• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

EV ကားတင်သွင်းသူ ကြည်သာဟန် ဘာကြောင့် အဖမ်းခံရလဲ

by ဧရာဝတီ
6 November 2024
in သတင်း
A A
EV ကားတင်သွင်းသူ ကြည်သာဟန် ဘာကြောင့် အဖမ်းခံရလဲ

ကြည်သာဟန် စစ်ကောင်စီအား အလှူငွေ ပေးနေစဉ်/ MRTV

28k
VIEWS
Share on FacebookShare on Twitter

လူငယ်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး EV ကားများ တင်သွင်းနေသော ကိုကြည်သာဟန်အား စစ်ကောင်စီက အောက်တိုဘာလကုန်ပိုင်း၌ ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းအမျိုးမျိုး ထွက်ပေါ်နေသော်လည်း EV ကား တင်သွင်းမှုတွင် ငွေကြေး အရှုပ်အရှင်းဖြစ်ကာ ၃ လအချိန်ပေးထားသော်လည်း မဖြေရှင်းနိုင်ခြင်းကြောင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံက သိရသည်။

ကိုကြည်သာဟန်အား လက်ရှိ စစ်ကြောရေးတခုတွင် စစ်ဆေးနေပြီး ဖမ်းဆီးသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ စစ်ကောင်စီမှ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း လျှပ်စစ်ကား (EV) တင်သွင်းရောင်းချမှုတွင် ဈေးကစားခြင်းနှင့် ကြိုပွိုင့် သိန်းပေါင်း ၄ သိန်းခန့် အကြွေးများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ဧရာဝတီသတင်းရင်းမြစ်က ဆိုသည်။

၎င်းထံ ကြိုပွိုင့်တင်ထားသူများမှ အချိန်မီ ကားရရှိခြင်းမရှိသည့်အတွက် တိုင်ကြားထားပြီးနောက် ဖြေရှင်းရန် စစ်ကောင်စီဘက်မှ အချိန် ၃ လခန့်ပေးထားသော်လည်း ထိုသို့ ပေးထားသော အချိန်အတွင်း ဖြေရှင်းနိုင်ခဲ့ခြင်း မရှိသောကြောင့် ဖမ်းဆီး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

၎င်းက “ သူ့ကို အောက်တိုဘာလကုန်မှာ ဖမ်းခဲ့တယ်။ EV ကား ကြိုပွိုင့်တွေနဲ့ ငွေကြေးအရှုပ်အရှင်းတွေကို တိုင်ထားကြတာ ဖြစ်မယ်။ အချိန်လည်း ၃လ ပေးခဲ့တယ်။ ငွေရေးကြေးရေးကိစ္စတွေရှင်းဖို့။ အဲဒီ ၃ လအတွင်းမှာလည်း ပြည်ပထွက်ခွင့် ပိတ်ထားတာ။ အခုကတော့ စုံစမ်းစစ်ဆေးနေဆဲပဲ။ အမှု မစွဲတင်ရသေးဘူး “ ဟု ပြောသည်။

ယင်းသို့ ကိုကြည်သာဟန် ဖမ်းဆီးခံရခြင်းကို ဒေါက်တာ နေစိုးမောင် ဖမ်းဆီးခံရမှုနှင့် ချိတ်ဆက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) များကို ထောက်ပို့လုပ်သည်ဟုဆိုကာ စစ်တပ်လော်ဘီများက သတင်းထုတ်ပြန်ခဲ့သလို ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်ရန်လည်း လှုံ့ဆော်ထားသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ အထူးတင်သွင်းခွင့်ပေးသည့် လျှပ်စစ်ကား EV မူဝါဒထွက်ပေါ်လာပြီးနောက် ကိုကြည်သာဟန်သည် Amazing Auto ကုမ္ပဏီလီမိတက်ကို တည်ထောင်၍ Dayun EV နှင့် တိုယိုတာ EV ကားများ တင်သွင်းရောင်းချခဲ့သည်။

EV ကားနှင့် တွေ့ရသော ကြည်သာဟန် / Kyi Thar Han’s Facebook

စစ်ခေါင်းဆောင်သားနှင့် အပေါင်းအပါများ လုပ်ကိုင်သော လျှပ်စစ်ကား တင်သွင်းခြင်းလုပ်ငန်းအတွက် ရှေ့ထွက် လုပ်ဆောင်ပေးနေသူမှာ ကိုကြည်သာဟန် ဖြစ်သည်ဟုလည်း ကားလောက အသိုင်းအဝိုင်းက ဆိုသည်။

လျှပ်စစ်ကား တင်သွင်းသည့် ကုမ္ပဏီများထဲတွင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ မခင်သိရီသက်မွန်နှင့် မိတ်ဆွေများက MG EV ကားတင်သွင်းခွင့်ရထားသလို သားဖြစ်သူ ကိုအောင်ပြည့်စုံနှင့် အပေါင်းအသင်းများက BYD EV ကား တင်သွင်းခွင့် ရထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ ကိုအောင်ပြည့်စုံ၏ လျှပ်စစ်ကား တင်သွင်းသည့်လုပ်ငန်းတွင် အဓိက ပါဝင်သူများမှာ လက်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ချုပ် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သား၊ ဦးဥက္ကာအေး၊ ဦးရဲကံဇော်၊ ကိုကြည်သာဟန်နှင့် အဆိုတော် အာဘွိုင်းတို့ ဖြစ်သည်။

MG Myanmar က ဆောက်လုပ်ခဲ့သော EV ကား အားသွင်းနေရာအား တွေ့ရစဉ်

နိုဝင်ဘာ ၄ ရက်က ကိုကြည်သာဟန်၏ ကုမ္ပဏီဖြစ်သည့် Amazing Auto Co.,Ltd သည် မည်သည့် BOD, Director များကိုမှ ငွေရေးကြေးရေးအရှုပ်အရှင်းများနှင့် ပတ်သက်၍ ပေးရန် ကျန်ရှိခြင်း လုံးဝ မရှိကြောင်းနှင့် Bank ချေးငွေကိစ္စများနှင့်လည်း တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရခြင်းမျိုး လုံးဝ မရှိကြောင်း ထုတ်ပြန်ထားသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
51
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
814
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
227

Amazing Auto Co.,Ltd သည် တရားဝင်ဖွဲ့စည်းထားသော ကုမ္ပဏီတခုဖြစ်ပြီး EV လုပ်ငန်းများကိုလည်း လုပ်ငန်းစဉ်နှင့်အညီ လုပ်ဆောင်နေသော တရားဝင် ကုမ္ပဏီတခုဖြစ်ကြောင်း၊ ၎င်းတို့နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသားဖော်ပြခြင်း၊ ဖြန့်ဝေခြင်းမပြုလုပ်ကြပါရန်နှင့် မဟုတ်မမှန်သတင်းများအား ဆက်လက် ရေးသားနေခြင်း၊ ဖြန့်ဝေထားခြင်းများအား လူမှုကွန်ရက်ပေါ်တွင် ဖြုတ်ချခြင်းမပြုလုပ်ပါက တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ကိုကြည်သာဟန်သည် အသက် ၂၀ အရွယ်မှစတင်ကာ ကားအရောင်းအဝယ် လုပ်ငန်းကို ပြုလုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် KL Seven Car Sales Centre ကို စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။

You may also like these stories:

စစ်ခေါင်းဆောင် သားနဲ့သမီး အုပ်စီးထားတဲ့ လျှပ်စစ်ကားလုပ်ငန်း (ရုပ်/သံ)

မင်းအောင်လှိုင်၏ လျှပ်စစ်ကား အိပ်မက်

မြန်မာပြည်က EV မင်းသမီး သို့မဟုတ် ဒေါ်ခိုင်ဇော်

စစ်ခေါင်းဆောင် သားနှင့်သမီးတို့ အုပ်စီးထားသည့် လျှပ်စစ်ကား လုပ်ငန်း

Your Thoughts …
Tags: EV ကားကြည်သာဟန်ငွေကြေးအရှုပ်အရှင်းစစ်ဆေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

by ဧရာဝတီ
29 October 2023
8.5k

ဦးရဲထွဋ်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့သူများထဲတွင် လက်ရှိစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နှင့် အာဏာသိမ်းပြီးနောက် ပြည်သူ့ဖက် ရပ်တည်သဖြင့်အနားပေးခံရသော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့မှာ လူသိများသူများ...

နတခ ထိပ်တန်းအရာရှိအချို့ အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးခံနေရ

နတခ ထိပ်တန်းအရာရှိအချို့ အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးခံနေရ

by ဧရာဝတီ
26 September 2024
6.6k

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးဗိုလ်မှူးကြီး မျိုးညွှန့်ဦး အပါအဝင် ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဒု ဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် ဗိုလ်မှူး စိုးရန်နိုင်တို့အား စစ်ကောင်စီမှ ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီး နတခ တိုင်းမှူးထိပါ စစ်ဆေးခံရနိုင်ကြောင်း

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

တရုတ် BYD လျှပ်စစ်ကားရုံးချုပ်သို့ မင်းအောင်လှိုင် သွားပြီး မိသားစုစီးပွားရေး ခိုင်မာအောင် လုပ်

တရုတ် BYD လျှပ်စစ်ကားရုံးချုပ်သို့ မင်းအောင်လှိုင် သွားပြီး မိသားစုစီးပွားရေး ခိုင်မာအောင် လုပ်

by ဟိန်းထူးဈာန်
14 November 2024
5k

နိုင်ငံသားအများစု စီးပွားရေး အခက်အခဲများ ရင်ဆိုင်နေရသော်လည်း လျှပ်စစ်မော်တော်ယာဉ်များကို စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် အကြီးအကျယ် ကြော်ငြာသည်။

မင်းအောင်လှိုင်၏ လျှပ်စစ်ကား အိပ်မက်

မင်းအောင်လှိုင်၏ လျှပ်စစ်ကား အိပ်မက်

by ဝေဟင်စိုး
9 September 2023
4.9k

တနိုင်ငံလုံး မီးလင်းရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။

တရုတ် BYD ရောင်းအား အီလွန်မတ်စ် Tesla ကို ကျော်တက်

တရုတ် BYD ရောင်းအား အီလွန်မတ်စ် Tesla ကို ကျော်တက်

by ဧရာဝတီ
2 November 2024
1.9k

တရုတ် ကုမ္ပဏီ BYD ဟာ EV သီးသန့်ရော Hybrid အမျိုးအစားတွေရော ထုတ်လုပ်တာ ဖြစ်တဲ့ အပြင် မိုဘိုင်းလ် ဟန်းဆက်တွေနဲ့ လုပ်ငန်းသုံး ယာဉ်တွေပါ ထုတ်လုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Next Post
မြန်မာ့ နိုင်ငံရေးပြဿနာ တရုတ်ဆေးမြီးတိုနဲ့ ဖြေရှင်းလို့မရ (ရုပ်/သံ)

မြန်မာ့ နိုင်ငံရေးပြဿနာ တရုတ်ဆေးမြီးတိုနဲ့ ဖြေရှင်းလို့မရ (ရုပ်/သံ)

တရုတ်-မြန်မာ နယ်စပ်မြို့တွေကို သိမ်းလိုက်ပြီလို့ KIA ပြော (ရုပ်/သံ)

တရုတ်-မြန်မာ နယ်စပ်မြို့တွေကို သိမ်းလိုက်ပြီလို့ KIA ပြော (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved