ဖိလစ်ပိုင်နိုင်ငံက စက်မှုအင်ဂျင်နီယာ တဦးဖြစ်တဲ့ Winchester Lemen ဟာ ပလတ်စတစ် အမှိုက်တွေကို အသုံးပြုပြီး ကလေးတွေအတွက် ခုံတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ Envirotech Waste Recycling အဖွဲ့က ခုံတွေကို စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး စွန့်ပစ်ပြီး ဖြစ်တဲ့ ပလတ်စတစ်အမှိုက်တွေကို အရည်ပျော်အောင်လုပ်ပြီး ခုံပုံသွင်းတာ ဖြစ်ပါတယ်။
ပလတ်စတစ်အမှိုက်တွေကို ပြန်လည် သန့်စင်၊ အရည်ပျော်စေပြီး ပုံသွင်းတဲ့ နည်းလမ်းနဲ့ ခုံတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အလှူရှင်တွေ မှာယူတဲ့ အရေအတွက်အတိုင်း ပြုလုပ်ပေးပြီး ရလာတဲ့ ခုံတွေကိုလည်း ကလေးတွေရော အလှူရှင်တွေကပါ ကြိုက်နှစ်သက်ကြတယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်ဝန်ဖြစ်သူကလည်း ဒီလုပ်ငန်းကို အားပေးနေပြီး ပလက်စတစ်နဲ့ လူ့အသုံးအဆောင်တွေ ပိုပြီး လုပ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ အင်ဂျင်နီယာဖြစ်သူ Winchester Lemen ကတော့ ဒီလုပ်ငန်းကို ၂၀၁၀ ခုနှစ်လောက် ကတည်းက ပြုလုပ်နေတာဖြစ်ပြီး အခုအချိန်မှာတော့ အရှိန်ရနေပြီလို့ သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သမုဒ္ဒရာ စွန့်ပစ်ပစ္စည်းသောင်တင်မှု အမြင့်ဆုံး နိုင်ငံတွေထဲက တတိယ အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ပလတ်စတစ် သုံးစွဲမှု မြင့်မားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ယနေ့ခေတ်မှာတော့ ပလစ်စတစ် သုံးစွဲမှု လျှော့ချရေး လုပ်ငန်းတွေနဲ့ ပလစ်စတစ် အစားထိုး သုံးစွဲမှုတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။
Ref. nextshark.com