• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တရုတ် အင်ဂျင်နီယာတွေ အလုံးအရင်း ဝင်လာတော့လေမလား

by ဒေါက်တာ သိန်းမိုးဝင်း
4 December 2018
in သူ့အတွေး သူ့အမြင်
A A
အာဖရိကရှိ မွန်ဘာဆာနှင့် နိုင်ရိုဘီကြား ဆက်သွယ်မည့် ရထားလမ်း ဖောက်လုပ်နေသည့် တရုတ်အင်ဂျင်နီယာ / Reuters

အာဖရိကရှိ မွန်ဘာဆာနှင့် နိုင်ရိုဘီကြား ဆက်သွယ်မည့် ရထားလမ်း ဖောက်လုပ်နေသည့် တရုတ်အင်ဂျင်နီယာ / Reuters

22.3k
VIEWS
Share on FacebookShare on Twitter

မြန်မာအင်ဂျင်နီယာ ကောင်စီ (MEngC) နှင့် တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာအဖွဲ့ (CAST) တို့အကြား အချက် ၅ – ချက်ပါ သဘောတူ စာချွန်လွှာကို ဤ နိုဝင်ဘာလဆန်းပိုင်းက ပြည်ထောင်စုဝန်ကြီးများ အသိသက်သေထား လက်မှတ် ရေးထိုးခဲ့ကြသည်။

စာချွန်လွှာပါ အချက်များတွင် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ လက်မှတ်များ နှစ်ဖက် အပြန်အလှန် စိစစ်အကဲဖြတ်ရေး၊ အသိအမှတ် ပြုရေး၊ Washington Accord (ကမ္ဘာ့နိုင်ငံတကာ အင်ဂျင်နီယာများ မဟာမိတ်အဖွဲ့၊ WA) လျှောက်ထားခြင်းကို CAST အဖွဲ့က ကူညီပေးရေးနှင့် တခြားအချက်များ ပါဝင်သည်။

သတင်းအချုပ်အားဖြင့် မြန်မာအင်ဂျင်နီယာနှင့် အတတ်ပညာရှင်များအတွက် အားတက်ဖွယ်ဟု ယူဆနိုင်သော်လည်း စာချွန်လွှာပါ အချက်များကို လေ့လာခြင်းအားဖြင့် “တရုတ် အင်ဂျင်နီယာများအား MEngC က အသိအမှတ်ပြုရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီချက်” ဟု သုံးသပ်နိုင်သည်။

မြန်မာပြည်သို့ လာရောက်လုပ်ကိုင်မည့် ပြည်ပ အင်ဂျင်နီယာ အတတ်ပညာရှင်များသည် MEngC ၏ ခွင့်ပြုလက်မှတ် လိုအပ်ခြင်း၊ တရုတ်နိုင်ငံဆိုင်ရာ စီမံကိန်းများ (ရန်ကုန်မြို့သစ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း) စသည်တို့အတွက် ၎င်းတို့ အင်ဂျင်နီယာများ ဝင်ရောက် လုပ်ကိုင်နိုင်ရန် လိုအပ်ခြင်းတို့အတွက် ဤသဘောတူညီချက်သည် ဂိတ်တံခါးသဖွယ် ဖြစ်သည်ဟု မှတ်ယူနိုင်သည်။

MEngC နှင့် CAST တို့ သဘောတူစာချွန်လွှာ လက်မှတ်ထိုးရာတွင် CAST ဖက်မှ လက်မှတ်ထိုးသူသည် Ms Xin Bing (Director of the Centre for Professional Training and Services, CPTS) ဟု ဖော်ပြထားသည်။ သို့သော် စာရေးသူ လေ့လာကြည့်ရာတွင် CAST သည် တရုတ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အဖွဲ့ပေါင်း ၁၃၇ ဖွဲ့တို့ကို ချိတ်ဆက် ထားသည် အကြီးမားဆုံးသော အဖွဲ့ဖြစ်သည်ဟု ဖော်ပြထားသော်လည်း CPTS ဆိုသည့်အဖွဲ့ မပါရှိခြင်းကို သတိပြုမိသည်။

CAST ၏ ဝက်ဘ်ဆိုက်တွင် တရုတ်နိုင်ငံမှ အင်ဂျင်နီယာ လက်မှတ် အရည်အချင်း စိစစ်ရေးအဖွဲ့ (China Engineering Education Accreditation Association) ၏ ခွင့်ပြုလက်မှတ်ရ အင်ဂျင်နီယာ စာရင်းကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်သလို၊ ဤမှာဘက် MEngC ဝက်ဘ်ဆိုက်တွင်လည်း အင်ဂျင်နီယာ အရည်အချင်း စိစစ်လုပ်ဆောင်နေမှုများကို အလွယ်တကူ တွေ့ရှိ နိုင်သည့်အတွက် နှစ်ဖက်အပြန်အလှန် စိစစ်အကဲဖြတ်ရေး ဆိုသည်မှာ အထူးမလိုအပ်ပေ။

ဤနေရာတွင် အသိအမှတ်ပြုရေး ကိစ္စသည် စိတ်ဝင်စားစရာဖြစ်သည်။ Washington Accord (WA) တွင် ၂၀၁၆ ခုနှစ်မှ စ၍ အသင်းဝင် ဖြစ်ခဲ့သည့် CAST သည် လက်ရှိအဖွဲ့ဝင် မဖြစ်နိုင်သေးသည့် မြန်မာပြည်၏ MEngC ကို WA ထံမှ အသိအမှတ်ပြုမှု ရရှိရေး ကြိုးစားခြင်းပင်။

မြန်မာ အင်ဂျင်နီယာများသည် CAST ၏ အသိအမှတ်ပြုချက် ရရှိရန် တဦးချင်းအလိုက် အရည်အချင်းကိုသာ လုပ်ထုံးလုပ်နည်း အတိုင်း စိစစ်မည်ဖြစ်သဖြင့် တရုတ်နိုင်ငံဆိုင်ရာ စီမံကိန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်း နည်းပါးမည်မှာ အသေအချာပင်။ သို့သော် မြန်မာပြည် အစိုးရနှင့် ချုပ်ဆိုထားသည့် နိုင်ငံတဝှန်း စီမံကိန်းများ မကြာမီ စတော့မည်ဖြစ်သဖြင့် တရုတ်နိုင်ငံမှ အင်ဂျင်နီယာများနှင့် အတတ်ပညာရှင်များ အချိန်မီ ဝင်ရောက် လုပ်ကိုင်နိုင်ရေးတို့အတွက် MEngC ဘက်မှ အသိအမှတ်ပြုမှု ဦးစွာရရှိထားရေးသည် အဓိက သော့ချက်သဖွယ် အလွန်အရေးကြီးသည်မှာ အမှန်ပင်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
163
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
162
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3k

MEngC အနေဖြင့် ကမ္ဘာ့နိုင်ငံတကာ အင်ဂျင်နီယာများ မဟာမိတ်အဖွဲ့ (WA) ၏ အသင်းဝင်ဖြစ်လာရေး ဆောင်ရွက်ရာတွင် WA နှင့် အာဆီယံ အင်ဂျင်နီယာ ဝါရင့်အသင်းဝင်များ ဖြစ်ကြသည့် စင်ကာပူ၊ မလေးရှား စသည့် အဖွဲ့ဝင် နိုင်ငံများ၏ ပံ့ပိုးကူညီမှုကို ယူသင့်သော်လည်း ၂၀၁၆ ခုနှစ်မှ အသင်းဝင်ဖြစ်လာသည့် တရုတ်နိုင်ငံ၏ အကူအညီရရေးအတွက် ယခုကဲ့သို့ စာချွန်လွှာ လက်မှတ် ထိုးခြင်းသည်လည်း စဉ်းစားစရာအချက် ဖြစ်လာသည်။

WA ဝက်ဘ်ဆိုက် ဖော်ပြချက်အရ တရုတ်နိုင်ငံကိုယ်စားပြု CAST အဖွဲ့သည် ၂၀၁၆ ခုနှစ်မှစ၍ အသင်းဝင် ဖြစ်လာသည်။ ဤသို့ဆိုလျှင် ၂၀၁၆ ခုှနှစ် မတိုင်မီ ဒီဂရီဘွဲ့ရသည့် တရုတ်နိုင်ငံမှ အင်ဂျင်နီယာနှင့် အတတ်ပညာ ရှင်များသည် CAST အဖွဲ့၏ ခွင့်ပြု လက်မှတ် ရှိထားသည့်တိုင် WA တခြားအဖွဲ့ဝင် နိုင်ငံများ၏ အသိအမှတ်ပြု စာရင်းတွင် အကျုံးဝင်မည်မဟုတ်ဘဲ ၂၀၁၆ ခုနှစ်နှင့် နှောင်းပိုင်း ဒီဂရီဘွဲ့ရ ဖြစ်မှသာ WA အသင်းဝင်အားလုံးနှင့် အကြုံးဝင်သည်ကို ဆိုလိုသည်။

သို့ပါ၍ CAST အဖွဲ့၏ ခွင့်ပြုလက်မှတ် ရှိထားသည့် ၂၀၁၆ ခုနှစ် မတိုင်ခင်က တရုတ်နိုင်ငံမှ ဒီဂရီဘွဲ့ရများ အနေဖြင့် တခြား နိုင်ငံတနိုင်ငံတွင် အလုပ်လုပ်လိုပါက ထိုသက်ဆိုင်ရာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၏ သတ်မှတ်စည်းကမ်း အတိုင်း ခွင့်ပြုလက်မှတ် လျှောက်ထားရန် လိုအပ်သည်မှာ အသေအချာ ဖြစ်သည်။

ထိုနည်းလည်းကောင်း MEngC သည်လည်း ပြည်ပ အင်ဂျင်နီယာနှင့် အတတ်ပညာရှင်များအား မိမိတို့ လုပ်ထုံး လုပ်နည်းနှင့်အညီ တဦးချင်း စိစစ်ပြီး ကိုက်ညီမှသာ အသိအမှတ်ပြုရန် လိုအပ်သည်။

တဦးတယောက်ချင်းစီ စိစစ်ခြင်းသည် အချိန်ကာလတခုအထိ ကြံ့ကြာနိုင်ပြီး မကြာမီ စတော့မည့် မြန်မာပြည်တွင်း တရုတ်စီမံကိန်းကြီးများအတွက် လွန်စွာထိခိုက်နိုင်သည်။

ဤစီမံကိန်းများအတွက် တရုတ်နိုင်ငံအနေဖြင့် ၂၀၀၉ ခုနှစ် ကတည်းက အပတ်တကုတ် ကြိုးစားခဲ့ရပြီး ပြည်တွင်းမှ ခုခံမှုမျိုးစုံကို ကျော်လွှားခဲ့၊ ကျော်လွှားနေရဆဲ အခြေအနေ ဖြစ်သောကြောင့် CAST အဖွဲ့၏ အင်ဂျင်နီယာနှင့် Technologists များကို MEngC ၏ အသိအမှတ် ပြုလာရေးဆိုသည့် သဘောတူစာချွန်လွှာကို အချိန်ကိုက် မြန်ဆန် ဆောင်ရွက်လာခြင်းဟု သုံးသပ်မိသည်။

ထိုသဘောတူလက်မှတ် အောက်တွင် ၎င်းတို့ အင်ဂျင်နီယာနှင့် အတတ်ပညာရှင်များ အလုံးအရင်း ဝင်ရောက်လာနိုင်မည့် အချက်ကိုလည်း လျစ်လျူမရှုသင့်ပေ။

လက်ရှိအနေအထားအရ အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးနေချိန် ထိုသို့ ပြည်ပ အင်ဂျင်နီယာနှင့် အတတ်ပညာရှင်များကို မြန်မာပြည်တွင်းသို့ အလုံးအရင်း ဝင်ရောက်လာစေလျှင်ဖြင့် မိမိတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း အကျပ်အတည်း ပိုမိုဖြစ်လာစေမည်လား၊ အလုပ်လက်မဲ့ ဖြစ်သွားတော့မည်လားဟု မြန်မာ အင်ဂျင်နီယာများ တွေးပူနေကြရပြီ။

တဖက်မှာလည်း အနာဂတ် အင်ဂျင်နီယာ ဖြစ်လာရေး မျှော်လင့်ချက်ကြီးစွာဖြင့် ပြည်တွင်း၌ အသက်မွေး ဝမ်းကျောင်း ပညာ ကြိုးစားရှာမှီး နေကြသူများ၊ အပင်ပန်းခံ စီးပွားရှာပြီး မိမိတို့ သားသမီးများကို အင်ဂျင်နီယာ ပညာရှင်များ ဖြစ်လာကြရေး မျှော်လင့်ချက်ကြီးစွာ ထားကြသော မိဘများ၊ တိုင်းပြည်အနာဂတ် အတတ်ပညာရှင်များ မွေးထုတ်ပေးနေသော ကျောင်းတော်ကြီးများ၏ မျှော်လင့်ချက်တို့သည် ဤသဘောတူ စာချွန်လွှာကြောင့် မှေးမှိန်သွားကြမည်ကို ရင်လေးစွာ တွေးမိသည်။

သီရိလင်္ကာနိုင်ငံနှင့် ကျောက်ဖြူ ရေနံ-ဂက်စ်ပိုက်လိုင်း ဆိုင်ရာ တရုတ်စီမံကိန်းများအား သာဓကပြုရလျှင် သီရိလင်္ကာ နိုင်ငံတွင် တရုတ်ကုမ္ပဏီများက ၎င်းတို့ တရုတ်နိုင်ငံ အလုပ်သမားများသာ ခေါ်သွင်း အသုံးပြုခြင်းကြောင့် သီရိလင်္ကာနိုင်ငံ စီးပွားရေးအကျိုးအမြတ် ရတန်သလောက်မရပေ (The New York Times: 13-Nov-2018)။

တဖန် မြန်မာနိုင်ငံ ကျောက်ဖြူ-ကူမင်း ရေနံ-ဂက်စ်ပိုက်လိုင်း ကိစ္စကြောင့် ရခိုင်ဒေသခံများ အခက်တွေ့ရသည့် သတင်းတခုတွင်လည်း ၂၀၀၉ ခုနှစ်မှ စခဲ့သည့် ထိုလုပ်ငန်းများအတွက် (CITIC နှင့် Petrochina) တို့က ရခိုင် ဒေသခံ တသိန်းခန့်ကို အလုပ်အကိုင် စီစဉ်ပေးမည်ဖြစ်ကြောင်း ကနဦး ကတိရှိခဲ့ခြင်း သာမက၊ ၇၂ ရာခိုင်နှုန်းသော မြန်မာနိုင်ငံသားများအား အလုပ်ခန့်ရမည်ဟု သဘောတူညီမှုများ ရှိခဲ့သော်လည်း ဒေသခံ အနည်းငယ်သာ အလုပ်အကိုင် ရရှိပြီး တရုတ်နိုင်ငံသားများစွာ ဝင်ရောက် လုပ်ကိုင်နေခြင်းကိုလည်း တွေ့ရှိရသည် (Reuters: ၉ -ဇွန်လ-၂၀၁၇)။

အထက်တွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် အကြပ်အတည်းများကို ပမာနှိုင်းယှဉ် ပြခဲ့ရခြင်းမှာ မြန်မာပြည်၏ ရေရှည် တိုးတက်မှုအတွက် မြို့ပြဖွံ့ဖြိုးမှုမျှသာအတွက် မဟုတ်ဘဲ၊ လူ့စွမ်းအင် အရင်းအမြစ်ပါ တိုးတက်လာစေရန် လွန်စွာ အရေးကြီးသောကြောင့်ပင်။

ပမာဆိုရသော် တရုတ်နိုင်ငံမှ ကုမ္ပဏီများသည် အာဖရိကနိုင်ငံများသို့ ဈေးကွက် ထိုးဖောက်ရာတွင် နှုန်းထားသက်သာခြင်း၊ ဘာသာစကား အခက်အခဲနှင့် လုပ်ငန်းမြန်ဆန် တွင်ကျယ်ရေး အကြောင်းပြကာ တရုတ်နိုင်ငံသား အတတ်ပညာရှင် အစုံအား ခေါ်ယူ လုပ်ကိုင်ခြင်း စသည်တို့ကြောင့် အာဖရိကနိုင်ငံသားများ လုပ်ငန်းပညာ အတွေ့အကြုံ ဖလှယ်မှုရရှိရေး လွန်စွာ ခက်ခဲ သွားသည်သာမက၊ နိုင်ငံတကာအသိအမှတ်ပြု အင်ယာ အတတ်ပညာရှင် မွေးထုတ်ရေးကို လွန်စွာထိခိုက် သွားသည်ဟု Engineers for Africa တွင် ဖော်ပြထားသည်။

အကြံပြုချက်

ထို့ကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားရေးနှင့် လူ့စွမ်းအင် အရင်းအမြစ် ပိုမိုကောင်းမွန် လာစေရန် စာရေးသူ အကြံပြုလိုသည်မှာ

၁) ဤသဘောတူ စာချွန်လွှာ၌ လက်မှတ်ရေးထိုးသည့် CPTS အဖွဲ့သည် တရုတ်နိုင်ငံ CAST ၏ ကိုယ်စားပြုအဖွဲ့လော၊ မြန်မာနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်မည့် တရုတ်နိုင်ငံ ကုမ္ပဏီများအတွက် အင်ဂျင်နီယာ လက်မှတ်များ အသိအမှတ်ပြုမှု ရရှိရေး ဆောင်ရွက်မည့် ကိုယ်စားလှယ်အဖွဲ့လော ဆိုသည်ကို ပြည်သူများသိရန် လိုအပ်သည်။

၂) MEngC ဘက်ကလည်း တရုတ်နိုင်ငံ အင်ဂျင်နီယာနှင့် အတတ်ပညာရှင်များကို အသိအမှတ်ပြုရေး လုပ်ဆောင်ရာတွင် သတ်မှတ် စည်းကမ်းနှင့်အညီ တဦးချင်းစိစစ်ရန် လိုအပ်ပြီး “အသိအမှတ်ပြုခြင်း” ဆိုသည့် ခေါင်းစဉ်အောက်မှ မြန်မာပြည်တွင်း တရုတ် စီမံကိန်းများအတွက် ၎င်းတို့နိုင်ငံသားများ အလုံးအရင်း ဝင်ရောက်မလာရေး အထူးသတိပြုရန် လိုအပ်သည်။

၃) ပြည်ပ ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်မည့် အင်ဂျင်နီယာနှင့် ပညာရှင်များ ဦးရေကန့်သတ်+ဗီဇာ စသည်တို့ကို နိုင်ငံတော်အစိုးရက စနစ်တကျ ထိမ်းချုပ်ဆောင်ရွက်ရန် လိုအပ်သည်။

၄) ဤစီမံကိန်းများကို အခြေခံ၍ တိုင်းသူပြည်သားများ လူ့စွမ်းအင်အရင်းအမြစ် တိုးတက်လာစေရေး၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး၊ အတတ်ပညာ ဖလှယ်နိုင်ရေးနှင့် လုပ်ငန်းအတွေ့အကြုံ အပြည့်အ၀ ရရှိရေး၊ ပြည်ပရောက် မြန်မာ ပညာရှင်များ တိုင်းပြည် ပြန်လည်ထူထောင်ရေး ကဏ္ဍများတွင် ဝင်ရောက်ပံ့ပိုးနိုင်ရေးတို့ကို အဓိကထား ဆောင်ရွက်ရန် လိုအပ်သည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မြန်မာ အင်ဂျင်နီယာနှင့် အတတ်ပညာရှင်များ အလုပ်လက်မဲ့ ဖြစ်ရမည့် အခြေအနေမှ တားဆီး နိုင်သည်သာမက၊ လူ့စွမ်းအင် အရင်းအမြစ် ပိုမိုတိုးတက် ကောင်းမွန်လာနိုင်သည့်အတွက် တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူပြုလာမည် ဖြစ်ပါကြောင်း။

( ဒေါက်တာသိန်းမိုးဝင်းသည် ဩစတြေးလျနိုင်ငံ ဆစ်ဒနီရောက် မြန်မာ့အသိုင်းအဝိုင်းနှင့်အတူ မြန်မာပြည်အရေး စဉ်ဆက်မပြတ် ပါဝင်လှုပ်ရှားနေသူ ဖြစ်သည်)

Your Thoughts …
Tags: OBORတရုတ်အင်ဂျင်နီယာ
ဒေါက်တာ သိန်းမိုးဝင်း

ဒေါက်တာ သိန်းမိုးဝင်း

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ဧရာဝတီတိုင်းတွင် တွေ့ရသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင် တခု / ဧရာဝတီ

နိုင်ငံတကာနှင့် ကိုက်ညီအောင် မြန်မာ့ ဆန် စပါး စံချိန်စံညွှန်း ပြင်ဆင်နေ

အသက် ၂၀ နှင့် ၃၀ အကြား၊ ပျှမ်းမျှအသက် ၂၇ နှစ်ဝန်းကျင်သာ ရှိသေးသော ၎င်းလူငယ်တို့သည် အသက်အရွယ်ကြီးရင့်သော ခေါင်းဆောင်များနှင့် သဘောကွဲနေကြသည် / Reuters

ဒေါ်အောင်ဆန်းစုကြည်ခေတ်လွန် နိုင်ငံရေး နိုးကြားသူ လူငယ်များ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved