019
20.9k

Huawei ကတော့ WSJ အနေနဲ့ သတင်းအချက်အလက်အမှားတွေကို အခြေခံကာ Huawei အပေါ် မမှန်မကန် သတင်းထပ်ဖြန့်နေကြောင်း ပြန်လည် စွပ်စွဲထားပါတယ်။

Next Post
ချင်းမိုင် ပန်းပွဲတော် (ရုပ်/သံ)

ချင်းမိုင် ပန်းပွဲတော် (ရုပ်/သံ)

ရှမ်းပြည်နယ် ခရီးစဉ်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်  / Myanmar State Counsellor Office

ရှမ်းပြည်နယ်အစိုးရ လူထုနှင့် ထိတွေ့ရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved