• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Huawei က Nova 5 Series အသစ်ကို မိတ်ဆက်

by Nigma
21 June 2019
in IT
A A
Huawei Nova 5 Series

Huawei Nova 5 Series

5k
VIEWS
Share on FacebookShare on Twitter

Huawei က Nova 5 ဖုန်းစီးရီး ဖုန်းမော်ဒယ် အသစ် ၃ မျိုးကို တရုတ်နိုင်ငံမှာ ယနေ့ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ Nova 5 Pro ၊ Nova 5 နဲ့ Nova 5i မော်ဒယ် ၃ မျိုး မိတ်ဆက်ခဲ့တာ ဖြစ်ပြီး၊ Pro မော်ဒယ်က အမြင့်ဆုံးမော်ဒယ် ဖြစ်ပါတယ်။

Huawei Nova 5 Pro

Nova 5 Series ရဲ့ အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ Nova 5 Pro မှာ OLED မျက်နှာပြင်၊ Kirin 980 Chipet နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ဆန်ဆာတို့ ပါဝင်ပြီး၊ ခေတ်မီဆန်းသစ်တဲ့ အရောင်မျိုးစုံနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်က ၆.၃၉ လက်မအကျယ်ရှိပြီး၊ FullHD+ ရုပ်ထွက် အရည်အသွေး ရှိပါတယ်။ ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ပဲ ဖြစ်ပြီး၊ Notch အတွင်းမှာ 32MP ရှေ့ကင်မရာကို တွေ့မြင်ရမှာပါ။

ကောလာဟလတွေ ထွက်ထားတဲ့အတိုင်း ကျောကင်မရာ ၄ လုံးအထိ ပါဝင်မှာပါ။ အဓိကကင်မရာက 48MP ဖြစ်ပြီး၊ 16MP မြင်ကွင်းကျယ်ကင်မရာ၊ 2MP Depth Sensor နဲ့ 2MP Macro ကင်မရာတို့ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Huawei Nova 5 Pro နဲ့ ကျန် Nova 5 မော်ဒယ် ၂ ခုမှာ အဓိကကွာခြားချက်ကတော့ Chipset ဖြစ်ပါတယ်။ Nova 5 Pro မှာ Flagship Huawei P30 Series မှာ သုံးထားတဲ့ Kiriin 980 ကို ဆက်လက် အသုံးပြုထားပေမယ့်၊ Nova 5 မှာတော့ Huawei ရဲ့ 7nm Chipset အသစ် Kirin 810 ကို ပထမဆုံးအကြိမ် စတင် အသုံးပြုထားပါတယ်။

Nova 5 Pro ကို 8GB RAM နဲ့ 128GB ဒါမှမဟုတ် 256GB Storage နှစ်မျိုး နှစ်စား ထုတ်သွားမှာပါ။ 3,500mAh ဘက်ထရီမှာ 40W Huawei SuperCharge အားအမြန်သွင်းစနစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ 8/128GB ကို ၄၃၅ ဒေါ်လာခန့်ရှိပြီး၊ 8/256GB ဆိုရင်တော့ ဒေါ်လာ ၅၀၀ လောက် ပေးရမှာပါ။

Nova 5 Pro ကိုမှ ဒေါ်လာ ၅၅၀ ပေးရမယ့် Limited Edition မော်ဒယ်လည်း ထုတ်သွားမှာ ဖြစ်ပြီး၊ ဖုန်းဝယ်ရင် ဘူးထဲမှာ ခရမ်းရောင် FreeLace နားကြပ်တခု ပါလာမှာပါ။ Nova 5 Pro ကို Vmall.com မှာ ယခုကစ ကြိုတင်အော်ဒါမှာယူထားနိုင်ပြီ ဖြစ်ပါတယ်။ ဇွန်လ ၂၈ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။

Huawei Nova 5

Huawei Nova 5 ဟာ Kirin 810 Chipset အသစ် ပထမဆုံး သုံးထားတဲ့ ဖုန်းဖြစ်ပါတယ်။ ထုတ်လုပ်မှုအချိန် လိုအပ်သေးတာကြောင့် ဇူလိုင်လလယ်လောက်မှာ စတင်ရောင်းချမှာပါ။ Kirin 810 မှာ 2.27GHz ရှိတဲ့ Cortex-A76 စွမ်းဆောင်ရည်မြင့် Core ၂ ခု နဲ့ ပါဝါသုံးစွဲမှုသက်သာတဲ့ 1.88GHz Coretx-A55 Cores ခြောက်ခုတို့ ပါဝင်ပြီး၊ Mali-G52 GPU နဲ့ ဖြစ်ပါတယ်။

Chipset က လွဲလို့ ကျန်အချက်အားလုံးနီးပါးက Nova 5 Pro နဲ့ အတူတူပဲ ဖြစ်ပါတယ်။ Notch ပါဝင်တဲ့ OLED မျက်နှာပြင်၊ ကျောကင်မရာလေးလုံး၊ မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာနဲ့ပါပဲ။ Nova 5 ကိုတော့ RAM 8GB နဲ့ Storage 128GB တမျိုးပဲ ရောင်းသွားမှာဖြစ်ကာ၊ ဈေးနှုန်းကတော့ ၄၃၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Huawei Nova 5i

Nova 5i မှာတော့ လက်ရှိ မော်ဒယ်လတ် Huawei ဖုန်းတွေမှာ သုံးထားတဲ့ Kirin 710 ကိုပဲ ပြန်သုံးထားပါတယ်။ ဒီဖုန်းမှာ ထူးခြားတာကတော့ Display က အပေါက်ဖောက်ထားတဲ့ ဒီဇိုင်းနဲ့ ဖြစ်သွားတာပါ။ မျက်နာပြင် ဘယ်ဘက်အပေါ်ထောင့် ရှေ့ကင်မရာအပေါက်နေရာမှာ 24MP ရှေ့ကင်မရာနဲ့ ပဲ ဖြစ်ပါတယ်။

ကျောကင်မရာ ၄ လုံးနဲ့ပဲ ဖြစ်ပေမယ့် ကင်မရာဆန်ဆာတွေကတော့ ပြောင်းသွားပါတယ်။ 24MP အဓိကင်မရာ၊ 8MP မြင်ကွင်းကျယ်ကင်မရာ၊ 2MP Depth Sensor နဲ့ 2MP Macro Lens နဲ့ပါ။ လက်ဗွေရာဆန်ဆာကလည်း ဖုန်းကျောဘက်၊ ကင်မရာဘေးကို ရောက်ရှိသွားတာ တွေ့ရပါတယ်။

Huawei Nova 5i ကို 6GB+128GB နဲ့ 8GB+128GB နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာပါ။ ဘက်ထရီက 4,000mAh ဖြစ်သွားပေမယ့်၊ Nova 5 နဲ့ Nova 5 Pro လိုတော့ 40W အားအမြန်သွင်းစနစ် သုံးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီ့အစား ပြီးခဲ့တဲ့နှစ်တွေအတွင်း Huawei Mid-range ဖုန်းတွေမှာ တွေ့ခဲ့ရတဲ့ 18W အားအမြန်သွင်းစနစ်ကို အသုံးပြုထားပါတယ်။

Nova 5i ကို Black ၊ Amber Red နဲ့ Sea Blue အရောင် ၃ မျိုး ထုတ်သွားမှာ ဖြစ်ကာ၊ ဈေးနှုန်းကတော့ ၂၉၀ ဒေါ်လာနဲ့ ၃၂၀ ဒေါ်လာ အသီးသီး ရှိပါတယ်။ နောက် ၇ ရက်နေရင် စတင် ရောင်းချတော့မှာပါ။

Huawei Nova 5 Series မော်ဒယ်အကုန်လုံးက Android 9 Pie စနစ်အခြေခံ EMUI 9 နဲ့ပဲ ဖြစ်ပါတယ်။ ယခုပွဲမှာ Huawei က ဒီနှစ် ပထမ ၅ လအတွင်းမှာ ဖုန်းအလုံးရေ သန်း ၁၀၀ ကျော် ရောင်းချပြီးပြီ ဖြစ်ကြောင်းလည်း ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။ ဖုန်းအလုံးရေ သန်း ၁၀၀ ကို အမြန်ဆုံး စံချိန်တင်ရောင်းချနိုင်ခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
240
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
140

Ref: GSM Arena, Android Authority

You May Also Like These Story:

Huawei က ခေါက်ချိုးဖုန်း ဒီဇိုင်းအသစ်ကို မူပိုင်ခွင့်တင်

ကျောကင်မရာသုံးလုံး ပါဝင်တဲ့ Maimang  8 ဖုန်းကို Huawei မိတ်ဆက်

Infinity-O Display အသုံးပြုထားတဲ့ Samsung Galaxy M40 ထွက်ရှိ

Your Thoughts …
Tags: HuaweiNova 5 Series
Nigma

Nigma

Contributor

Similar Picks:

Google နဲ့ လက်တွဲခွင့် မရတော့တဲ့အတွက် Huawei စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ Android OS စနစ်နဲ့ အလှမ်းဝေးတော့မှာပါ

Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း

by Nigma
20 May 2019
30.9k

တရုတ်နိုင်ငံပြင်ပ ရောင်းချတဲ့ Huawei စမတ်ဖုန်းအသစ်တွေမှာလည်း Google Play Store နဲ့ Gmail App အပါအဝင် လူသုံးများတဲ့ Application တွေနဲ့ Service တွေ အသုံးပြုခွင့် ရရှိတော့မှာ မဟုတ်ပါဘူး

အမေရိကန်အခြေစိုက် အမြန်ချောပို့လုပ်ငန်း FedEx Corp

Huawei ရဲ့ ပါဆယ်ထုပ်ကို ပြန်ပို့ခဲ့ပြီးနောက် FedEx က အမေရိကန်အစိုးရကို တရားစွဲဆို

by Nigma
25 June 2019
9.3k

"FedEx ဟာ ပို့ဆောင်ရေး ကုမ္ပဏီ ဖြစ်ပါတယ်။ ဥပဒေ စိုးမိုးရေး ဌာနတခု မဟုတ်ပါဘူး"လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Huawei ကုမ္ပဏီ

Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်

by Nigma
20 May 2019
9.9k

သတင်းရင်းမြစ်တွေအရ ထပ်မံ ကြေညာချက် မပြုခင်အထိ Huawei နဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေကို ရပ်ဆိုင်းထားရန် အမေရိကန် Chip ကုမ္ပဏီ အကြီးအကဲ အများအပြားကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

Linux ပြောင်းသုံးထားတဲ့ Huawei Matebook 13

Windows အစား Linux ပြောင်းသုံးထားတဲ့ Matebook တွေကို Huawei စတင်ရောင်းချ

by Nigma
17 September 2019
15k

Deepin Linux နဲ့ ရောင်းနေတဲ့ မော်ဒယ်တွေကတော့ Huawei Matebook X Pro၊ Matebook 13 နဲ့ Matebook 14 တို့ ဖြစ်ပါတယ်။

တရုတ်နည်းပညာ ကုမ္ပဏီ Huawei

တရုတ်အစိုးရထံမှ ဒေါ်လာဘီလျံများစွာ အထောက်အပံ့ ရရှိခဲ့ခြင်း မဟုတ်ကြောင်း Huawei ပြောကြား

by Nigma
27 December 2019
20.9k

Huawei ကတော့ WSJ အနေနဲ့ သတင်းအချက်အလက်အမှားတွေကို အခြေခံကာ Huawei အပေါ် မမှန်မကန် သတင်းထပ်ဖြန့်နေကြောင်း ပြန်လည် စွပ်စွဲထားပါတယ်။

Huawei ဟာ ၎င်းရဲ့ Android ဖုန်း၊ တက်ဘလက်တွေမှာ Google ဝန်ဆောင်မှု အစားထိုး Apps တွေကို အမြန်ဆုံးထုတ်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Huawei ရဲ့ Google အစားထိုး Apps များကို နှစ်သစ်ကူးအမီ ထုတ်ပေးမည်

by Nigma
27 December 2019
4.8k

ယခု နှစ်သစ်ကူးအမီ ထုတ်ပေးဖို့ ရှိကြောင်း Huawei India CEO Charles Peng က Economic Times သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

Next Post
Channel Mandalay သတင်းထောက်ကို၄ကြိမ်မြောက်ရုံးထုတ် (ရုပ်/သံ)

Channel Mandalay သတင်းထောက်ကို၄ကြိမ်မြောက်ရုံးထုတ် (ရုပ်/သံ)

AA တပ်ဖွဲ့ဝင်များဟု ဆိုကာ ဖမ်းဆီးထားသော ရွာသား ၂၄ ဦးအား ရုံးထုတ် (ရုပ်/သံ)

AA တပ်ဖွဲ့ဝင်များဟု ဆိုကာ ဖမ်းဆီးထားသော ရွာသား ၂၄ ဦးအား ရုံးထုတ် (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved