• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

နိုင်ငံတကာနှင့် ကိုက်ညီအောင် မြန်မာ့ ဆန် စပါး စံချိန်စံညွှန်း ပြင်ဆင်နေ

by မျိုးပပစန်း
4 December 2018
in စီးပွားရေး
A A
ဧရာဝတီတိုင်းတွင် တွေ့ရသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင် တခု / ဧရာဝတီ

ဧရာဝတီတိုင်းတွင် တွေ့ရသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင် တခု / ဧရာဝတီ

41.8k
VIEWS
Share on FacebookShare on Twitter

ပြည်ပသို့ ဆန်တင်ပို့မှု တိုးတက်စေရန်အတွက် နိုင်ငံတကာ စံချိန်စံညွန်းနှင့် ကိုက်ညီစေရန် မြန်မာ့ ဆန်စပါး စံချိန်စံညွှန်းကို ပြင်ဆင်ရေးဆွဲနေပြီး ဖြစ်ကြောင်း မြန်မာဆန်စပါး စံချိန်စံညွှန်း၊ အရည်အသွေးများ ပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။

ပြင်ဆင်ရေးဆွဲနေသည့် မူကြမ်းတွင် ဆန်အဆင့်အတန်း သတ်မှတ်ရာတွင် အသုံးပြုသည့် အသုံးအနှုန်းများ၊ ဆန်အဆင့်အတန်းနှင့် ပုံစံ အရွယ်အစား၊ ဆန်ကြိတ်ဖွတ်ခြင်း အတိုင်းအတာ၊ ကျန်းမာသန့်ရှင်းရေး/ ထုပ်ပိုးခြင်း/ အမှတ်တံဆိပ် ကပ်ခြင်း၊ ဆန်အဆင့်အတန်းနှင့် အရည်အသွေး သတ်မှတ်ချက်များ ပါဝင်မည် ဖြစ်သည်။

ကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းဦး က “မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ စပါးတတင်း ၄၆ ပေါင်၊ အုတ်/သဲ/ ခဲ/ အဖျင်းအမော် ပါဝင်မှု ဆိုတဲ့ ကွဲကွဲပြားပြား မရှိခဲ့ဘူး။ ဆန်နဲ့ ပတ်သက်တဲ့ အလျားတိုင်းတဲ့ ကိရိယာတွေ၊ အစိုဓာတ်ပါဝင်မှုတွေ၊ ဖွဲနု/ဖွဲကြောင်း ပါဝင်မှု တိုင်းတာရေးကိရိယာတွေ ဒါတွေက ခေတ်မီလာတယ်။ အဆင့်တန်းမြင့်တဲ့ စက်ကိရိယာတွေ သုံးစွဲပြီး ဆန်ကိုတင်ပို့နိုင်ဖို့ဆိုရင် ဈေးကွက်အသစ်တွေ အခုထက်ပိုရဖို့ လိုသလို ရတဲ့အခါမှာလည်း အရည်အသွေးနဲ့ စံနှုန်းက အရေးပါလာတယ်။ အဲဒါကြောင့်မို့ စံချိန်စံညွှန်းကို ပြုပြင်ရေးဆွဲဖို့ လိုလာတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ စက်မှုကုန်သည်အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် မြန်မာ့ဆန်စပါး စံချိန်စံညွှန်း၊ အရည်အသွေးများ ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဦးအောင်သန်းဦးက ပြောဆိုလိုက်ခြင်းဖြစ်ကာ ၎င်းသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။

အဆိုပါ မူကြမ်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာ့ဆန် စံချိန်စံညွှန်း၊ အရည်အသွေးများ ပြင်ဆင်ရေး ကော်မတီနှင့် International Finance Corporation (IFC) တို့ ပူးပေါင်းရေးဆွဲထားခြင်း ဖြစ်ကာ ဆန်နှင့် ပတ်သက်သည့် ကဏ္ဍတွင် မူကြမ်းရေးဆွဲမှု ၄၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး စပါးကဏ္ဍအတွက်မူ ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ လာမည့် နှစ် ဇန်နဝါလတွင် နိုင်ငံတော်အဆင့် စံချိန်စံညွှန်း ကော်မတီသို့ တင်ပြသွားမည်ဟု သိရသည်။

“အဓိကတော့ တရုတ်အပြင် ဖိလစ်ပိုင်ဆိုရင်လည်း ၂၅ မှတ်ကို အခု ရောင်းလာနိုင်တယ်။ အီးယူနိုင်ငံများကို တင်ပို့တဲ့ နေရာမှာလည်း စံချိန်စံညွှန်းက အရေးကြီးတယ်။ ဒါကြောင့်မို့ ဒီစံချိန်စံညွှန်းကို ပြုပြင်တာ” ဟု ဦးအောင်သန်းဦးက ဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက “Asean Free Trade အရ တနိုင်ငံနဲ့ တနိုင်ငံ လွတ်လပ်စွာ သွားတဲ့အခါမှာ ကျနော်တို့ရဲ့ ကုန်ပစ္စည်း အရည်အသွေးက ထိုင်းဆန်နဲ့ မြန်မာဆန် ယှဉ်ကြတဲ့အခါမှာ ကျနော်တို့ရဲ့ ဆန်ကလည်း သူ့အရေးအသွေးကို မီမှ ဈေးရမှာ ဖြစ်ပါတယ်။ သူ့ဆန်က ပိုကောင်းပြီး ကျနော်တို့ ဆန်က အရည်အသွေး ညံ့နေရင်တော့ ဈေးရဖို့ဆိုတဲ့ အခြေအနေက ခဲယဉ်းပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် မိုးစပါး စိုက်ဧက ၁၅ သန်းကျော်နှင့် နွေစပါး စိုက်ဧက ၂ သန်းခွဲကျော် စိုက်ပျိုးထုတ်လုပ်နေရာ စပါးတန်ချိန် ၂၈ သန်းကျော် ထွက်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကိန်းဂဏန်းများအရ သိရသည်။

ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးမှုသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျသည့အတွက် စံချိန်စံညွှန်း ရေးဆွဲရေးမှုတွင် လိုအပ်ချက်များရှိပါကလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

၂၀၁၇ – ၁၈ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၅၈ သန်းကို ပြည်ပနိုင်ငံပေါင်း ၆၄ နိုင်ငံသို့ တင်ပို့ထားသည်ဟုလည်း သိရသည်။

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ရဲတံခွန်ကျေးရွာအုပ်စုမှ စပါးစိုက်တောင်သူ ဦးရင်မောင်က “ကျနော်တို့ တောင်သူတွေကတော့ စပါးသာ စိုက်တာ စံချိန်စံညွှန်းကို နားမလည်ဘူး။ ဒါပေမယ့် မျိုးစေ့ထုတ်တွေ ဘာတွေမှာတော့ စံချိန်စံညွှန်းမီရင် မျိုးကောင်းမယ်၊ ဈေးကောင်းရမယ်ဆိုပြီး သုံးသပ်ပါတယ်။ ကျနော်တို့ဆီမှာ စပါး ၄ မျိုး စိုက်ပျိုးတယ်၊ မှော်ဘီ ၃။ ဒါက ကြိတ်လိုက်ရင် အကျိုးအကြေ များတယ်၊ စံချိန်မမီဘူး။ အများစုက အဲဒါပဲ စိုက်တယ်။ ဒီလိုစပါးမျိုးကို စိုက်ပျိုးရေးဌာန၊ မျိုးစေ့ထုတ်ဌာနနဲ့ ကုမ္ပဏီတို့လို၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းတို့လို ပူးပေါင်းပြီး လုပ်မယ်ဆိုရင် ကောင်းတယ်” ဟု ပြောသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
177
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
162
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482

ဆက်စပ်သတင်း

၂၀၁၇-၁၈ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိ

အစိုးရချင်း ညှိနှိုင်းပြီး ဆန်တင်ပို့မှု မြှင့်တင်ရန် ထိုင်း စီစဉ်

ဆန်စပါးမှောင်ခို ထွက်ရှိမှု အစိုးရ ထိန်းချုပ်ရန် မလွယ်ဟု စီးပွား/ကူးသန်း ဝန်ကြီး ပြော

Your Thoughts …
Tags: မြန်မာ့ဆန်စပါး. စံချိန်စံညွှန်း
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အသက် ၂၀ နှင့် ၃၀ အကြား၊ ပျှမ်းမျှအသက် ၂၇ နှစ်ဝန်းကျင်သာ ရှိသေးသော ၎င်းလူငယ်တို့သည် အသက်အရွယ်ကြီးရင့်သော ခေါင်းဆောင်များနှင့် သဘောကွဲနေကြသည် / Reuters

ဒေါ်အောင်ဆန်းစုကြည်ခေတ်လွန် နိုင်ငံရေး နိုးကြားသူ လူငယ်များ

မင်းကွန်း ရှေးဟောင်း ကြက်ထောင့်ကန်  / ဧရာဝတီ

မင်းကွန်း ရှေးဟောင်း ကြက်ထောင့်ကန် ရှေးမူမပျက် ပြုပြင်ခြင်းများ လုပ်ဆောင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved