• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Automobile

ယမဟာက ထုတ်တဲ့ အမြန်ဆုံး ဆိုင်ကယ် YZF R1 မော်ဒယ်

by လင်းထက် (IA)
16 March 2018
in Automobile
A A
ယမဟာက ထုတ်တဲ့ အမြန်ဆုံး ဆိုင်ကယ် YZF R1 မော်ဒယ်
5.9k
VIEWS
Share on FacebookShare on Twitter

Dual-purpose မော်ဒယ်တွေပဲ အကောင်းဆုံး ထုတ်လုပ်နိုင်မှု ပိုတဲ့ ယမဟာ (Yamaha) အတွက်ကတော့ အခုလို အမြန်ဆုံး ဆိုင်ကယ် စာရင်းဝင်နိုင်မယ့် Superbike ထုတ်လုပ်မှုမှာ အားနည်းတယ်လို့ ဆိုနိုင်ပေမယ့် ကုမ္ပဏီ သမိုင်း တလျှောက်မှာ တော့ အခု YZF R1 မော်ဒယ်က အမြန်ဆုံး မောင်းနှင်နိုင်တဲ့ မော်ဒယ် အဖြစ် မှတ်တမ်းဝင်နေပါတယ်။ အစမ်းထုတ် မော်ဒယ် မဟုတ်ပဲ ဈေးကွက်ဝင် မော်ဒယ်တွေထဲမှာ YZF R1 က ကမ္ဘာ့အမြန်ဆုံး ဆိုင်ကယ် ၁၀ စီး စာရင်းဝင်နေပါတယ်။ ဒီမော်ဒယ် အကြောင်း လေ့လာကြည့် ရအောင်ပါ။

မော်ဒယ်က အမြန်ဆုံး မောင်းနှင်နိုင်မှု အနေနဲ့ တနာရီ ၁၈၆ မိုင်ထိအောင် မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။ ၁၉၉၈ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့တဲ့ R1 မော်ဒယ်ရဲ့ နောက်ဆက်တွဲ အဖြစ် ထုတ်လုပ်မှုပါ။ နှစ်တိုင်း R1 မော်ဒယ်ခွဲတွေကို ထုတ်လုပ်လာ ရာကနေ ၂၀၁၇ ခုနှစ် အတွက် ထုတ်လုပ်လာတဲ့ အခု YZF R1 ကတော့ အမြန်ဆုံး စွမ်းဆောင်ရည်ကို ပိုင်ဆိုင်လာတာပါ။

အင်ဂျင်ပိုင်းမှာ ၉၉၈ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ အင်ဂျင်အအေးခံစနစ်က ရေတိုင်ကီပါဝင် တပ်ဆင်ထားပြီး အရည်သုံး အအေးခံစနစ်လို့ ဆိုရမှာပါ။ အဆို့ရှင် ၁၆ ခု ပါရှိတဲ့ အင်ဂျင်စနစ်ပါ။ DOHC စနစ်ကို သုံုးထားပါတယ်။ လေးလုံးထိုး အင်ဂျင် အမျိုးအစား ဖြစ်ပြီး အင်ဂျင်က တမိနစ် လည်ပတ်အား အပတ်ရေ ၁၃၅၀၀ မှာ စွမ်းအင် မြင်းကောင်ရေ ၂၀၀ အားထိ ထွက်ရှိတာ တွေ့ရပါတယ်။

တိုက်ရိုက်ဆီထိုးသွင်းတဲ့ စနစ်နဲ့ အင်ဂျင်က ပေါက်ကွဲစေပြီး စွမ်းအင် ထုတ်လုပ်ပါတယ်။ ၆ ချက်သုံး Manual စနစ်နဲ့ သွားပါတယ်။ MotoGP လို ပြိုုင်ပွဲတွေမှာ ထည့်သွင်း ယှဉ်ပြိုင်ဖို့ အခု မော်ဒယ်ကို ထုတ်လုပ်လာတာ ဖြစ်ပြီး နည်းပညာပိုုင်း အနေနဲ့ Traction Control ပါတယ်။ ဘရိတ်စနစ်ဆိုရင် ကားတွေမှာ သုံးတဲ့ ABS စနစ်ကို ထည့်ထားတယ်။ ရှေ့ဘရိတ်က ၃၂၀ မီလီ အရွယ် Disc ကို ထိုုးပြွန် ၄ ခုနဲ့ ဖမ်းထိန်းတယ်၊ နောက်ဘရိတ်က ၂၂၀ အရွယ် Disc ကို ဟိုက်ဒရောလစ်ပုံစံံ ထည့်သွင်း ဖန်တီးထားတာပါ။

ဆိုင်ကယ်က ဆီအပြည့်နဲ့တောင်မှ ပေါင် ၄၃၉ ပေါင်ပဲ လေးပါတယ်။ Suspension ပိုင်းမှာ ရှေ့ဘက်က ၄၁ မီလီ အရွယ် Telescopic ကို သုံးထားပြီး နောက်ဘက် အထိုင်က ၁၃၀ မီလီ အရွယ် Single Shock ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ ဘီးတွေက ရှေ့ရော နောက်ပါ ၁၇ လက်မ အရွယ်တွေ ဖြစ်ပြီး တာယာတွေမှာတော့ ရှေ့ဘက်က 120/70 နဲ့ နောက်ဘက် တာယာက 190/50 ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ ထိုင်ခုံက မြေပြင်ကနေ ၃၁ လက်မ အမြင့်မှာပါ။ ၂၄ ဒီဂရီထိအောင် တိမ်းစောင်းစီးနင်းနိုင်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

တပ်ဆင် ဆီတိုုင်ကီက ၁၈ လီတာ ဆံ့ပါတယ်။ တနာရီ မိုင် ၆၀နှုန်းကို အချိန် ၂ ဒသမ ၉၆ စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်ပါတယ်။ တမိုင်ရဲ့ လေးချိုး တချိုး အကွာအဝေး (၂ ဖာလုံ) ကို အချိန် ၁၀ ဒသမ ၁၉ စက္ကန့်နဲ့ ရောက်ပါတယ်။ ဆီတလီတာကို ၅ ဒသမ ၅ ကီလိုမီတာ (၃ ဒသမ ၄ မိုင်ခန့်) ထိ စီးနင်းနိုင်မှာပါ။ အခုနှစ် YZF R1 မော်ဒယ်ကိုတော့ စတာလင်ပေါင် ၁၆၁၉၉ (မြန်မာငွေ ၂၅၉ သိန်းခန့်) နဲ့ ရောင်းချနေတာ တွေ့ရပြီး အမြန်ဆုံး မော်ဒယ် အဖြစ်နဲ့ကတော့ အရင်နှစ် ၂၀၁၇ မော်ဒယ်က အမြန်ဆုံး အဖြစ် မှတ်တမ်းဝင်နေတာလည်း ဖြစ်ပါတယ်။

Ref: www.themysteriousworld.com

Your Thoughts …
Tags: Yamaha YZF R1 မော်ဒယ်
လင်းထက် (IA)

လင်းထက် (IA)

Similar Picks:

No Content Available
Next Post
အောင်မြင်တဲ့သူတွေ သောကြာနေ့မှာ လုပ်လေ့ရှိတဲ့ အချက် ၁၀ ချက်

အောင်မြင်တဲ့သူတွေ သောကြာနေ့မှာ လုပ်လေ့ရှိတဲ့ အချက် ၁၀ ချက်

မဲဆောက်မြို့ပြင် အမှိုက်ပုံကို မှီခိုလုပ်ကိုင်နေကြသည့် ကျောင်းနေအရွယ် မြန်မာကလေးငယ် တချို့  / ကျော်ခ / ဧရာဝတီ

မြန်မာအလုပ်သမားများ၏ ကလေးများကို ထိုင်းက ၁၀ နှစ်နေထိုင်ခွင့် ကတ်ထုတ်ပေးမည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved