• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဆန်စပါးမှောင်ခို ထွက်ရှိမှု အစိုးရ ထိန်းချုပ်ရန် မလွယ်ဟု စီးပွား/ကူးသန်း ဝန်ကြီး ပြော

by ထက်နိုင်ဇော်
6 March 2018
in စီးပွားရေး
A A
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်  / ထက်နိုင်ဇော် / ဧရာဝတီ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် / ထက်နိုင်ဇော် / ဧရာဝတီ

7.2k
VIEWS
Share on FacebookShare on Twitter

နယ်စပ်ဒေသ မတည်ငြိမ်မှု၊ တရားဥပဒေ စိုးမိုးမှု အားနည်းနေခြင်းတို့ကြောင့် ပြည်ပနိုင်ငံတချို့သို့ ဆန်စပါးမှောင်ခို ထွက်ရှိမှုများ ဖြစ်ပေါ်နေခြင်းကို အစိုးရအနေဖြင့် ထိန်းချုပ်နိုင်ရန် မလွယ်ကူ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး (စီးပွား/ကူးသန်း) ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က ပြောသည်။

ယနေ့ နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ သည့် ဆန်စပါးကဏ္ဍ နှီးနှော ဖလှယ် သို့ အတူ တက်ရောက်လာသည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ဧရာဝတီ၏ မေးမြန်းချက်ကို အထက်ပါအတိုင်း ပြော ဆိုခြင်း ဖြစ်သည်။

ဒေါက်တာ သန်းမြင့်က “အောက်ကနေ သွားလာနေတော့ ဘယ်လောက်ဝင်တယ်။ ဘယ်လောက် ထွက်တယ်ဆိုတာလည်း မသိဘူး။ အခွန်လည်း မရဘူး။ အများအားဖြင့် နယ်ခြားဒေသတွေမှာ ဖြစ်နေတယ်။ ကုန်သည်တွေကလည်း အကျိုးစီးပွားအတွက် ဒီလိုလုပ်တဲ့ သူတွေနဲ့ ပေါင်းပြီး သွင်းတဲ့အခါကျတော့ ဖမ်းရတာလည်း ခက်တော့ ခက်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ဆန်းစပါး အသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်ကလည်း နိုင်ငံ၏ စပါးများ ပြည်ပကို မှောင်ခို ထွက်ရှိနေခြင်းကို အလေးအနက် တား မြစ်ပေးရန် အထက်ပါ ဆန်စပါး နှီးနှောဖလှယ်ပွဲအတွင်း ထည့်သွင်း တောင်းဆိုခဲ့သည်။

နယ်စပ်ဒေသတွင် အစိုးရနှင့် မသင့်မြတ်သည့် အင်အားစုများက ၎င်းတို့၏ အကျိုးစီးပွားအတွက် မှောင်ခိုလုပ်ငန်းများကို လုပ်ဆောင် လျက်ရှိကြောင်း နယ်မြေ မငြိမ်းချမ်းခြင်းက မှောင်ခိုလုပ်ဆောင် ရန် အတွက် လမ်းကြောင်းများ ဖြစ်စေကြောင်း တချို့ မှောင်ခိုလမ်း ကြောင်းများမှ ဖမ်းမိသော်လည်း လွတ်နေသည့် ကိစ္စများလည်း ရှိကြောင်း ဒေါက်တာ သန်းမြင့်က ပြောသည်။

“မိတာတွေလည်း မိနေတာပဲ။ မိတဲ့ကြားထဲ လုပ်လို့ လွတ်နေတာတွေလည်း ရှိတယ်။ ဒါတွေက တိုင်းပြည်ရဲ့ မငြိမ်းချမ်းမှု၊ ဥပဒေ စိုးမိုး ရေး နည်းပါးမှု၊ မတူညီတဲ့ မသင့်မြတ်သော အဖွဲ့များ ရှိမှုတွေကလည်း နယ်ခြားဒေသမှာ မှောင်ခိုဆိုတာ ပေါ်လာတာပဲ။ နယ်စပ် အပေါက်တွေကလည်း အများကြီး ရှိတော့ ဒီလိုပဲ ဝင်၊ ထွက်နေတော့တာပဲ” ဟု ၎င်းက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
7.1k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ဆန်စပါး တရားမဝင် မှောင်ခိုတားဆီးရေး လုပ်ငန်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဦးဆောင်နေပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့က ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ စပါး မှောင်ခိုကိစ္စမှာ လွန်ခဲ့သည့် ၄ လခန့်မှ စတင် ပေါ်ပေါက်လာ ခြင်း ဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ အမြဲတန်း အတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

“ရေပူနဲ့ မရမ်းချောင်လို ဂိတ်တွေမှာ မှောင်ခိုပစ္စည်းတွေက မိနေတာပဲ။ စပါးမှောင်ခိုကိုလည်း ပြည်ထဲ ရေး ဝန်ကြီးဌာနနဲ့ ညှိပြီးတော့ ခေါ်စစ်တာတွေ လုပ်တယ်။ ဒီလမ်းကြောင်းမှာ သွားနေတဲ့အခါကျ တော့ ကားတစီးချင်းအလိုက် အကုန် အသေးစိတ် မစစ်နိုင်တဲ့ အခါကျတော့ အနည်းနဲ့ အများကတော့ ရှိနေတာပေါ့”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ တိုင်းနှင့် ပြည်နယ် အစိုးရ အဖွဲ့များသို့ စာပို့ အကြောင်းကြား ထားကြောင်း၊ မြန်မာနိုင်ငံ အရှေ့ ဘက်၊ အရှေ့မြောက်ဒေသ နယ်စပ်များသို့ ဆန်စပါး မှောင်ခို အများဆုံး ထွက်နေကြောင်း စီးပွားကူး ဝန်ကြီးဌာနမှ သိရသည်။

“ဒါတွေ မဖြစ်အောင်ဆိုရင် ပုဂ္ဂလိကကဏ္ဍမှာ ဘယ်သူတွေက စပါးသယ်မယ်ဆိုတာ သိနေတာပဲ။ အဲဒါကို ရဲစခန်းကို အကြောင်းကြား လိုက်လို့ ရှိရင် နယ်စပ်ကနေပဲ ဖြစ်ဖြစ် တနေရာကနေပဲ ဖြစ်ဖြစ် စောင့်ဖမ်းလိုက်ရင် မိသွားမှာပဲ။ ဒါကိုတော့ ပြည်ထဲရေးကိုတော့ စာပို့ ထားတယ်။ ပြည်ထဲရေးက လည်း လိုက်ပြီး စစ်ဆေးပေးတာတွေ လုပ်ပါတယ်”ဟု ဦးတိုးအောင်မြင့်က ရှင်းပြသည်။

မြန်မာနိုင်ငံသည် တချိန်က ကမ္ဘာတွင် တရားဝင် ဆန်တင်ပို့မှုအများဆုံး နိုင်ငံတခု ဖြစ်ခဲ့ပြီး ယနေ့ အချိန်တွင် ကမ္ဘာ့ဆန် တင်ပို့မှု အများ ဆုံးနိုင်ငံ မဟုတ်တော့သဖြင့် ယင်းအခြေအနေကို ပြန်လည် ရောက်ရှိရန် အားလုံးဝိုင်းဝန်း ကြိုးစားရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့အခမ်းအနားတွင် ပြောဆိုသည်။

“ဒီနှစ် ပြည်ပကို ဆန်တန်ချိန် ၃ သန်းကျော် တင်ပို့နိုင်တယ်ဆိုတာ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး တင်ပို့နိုင်ခဲ့တာပါ။ ပြန်တက်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး တိုးတက်အောင် လို့ အမြဲ လုပ်နေရမယ်”ဟု ၎င်းက ပြောသည်။

ပြည်ပနိုင်ငံများသို့ တရားဝင် ဆန်တင်ပို့နိုင်မှု အခြေအနေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၃ သိန်းခွဲ တင်ပို့ရန် စာချုပ်ချုပ်ဆိုထား ပြီး ဆက်လက်၍ ဆန်တန်ချိန် ၁ သန်း တင်ပို့နိုင်ရန် ညှိနှိုင်း ဆွေးနွေးနေကြောင်း ထို့ပြင် တရုတ်၊ သီရိလကာၤနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ လည်း ဆန်တင်ပို့နိုင်ရေး ဆွေးနွေးမှုများ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Your Thoughts …
Tags: ဆန်စပါးမှောင်ခို ထွက်ရှိမှု
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
၂၀၁၆ ခုနှစ်အတွင်းက KIO ထိန်းချုပ်ဒေသရှိ စစ်ရှောင်ဒုက္ခသည်စခန်းအနီး မြင်တွေ့ရသော KIA ကချင် စစ်သားများ  / ဧရာဝတီ

တနိုင်းဒေသခံ ရွာသားများကို KIA ဖမ်းဆီး

ဖရဲသီးမှာ ရေဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် နွေရာသီမှာ များများ စားသုံး ပေးသင့်ပါတယ်

နွေရာသီနဲ့ လိုက်ဖက်သင့်တဲ့ ဖရဲသီးစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၇ ခု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved