• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သူနာပြုတက္ကသိုလ် အဆောက်အအုံပြိုကျမှု ကော်မတီဖွဲ့ စစ်ဆေးနေ

by မျိုးပပစန်း
18 May 2020
in သတင်း
A A
အဆောက်အအုံ အစိတ်အပိုင်းတချို့ ပြိုကျ ပျက်စီးခဲ့သည့် ရန်ကုန် သူနာပြု တက္ကသိုလ် / ထက်ဝေ / ဧရာဝတီ

အဆောက်အအုံ အစိတ်အပိုင်းတချို့ ပြိုကျ ပျက်စီးခဲ့သည့် ရန်ကုန် သူနာပြု တက္ကသိုလ် / ထက်ဝေ / ဧရာဝတီ

24.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ သူနာပြုတက္ကသိုလ် အဆောက်အအုံ၏ အစိတ်အပိုင်းတချို့ ပြိုကျမှု ဖြစ်စဉ်ကို ကျွမ်းကျင် အင်ဂျင်နီယာများနှင့် ကော်မတီဖွဲ့ စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် (MES) မှ ကျွမ်းကျင်ပညာရှင် ၅ ဦးနှင့် ဖွဲ့စည်းထားသော ကော်မတီအဖွဲ့ဖြင့် စစ် ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး တွေ့ရှိလာသည့်ရလဒ်ကို ကျန်းမာရေး ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော ကော်မတီအဖွဲ့ နှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ကြောင်း အသင်းက သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
40
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
34
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
54

MES ဥက္ကဋ္ဌ ဦးအောင်မြင့်က “မနေ့ကလည်း ကျနော်တို့ စစ်ဆေးတယ်။ အခုလည်း စစ်နေတုန်းပါပဲ။ အဆောက်အအုံရော လက်ရှိ အခြေအနေရော စစ်ဆေးနေတယ်။ အစီရင်ခံစာ ထွက်ပါမယ်။ ဘာကြောင့် ဖြစ်တယ်၊ ဘာကြောင့် ဖြစ်နိုင်တယ် ဆို တာတွေပေါ့နော်။ အဲဒီဟာလေးတွေ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ကနေပြီးတော့ ကျွမ်းကျင်ပညာရှင် အဖွဲ့ ဖွဲ့ပြီး စစ်ဆေးနေပါတယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ဘယ် ဒီဇိုင်းတွေ ဘယ်လိုလုပ်ထားတယ်၊ ဘာကြောင့် ဖြစ်တယ်ဆိုတာ အကုန် အခု စိစစ်နေတယ်။ စိစစ်ပြီးရင် စာတမ်းတခု ရေးပြီး သူတို့ဆီကို ကျနော်တို့ ပို့ပေးပါ့မယ်။ အကြမ်းဖျင်းတော့ အလွန်ဆုံး ၁ ပတ်အတွင်း တင်ပြ သွားမယ်” ဟု ရှင်းပြသည်။

အဆိုပါ သူနာပြု အဆောက်အအုံမှာ မေလ ၁၇ ရက် နေ့လယ်ပိုင်းက လေးထပ် အဆောက်အအုံ အပေါ်ဆုံး ဘယ်ဘက် ထောင့်ရှိ အမိုးနှင့် မျက်နှာကြက်များ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ယင်းနေရာသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဒေါ်နီ လာကျော် အပါအဝင် တာဝန်ရှိသူများက ယမန်နေ့က သွားရောက် စစ်ဆေးခဲ့သည်။

တက္ကသိုလ် အဆောက်အအုံ ပြိုကျမှုတွင် အမိုးနှင့် မျက်နှာကြက်များ စတင်ပြိုကျကာ ယင်းအပျက်အစီးများက အဆောက် အအုံ ဆင်ဝင်ပေါ်သို့ ထပ်မံကျ သဖြင့် တက္ကသိုလ်ဆင်ဝင်ဆောင်မှာလည်း ပျက်စီးမှုများ ရှိခဲ့သည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က “ကော်မတီက တော့ မနေ့ကတည်းက မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်ကို အပ်လိုက်ပါပြီ။ သူတို့က စစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီးတော့ အားလုံး စစ်ဆေးပါ့မယ်။ စစ်ဆေးတာက ဒီအဆောက်အအုံ ဆောက်တုန်းက ကန်ထရိုက်တာ ရှိတယ်။ သူ့ကို လုပ်ငန်း ဘယ်လို ပေးခဲ့လဲ၊ အဆောက်အအုံ တည်ဆောက်နေစဉ်မှာ ဘယ်လိုမျိုး တည်ဆောက်ခဲ့လဲ၊ အကုန် ကြံ့ခိုင်ရေးနဲ့ ပတ် သက်တဲ့ တည်ဆောက်ရေးပိုင်း ဆိုင်ရာ အားလုံး စစ်ဆေးပြီး စာတမ်း ထွက်လာပါလိမ့်မယ်” ဟု ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

ယင်းသို့ စစ်ဆေးတွေ့ရှိသည့် တွေ့ရှိချက်များကို ကော်မတီမှ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လမ်းမတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွန်းက “စစ်တဲ့အခြေအနေက ဘာမှန်း မသိ သေးဘူး။ အရည်အသွေးကြောင့် ဖြစ်သလား ဆိုတာ စိစစ်ပြီးမှပဲ ပြောလို့ရမယ်။ အဖြေထွက်လာမှ အစိုးရကို ဘာတွေ ဆက်တိုက်တွန်းသင့်လည်း ဆိုတာ ပြောလို့ ရမယ်”ဟု ဧရာဝတီသို့ မှတ်ချက်ပြုသည်။

အဆိုပါ တက္ကသိုလ်အဆောက်အအုံကို ၂၀၁၁ ခုနှစ်တွင် ပြည်မဟာ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည် ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂ ရက်က ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

သူနာပြုတက္ကသိုလ် အဆောက်အအုံသည် လက်ရှိတွင် သက်တမ်း ၇ နှစ်သာ ရှိသေးသော အဆောက်အအုံဖြစ်ခြင်း၊ ရန် ကုန်မြို့၏ ရာသီဥတုမှာလည်း ဆိုးရွားသည့် အခြေအနေမျိုးကြောင့် ပြိုကျခြင်းလည်း မဟုတ်သည့်အတွက် လက်ရှိ၌ ဝေ ဖန်မှုများစွာ ထွက်ပေါ်လျက် ရှိသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးမျိုးမြင့်က “ဒီဇိုင်းပိုင်း အားနည်းချက်လား၊ တည် ဆောက်သူရဲ့ အားနည်းချက်လားပေါ့။ တကယ်လို့ ဒီဇိုင်းပိုင်း အားနည်းချက် ဆိုရင် တည်ဆောက်သူက အင်ဂျင်နီယာ အနေနဲ့ ရှိသေးတယ်ဆိုရင် ဒါက မဖြစ်သင့်တာ သိရင် သူ့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဆိုက်အင်ဂျင်နီယာက ပြုပြင်ရမှာ” ဟု ဧရာဝတီသို့ ပြောသည်။

တင်ဒါ ဆောင်ရွက်သည့် လုပ်ငန်းများတွင် ကန်ထရိုက်တာ အပြစ်ရှိသကဲ့သို့ ဒီဇိုင်းအပြစ်၊ ဆိုက်အင်ဂျင်နီယာအပြစ်များ ရှိကြောင်း၊ ယင်းကိစ္စအား သေချာ စိစစ်သင့်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ဆက်စပ်ဖတ်ရှုရန်

Master Plan အားနည်းချက်ကြောင့် ဘဏ္ဍာငွေများ ဆုံးရှုံးနေဟု ရန်ကုန်မြို့တော်ဝန် ဝန်ခံ

Your Thoughts …
Tags: ကော်မတီဖွဲ့စစ်ဆေးပြိုကျသူနာပြုတက္ကသိုလ်အင်ဂျင်နီယာ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

EV ကားတင်သွင်းသူ ကြည်သာဟန် ဘာကြောင့် အဖမ်းခံရလဲ

EV ကားတင်သွင်းသူ ကြည်သာဟန် ဘာကြောင့် အဖမ်းခံရလဲ

by ဧရာဝတီ
6 November 2024
28k

စစ်ခေါင်းဆောင်သားနှင့် အပေါင်းအပါများ လုပ်ကိုင်သော လျှပ်စစ်ကား တင်သွင်းခြင်းလုပ်ငန်းအတွက် ရှေ့ထွက် လုပ်ဆောင်ပေးနေသူမှာ ကိုကြည်သာဟန် ဖြစ်သည်ဟုလည်း ကားလောက အသိုင်းအဝိုင်းက ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

by ဧရာဝတီ
29 October 2023
8.5k

ဦးရဲထွဋ်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့သူများထဲတွင် လက်ရှိစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နှင့် အာဏာသိမ်းပြီးနောက် ပြည်သူ့ဖက် ရပ်တည်သဖြင့်အနားပေးခံရသော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့မှာ လူသိများသူများ...

နတခ ထိပ်တန်းအရာရှိအချို့ အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးခံနေရ

နတခ ထိပ်တန်းအရာရှိအချို့ အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးခံနေရ

by ဧရာဝတီ
26 September 2024
6.6k

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးဗိုလ်မှူးကြီး မျိုးညွှန့်ဦး အပါအဝင် ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဒု ဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် ဗိုလ်မှူး စိုးရန်နိုင်တို့အား စစ်ကောင်စီမှ ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီး နတခ တိုင်းမှူးထိပါ စစ်ဆေးခံရနိုင်ကြောင်း

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

by ဧရာဝတီ
15 June 2025
1.5k

တရားစွဲဆိုချက်ထဲမှာ AI နည်းပညာ အသုံးပြုထားတဲ့ လူပုံစံ စက်ရုပ်ဖြစ်တဲ့ Optimus ကို ဖန်တီးရာမှာ “အထူး ကောင်းမွန်တဲ့ အရင်းအမြစ်များ” ကို ရင်းနှီးမြှုပ်နှံ၊ သုံးစွဲထားခဲ့တယ်လို့…

ငလျင်ဇုန်မှာအထပ်မြင့်တွေပေးဆောက်သင့်လား (ရုပ်/သံ)

ငလျင်ဇုန်မှာအထပ်မြင့်တွေပေးဆောက်သင့်လား (ရုပ်/သံ)

by ဧရာဝတီ
16 April 2025
240

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ် အပါအဝင် မြို့ကြီးတွေမှာ ပျက်စီးဆုံးရှုံးမှု များခဲ့ပြီး သေဆုံးသူလဲ များပြားခဲ့ရပါတယ်။

Next Post
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ၊ အမ်ဖန် (AMPHAN) / မိုးဇလ / Facebook

အမ်ဖန် မုန်တိုင်း အရှိန်ကြောင့် နိုင်ငံအဝှမ်း မိုးထစ်ချုန်းရွာနိုင်

ရန်ကုန်ဆေးရုံကြီးရှိ ကိုဗစ်လူနာကုသဆောင်တွင် တွေ့ရသော ဆရာဝန်များ / မျိုးမင်းစိုး

ကိုဗစ်လူနာ ၆၂ ရာခိုင်နှုန်း ရောဂါလက္ခဏာ မပြ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved