• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အစိုးရချင်း ညှိနှိုင်းပြီး ဆန်တင်ပို့မှု မြှင့်တင်ရန် ထိုင်း စီစဉ်

by ဧရာဝတီ
16 March 2018
in စီးပွားရေး
A A
မကြာသေးမီ နှစ်များအတွင်း ထိုင်းအစိုးရသည် အစိုးရချင်း အစီအစဉ်ဖြင့် ဆန်ရောင်းချရန် စိတ်အားထက်သန်လာသည် / Reuters

မကြာသေးမီ နှစ်များအတွင်း ထိုင်းအစိုးရသည် အစိုးရချင်း အစီအစဉ်ဖြင့် ဆန်ရောင်းချရန် စိတ်အားထက်သန်လာသည် / Reuters

5.6k
VIEWS
Share on FacebookShare on Twitter

လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ရုန်းကန်နေရသော လယ်သမားများကို ကူညီရန် အတွက် ထိုင်း အစိုးရသည် ဆန်တင်ပို့မှု မြှင့်တင်ရေးကို ပြည်ပ အစိုးရများနှင့် တိုက်ရိုက်ညှိနှိုင်း ရောင်းချနိုင်ရန် စီစဉ်နေသည်။

ဆွေးနွေးညှိနှိုင်းမှုများ မြန်ဆန်စေရေး အတွက် ထိုင်းဆန်အဓိက တင်သွင်းသော နိုင်ငံများသို့ ထိုင်းအရာရှိများကို စေလွှတ်မည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြား ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် အဒူလ်ချိုတင်နစ်စကွန် (Adul Chotinisakorn) က ပြောသည်။

“တချို့အာရှ နိုင်ငံတွေမှာ ဆန်တင်သွင်းတာကို အစိုးရရဲ့ ဝယ်ယူရေး ဌာနတွေက တိုက်ရိုက် ထိန်းချုပ်ထားတယ်။ ကျနော်တို့က သူတို့ကို သွားတွေ့ပြီး ထိုင်းအစိုးရက ထိုင်းနိုင်ငံက ပုဂ္ဂလိက ဆန် တင်ပို့သူတွေကို ဆန်ပိုမိုတင်ပို့နိုင်ဖို့ ကူညီဖို့ အသင့်ရှိတယ်။ အစိုးရလမ်းကြောင်း ကနေလည်း ရောင်းလို့ ရတယ် ဆိုတာကို သူတို့ကို ပြောရမယ်” ဟု သူက ပြောသည်။

အင်ဒိုနီးရှား အစိုးရ၏ ဝယ်ယူရေးနှင့် သယ်ယူ ပို့ဆောင်ရေး အေဂျင်စီ ဖြစ်သော Bulog ၊ ဖိလစ်ပိုင် အမျိုးသား အစားအစာ အေဂျင်စီနှင့် မလေးရှား ကုန်စည်ဝယ်ယူရေး အေဂျင်စီ Bernas တို့ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ အများအပြားမှ တင်သွင်းသူများကို ပစ်မှတ်ထား ဆောင်ရွက်မည် ဟု သိရသည်။
ဝန်ကြီးဌာန၏ စာရင်းများအရ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသည် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၈ သိန်း နှစ်စဉ် တင်သွင်းပြီး ဖိလစ်ပိုင်နိုင်ငံသည် ဆန်တန်ချိန် ၁ သန်းတင်သွင်းသည်။

အီရတ်နှင့် အီရန် ကဲ့သို့သော အရှေ့အလယ်ပိုင်းမှ မူလထိုင်းဆန် တင်သွင်းသူများနှင့်လည်း ဆွေးနွေးရန် အစိုးရက မျှော်လင့်နေသည်။ ထို ၂ နိုင်ငံသည် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၁ သန်းစီ နှစ်စဉ် တင်သွင်းသည်။

ဖိလစ်ပိုင်အစိုးရသည် ပုဂ္ဂလိက ကဏ္ဍမှ ဆန်တန်ချိန် ၂ သိန်း ၅ သောင်း တင်သွင်းရန် မတ်လတွင် တင်ဒါခေါ်ယူမည် ဖြစ်ပြီး ထိုင်းကုမ္ပဏီ များလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဟု မျှော်လင့်ရသည်။

ထိုင်းအစိုးရသည် ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက် မရှိသော်လည်း ထိုင်းဆန် တင်ပို့သူများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကူညီသွားမည်ဟု အဒူလ်က ပြောသည်။

မကြာသေးမီ နှစ်များအတွင်း ထိုင်းအစိုးရသည် အစိုးရချင်း အစီအစဉ်ဖြင့် ဆန်ရောင်းချရန် စိတ်အားထက်သန်လာသည်။ အထူးသဖြင့် ငွေပေးချေမှုနှင့် ပို့ဆောင်မှု ခက်ခဲသော နိုင်ငံများသို့ ပို့ဆောင်ရန် စိတ်ဝင်စားနေသည်။

အစိုးရလမ်းကြောင်းမှ တဆင့် ဆန်စပါး ရောင်းခြင်းသည် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် လုပ်ဆောင်ရန် ခက်ခဲသော ကိစ္စများ၊ အထူးသဖြင့် နိုင်ငံတကာ အသိုင်းအဝန်းက ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများတွင် ဝန်ထုတ်ဝန်ပိုးများကို ကူညီ ထမ်းဆောင်ခြင်း ဖြစ်သည်။ အီရန်လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ဆောင်ရာတွင် ဘဏ်များ အနေဖြင့် ငွေပေးချေမှု လုပ်ဆောင် ပေးနိုင်ခြင်း မရှိသောကြောင့် အခက်အခဲများ ရှိတတ်သည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
218
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
483

အစိုးရချင်း လမ်းကြောင်းမှ ရောင်းချသော ဆန်များသည် နှစ်နိုင်ငံ ကုန်သွယ်ရေး ဆက်ဆံမှုများကြောင့် ဈေးအနည်းငယ် သက်သာ နိုင်သည်။ ထိုကြောင့် ထိုင်းနိုင်ငံမှ အစိုးရချင်းရောင်းချသော ဆန်များသည် ပုဂ္ဂလိက ဆန်များထက် ပိုမို ယှဉ်ပြိုင်နိုင်စွမ်း ရှိနိုင်သည်။

ယေဘုယျအားဖြင့် ထို အစီအစဉ်၏ ရည်ရွယ်ချက်မှာ များပြားလှသော ရောင်းလိုအားကို ကူညီဖြေရှင်းပြီး ရိတ်သိမ်းရာသီအတွင်း ဆန်ဈေးများ ကျဆင်းခြင်းကို တားဆီးရန် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ထိုင်းနိုင်ငံမှ နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်း ရှိသော လယ်သမား ၁၃ သန်းခန့်ကို ကူညီရန်လည်း ဖြစ်သည်။
ယခင်က ဆန်စပါး ရောင်းရငွေသည် ပို့ကုန်ကို ထောက်ကူရာတွင် ကြီးမားသော အခန်းမှ ပါဝင်ခဲ့ပြီး နှစ်စဉ် စုစုပေါင်း ၏ ၂၀ ရာခိုင်နှုန်း ဖြစ်သော တန်ချိန် ၈ သန်းမှ ၁၀ သန်းအထိ တင်ပို့ရသည်။

လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ကုန်သွယ်ရေး ဖွင့်ပေးလာခြင်းကြောင့် ပုဂ္ဂလိက အချင်းချင်း ကုန်သွယ်မှု လမ်းပွင့်လာ ကာ အစိုးရက နောက်ဆုတ်ပေးခဲ့သည်။

“ကျနော်တို့က ကူညီပေမယ့် ထိုင်းပို့ကုန် လုပ်ငန်းရှင်တွေနဲ့တော့ မယှဉ်ပြိုင်ဘူး။ ဝယ်သူက အစိုးရဆီက ဝယ်ချင်လား၊ ပုဂ္ဂလိကဆီက ဝယ်ချင်လား ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။ ဒါမှပဲ ကျနော်တို့က မှန်ကန်တဲ့ အထောက်အကူ ပေးနိုင်တယ်” ဟုလည်း အဒူလ်က ပြောသည်။

ယခုနှစ် အတွင်း ဝယ်လိုအား ကောင်းခဲ့သော်လည်း ယှဉ်ပြိုင်မှု ခက်ခဲလာခြင်းကြောင့် လုပ်ငန်းများ ခက်ခဲလာသည် ဟု ထိုင်းတင်ပို့သူ များက ဆိုသည်။ ဘတ်ငွေ တန်ဖိုးမာနေခြင်းသည်လည်း ဗီယက်နမ်နှင့် အိန္ဒိယကဲ့သို့သော ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရာတွင် ခက်ခဲစေပြီး ၎င်းတို့ကလည်း ဈေးနှုန်းသက်သာစွာ ရောင်းချလာသည်။

တင်ပို့မှု လျှော့ချရန် အကန့်အသတ်ဖြင့် စိုက်ပျိုးခြင်းများကို ယခုနှစ်တွင် ပြုလုပ်မည်ဟု မျှော်လင့်ရသဖြင့် နိုင်ငံတကာ ဝယ်လိုအားကို ထိုင်းနိုင်ငံက အသုံးမချနိုင်ဘဲ ဖြစ်နေသည်။ ထိုင်း လယ်သမားများ အနေဖြင့် ပိုမို အကျိုး ဖြစ်ထွန်းသော သီးနှံများ ဖြစ်သည့် ပလောပီနံ၊ ပြောင်းနှင့် ကြံများ စိုက်ပျိုးရန် အားပေးမှုများ ရှိခဲ့သည်။

ယခုနှစ် ပထမ ၃ လ အတွင်း ဆန်တင်ပို့မှုကို အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်းနှင့် ဘတ်ငွေတန်ဖိုး ဆက်လက် တက်နေပါက ၂၀၁၈ ခုနှစ် အတွင်း တင်ပို့ရန် ရည်မှန်းထားသည့် တန်ချိန် ၉ ဒသမ ၅ သန်းကို ပြန်လည် ပြင်ဆင်မည် ဟု ထိုင်းနိုင်ငံ ဆန်တင်ပို့သူများ အသင်းက ပြောသည်။

ကိုးကား။ ။ Nikkei Asian Review

Your Thoughts …
Tags: ထိုင်းဆန်တင်ပို့မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
ဖင်လန်နိုင်ငံက ဒီနှစ်မှာ နော်ဝေနိုင်ငံကို ကျော်ဖြတ်ပြီး ပထမ နေရာ ယူနိုင်ခဲ့ပါတယ် / Reuters

ကမ္ဘာ့စိတ်ချမ်းသာ ပျော်ရွှင်ရဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၁ ဖြစ်လာတဲ့ ဖင်လန်နိုင်ငံ

ယမဟာက ထုတ်တဲ့ အမြန်ဆုံး ဆိုင်ကယ် YZF R1 မော်ဒယ်

ယမဟာက ထုတ်တဲ့ အမြန်ဆုံး ဆိုင်ကယ် YZF R1 မော်ဒယ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved