ပလတ်စတစ်ပစ္စည်းတွေ စွန့်ပစ်မှုများပြားလာတာနဲ့အမျှ ပလတ်စတစ်ညစ်ညမ်းမှုဟာလည်း တဖြည်းဖြည်းနဲ့ ကြီးထွားလာနေတာပဲ ဖြစ်ပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှုဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေရုံသာမက သဘာဝပတ်ဝန်းကျင်ကို မှီခိုနေရတဲ့ လူသားတွေအပါအဝင် တိရစ္ဆာန်တွေကိုပါ ဆိုးဆိုးရွားရွားထိခိုက် စေနိုင် တာကြောင့် တချို့သော နိုင်ငံတွေနဲ့ မြို့တွေမှာတော့ ပလတ်စတစ်သုံးစွဲခြင်းကို လုံးဝတားမြစ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
(၁) Kenya
ကင်ညာနိုင်ငံမှာတော့ ၂၀၁၇ ခုနှစ်ကနေစပြီး ပလတ်စတစ်အသုံးပြုမှုကို တားဆီးပိတ်ပင်ထားတာပါ။ ပလတ်စတစ်သုံးစွဲမှုကို လက်ဝယ်တွေ့ရှိတဲ့ မည်သူမဆို ထောင်ဒဏ် ၄ နှစ်အထိ ကျခံရနိုင်ပြီး ဒဏ်ငွေ ဒေါ်လာ ၄၀၀၀၀ အထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
(၂) Taiwan
ထိုင်ဝမ်မှာတော့ ၂၀၁၈ ခုနှစ်ကနေစပြီး ပလတ်စတစ်အိတ် အပါအဝင် ပလတ်စတစ်နဲ့ ထုတ်လုပ်ထားတဲ့ ပလတ်စတစ်ပိုက်၊ ခွက် အစရှိတာတွေကိုပါ သုံးစွဲဖို့ တားဆီးပိတ်ပင်ထားတာပဲ ဖြစ်ပါတယ်။
(၃) Morocco
ပလတ်စတစ်သုံးစွဲမှု ဒုတိယအများဆုံးဖြစ်ခဲ့တဲ့ မော်ရိုကိုနိုင်ငံကတော့ ပလတ်စတစ်သုံးစွဲခွင့် တားမြစ်ပိတ်ပင်တဲ့ ဥပဒေကို ၂၀၁၆ ခုနှစ်မှာ ပြဌာန်းခဲ့ပေမယ့် တရားမဝင်သုံးစွဲမှု အနည်းအကျဉ်းကတော့ ရှိနေဆဲ ဖြစ်ပါတယ်။
(၄) France
ပြင်သစ်နိုင်ငံမှာတော့ ၂၀၁၅ ခုနှစ်တည်းက ပလတ်စတစ်အပါအဝင် ပလတ်စတစ်ခွက်၊ ပလတ်စတစ်ပန်းကန်ပြားနဲ့ ပလတ်စတစ်ပစ္စည်းတွေ သုံးစွဲမှုကို တားမြစ်ပိတ်ပင်ထားတာပါ။
(၅) Montreal
ကနေဒါနိုင်ငံ Montreal မြို့ဟာဆိုရင်တော့ တနှစ်ကို ပလတ်စတစ် ၂ ဘီလျံခန့် အသုံးပြုနေတဲ့ မြို့တမြို့ဖြစ်ပေမယ့် ၂၀၁၈ ခုနှစ်ကနေစပြီး ဘယ်လိုပလတ်စတစ် ပစ္စည်းမျိုးကိုမဆို သုံးစွဲတာနဲ့ ပြင်းပြင်းထန်ထန် အရေးယူမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
(၆) Rwanda
Rwanda နိုင်ငံဟာဆိုရင်တော့ လက်ရှိမှာ ကမ္ဘာ့ပထမဆုံး ပလတ်စတစ်ကင်းစင်နိုင်ငံ ဖြစ်လာခဲ့ပါပြီ။ ၂၀၀၈ ခုနှစ်ကနေစပြီး ပလတ်စတစ်သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တာဖြစ်ပြီး ပလတ်စတစ်သုံးစွဲမှု လက်ဝယ်တွေ့ရှိသူကို ထောင်ဒဏ် ၆ လကျခံစေတာလည်း ဖြစ်ပါတယ်။
Ref. getaway.co