Samsung Galaxy Note 9 စမတ်ဖုန်း ကတော့ တရားဝင် ထွက်ရှိလာပါပြီ။ သြဂုတ်လ ၉ ရက် နေ့ည၊ မြန်မာစံတော်ချိန် ၉ နာရီခွဲမှာ Galaxy Note 9 ကို တကမ္ဘာလုံးမှာ မိတ်ဆက်သွားခဲ့တာ ဖြစ်ပြီး၊ အနိမ့်ဆုံးဈေးနှုန်း အမေရိကန်ဒေါ်လာ ၉၉၉ ဒေါ်လာ ဖြစ်ပါတယ်။
Galaxy Note 9 ရဲ့ အဓိက အချက်အလက်တွေကတော့ Android ဖုန်းတွေထဲမှာ လက်ရှိ အမြင့်ဆုံးလို့ ခေါ်ဆိုနိုင်တဲ့ Specification တွေ ပါမယ်၊ Screen ပိုကြီးလာမယ်။ S-Pen မှာ Bluetooth ပါဝင်လာမယ်၊ ပြီးတော့ ဘက်ထရီလည်း ပိုများလာမှာ ဖြစ်ပါတယ်။
Note 9 ရဲ့ အမိုက်ဆုံး Feature နောက်တခုကတော့ Samsung Dex ဆော့ဖ်ဝဲကို ဖုန်းထဲမှာ တခါတည်း ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ ဖုန်းကို Desktop လို သုံးဖို့အတွက် အရင်လို Dock ခံစရာ မလိုတော့ဘဲ၊ Type-C to HDMI ကြိုးထိုးပြီး မော်နီတာမှာ တခါတည်း တပ်သုံးနိုင်မှာ ဖြစ်ပါတယ်။
Galaxy Note 9 ကို Storage မော်ဒယ် ၂ မျိုးနဲ့ ရောင်းချသွားမှာဖြစ်ပြီး 6GB RAM + 128GB Storage က ၉၉၉ ဒေါ်လာဈေး ရှိကာ၊ 8GB RAM + 512GB မော်ဒယ်က ၁၂၅၀ ဒေါ်လာဈေး ရှိမှာ ဖြစ်ပါတယ်။ microSD ကတ်လည်း သပ်သပ်ထပ် စိုက်လို့ရတာကြောင့် 512GB မော်ဒယ်မှာ microSD ကတ် 512GB ထပ်စိုက်လိုက်ရင် 1TB Storage အထိကို ဖုန်းနဲ့တင် သုံးနိုင်မှာဖြစ်ပါတယ်။ Galaxy Note 9 ကို သြဂုတ်လ ၁၀ ရက်နေ့မှ စတင်ကာ Pre-Order မှာယူနိုင်မှာ ဖြစ်ပြီး၊ သြဂုတ်လ ၂၄ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Galaxy Note 9 ဟာ ဒီဇိုင်းပိုင်းအနေနဲ့ အရင် Note 8 ထက် အရမ်းကြီး သိသိသာသာ ပြောင်းလဲမှုမျိုးတော့ မရှိပါဘူး။ Display က အရင်မော်ဒယ်ထက် နည်းနည်းလေး ပိုကြီးလာပြီး ၆.၄ လက်မအရွယ် QHD+ AMOLED Display ဖြစ်ပါတယ်။
ဖုန်း Display အောက်ဘက်နဲ့ အပေါ်ဘက်တို့မှာ ဘောင်တွေ ပိုသေးသွားတဲ့အတွက် Full-screen အရသာကို ပိုမိုခံစားရမှာပါ။ နောက်ထပ် ဒီဇိုင်းပြောင်းလဲမှု တခုကတော့ လက်ဗွေရာ Sensor က ပိုသုံးလို့ အဆင်ပြေတဲ့ ကင်မရာနေရာအောက် ရောက်သွားတာ ဖြစ်ပါတယ်။
ဘက်ထရီကလည်း 4,000mAh အထိ ပါဝင်လာပြီး၊ Note စီးရီးသမိုင်းတလျှောက် အကြီးဆုံး ဘက်ထရီ ဖြစ်ပါတယ်။
S-Pen အသစ်ကလည်း Note 9 ရဲ့ အဓိက Feature တခု ဖြစ်ပါတယ်။ S-Pen မှာ ပုံမှန်အတိုင်း Note ရေးတာ၊ ပုံဆွဲတာ၊ Screen ပိတ်လျက်သား မှတ်စုရေးတာ၊ Live Messages ရေးတာတွေ အပြင် Bluetooth LE လည်း ချိတ်ဆက်လာနိုင်ပြီ ဖြစ်ပါတယ်။
ကင်မရာရိုက်တာ၊ Presentation ပြတဲ့အခါ ဆလိုက်ပြောင်းတာ၊ ဖုန်းသီချင်း အဖွင့်၊အပိတ် တွေကို S-Pen နဲ့ ရီမုတ်ကွန်ထရိုးတခုလို အသုံးချလာနိုင်မှာ ဖြစ်ပါတယ်။ Screen-off Memo ဆိုရင်လည်း S-Pen အရောင်အတိုင်း ပေါ်မှာ ဖြစ်ပါတယ်။ S-Pen ရဲ့ ဘက်ထရီအတွက် Supercapacitor ကို အသုံးပြုပေးထားပြီး၊ ဖုန်းတွင်းထည့်ထားရင် မိနစ်အနည်းငယ်အတွင်း အားသွင်းပေးနိုင်မှာပါ။ ဖုန်းကနေ ဆွဲထုတ်လိုက်တာနဲ့ အဆင်သင့် တန်းသုံးနိုင်မှာလို့ Samsung က ဆိုထားပါတယ်။
Samsung ဟာ Galaxy Note 9 မှာ ကင်မရာကိုလည်း အဓိကအသားပေး မိတ်ဆက်သွားခဲ့ပါတယ်။ ကင်မရာကတော့ Galaxy S9 Plus ကင်မရာကို ယူတပ်ထားတယ်လို့ ဆိုနိုင်ပြီး၊ S9 Plus အတိုင်း 12-megapixel ကျောကင်မရာ နှစ်လုံးတွဲ၊ Dual-aperture (f/1.5+ f/2.4) စနစ်တို့နဲ့ ဖြစ်ပါတယ်။ Lens နှစ်ခုစလုံးမှာ OIS ပါဝင်မှာ ဖြစ်ပါတယ်။
ဆော့ဖ်ဝဲနဲ့ AI နည်းပညာတို့ကို အသုံးပြုပြီး မြင်ကွင်းအလိုက် ကင်မရာပုံ အရည်အသွေးကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးသွားမှာပါ။ မတူညီတဲ့ Scenes အခု ၂၀ အထိ ရွေးချယ် ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။
Android 8.1 Oreo နဲ့ ထွက်ရှိလာမှာဖြစ်ပြီး၊ Samsung Pay လည်း ပါလာဦးမှာပါ။ လောလောဆယ် အပြာရောင်ရယ်၊ ခရမ်းရောင်ရယ်ဆိုပြီး ၂ မျိုးပဲ ထုတ်ဦးမှာ ဖြစ်ပါတယ်။
သတင်းတွေ ထွက်ထားတဲ့အတိုင်း Galaxy Note 9 မိတ်ဆက်ပွဲမှာ Android အတွက် Fortnite ဂိမ်းကိုလည်း တခါတည်း မိတ်ဆက်သွားခဲ့ပါတယ်။ ဒါပေမယ့် Note 9 နဲ့ Tab S4 နှစ်မျိုးတည်း ရမှာ မဟုတ်ဘဲ မကြာခင်က ထွက်ထားတဲ့ Samsung Flagship ဖုန်းတိုင်း ရရှိမှာပါ။ ဒါပေမယ့် Note 9 နဲ့ Tab S4 ဝယ်သူတွေကတော့ ဂိမ်းအတွက် Galaxy skin ကို ရရှိမှာဖြစ်ပါတယ်။ Galaxy Note 9 Pre-Order မှာသူတွေ ရွေးချယ်နိုင်မယ့် လက်ဆောင်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
• A pair of AKG noise-canceling headphones for free ( $299 တန်ဖိုး )
• 15,000 Fortnite V-bucks and the Fortnite Galaxy Skin for free ( $150 တန်ဖိုး )
• Both the AKG headphones and the Fortnite game bundle for $99 ( $449 တန်ဖိုး )
Galaxy Note 9 ရဲ့ Specifications အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Display 6.4-inch Super AMOLED display, 2,960 x 1,440 resolution (Quad HD+), 18.5:9 screen ratio
SoC Global: 10 nm, 64-bit, octa-core Samsung Exynos 9810 (2.8 GHz quad + 1.7 GHz quad)
U.S.: 10nm, 64-bit, octa-core Qualcomm Snapdragon 845
GPU ARM Mali-G72 MP18 (Exynos)/ Adreno 630 (Snapdragon)
RAM 6GB or 8GB RAM LPDDR4
Storage 128GB or 512GB
microSD expansion up to 512GB
Rear Cameras: Dual camera with dual OIS
Wide-angle: Super Speed Dual Pixel 12 MP AF sensor with OIS, f/1.5 and f/2.4 apertures
Telephoto: 12 MP AF sensor, f/2.4 aperture, 2x zoom
Front: 8 MP AF sensor, f/1.7 aperture
Audio Stereo speakers tuned by AKG, surround sound with Dolby Atmos technology
Battery 4,000mAh battery
Fast Wired Charging compatible with QC 2.0
Fast Wireless Charging compatible with WPC and PMA
IP rating IP68
Network Enhanced 4X4 MIMO/CA, LAA, LTE Cat. 18
Connectivity Wi-Fi 802.11 a/b/g/n/ac (2.4/5 GHz), Bluetooth v5.0 (LE up to 2 Mbps), ANT+, NFC, USB C
Authentication Lock type: Pattern, PIN, password
Biometric lock type: iris scanner, fingerprint scanner, face recognition, Intelligent Scan
Software Android 8.1 with Samsung Experience
Dimensions and weight 161.9 x 76.4 x 8.8mm, 201g
Colors Lavender Purple, Ocean Blue, Midnight Black, Metallic Copper
Ref: Android Authority, The Verge