စီးပွားရေး

၂၀၂၆ တွင် ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေး နှစ်ဆတိုးရန် မျှော်လင့်

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ၂၀၂၆ ခုနှစ်အရောက်တွင် နှစ်ဆတိုးရန် မျှော်မှန်းထားကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လာမည့် သြဂုတ်လ ၁၄ရက်နေ့တွင် မြန်မာက နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်း- မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၇၀ပြည့် အထိမ်းအမှတ်ပွဲတွင် ၉ကြိမ်မြောက် ထိုင်း- မြန်မာ ပူးတွဲကော်မရှင် အစည်းအဝေးတွင် ၎င်းမူဝါဒနှင့် ဆောင်ရွက်ချက်မူကြမ်းကို တင်သွင်းရန် ထိုင်းအစိုးရက အတည်ပြုလိုက်ပြီဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ရုံးမှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး အက်သီစစ်ချိုင်နူဗက်က “နယ်နမိတ် နှင့် ထိန်းချုပ်မှု ခိုင်မာရေးမှ နိုင်ငံရေးတည်ငြိမ်စေရေး၊ နှစ်နိုင်ငံလုံးက ရည်မှန်းထားသည့် ၂၀၁၆ ခုနှစ်အရောက် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရရှိစေမယ့် စီးပွားရေးဖွံ့ဖြိုးမှု ဆွေးနွေးညှိနှိုင်းရေး၊ နှစ်နိုင်ငံကြားလက်ရှိကုန်သွယ်မှုတန်ဖိုး နှစ်ဆတိုးရေး စတာတွေကို နှစ်နိုင်ငံကြား ပူးတွဲအစည်းအဝေးမှာ အလေးပေးသွားမှာဖြစ်ပါတယ်” ဟု က ရှင်းပြသည်။

အစည်းအဝေးတွင် ဆွေးနွေးမည့်အစီအစဉ်များ၌ ခေါင်းစဉ်မျိုးစုံပါဝင်ပြီး ပြည်သူများလှုပ်ရှားမှု စနစ်ကျ စောင့်ကြပ် ကြည့်ရှုရေး၊ မူးယစ်ကုန်သွယ်မှုနှိမ်နင်းရေး၊ ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာမှုထောက်ပံ့ရေးနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုတိုးတက်ရေးတို့ ညှိနှိုင်းကြရန် ပါရှိသည်။

ပူးတွဲကော်မရှင်၌ နှစ်နိုင်ငံကြား နောက်ထပ်အရေးတကြီး ဆွေးနွေးရမည့်ကိစ္စရပ်မှာ ထားဝယ်အထူး စီးပွားရေးဇုန် ဖွံ့ဖြိုးရေးဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ပြီးစီးပါက ထိုင်းအရှေ့ဘက်စီးပွားရေးစြင်္ကန်နှင့် တောင်ပိုင်းစီးပွားရေး စြင်္ကန်များတလျှောက် ချိတ်ဆက်မိမိဖြင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့လာမည်ဖြစ်သည်။

ထားဝယ်မှ ထိုင်း-မြန်မာနယ်စပ်သို့ ဆက်သွယ်ထားသည့် နှစ်လမ်းသွား လမ်းမဖောက်လုပ်ရေး လုပ်ငန်းစဉ်အပြင် ထိုင်း-မြန်မာချစ်ကြည်ရေး ဒုတိယတံတား၊ တရားဝင်သဘောတူပြီးဖြစ်သည့် နယ်စပ်ထိန်းချုပ်ရေးအဆောက်အဦများ ဖွင့်လှစ် မည့်အခမ်းအနားတု့ိပါ ဆယ်စုနှစ် ၇ ခုဆက်ဆံရေးအထိမ်းအမှတ်အဖြစ် စီစဉ်ထားရှိသည်။

ထိုင်းနှင့်မြန်မာ ကူးသန်းသွားလာမှုတိုးတက်ခြင်းသည် အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်တို့ဆီသို့ ကုန်စည်စီးဆင်းမှု ချောမွေ့စေသည်အထိ ကျယ်ပြန့်ပြီး ဒေသတွင်းတခုလုံး ကုန်စည်နှင့်လုပ်သားပို့ဆောင်သွားလာမှုတွင် လမ်းပိုင်း အခြေခံ အဆောက်အဦမှာ အရေးပါသောကဏ္ဍတခုအဖြစ် ရှိနေသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး အတွက် မြန်မာ၊ ထိုင်းနှင့်ဂျပန် တို့အကြား အနီးကပ် ပူးပေါင်းဆောင်ရွက်ရာတွင် သင့်လျော်သည့် သုံးပွင့်ဆိုင်အစိုးရ အချင်းချင်း ယန္တရားတခု လိုအပ်ချက်ဖြည့်ဆည်းရန် ထပ်မံဆွေးနွေးရမည်ဖြစ်ကြောင်း မကြာသေးမီက အစည်းအဝေးများတွင် နှစ်နိုင်ငံလုံးကနားလည်သဘောပေါက်ကြသည်။

လာမည့် သြဂုတ်လ ၁၄ရက်နေ့ အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွင်နိုင်းနှင့် ၎င်း၏ြ မန်မာ ဆွေးနွေးဖက် ဝန်ကြီး ဦးကျော်တင်တို့သည် သြဂုတ်လ ၁၄ ရက်အစီအစဉ်တွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading