• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ဒုတိယမြောက် ခေါက်ချိုးဖုန်း Galaxy Z Flip ကို Samsung မိတ်ဆက်

by Nigma
13 February 2020
in IT
A A
Samsung ခေါက်ချိုးဖုန်း Galaxy Z Flip

Samsung ခေါက်ချိုးဖုန်း Galaxy Z Flip

27.4k
VIEWS
Share on FacebookShare on Twitter

နှစ်စဉ်ကျင်းပနေကျ “Unpacked Event” ဖုန်းသစ် မိတ်ဆက်ပွဲမှာ Samsung က Galaxy S20 ဖုန်းစီးရီးအသစ်တွေနဲ့အတူ “Galaxy Z Flip” အမည်ရ ခေါက်ချိုးဖုန်းသစ်တလုံးကို တရားဝင် မိတ်ဆက်ပေးလိုက်ပါတယ်။ ယမန်နှစ်က ရောင်းချခဲ့တဲ့ Galaxy Fold ပြီးနောက် Samsung ရဲ့ ဒုတိယမြောက် ခေါက်ချိုးဖုန်းဖြစ်ပြီး၊ ၁,၃၈၀ ဒေါ်လာဈေးနဲ့ ဈေးကွက်တွင်း မကြာခင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy Z Flip မှာ အရင် Galaxy Fold နဲ့ မတူ၊ ကွဲပြားတဲ့ ခေါက်ဒီဇိုင်းအသစ်ကို အသုံးပြုထားပြီး၊ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Motorola Razor ခေါက်ဖုန်းနဲ့ ဒီဇိုင်း အနည်းငယ်ဆင်တူပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
177
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
98
သဇင်ပန်း

သဇင်ပန်း

10 January 2026
122

၆ ဒဿမ ၇ လက်မအရွယ် မျက်နှာပြင်အပေါ်မှာ အလွန်ပါးလျတဲ့ Ultra-Thin Glass (UTG) မှန်ချပ် အုပ်ထားပြီး၊ ယခင်ခေါက်ဖုန်းတွေအတိုင်း ဖုန်းကို အလယ်ကနေ ခေါက်ချိုးချနိုင်မှာပါ။ အဆုံးထိ ခေါက်ထားချိန်မှာ ဖုန်းက မိတ်ကပ်ဘူးအရွယ်လောက်ပဲ ရှိမှာ ဖြစ်ပါတယ်။


Samsung က Galaxy Z Flip ကို ပုံစံ ၃ မျိုး အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ဖုန်းကို ခေါက်လျက် ပိတ်ထားချိန်မှာ ဖုန်းကျောဘက်မှာ ပါဝင်တဲ့ ၁ ဒဿမ ၁ လက်မအရွယ် Super AMOLED အပိုမျက်နှာပြင်လေးကနေ အဝင်သတိပေးချက်တွေကို ကြည့်ရှုနိုင်မှာပါ။ ဖုန်းကို ဖြန့်ထားချိန်မှာတော့ သာမန်ဖုန်းတလုံးအတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


တတိယမြောက် Flex Mode ပုံစံမှာတော့ Laptop တလုံးလို မျက်နှာပြင်ကို လိုအပ်တဲ့အနေအထားအတိုင်း ခေါက်သုံးနိုင်မှာ ဖြစ်ပါတယ်။ ခေါက်လျက် Flex Mode အနေအထားမှာ Apps တွေကို အကောင်းဆုံးပုံစံနဲ့ အသုံးပြုနိုင်ဖို့ ဒီဇိုင်းပြင်ဆင်ပြီးသား ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ ဥပမာအားဖြင့် တဝက်ခေါက်လျက်အနေအထားမှာ မျက်နှာပြင်အပေါ်ခြမ်းကနေ YouTube ဗီဒီယိုတွေ ကြည့်ရင်း၊ အောက်ခြမ်းမှာလည်း Comment တွေ တပြိုင်တည်းမြင်နေရမှာ ဖြစ်ပါတယ်။

Samsung Galaxy Z Flip မှာ စွမ်းဆောင်ရည်မြင့် Snapdragon 855+ Chipset ကို အသုံးပြုထားပြီး၊ 8GB RAM နဲ့ UFS 3.0 အမျိုးအစား 256 Storage တို့ ပါဝင်ပါတယ်။ 5G ကွန်ရက်တော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ကင်မရာပိုင်းအနေနဲ့ 12MP ကျောကင်မရာ ၂ လုံး၊ 10MP ရှေ့ကင်မရာတလုံးတို့ ပါဝင်ပါတယ်။

လက်ဗွေရာဆန်ဆာကိုတော့ ဖုန်းရဲ့ ညာဘက် ဘေးကိုယ်ထည် အပေါ်ဘက်မှာပဲ ထည့်သွင်းထားပါတယ်။ 3,300mAh ဘက်ထရီ ပါဝင်ပြီး၊ 15W အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်မှာပါ။ Samsung ရဲ့ Android 10 အခြေခံ One UI 2 စနစ်အသစ်နဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

မူလ Galaxy Fold တုန်းက ရောင်းချဖို့ ကြာမြင်ခဲ့ပေမယ့် ယခု Galaxy Z Flip ခေါက်ချိုးဖုန်းသစ်ကိုတော့ လာမယ့် ဖော်ဝါရီ ၁၄ ရက်နေ့မှာတင် စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။


အရောင်အားဖြင့် Mirror Black အနက်၊ Mirror Purple ခရမ်းရောင်နဲ့ Mirror Gold ရွှေရောင် ၃ မျိုး ရွေးချယ်နိုင်မှာပါ။ ဝယ်ယူသူတိုင်းကို AKG USB Type-C နားကြပ်တစုံနဲ့ အတူ YouTube Premium အသုံးပြုခွင့် လက်ဆောင်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Ref: Gizmochina

You may also like these stories:

Samsung က အိန္ဒိယဈေးကွက်အတွက် စမတ်ဖုန်းစီးရီးအသစ် မိတ်ဆက်မည်

Huawei Mate X ခေါက်ချိုးဖုန်းကို တရုတ်မှာ ဒေါ်လာ ၂,၄၀၀ နဲ့ စတင် ရောင်းချ

Your Thoughts …
Tags: Galaxy Z FlipSamsungခေါက်ချိုးဖုန်း
Nigma

Nigma

Contributor

Similar Picks:

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

by ဧရာဝတီ
26 January 2025
1.7k

Samsung language AI team ကို ဦးဆောင်နေတဲ့ ဒုတိယ အမှုဆောင် ဥက္ကဌ Park Ji-sun က သူတို့ဟာ စမတ်ဖုန်း နယ်ပယ်တွင်း AI features တွေနဲ့ ပတ်သက်လို့ ခြေတလှမ်း...

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

by ဧရာဝတီ
24 November 2024
1.4k

OpenAI က Google ရဲ့ အဓိက စီးပွားရေးမိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Samaung ရဲ့ ထုတ်ကုန်တွေမှာ AI (ဉာဏ်ရည်တု) လုပ်ဆောင်ချက်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့တယ် ဆိုပြီးလည်း…

Samsung Galaxy Note 9 စမတ်ဖုန်း

Samsung Galaxy Note 9 ဖုန်းမှာ ဘယ်လို ထူးခြားမှုတွေ ပါဝင်လာမလဲ

by Nigma
10 August 2018
6.2k

Note 9 ရဲ့ အမိုက်ဆုံး Feature နောက်တခုကတော့ Samsung Dex ဆော့ဖ်ဝဲကို ဖုန်းထဲမှာ တခါတည်း ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI နည်းပညာ

ဓာတ်ပုံတပုံနဲ့တင် ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI ကို Samsung ပြသ

by Nigma
26 May 2019
11k

Deepfake ဟာ မကောင်းတာချည်း ပြည့်နေတဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ ဂန္တဝင်ပုံတူ ပန်းချီကားတချပ်ကို အသက်သွင်းတာမျိုး ပျော်စရာကောင်းတဲ့ ဖန်တီးမှုတွေလည်း လုပ်နိုင်ပါတယ်။

Screen နှစ်ခုပါဝင်တဲ့ Samsung ရဲ့ ခေါက်ဖုန်း

ကျပ် သိန်း ၃၀ ကျော်တန် Screen နှစ်ခုပါ ခေါက်ဖုန်းကို Samsung မိတ်ဆက်

by Nigma
11 November 2018
7k

ဒေါ်လာ ၂၇၀၀ (မြန်မာငွေ ကျပ် သိန်း ၃၀ကျော်) အထိ ပေးရမှာဖြစ်တာကြောင့် W2019 ဖုန်း ဝယ်ယူသူတိုင်းကို အထူးဝန်ဆောင်မှုတွေလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

အထင်မှားစေတဲ့ ရေစိုခံဖုန်း ကြော်ငြာ

အထင်မှားစေတဲ့ ရေစိုခံဖုန်း ကြော်ငြာတွေကြောင့် Samsung တရားစွဲခံရ

by Nigma
4 July 2019
17.8k

ACCC က Samsung ဟာ ရေစိုခံ Galaxy ဖုန်းတွေကို ရေကူးကန် နဲ့ ပင်လယ်သမုဒ္ဒရာတွေ အနားမှာပါ သုံးလို့ ရသယောင် ကြော်ငြာနေတာကြောင့် သုံးစွဲသူတွေ အထင်မှားစေတယ်လို့ ပြောကြားခဲ့ပါတယ်။

Next Post
ပြည်ထဲရေးဝန်ကြီး အသစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်  / ဧရာဝတီ

ဗစ်တိုးရီးယားအမှု ရဲလုပ်ငန်း အစကောင်းရန် လိုအပ်ခဲ့ဟု ပြည်ထဲရေးဝန်ကြီး အသစ်ပြော

ဗိုလ်ချူပ်အောင်ဆန်း (၁၀၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အခမ်းအနားပွဲ ကျင်းပ (ရုပ်/သံ)

ဗိုလ်ချူပ်အောင်ဆန်း (၁၀၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အခမ်းအနားပွဲ ကျင်းပ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved