သင့်အနေနဲ့ နိုင်ငံရပ်ခြားမှာ အိမ်တလုံး ပိုင်ဆိုင်နိုင်ဖို့ စဉ်းစားနေရင်တော့ အခုဖော်ပြမယ့် နိုင်ငံများမှ အိမ်ငှားရမ်း စရိတ်တွေနဲ့ အချက်အလက်တွေကို သိထားသင့်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရပ်ခြားမှာ အိမ်ဝယ်ယူဖို့ စိတ်ဝင်စားသူများအတွက် အိမ်ခြံမြေဈေး သက်သာလှတဲ့ နိုင်ငံတွေကို ဖော်ပြပေး လိုက်ပါတယ်။
(၁) ဟန်ဂေရီ
ကမ္ဘာလှည့် ခရီးသွားအများစု မျက်စိကျတဲ့ ဟန်ဂေရီနိုင်ငံဟာ နေထိုင်စရိတ်လည်း သက်သာသလို ကျယ်ဝန်းတဲ့ ခြံမြေအပါအဝင် အိမ်ခပ်ကြီးကြီးတလုံး ပိုင်ဆိုင်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၉၀၀၀၀ ခန့် ကုန်ကျရုံနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
(၂) ဘူဂေးရီးယား
ရှေးဟောင်း အဆောက်အဦတွေနဲ့ ရှေးခေတ်အနုပညာ လက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဘူဂေးရီးယား နိုင်ငံမှာဆိုရင်လည်း အပြင်အဆင် အမိုက်စားနဲ့ အိမ်တလုံးကို အမေရိကန်ဒေါ်လာ ၂၀၀၀၀ ဝန်းကျင် (မြန်မာငွေ သိန်း ၁၃၀၀ ကျော်) နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
(၃) ထိုင်း
ခရီးသွားရတာ နှစ်သက်သူတွေ မကြာခဏဆိုသလို သွားရောက် လည်ပတ်လေ့ရှိကြတဲ့ ထိုင်းနိုင်ငံမှာဆိုရင် အမေရိကန်ဒေါ်လာ ၃၀၀၀၀ ဝန်းကျင် (မြန်မာငွေ သိန်း ၄၅၀ ဝန်းကျင်) ရှိရုံနဲ့ ကွန်ဒိုကောင်းကောင်းတလုံး ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၄) ဗီယမ်နမ်
ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ လှပတဲ့ ကမ်းခြေတွေနဲ့ သဘာဝ အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ဗီယမ်နမ်နိုင်ငံမှာ ကွန်ဒိုတိုက်ခန်းကောင်းကောင်းတလုံး ဒါမှမဟုတ် ခြံဝင်းနဲ့ ခပ်သေးသေး အိမ်တလုံးအတွက် အမေရိကန် ဒေါ်လာ ၂၅၀၀၀ ကနေ ၅၀၀၀၀ ကြား ရှိရုံနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
(၅) ကမ္ဘောဒီးယားနိုင်ငံ
နေထိုင်စရိတ်သက်သာတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာတော့ အိမ်ငှားရမ်းနေထိုင်မယ်ဆိုရင် ရေကူးကန်ပါပါတဲ့ အိမ်ခပ်ကြီးကြီး တလုံးကိုမှ တလကို အမေရိကန်ဒေါ်လာ ၆၀၀ ခန့်လောက်သာ ကျသင့်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၀၀၀၀ ဝန်းကျင် ခန့်နဲ့ အိမ်ကောင်းကောင်း တလုံးကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Ref : www.womensarticle.com