အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီမြို့က မြန်မာစစ်ကော်မရှင် သံရုံးရှေ့မှာ ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၇ နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာတိုင်းရင်းသားတွေက ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း၊ အာဏာသိမ်း စစ်အုပ်စုကို နောက်ကွယ်က ထောက်ပံ့နေတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်ကိုလည်း လက်မခံကြောင်းနဲ့ အာဏာရှင် စံနစ်ကို ၈၈ မျိုးဆက်ရော၊ ၂၁ မျိုးဆက်ပါ ပူးပေါင်းပြီး ညီညီညွတ်ညွတ် တိုက်ထုတ်ကြဖို့ကြောင်း ပြောကြပါတယ်။
#မြန်မာ #ဧရာဝတီ #အမေရိကန် #ရှစ်လေးလုံးလူထုအရေးတော်ပုံ #၈၈
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













