• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Dancer တယောက်အနေနဲ့ ပထမဆုံးသရုပ်ဆောင်ရတဲ့ အခက်အခဲတွေကို ပြောပြတဲ့ အောင်ပိုင်

by ယုဖြူဟန်
28 August 2019
in Entertainment
A A
သရုပ်ဆောင် အောင်ပိုင် / Aung Paing's Facebook

သရုပ်ဆောင် အောင်ပိုင် / Aung Paing's Facebook

10.8k
VIEWS
Share on FacebookShare on Twitter

“အိပ်မက်ဆုံရာ ရာသက်ပန်” သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနောက်ပိုင်း MRTV- 4 ဇာတ်လမ်းတွဲများမှာ သရုပ်ဆောင်လုပ်နေတဲ့ အောင်ပိုင်ကတော့ Canal + ရုပ်သံလိုင်းမှာ ပြသမယ့် “စာမျက်နှာသစ်” Season 2 မှာ Dancer တယောက်အနေနဲ့ ပါဝင်ထားပြီး သရုပ်ဆောင်ရတဲ့ အခက်အခဲများကို ပြောပြခဲ့ပါတယ်။

“အခက်အခဲကတော့ ကရတာပေါ့နော်။ ပုံမှန်ဆိုအပြင်မှာ ကျနော်က သရုပ်ဆောင်လုပ်တယ်။ သီချင်းဆိုတယ်။ တခြား အပြင်မှာလုပ်တာလေးတွေရှိတယ်။ ဒါပေမယ့် အက ကကျတော့ ကိုယ့်ကို ပထမဆုံးလာပြောတာဖြစ်တယ်။ Dancer ကိုမှ ရိုးရိုးမဟုတ်ဘူး။ Dancer အဖွဲ့ခေါင်းဆောင်ဆိုတော့ ငါတော့ သွားပြီ။ ကတာက ကိုယ်နဲ့ တအားစိမ်းတယ်လေ”

RelatedPosts

ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
609
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
494
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
993

“ နောက်ပြီးတော့ ထရိန်နင်သွားမယ့်အချိန်မှာ စစချင်း အကြောလျော့တဲ့နေ့မှာပဲ ငိုချင်သွားတယ်။ အဲဒါတွေကတော့ ခက်ခဲတဲ့အရာတွေပါ” လို့ သရုပ်ဆောင် အောင်ပိုင်ကပြောပါတယ်။

အဆိုပါဇာတ်လမ်းတွဲကိုတော့ Season 1 အနေနဲ့ ထုတ်လွှင့်ပြသခဲ့ကာ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တာကြောင့် Season 2 ကို ထပ်မံရိုက်ကူးတာဖြစ်တယ်လို့ သိရပါတယ်။

Season 2 မှာတော့ အောင်ပိုင်က သူပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“ဒီကားမှာတော့ တခါမှမလုပ်ဖူးတဲ့ ကာရိုက်တာ Dancer တယောက်အနေနဲ့ဆိုတော့ အများကြီးအတွေ့အကြုံရတယ်။ ကတာကိုလည်း Basic လောက်ကတတ်သွားတော့ နောက်ပိုင်းအကနဲ့ပတ်သက်ပြီး ကမ်းလှမ်းလာရင် အရင်ကထက်ပိုပြီး လွယ်ကူသွားပြီ” လို့ အောင်ပိုင်ကပြောပါတယ်။

Season 1 မှာတော့ ကျောင်းကပွဲပုံစံမျိုးရိုက်ကူးထားတာဖြစ်ပြီး Season 2 မှာတော့ Street Dance ပုံစံမျိုး ပါဝင်သွားမှာဖြစ်တဲ့အတွက် Season 1 နဲ့မတူတဲ့ရသများ ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီကားထဲမှာပါမယ့် အကအဖွဲ့က နောက်မှာကမယ့် သူတွေကတော့ တကယ့်အပြင်မှာကတဲ့ Dancer အဖွဲ့ပါ။ ကျနော်က ရှေ့မှာနေပြီး သိပ်မကတတ်ဘူးဆိုတော့ ရုပ်နဲ့ထိန်းရတာပေါ့။ အိုက်တင်နဲ့ထိန်းရတာပေါ့။ ဒါပေမယ့် သူတို့တွေလည်း ကိုယ့်ကို အများကြီးသင်ပေးပါတယ်။ ဘာပဲပြောပြော အတွဲညီလေးကတတ်သွားအောင်လို့ ကျနော်လည်း အများကြီး ကြိုးစားရပါတယ်” လို့ အောင်ပိုင်က ပြောပါတယ်။

အောင်ပိုင်ကတော့ အဆိုပါဇာတ်လမ်းတွဲရိုက်ကူးမှုအတွက် အကသင်ခဲ့ရပြီး အခုဆိုရင်တော့ အခြေခံလောက်တော့ တတ်မြောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

“Musical စီးရီးဆိုတာကလည်း ကျနော်တို့မြန်မာနိုင်ငံမှာ ဦးဦးဖျားဖျား ပထမဆုံးလေးပေါ့နော်။ အဲ့တော့ဒီလိုမျိုးစီးရီးမှာ ပါဝင်ရတဲ့အတွက် ဝမ်းသာပါတယ်။ အတွေ့အကြုံတွေလည်း အများကြီးရတယ်။ အထူးသဖြင့်တော့ အကနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေ အများကြီးရပါတယ်” လို့ အောင်ပိုင်ကပြောပါတယ်။

အောင်ပိုင်ကတော့ “အိပ်မက်ဆုံရာ ရာသက်ပန်” မှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း အနုပညာလောကထဲဝင်ရောက်လာခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ဇာတ်လမ်းတွဲများစွာ ရိုက်ကူးလျက်ရှိပါတယ်။

You may also like these stories:

“Rock ဂီတကို ယောကျာ်းလေးဆိုမှ ပိုထိရောက်တယ်လို့ ထင်ကြတာတွေ ရှိတယ်”

“The Voice Myanmar” အဆိုပြိုင်ပွဲ ဝင်မယ့်သူတွေကို အကြံပေးစကားပြောတဲ့ ငွေစိုး

“နယ်က ပရိသတ်တွေ ချစ်လို့ နမ်းကြတာကို ကျေးဇူးတင်တယ်”လို့ ပိုင်တံခွန် ပြော

“နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲကို ထုတ်လုပ်ခဲ့တဲ့ ဒေါ်ဆွေဇင်ထိုက်

Your Thoughts …
Tags: Dancerအောင်ပိုင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သေနတ် ဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့တဲ့ မကြယ်စင်

မန္တလေးမှာ ဆန္ဒထုတ်ဖော်ရင်း ကြွေလွှင့်သွားခဲ့ရတဲ့ အိန်ဂျယ် (ခေါ်) ကြယ်စင်

by Aurora
4 March 2021
12.1k

Dancer အပြင် တိုက်ကွမ်ဒို ချန်ပီယံဖြစ်ခဲ့တဲ့ သူမဟာ မန္တလေးမြို့က ဆန္ဒပြပွဲ အကြမ်းဖက် နှိမ်နင်းမှုအတွင်း သေနတ် ဒဏ်ရာနဲ့ သေဆုံးသွားသူတွေထဲက တဦးပါ။

Next Post
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို တင်ပြနေသည့် ဒေါက်တာ ခလမ်ဆမ်ဆွန် / ABC live

KBC ဥက္ကဋ္ဌ ကို အမှုဖွင့်ရန် တပ်မတော်က တိုင်ကြား

ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်တွင် မတ်လ ၄ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ / ဇူးဇူး / ဧရာဝတီ

လိင်စိတ်ခံယူမှု ကွဲပြားသူများ အတွက် အလုပ်အကိုင်ရှားပါးနေဆဲ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate