• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လိင်စိတ်ခံယူမှု ကွဲပြားသူများ အတွက် အလုပ်အကိုင်ရှားပါးနေဆဲ

by ကော်ကော်
28 August 2019
in ဆောင်းပါး
A A
ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်တွင် မတ်လ ၄ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ / ဇူးဇူး / ဧရာဝတီ

ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်တွင် မတ်လ ၄ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ / ဇူးဇူး / ဧရာဝတီ

40.1k
VIEWS
Share on FacebookShare on Twitter

῝လုပ်ငန်းရှင်တွေက LGBT ဆိုတာ ပြဿနာကောင်တွေ၊ ယောကျ်ားတွေ၊ မိန်းမတွေ လုပ်ရတဲ့ အလုပ်တွေကို သူတို့ မလုပ်နိုင်ဘူးလို့ မြင်ကြပြီး LGBT တွေကို နေရာမပေးတာ῎ ဟု ရှင်းသန့်က သုံးသပ်ပါသည်။

အချို့လုပ်ငန်းရှင်များသည် LGBT ခေါ် လိင်စိတ်ခံယူမှု ကွဲပြားသူများကို အလုပ်ပေးရန် ယုံကြည်မှု မရှိသဖြင့် LGBT များ အတွက် လုပ်သားဈေးကွက် မရှိသေးခြင်း ဖြစ်သည်ဟု LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်သည့် ရှင်းသန့် က ပြောသည်။

LGBT ကို “လိင်စိတ်ခံယူမှု ကွဲပြားသူများ” ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပြီး လိင်တူချစ်သူများ ဟုလည်း ယခု နောက်ပိုင်း သုံးနှုန်း ခေါ်ဝေါ်လာကြကာ Lesbian (မိန်းမချင်းစုံမက်သူများ)၊ Gay (ယောက်ျားချင်းစုံမက်သူများ)၊ Bisexual (ကျားမ နှစ်မျိုးစလုံး စုံမက်သူများ)၊ Transgender (ဆန့်ကျင်ဖက် လိင်လို ဝတ်စားဆင်ယင်သူများ) စသည့် စကားလုံးများမှ LGBT ဟု အတိုကောက် ထုတ်ယူထားခြင်း ဖြစ်သည်။

လုပ်ငန်းရှင်များသည် LGBT များကို အလုပ်မခန့်ကြခြင်းမှာ ယနေ့ ကာလတွင် အလုပ်အကိုင် ခေါ်ယူပါက အမျိုးသမီး အလုပ်သမားကို ဦးစားပေး ခေါ်ယူခြင်း၊ အမျိုးသမီးများထဲတွင်မှ အိမ်ထောင် မရှိသူများကို ပိုမို ဦးစားပေး ခေါ်ယူခြင်း စသည့် စဉ်းစားမှုများနှင့်လည်း သက်ဆိုင်နေသည်ဟု “ရှင်းသန့်” က ထောက်ပြသည်။

လုပ်ငန်းခွင်များတွင် နေရာ မရသောကြောင့် အများစုမှာ ရွေးချယ်စရာ မရှိဘဲ တခုတည်းသော လုပ်သား ဈေးကွက် ဖြစ်သည့် ဆံပင်၊ မိတ်ကပ် လောကသို့သာ တွန်းပို့ ခံနေရသည်ဟု ရှင်းသန့်က ပြောသည်။

῝တကယ်တမ်း မိတ်ကပ်လောကမှာ အောင်မြင်နေတဲ့သူတွေကို မေးကြည့်၊ ဝါသနာနဲ့ ဖြစ်ချင်တာတွေ တထပ်တည်း ကျသလား ဆိုတော့ တချို့က ကျပေမယ့် တချို့ကျတော့ မကျဘူး၊ ရွေးချယ်စရာ မရှိလို့ လုပ်နေရတာတွေ ရှိတယ်῎ ဟု သူက သုံးသပ်သည်။

ရန်ကုန်ရှိ နိုင်ငံတကာ ဆေးရုံတခုတွင် သူနာပြု အလုပ် လုပ်ကိုင်နေသည့် Gay (ယောက်ျားချင်း စုံ မက်သူ) တဦးဖြစ်သူ “အချစ်ညွန့်”ကလည်း LGBT များကို လက်ခံသော လုပ်ငန်းတချို့ ရှိသော်လည်း ရာခိုင်နှုန်း နည်းပါးပြီး ထိုသို့ဖြစ်ရခြင်းမှာ LGBT တို့၏ စွမ်းဆောင်ရည်ကို မသိသေးသောကြောင့် ဖြစ်နိုင်သည်ဟု ပြောသည်။

၎င်းက “သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို သိလာပြီဆိုရင် လုပ်ငန်းရှင်တွေက လက်မခံနိုင်စရာ အကြောင်း မရှိဘူး။ အခု လုပ်နေတဲ့ ဆေးရုံမှာတော့ LGBT တွေက ရာထူးမြင့်မြင့်မှာ ရောက်နေသူတွေ ရှိတယ်” ဟု ဆိုသလို ῝အမှန်တကယ်က မိတ်ကပ်ကိုပဲ ဝါသနာပါတာပါ။ အခြေအနေ မပေးလို့ ဒီအလုပ်ကို လုပ် ရတာ။ ငွေကြေး အဆင်ပြေပြီ ဆိုရင်တော့ မိတ်ကပ်ပညာရှင်ပဲ လုပ်မှာပါ။ အခု ငွေစုနေတယ် အဆင် ပြေပြီ ဆိုရင် မိတ်ကပ်လိုင်း ပြန်ပြောင်းမှာ῎ဟု ရှင်းပြသည်။

“အချစ်ညွန့်”သည် နယ်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး အလုပ်အကိုင် ခက်ခဲမှုကြောင့် သူနာပြု အလုပ်ကို ဝင်လုပ် လိုက်ရသော်လည်း ဝါသနာနှင့် အလုပ်မှာ ထပ်တူ မကျသဖြင့် ကျေနပ်ခြင်း မရှိဟုလည်း ပြောသည်။

အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင်သူများ (Transwomen) များအတွက် မိတ်ကပ် အလှပြင် လုပ်ငန်း တွင် ဈေး ကွက် ရှိသော်လည်း တကယ်တမ်း အောင်မြင်သူများမှာ ၁၀ ယောက်တွင် ၂ ယောက် လောက်သာ ရှိသည်။ အမျိုးသားကဲ့သို့ ဝတ်စားဆင်ယင်သူများ (Transmen) များအတွက် ပိုမို၍ အလုပ် အခွင့်အလမ်း ရှားပါးသည် ဟု သိရသည်။

လုပ်ငန်းခွင်တခုသို့ LGBT များ ဝင်ရောက်လာလျှင် များသောအားဖြင့် လှောင်ပြောင်လိုသော သဘော သဘာဝများနှင့် ရင်ဆိုင်ရပြီး အလုပ်ဝင်သော အချိန်တွင်လည်း ယောကျ်ားများကို ယောကျာ်းပုံစံသာ ဝတ်စား နေထိုင် စေလိုကြပြီး ဆံပင် အရှည်ထားခြင်းမျိုးကိုလည်း သဘောမကျသလို အမျိုးသမီးများ ကိုလည်း မိန်းမပုံစံသာ ဝတ်စား နေထိုင်ရန် လိုလားကြသည်ဟု “အချစ်ညွှန့်”က သူ၏အတွေ့အကြုံကို ပြောပြသည်။

၎င်းက “အလုပ်လျှောက်ရင် ပုံစံက အမျိုးသားလိုနေမှ လက်ခံမယ့် သဘောမျိုးတော့ရှိတယ်။ အခု လက်ရှိအလုပ်မှာ အစပိုင်းတုန်း ကတော့ ကိုယ့်ဝတ်စားပုံနဲ့ အဆင်မပြေဘူး၊ နောက်ပိုင်းတော့ လက်ခံပေးလာတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က အခြားသူ၊ ယောက်ျား မိန်းမတွေထက် အလုပ်ပိုပြီး ကြိုးစားလုပ်တယ်။ ဖြတ်ထိုးဉာဏ် ရှိတယ်လို့လည်း ကိုယ့် ကိုယ်ကို ထင်တယ်။ ဒါကြောင့် တခြားသူ တွေထက် ပိုပြီး ဦးစားပေးလာတဲ့ အခြေအနေမှာတော့ ရှိတယ်”ဟု ပြောသည်။

ယောကျာ်းများကဲ့သို့ ဝတ်စားနေထိုင်သူ Transmen များနှင့် ပတ်သက်၍လည်း “အဓိကက သူတို့ တွေက အမျိုးသမီး တွေလို ဝတ်စားရင် အလုပ်ရမယ် ဆိုပေမယ့် သူတို့စိတ်နဲ့ ဖြစ်တည်မှုက အမျိုး သမီးလို မနေချင်တဲ့အတွက် သူတို့ကို အလုပ် ပေးချင်ပေမယ့် မရပြန်ဘူး။ ဒါကြောင့် သူတို့နဲ့ကိုက် ညီတဲ့ ယောက်ျားလေး လုပ်တဲ့အလုပ်တွေ၊ ရွေးချယ် ကြရပြန်တယ်။ အလုပ်ကြမ်း မဟုတ်ရင် လည်း စားပွဲထိုးလို အလုပ်မျိုးတွေပေါ့” ဟု ရှင်းပြသည်။

အလုပ်အကိုင် ရှားပါးခြင်းမှာ အဓိက အကြောင်းအရင်း ၂ ချက်ဖြစ်သည့် လုပ်သားဈေးကွက် မရှိ ခြင်းနှင့် LGBT များ ကိုယ်တိုင် စွမ်းရည် မပြည့်ဝသေးခြင်း တို့ကြောင့် ဖြစ်နိုင်သည်ဟု “ရှင်းသန့်”က ဆက်ပြောသည်။

သူက“လုပ်ငန်းရှင်တွေက အလုပ်ပေးချင်တယ်၊ LGBT များ ကိုယ်တိုင် ဈေးကွက်နဲ့ ကိုက်ညီတဲ့ အရည်အချင်း မရှိသေးလို့၊ သူတို့ကိုယ်တိုင် မလေ့လာ၊ မသင်ယူထားလို့ ဖြစ်ကောင်းဖြစ်မယ်။ တဖက်မှာလည်း အလုပ်ဆိုတာ ဝတ်စားဆင်ယင်မှုနဲ့ လုပ်တာ မဟုတ်ဘဲ အရည်အချင်းနဲ့ လုပ်ရမှာ ဖြစ်လို့ အလုပ်ရှင်တွေက အဝတ်အစားကို ခွဲခြားဆုံးဖြတ်ပြီး ရွေးချယ်နေရင် မှားမယ်လို့ထင်တယ်”ဟု သုံးသပ်သည်။

လိင်စိတ်ခံယူမှု ကွဲပြားသူများသည် မိမိ တာဝန်ယူ လုပ်ဆောင်ရမည့် အလုပ်နှင့်ဆိုင်သော လုပ်ငန်း ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု နှင့် တာဝန်ကျေပွန်မှု ရှိရန်သာ အဓိက လိုအပ်ပြီး သူတို့၏ ကိုယ်ပိုင် အခွင့် အရေးဖြစ်သော လိင်စိတ်ခံယူမှုအပေါ် အခြေခံပြီး မရွေးချယ်သင့်ကြောင်း ခရီးသွားဝန်ဆောင်မှုနှင့် ကြော်ငြာလုပ်ငန်း တခုမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝဏ္ဏဖြိုးက ပြောသည်။

“ကျနော်က သူတို့ကို အလုပ်ခန့်ပြီး အလုပ် စဝင်ဝင်ချင်း အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားတတ်ဖို့ ပြောထားတယ်။ Gender နဲ့ လိင်စိတ်က အဓိက မဟုတ်ဘူး။ တချို့က သူတို့ ပိုကြိုးစားတာ မြင်ရ တယ်။ စိတ်ပေါ်မှာတော့ မူတည်တာပေါ့။ ကျနော့်ဆီမှာ လိင်စိတ်ခံယူမှု ကွဲပြားသူ နှစ်ယောက်ရှိတယ်။ တယောက်က တော်တော်ကြိုးစားတယ်၊ တယောက် ကတော့ တွန်းပေးနေရတာ ရှိတယ်။ ကျန်တာ တွေတော့ မထိခိုက်ပါဘူး”ဟု ၎င်းက ရှင်းပြသည်။

လုပ်ငန်းရှင်များမှ နားလည်မှုပေးခြင်းဖြင့် လုပ်ငန်း တွင်ကျယ်လာပြီး ဝန်ထမ်းများလည်း ပေါ့ပေါ့ ပါးပါးနှင့် စိတ်ပျော်ရွှင်စွာ အလုပ်လုပ်နိုင်သည်ဟု သူ၏ လုပ်ငန်းခွင် တိုးတက်မှုကို ပြောပြသည်။

သူ၏ လုပ်ငန်းခွင်တွင် သတ်မှတ်ချက်ဖြစ်သော ယူနီဖောင်းဝတ်စုံကို အားလုံး ဝတ်ရမည်ဖြစ်ပြီး တပတ်တွင် စနေနေ့ ၁ ရက်ကို ဝန်ထမ်းများ စိတ်ကြိုက် ဝတ်ဆင်ခွင့် ပေးထားသည်ဟု သိရသည်။

“ရုံးအုပ် HR (ဝန်ထမ်းအရင်းအမြစ်ရေးရာ) ကိုတော့ နားလည်အောင် ကြိုပြောထားရတာပေါ့၊ ဥပမာ စနေနေ့လိုမျိုးဆို ကြိုက်တဲ့ ဝတ်စုံ ဝတ်လာပေါ့၊ ကျနော့်အလုပ်ထဲမှာ Tom boy တယောက်ဆိုရင် ယူနီဖောင်း ဝတ်ခိုင်းတယ်၊ အပေါ်က ရှပ် ထပ်ဝတ်တယ်။ စစချင်းတော့ အဆင်မပြေဘူး ပြောပေမယ့် သူ့ကိုနားလည်အောင် ပြောပြတော့ အဆင်ပြေသွားတာပဲ”ဟု သူက ပြောပြသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
171
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
537
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

လိင်စိတ်ခံယူမှု ကွဲပြားသူများနှင့် ပတ်သက်ပြီး လုပ်ငန်းခွင် အခြေအနေ၊ လုပ်သားလက်ခံမှုတို့တွင် နားလည် နိုင်မည့် လုပ်ငန်းရှင်များ နည်းပါး နေသေးသော်လည်း သူတို့ကို လက်ခံ နားလည်ပေးမည် ဆိုပါက လုပ်ငန်းခွင်ထဲတွင် အပြန်အလှန် လေးစားမှုများကို ပိုမို တည်ဆောက်နိုင်ပြီး အောင်မြင်မှု ရရှိစေနိုင်သည်ဟု ဦးဝဏ္ဏဖြိုး က ဆိုပါသည်။

မကြာသေးမီကပင် လုပ်ငန်းခွင် အတွင်း လိင်စိတ်ခံယူမှု ကွဲပြားသည့်အပေါ် ဝိုင်းဝန်း လှောင်ပြောင် ခံရသည် ဟုဆိုကာ သတ်သေသွားသည့် ကိုကျော်ဇင်ဝင်း အမှုမှာလည်း နိုင်ငံတကာ အထိ ပျံ့နှံ့သွား ခဲ့ရပြီး ယနေ့အထိ တရားမျှတမှု အပေါ် တောင်းဆိုနေကြဆဲ ဖြစ်သည်။

ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ BWU မှ စီစဉ်လုပ်ဆောင်သည့် HI News (Honest Information) မှ ကူးယူဖော်ပြပါသည်။

ဆက်စပ်ဖတ်ရှုရန်

LGBT များကို လှောင်ပြောင် သရုပ်ဖော်မှုများ ရပ်တန့်ပေးရန် တောင်းဆို

LGBT တွေကို မခွဲခြားဘဲ နွေးနွေးထွေးထွေး ဆက်ဆံတဲ့ နိုင်ငံများ

Your Thoughts …
Tags: LGBTအလုပ်အကိုင်
ကော်ကော်

ကော်ကော်

Similar Picks:

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
11.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

H&M  မြန်မာပြည်က ထွက်ခွာသွားသော အခါ

H&M မြန်မာပြည်က ထွက်ခွာသွားသော အခါ

by ဧရာဝတီ
31 August 2023
4.6k

ထိုသို့ နိုင်ငံတကာအမှတ်တံဆိပ်များသည် မြန်မာနှင့် အဆက်အဆံ မရှိတော့ခြင်းသည် နိုင်ငံအတွင်းရှိ အလုပ်သမားဘဝများကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ကျွမ်းကျင်သူအချို့က ဆိုကြသည်

လစာတိုးပေးသော အလုပ်ရှင်များအား မြန်မာပြည်တွင် ဖမ်းနေသည်

လစာတိုးပေးသော အလုပ်ရှင်များအား မြန်မာပြည်တွင် ဖမ်းနေသည်

by Richard C. Paddock
3 July 2024
4.1k

အလုပ်သမားများကို လစာတိုးပေးသည်ဆိုသည့် သတင်းများ ပျံ့နှံ့ပြီးနောက် အဖမ်းခံရသည့် စီးပွားရေးလုပ်ငန်းရှင် အနည်းဆုံး ၁၀ ဦး ဖြစ်သည်။

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

by နွေနေ
3 February 2025
3.8k

ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ အန္တရာယ်ရှိတဲ့ အာဏာရှင်စနစ်ကို ဦးတည်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ညီညွတ်မှု မရှိဘူးလို့ ဆိုတယ်။

ပြည်တွင်းစစ်ကြောင့် ဆုံးရှုံးနိုင်သည့် မြန်မာ့ “လူဦးရေအချိုးအစား အားသာချက်”

ပြည်တွင်းစစ်ကြောင့် ဆုံးရှုံးနိုင်သည့် မြန်မာ့ “လူဦးရေအချိုးအစား အားသာချက်”

by David Hutt
27 July 2024
2.8k

သို့သော် နောက်ထပ် ဆယ်နှစ် သို့မဟုတ် အနှစ် နှစ်ဆယ်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၏ ဆိုးရွားလှသော နောက်ထပ် အကျိုးဆက်တခု ရှိနေသည်။

မြန်မာစစ်ဘေးရှောင်များ တရုတ်နယ်စပ်တွင် ပိတ်မိနေ

မြန်မာစစ်ဘေးရှောင်များ တရုတ်နယ်စပ်တွင် ပိတ်မိနေ

by ဧရာဝတီ
9 October 2023
1.8k

"ကျမတို့အားလုံးက ညဘက်ဆို လမ်းမမှာပဲ အိပ်နေရတာ။ ကျမတို့အပေါ် ဗုံးကျလာမှာ၊ အဓမ္မပြုကျင့်ခံရမှာ ကြောက်နေရတယ်" ဟု မညိုက ပြောသည်။

Next Post
လွှတ်တော်သို့ ရောက်ရှိလာသည့် တပ်မတော်သား ကိုယ်စားလှယ်များ / ထက်နိုင်ဇော် / ဧရာဝတီ

၂၀၀၈ ဖွဲ့စည်းပုံကြောင့် NLD အစိုးရ ရပ်တည်နိုင်ခြင်းကို မမေ့ရန် တပ်မတော် သတိပေး

အဆိုတော်နီနီခင်ဇော် / NiNi Khin Zaw's Facebook

မန္တလေးမှာ Red Revolution Show ပွဲကြီးလုပ်ဖို့ ပြင်ဆင်နေတဲ့ နီနီခင်ဇော်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved