• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KBC ဥက္ကဋ္ဌ ကို အမှုဖွင့်ရန် တပ်မတော်က တိုင်ကြား

by နန်းလွင်နှင်းပွင့်
28 August 2019
in သတင်း
A A
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို တင်ပြနေသည့် ဒေါက်တာ ခလမ်ဆမ်ဆွန် / ABC live

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို တင်ပြနေသည့် ဒေါက်တာ ခလမ်ဆမ်ဆွန် / ABC live

17.1k
VIEWS
Share on FacebookShare on Twitter

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည့် စကားများနှင့် ပတ်သတ်၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အမှုဖွင့်ပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးတဦးက မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက် တိုင်ကြားထားသည်ဟု သတင်းရရှိသည်။

လျှောက်ထားသူမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ ဒုဗိုလ်မှူးကြီး သန်းထိုက်ဖြစ်ပြီး လက်ရှိတွင် တရားရုံးမှ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၀၀ အရ လျှောက်ထားသူကို စစ်ဆေးထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
44
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
55

တိုင်ကြားခံရသူ ဒေါက်တာ ခလမ်ဆမ်ဆွန် က “ကျနော့်ကို တရားဝင် တရားစွဲဆိုတာတော့ မဟုတ်သေးဘူး။ ရုံးမှာပဲ အကြံပြုချက် တောင်းတဲ့ ကိစ္စပဲရှိသေးတယ်။ စက်တင်ဘာ ၉  ရက်နေ့မှ သိရ မှာပေါ့။ ကျနော်ကတော့ အခုထက်ထိ ဘာမှပြင်ဆင်မှုတော့ မရှိသေးပါဘူး။ ဖြစ်ခဲ့ရင်လည်း ရင်ဆိုင်သွားရမှာ လွှဲရှောင်လို့ မရပါဘူး” ဟု ပြောသည်။

ဇူလိုင် ၁၈ ရက်က အမေရိကန်ပြည်ထောင်စု၊ အိမ်ဖြူတော်တွင် သမ္မတ ဒေါ်နယ်ထရန့်က ဘာသာရေးအရ ဖိနှိပ်ခံရမှုများရှိနေသည့် အီရန်၊ အီရတ်၊ လစ်ဗျားနိုင်ငံတို့မှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဒေါက်တာ ခလမ်ဆမ်ဆွန်သည်လည်း မြန်မာနိုင်ငံမှ  ဘာသာရေးခေါင်းဆောင် ကိုယ်စားလှယ်တဦးအနေဖြင့်  ပါဝင် တွေ့ဆုံခွင့် ရသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင်း ထုတ်ပြန်သည့် ဘာသာရေး လွတ်လပ်ခွင့် မရှိခြင်းကြောင့် အထူးစိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေသည့် နိုင်ငံများ စာရင်း ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည်လည်း ပါဝင်နေသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ခရစ်ယာန်များ အပေါ် တပ်မတော်က ရက်ရက်စက်စက် နှိပ်ကွပ်နေကြောင်း၊ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ရန်အခွင့်အရေးလည်း မရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်များက တပ်မတော်ကို ခုခံတိုက်ခိုက်နေရကြောင်း ထို့ကြောင့် အမေရိကန် အစိုးရအနေဖြင့် လူနည်းစု တိုင်းရင်းသား ခေါင်းဆောင်များကို  ဒီမိုကရေစီ၊ ဖက်ဒရယ်လစ်ဇင် အောင်မြင်ရေး အတွက် အကူအညီပေးရန် တောင်းဆိုခဲ့သည်။

ထို့အပြင် တပ်မတော်ထိပ်ပိုင်းတာဝန်ရှိသူများကို အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်သည့် အပေါ်တွင်လည်း သိပ်ကိုကျေးဇူးတင်ကြောင်း ပြောခဲ့သေးသည်။

အမေရိကန် နိုင်ငံခြားရေးဌာနက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟုဆိုကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ် သန်းဦး၊ ဗိုလ်ချုပ် အောင်အောင် နှင့် ၎င်းတို့၏ မိသားစုဝင်များကို အမေရိကန် နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်ကြောင်း ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းတွင် ကြေညာထားသည်။

ဒေါက်တာခလမ်ဆမ်ဆွန်က “ကျနော် အဓိက ပြောချင်တာကတော့  ကျနော်တို့မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် လိုချင်တယ်။ တရားမျှတခြင်း လွတ်လပ်ခြင်းကို အမေရိကားမှာ ခံစားရသလို ကျနော်တို့ လူထုတွေကလည်း တမ်းတနေတယ် ဆိုတာကို သူတို့ရဲ့ ထောက်ပံ့မှု ဆက်လက် ရရှိဖို့ အဓိက ကတော့ ကျနော်က အဲ့တာပဲ ပြောပါတယ်” ဟု ဆိုသည်။

ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့် မရှိပါဟု ပြောဆိုခြင်းနှင့် ပတ်သတ်၍ လက်ရှိအချိန်တွင် တိတိကျကျ ရှင်းပြရန် မရှိသေးကြောင်း၊ တရားစွဲဆိုသည့် အဆင့် ရောက်လာခဲ့ပါက တရားရုံးတွင်  ပြောဆိုမည် ဖြစ်ပါသည်ဟုလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆိုသည်။

ဆက်လက်၍ ဒေါက်တာခလမ်ဆမ်ဆွန်က  “ကျနော်က ခရစ်ယာန်ကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။  တောင်ပေါ်မြေပြန့် အားလုံး တန်းတူ ရည်တူ Focus လုပ်ခြင်းဖြစ်ပါတယ်။ ပြည်မမှာတော့ ရှိသလိုလိုနဲ့   ပြည်နယ်ဘက်မှာ လိုအပ်တာတွေ   ထောက်ပြဖို့ ရှိတဲ့ကိစ္စတွေလည်း ရှိပါတယ်။ အားလုံးကို ခြုံငုံပြီး ပြောခြင်း ဖြစ်ပါတယ်” ဟုလည်း ပြောသည်။

KBC ဥက္ကဋ္ဌကို တရားစွဲဆိုနိုင်ရန် တရားရုံး ဦးတိုက်လျှောက်ထားခြင်းနှင့် ပတ်သတ်၍ တပ်မတော်၏ သဘောထား မေးမြန်းရန် ဧရာဝတီမှ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မေးမြန်းခွင့် မရပါ။

ကချင်ပြည်နယ်အခြေစိုက် တရားလွှတ်တော် ရှေ့နေ ဦးမုန်ဆိုင်းတူးက  လက်ရှိတွင်  မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်ကြားထားသည့် ဖြစ်စဉ်မှာ တရားရုံးမှ လျှောက်ထားသူကို ရာဇဝတ် ကျင့်ထုံးဆိုင်ရာ ပုဒ်မ ၂၀၀ ဖြင့် စစ်ဆေးရာ ပုဒ်မ တပ်ရန် မတွေ့သဖြင့် ပြည်နယ် တရားလွှတ်တော်ကို ထပ်မံ တင်ပြထားသည့် အခြေအနေတွင်သာ ရှိသေးသည်ဟု ပြောသည်။

ပြည်နယ်တရားလွှတ်တော်က လျှောက်ထားသည့် အခြေအနေပေါ်တွင် ကြည့်ပြီး တရားစွဲရန် မသင့်ဟု ဆုံးဖြတ်ပါက အမှုမှာ ဒေါက်တာ ခလမ်ဆမ်ဆွန်ထံသို့ ဆင့်ခေါ်စာ ပေးသည့် အဆင့်သို့ပင် မရောက်ပဲ အလိုအလျောက် ကျေဖျက်သွားမည် ဖြစ်သည်ဟု ဦးမုန်ဆိုင်းတူးက ပြောသည်။

ပြည်နယ်တရားလွှတ်တော်မှ တရားစွဲဆိုသင့်ကြောင်း ပြန်စာမျိုး ပေးလာပါက မြို့နယ်တရားသူကြီး က ရဲကို စစ်ဆေးပြီး အမှုတည်ဆောက်ရန် အဆင့်ဆင့် ဆောင်ရွက်ပြီး တရားရင်ဆိုင်ကြ ရမည် ဖြစ်သည်ဟုလည်း ဦးမုန်ဆိုင်းတူးက ဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်၏ ပြောဆိုမှုမှာ အွန်လိုင်းပေါ်တွင် Live လွှင့်ပြီး  ရည်ရွယ်ချက် ရှိရှိဖြင့် ပြောဆိုခြင်းမျိုး မဟုတ်သဖြင့် မီဒီယာဆိုင်ရာ ဥပဒေများဖြင့် တရားစွဲရန် အကျုံးဝင်မည်ဟု မထင်ကြောင်း ဦးမုန်ဆိုင်းတူးက ပြောသည်။

ဦးမုန်ဆိုင်းတူးက “သူ့ထင်မြင်ချက်နဲ့သူ့ယူဆချက် ပြောနေတယ်ဆိုတာမှာလည်း သူ့မှာ Facts and Documents ရှိပြီး ပြောတယ်ဆိုရင် သူ့ရဲ့ အခွင့်အရေးပဲ။ Facts and Documents မရှိပဲ  ပြောတယ်ဆိုရင်တော့တမျိုးပေါ့။ ဆရာဆမ်ဆွန်မှာ Facts and Documents ရှိပြီး ပြောတယ်ဆိုရင်တော့  လွတ်လပ်ခွင့် အပြည့် ရှိပါတယ်”ဟုလည်း ပြောသည်။

KBC သည် မြန်မာနိုင်ငံတွင်း ဇုံနယ်အသင်းတော်များ အဖွဲ့ ၁၅ ဖွဲ့ ၊ အသင်းတော်ပေါင်း ၄၂၉  ၊ အသင်းသူ အသင်းသားပေါင်း ၄ သိန်းကျော်ဖြင့် ဖွဲ့စည်းထားပြီး ကချင်လူထု၏ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အခန်းကဏ္ဍများတွင် ဦးဆောင်ပါဝင်နေသည့် ဘာသာရေးအဖွဲ့အစည်း တခုဖြစ်သည်။

KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်လူမှုအသိုင်းအဝိုင်းတွင် သြဇာရှိသည့် ဘာသာရေး  ခေါင်းဆောင် တဦးဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီသည့် အရေး ကိစ္စများ၊ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စများတွင်လည်း ဦးဆောင် တာဝန်ယူပြီး အစိုးရ၊ တပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) တို့နှင့် ဆွေးနွေး နေသူလည်း  ဖြစ်သည်။

You may also like these stories:

ကျနော်တို့ KBC နဲ့ ဝ အစိုးရနဲ့ကတော့ ဘာမှ ပြဿနာ မရှိဘူး

Your Thoughts …
Tags: KBCတပ်မတော်ဒေါက်တာ ခလမ်ဆမ်ဆွန်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

Next Post
ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်တွင် မတ်လ ၄ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ / ဇူးဇူး / ဧရာဝတီ

လိင်စိတ်ခံယူမှု ကွဲပြားသူများ အတွက် အလုပ်အကိုင်ရှားပါးနေဆဲ

လွှတ်တော်သို့ ရောက်ရှိလာသည့် တပ်မတော်သား ကိုယ်စားလှယ်များ / ထက်နိုင်ဇော် / ဧရာဝတီ

၂၀၀၈ ဖွဲ့စည်းပုံကြောင့် NLD အစိုးရ ရပ်တည်နိုင်ခြင်းကို မမေ့ရန် တပ်မတော် သတိပေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved