• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Huawei က ခေါက်ချိုးဖုန်း ဒီဇိုင်းအသစ်ကို မူပိုင်ခွင့်တင်

by Nigma
18 June 2019
in IT
A A
Huawei ခေါက်ချိုးဖုန်း

Huawei ခေါက်ချိုးဖုန်း

5.7k
VIEWS
Share on FacebookShare on Twitter

Huawei ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ချိုးဖုန်း Mate X ကို ယခုလအတွင်း စတင်ရောင်းချဖို့ ရည်ရွယ်ထားခဲ့ပေမယ့် အခက်အခဲအချို့ကြောင့် စက်တင်ဘာလကို ရွှေ့ဆိုင်းလိုက်ပါတယ်။

ပြိုင်ဘက် Samsung Galaxy Fold ဖုန်းလို ပြဿနာတွေ မကြုံရစေဖို့အတွက် အသေးစိတ်စမ်းသပ်မှုတွေ ထပ်လုပ်ဖို့ အချိန်ယူလိုက်တာ ဖြစ်တယ်လို့ Huawei က ပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးက ကုန်သွယ်မှု ပိတ်ပင်ထားတာကြောင့် Android OS ဆက်သုံးခွင့် ရ၊ မရ မသေချာသေးတာကြောင့်လည်း ပါဝင်နိုင်ပါတယ်။

Huawei ဟာ Mate X ခေါက်ချိုးဖုန်းကို တကယ် ထုတ်မရောင်းနိုင်သေးပေမယ့် နောက်ထပ် ခေါက်ချိုးဖုန်း ဒီဇိုင်းအသစ်တွေကို ဖန်တီးထားပြီး ဖြစ်တာ တွေ့ရပါတယ်။ ကမ္ဘာ့မူပိုင်ခွင့်ရုံး (WIPO) က မေလ ၃၁ ရက်နေ့မှာ Huawei ကုမ္ပဏီကို နှစ်ဖက်ခေါက်နိုင်တဲ့ ခေါက်ချိုးဖုန်း ဒီဇိုင်းအသစ်တခုအတွက် မူပိုင်ခွင့် ချပေးလိုက်ပါတယ်။

Screen ကို နှစ်ဖက်ခေါက်နိုင်တာကြောင့် ဖုန်းလိုကော တက်ဘလက်လိုပါ သုံးနိုင်မယ့်အပြင်၊ စားပွဲပေါ်ထောင်ပြီးလည်း Display တခုလို သုံးနိုင်မယ့် ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ Huawei ရဲ့ ဒီဇိုင်းပုံကြမ်း ၃ မျိုးကို အောက်မှာ တွေ့မြင်နိုင်ပါတယ်။

ပထမဆုံး ဒီဇိုင်းမော်ဒယ်မှာတော့ ကင်မရာ၊ ဆန်ဆာနဲ့ Home ခလုတ်တို့ကို ဖုန်းရဲ့ အပေါ်ဘက်နဲ့ အောက်ဘက် ဘောင်တွေမှာ ထည့်ထားတာ တွေ့ရမှာပါ။ ဒုတိယမော်ဒယ်မှာတော့ ရှေ့ကင်မရာနဲ့ သက်ဆိုင်တဲ့ ဆန်ဆာတွေကိုပဲ အပေါ်ဘက်က သေးငယ်တဲ့ဘောင်လေးမှာ ထည့်ပေးထားပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
232
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134

တတိယမော်ဒယ်မှာတော့ ဘေးဘောင်တွေ လုံးဝမပါတော့တဲ့ Screen အပြည့်ဒီဇိုင်း ဖြစ်သွားပါတယ်။ နှစ်ဖက်လုံးကို ခေါက်ထားမယ်ဆိုရင် ဖုန်းရဲ့ အပေါ်ကော၊ အောက်ပါ ၁၀၀ ရာခိုင်နှုန်း စခရင်ချည်း ဖြစ်နေမှာပါ။ ကင်မရာနဲ့ ဆန်ဆာတွေကို Screen အာက်မှာ မြှုပ်ထည့်ပေးထားတယ်လို့ ယူဆရပါတယ်။ Huawei ဒီဇိုင်းပုံကြမ်းတွေကို LetsGoDigital က ထုံးစံအတိုင်း 3D ပုံဖော်ပေးထားပါတယ်။

ယခု ခေါက်ချိုးဖုန်းအသစ်မှာ Screen ကို သံလိုက်နဲ့ ထိန်းထားပုံ ပေါ်ပြီး၊ ခေါက်ဖို့အတွက် ဖုန်းကိုယ်ထည် ဘေးနှစ်ဖက်မှာ ပတ္တာဆက် Hinge နှစ်ခု ကို အသုံးပြုထားပါတယ်။ ဖုန်းကို ဖြန့်ထားတဲ့အခါ ဒီ Hinge နှစ်ခုကို Display ကို အောက်က ကျားကန်ပေးထားမှာပါ။ ယခုဒီဇိုင်းမှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ပုံစံတမျိုးက “Desk-stand” Mode ပါ။ အကယ်၍ တဖက်ကိုပဲ ခေါက်ထားမယ်ဆိုရင် လက်ပ်တော့ပုံစံမျိုး သုံးနိုင်မယ့်ပုံစံ ဖြစ်ပါတယ်။

Huawei က ယခုမူပိုင်ခွင့် ဒီဇိုင်းအတိုင်း ခေါက်ချိုးဖုန်းတလုံး တကယ်ထုတ်ဖို့ ရှိ၊ မရှိကတော့ မသေချာသေးဘူး။ ဒါပေမဲ့ နှစ်ဖက်ခေါက်နိုင်တဲ့ ခေါက်ချိုးဖုန်းက တဖက်ပဲ ခေါက်နိုင်တဲ့ ဒီဇိုင်းထက်တော့ ပိုအသုံးဝင်မှာ အမှန်ပါပဲ။

OPPO ၊ Motorola ၊ LG ၊ Sony ၊ Xiaomi စတဲ့ ဖုန်းကုမ္ပဏီအများအပြားဟာ ယခုနှစ်အတွင်း ကိုယ်ပိုင်ခေါက်ချိုးဖုန်းတွေ ထုတ်နိုင်ဖို့ အပြိုင်ကြိုးစားနေကြပါတယ်။

Ref: BGR, T3

You May Also Like These Stories:

ကျောကင်မရာသုံးလုံး ပါဝင်တဲ့ Maimang  8 ဖုန်းကို Huawei မိတ်ဆက်< ၂၀၁၉ မှာ ပြည်ပဖုန်းရောင်းအား အလုံးရေ သန်း ၆၀ အထိ ကျသွားနိုင်ကြောင်း Huawei ခန့်မှန်း

Galaxy Fold လို ဖြစ်မှာစိုးတာကြောင့် Huawei Mate X ခေါက်ချိုးဖုန်း ထုတ်မယ့်ရက်ကို ရွှေ့ဆိုင်း

မော်ဒယ်လတ် ဖုန်းသစ် နှစ်မျိုးကို HTC မိတ်ဆက်

Your Thoughts …
Tags: Huaweiခေါက်ချိုးဖုန်းမူပိုင်ခွင့်
Nigma

Nigma

Contributor

Similar Picks:

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

Facebook ကုမ္ပဏီ Meta မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရ

Facebook ကုမ္ပဏီ Meta မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရ

by ဧရာဝတီ
5 October 2024
1.3k

စာရေးဆရာ ခရစ္စတိုဖာ ဖန်စ်ဝါ့သ်ကတော့ သူ့အနေနဲ့ နစ်နာခဲ့ရတဲ့ ငွေကြေးတွေ ရလိုမှုအပြင် Meta ရဲ့ မူပိုင်ခွင့် ချိုးဖောက် နေမှုများကိုပါ ရပ်တန့်ပေးဖို့ တရားရုံးကို တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။

Google နဲ့ လက်တွဲခွင့် မရတော့တဲ့အတွက် Huawei စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ Android OS စနစ်နဲ့ အလှမ်းဝေးတော့မှာပါ

Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း

by Nigma
20 May 2019
30.9k

တရုတ်နိုင်ငံပြင်ပ ရောင်းချတဲ့ Huawei စမတ်ဖုန်းအသစ်တွေမှာလည်း Google Play Store နဲ့ Gmail App အပါအဝင် လူသုံးများတဲ့ Application တွေနဲ့ Service တွေ အသုံးပြုခွင့် ရရှိတော့မှာ မဟုတ်ပါဘူး

တေးသံရှင် ဂျက်မြသောင်း

သီချင်းမူပိုင်ခွင့် နဲ့ ပတ်သက်ပြီး တေးသံရှင်ဂျက်မြသောင်း တရားစွဲဆိုတော့မည်

by ယုမွန်ကျော်
2 September 2016
1.1k

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှာ ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သော်လည်း မဖြေရှင်းပေးတဲ့အတွက် ယခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်တယ်လို့လည်း သိရပါတယ်

Samsung ခေါက်ချိုးဖုန်း Galaxy Z Flip

ဒုတိယမြောက် ခေါက်ချိုးဖုန်း Galaxy Z Flip ကို Samsung မိတ်ဆက်

by Nigma
13 February 2020
27.4k

Samsung Galaxy Z Flip မှာ အရင် Galaxy Fold နဲ့ မတူ၊ ကွဲပြားတဲ့ ခေါက်ဒီဇိုင်းအသစ်ကို အသုံးပြုထားပြီး၊ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Motorola Razor ခေါက်ဖုန်းနဲ့ ဒီဇိုင်း အနည်းငယ်ဆင်တူပါတယ်။

Huawei Nova 5 Series

Huawei က Nova 5 Series အသစ်ကို မိတ်ဆက်

by Nigma
21 June 2019
5k

Huawei Nova 5 Pro နဲ့ ကျန် Nova 5 မော်ဒယ် ၂ ခုမှာ အဓိကကွာခြားချက်ကတော့ Chipset ဖြစ်ပါတယ်။

Next Post
၀၁၄ ခုနှစ် တရားရုံးထုတ်ရာတွင် တွေ့ရသော အီဂျစ်နိုင်ငံ၏ ရွေးကောက်ခံ သမ္မတဟောင်း မော်စီ / Reuters

အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီ တရားရုံး၌ ရုတ်တရက်ကွယ်လွန်

တချို့ အစားအစာတွေဟာ အစိမ်းစားခြင်းအားဖြင့် အာဟာရဓာတ်တွေ ပိုမို ရရှိစေပါတယ်

အစိမ်းစားရင် ကျန်းမာရေးအတွက် ပိုမိုအကျိုးရှိစေတဲ့ အစားအစာ ၅ မျိုး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved