• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

၂၀၁၉ မှာ ပြည်ပဖုန်းရောင်းအား အလုံးရေ သန်း ၆၀ အထိ ကျသွားနိုင်ကြောင်း Huawei ခန့်မှန်း

by Nigma
17 June 2019
in IT
A A
Huawei စမတ်ဖုန်း

Huawei စမတ်ဖုန်း

5.7k
VIEWS
Share on FacebookShare on Twitter

Huawei ဟာ ၂၀၁၈ ခုနှစ်မှာ တကမ္ဘာလုံးကို ဖုန်းအလုံးရေ ၂၀၆ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၉ အစပိုင်းမှာလည်း ရောင်းအားအရှိန်က မကျသွားဘဲ၊ ပထမ သုံးလပတ်အတွင်းမှာတင် ကမ္ဘာတဝန်း ဖုန်းအလုံးရေ ၅၉ သန်းကျော်အထိ ရောင်းနိုင်ခဲ့ပါတယ်။

ဒီအရှိန်အဟုန်နဲ့သာ ဆက်သွားနိုင်မယ်ဆိုရင် နောက်တနှစ်ဆို Samsung ကို ကျော်ပြီး၊ Huawei က ကမ္ဘာ့အကြီးဆုံး ဖုန်းကုမ္ပဏီ ဖြစ်တော့မှာပါ။ ဒါပေမဲ့ အခုတော့ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုတခုကြောင့် ကုမ္ပဏီရဲ့ အခြေအနေအားလုံး ပြောင်းလဲသွားခဲ့ပါပြီ။

အမေရိကန်အစိုးရက ကုန်သွယ်မှု ပိတ်ပင်တဲ့ စာရင်းထဲ ထည့်လိုက်တာကြောင့် ယခုနှစ်မှာ နိုင်ငံတကာဈေးကွက်အတွင်း ဖုန်းရောင်းအား ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားမယ်လို့ ခန့်မှန်းထားကြောင်း Huawei ကုမ္ပဏီက Bloomberg ကို ပြောကြားလိုက်ပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146

မနှစ်က စုစုပေါင်း ဖုန်းရောင်းအားမှာ တဝက်လောက်က ပြည်ပဈေးကွက်ကို ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ပြည်ပဖုန်းရောင်းအားက အလုံးရေ သန်း ၄၀ ကနေ သန်း ၆၀ လောက် ကျသွားနိုင်တယ်လို့ ကုမ္ပဏီကိုယ်တိုင် ခန့်မှန်းထားပါတယ်။

ပြည်ပဈေးကွက်က အခြေအနေ တော်တော်ဆိုးနေတာကြောင့် ဗြိတိန်နဲ့ ပြင်သစ်တို့မှာ ဇွန်လ ၂၁ ရက်နေ့ စတင်ရောင်းချမယ့် Honor 20 ဖုန်းစီးရီးရဲ့ အခြေအနေကိုပါ စောင့်ကြည့်နေပြီ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ထင်သလောက် ရောင်းအားမကောင်းဘူး ဆိုရင်တော့ Honor 20 ဖုန်းတင်ပို့ရောင်းချမှုကို လုံးဝ ရပ်ဆိုင်းပစ်မှာပါ။

တနင်္လာနေ့မှာလည်း Huawei တည်ထောင်သူ Ren Zhengfei က ပြည်ပဖုန်းရောင်းအားဟာ ပြီးခဲ့တဲ့လအတွင်း ၄၀ ရာခိုင်နှုန်းအထိ ကျသွားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုကြောင့် လာမယ့် ၂ နှစ်အတွင်းမှာ စုစုပေါင်းဝင်ငွေ ဒေါ်လာဘီလျံ ၃၀ လောက် လျော့သွားဖို့ ရှိတယ်လို့ Ren က ခန့်မှန်းထားပါတယ်။

Huawei ဟာ ပြည်ပဖုန်းဈေးကွက် ရောင်းအားကျဆင်းမှုကို ကာမိနိုင်ဖို့အတွက် ပြည်တွင်းမှာ ဈေးကွက်ဝေစု တဝက်တိတိ ရဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်က ထိပ်သီး တရုတ်ဖုန်းကုမ္ပဏီ ၅ ခုမှာ Huawei ကုမ္ပဏီတခုထဲ ရောင်းအားတက်ခဲ့ပြီး၊ ဈေးကွက်ဝေစု ၃၄ ရာခိုင်နှုန်းအထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ Huawei အခြေအနေက စိုးရိမ်စရာ မရှိပါဘူး။

မေလမှာ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ Huawei ကို နည်းပညာ၊ အစိတ်အပိုင်းတွေ ရောင်းချ၊ ထောက်ပံ့မှု မလုပ်ဖို့ အမေရိကန်အစိုးရက စတင် တားမြစ်ခဲ့ပါတယ်။ အဲဒီအမိန့်ကြောင့် Google ကလည်း Huawei ကို Android အသုံးပြုခွင့် ရုပ်သိမ်းခဲ့ပါတယ်။ အခု ယာယီလိုင်စင်ပြန်ထုတ်ပေးထားပေမယ့် သြဂုတ်လဆို လိုင်စင်သက်တမ်း ကုန်တော့မှာပါ။

လိုင်စင်သက်တမ်း တိုးဖို့ ရှိ၊ မရှိကတော့ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးဆွေးနွေးမှုတွေ အပေါ်မှာ အဓိက မူတည်နေပါတယ်။ ဒါကြောင့် အနာဂတ် မရေမရာဖြစ်နေတဲ့ Huawei ဖုန်းတွေကို နိုင်ငံတကာဈေးကွက်မှာ ဝယ်လိုအား ကျဆင်းနေပြီး၊ ကုမ္ပဏီအတွက် ထိခိုက်မှုကြီးမားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

Ref: Phone Arena, Bloomberg

You May Also Like These Stories:

Galaxy Fold လို ဖြစ်မှာစိုးတာကြောင့် Huawei Mate X ခေါက်ချိုးဖုန်း ထုတ်မယ့်ရက်ကို ရွှေ့ဆိုင်း

ကိုယ်ပိုင် HongMeng OS သုံး ဖုန်းပေါင်း ၁ သန်းကျော်ကို Huawei တင်ပို့ထားပြီးဖြစ်< HongMeng OS ကို Huawei Mate 30 မှာ ပထမဆုံး အသုံးပြုဖွယ်ရှိ

Your Thoughts …
Tags: Huaweiပြည်ပဖုန်းရောင်းအား
Nigma

Nigma

Contributor

Similar Picks:

Google နဲ့ လက်တွဲခွင့် မရတော့တဲ့အတွက် Huawei စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ Android OS စနစ်နဲ့ အလှမ်းဝေးတော့မှာပါ

Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း

by Nigma
20 May 2019
30.9k

တရုတ်နိုင်ငံပြင်ပ ရောင်းချတဲ့ Huawei စမတ်ဖုန်းအသစ်တွေမှာလည်း Google Play Store နဲ့ Gmail App အပါအဝင် လူသုံးများတဲ့ Application တွေနဲ့ Service တွေ အသုံးပြုခွင့် ရရှိတော့မှာ မဟုတ်ပါဘူး

Huawei Nova 5 Series

Huawei က Nova 5 Series အသစ်ကို မိတ်ဆက်

by Nigma
21 June 2019
5k

Huawei Nova 5 Pro နဲ့ ကျန် Nova 5 မော်ဒယ် ၂ ခုမှာ အဓိကကွာခြားချက်ကတော့ Chipset ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် အမြန်ချောပို့လုပ်ငန်း FedEx Corp

Huawei ရဲ့ ပါဆယ်ထုပ်ကို ပြန်ပို့ခဲ့ပြီးနောက် FedEx က အမေရိကန်အစိုးရကို တရားစွဲဆို

by Nigma
25 June 2019
9.3k

"FedEx ဟာ ပို့ဆောင်ရေး ကုမ္ပဏီ ဖြစ်ပါတယ်။ ဥပဒေ စိုးမိုးရေး ဌာနတခု မဟုတ်ပါဘူး"လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Huawei ကုမ္ပဏီ

Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်

by Nigma
20 May 2019
9.9k

သတင်းရင်းမြစ်တွေအရ ထပ်မံ ကြေညာချက် မပြုခင်အထိ Huawei နဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေကို ရပ်ဆိုင်းထားရန် အမေရိကန် Chip ကုမ္ပဏီ အကြီးအကဲ အများအပြားကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

Linux ပြောင်းသုံးထားတဲ့ Huawei Matebook 13

Windows အစား Linux ပြောင်းသုံးထားတဲ့ Matebook တွေကို Huawei စတင်ရောင်းချ

by Nigma
17 September 2019
15k

Deepin Linux နဲ့ ရောင်းနေတဲ့ မော်ဒယ်တွေကတော့ Huawei Matebook X Pro၊ Matebook 13 နဲ့ Matebook 14 တို့ ဖြစ်ပါတယ်။

တရုတ်နည်းပညာ ကုမ္ပဏီ Huawei

တရုတ်အစိုးရထံမှ ဒေါ်လာဘီလျံများစွာ အထောက်အပံ့ ရရှိခဲ့ခြင်း မဟုတ်ကြောင်း Huawei ပြောကြား

by Nigma
27 December 2019
20.9k

Huawei ကတော့ WSJ အနေနဲ့ သတင်းအချက်အလက်အမှားတွေကို အခြေခံကာ Huawei အပေါ် မမှန်မကန် သတင်းထပ်ဖြန့်နေကြောင်း ပြန်လည် စွပ်စွဲထားပါတယ်။

Next Post
Xiaomi စမတ်တံခါးသော့

လက်ဗွေရာဆန်ဆာနဲ့ Bluetooth ပါဝင်တဲ့ စမတ်တံခါးသော့ကို Xiaomi မိတ်ဆက်

စိုစွတ်နေတဲ့ဆံပင်နဲ့ အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်

စိုစွတ်နေတဲ့ ဆံပင်နဲ့ အိပ်စက်တဲ့အခါ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved