• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“The Voice Myanmar” အဆိုပြိုင်ပွဲ ဝင်မယ့်သူတွေကို အကြံပေးစကားပြောတဲ့ ငွေစိုး

by ချစ်ပိုး
27 January 2019
in Entertainment
A A
အဆိုတော် ငွေစိုး  / Ngwe Soe's Facebook

အဆိုတော် ငွေစိုး / Ngwe Soe's Facebook

7.5k
VIEWS
Share on FacebookShare on Twitter

The Voice Myanmar Season 1 ကနေ ပရိသတ် အားပေးမှုရရှိလာခဲ့တဲ့ အဆိုတော်ငွေစိုးက တကိုယ်တော် တေးစီးရီးထွက်ဖို့ ပြင်ဆင်နေသလို မကြာခင်ပြုလုပ်မယ့် Season 2 ကိုပြိုင်ပွဲဝင်မယ့် ပြိုင်ပွဲဝင်တွေကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့ အကြံပေးစကားများ ဧရာဝတီကို ပြောပါတယ်။

“The Voice Myanmar Season က Season 2 လည်း လာတော့မယ်။ ပြိုင်ပွဲဝင်တွေကို ပြောပြချင်တာက ပြိုင်ပွဲတခုကို ပြိုင်တော့မယ်လို့ ဆုံးဖြတ်ထားရင် အသံအတွက် ထိန်းသိမ်းပါ။ ကျန်းမာရေးဂရုစိုက်ပါ။ အစားအသောက် ဆင်ခြင်ပါ။ အိပ်ရေး ဝဝအိပ်ပါ။ သီချင်းတွေ ကြိုရွေးပါလို့ပြောချင်ပါတယ်”

“Season1 တုန်းက ကျနော်လုပ်ခဲ့တာ ဘာမှ သိပ်မရှိဘူး။ ကျန်းမာရေး ဂရုစိုက်တယ်။ သီချင်းတွေ ကြိုရွေးတယ်။ ကြိုလုပ်တယ်။ ပရိသတ်နဲ့ တသားတည်းကျမယ့် သီချင်းမျိုးလေးတွေ ပရိသတ်မကြားတာကြာတဲ့ သီချင်းလေးတွေ ပြန်ဆိုတယ်” လို့ ငွေစိုးက ဆိုပါတယ်။

တကိုယ်တော်တေးစီးရီးအတွက် သီချင်းတွေလုပ်နေပြီး ပရိသတ်များနားဆင်နိုင်ဖို့ အွန်လိုင်းကနေလည်း Single Song တွေတင်ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။ တကိုယ်တော်အခွေကိုတော့ ဖေဖော်ဝါရီနဲ့ မတ်လ အတွင်းထွက်နိုင်အောင် ကြိုးစားနေပြီး ဒီနှစ်အတွင်းတော့ ထွက်နိုင်ဖို့ သေချာကြောင်းဆိုပါတယ်။

ငွေစိုးက အဆိုတော်အပြင် သရုပ်ဆောင်အဖြစ် Canel+ မှာပြသနေတဲ့ “စာမျက်နှာသစ်”ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူနဲ့ အဆိုတော်ငွေစိုး (ဓာတ်ပုံ – Ngwe Soe’s Facebook)

“ကျနော် Canel+ အတွက် “စာမျက်နှာသစ်” ဆိုတဲ့ ဇာတ်ကားလေးမှာ ပါဝင်သရုပ်ဆောင်ထားတယ်။ အဆိုပိုင်းကလာတဲ့ သူဆိုတော့ သရုပ်ဆောင်ပိုင်းမှာ ခက်ခဲတယ်။ သီချင်းကျက်ရတာနဲ့ မတူဘူး။ နောက် ဝါရင့်တွေနဲ့ သရုပ်ဆောင်ရင် ရှိန်တော့ ကျက်ထားတာတွေမေ့ကုန်တယ်။ သူတို့က လက်တွဲခေါ်ပေးတော့ နောက်ပိုင်းအဆင်ပြေ သွားတယ်”

“ကျနော် သရုပ်မဆောင်ချင်ဘူး။ MTV လိုမျိုးက သိပ်ပြဿနာမရှိဘူး။ ကိုယ့်ကြောင့် ပရိသတ်အနှောင့်အယှက် ဖြစ်မှာ စိုးတယ်။ ကိုယ့်သမီးကိုယ်တိုင်က ဖေဖေသရုပ်ဆောင်တာ ကောင်းတယ်။ မျက်လုံးတော့ပြင်ရမယ်တဲ့ သမီးကိုယ်တိုင်က ဝေဖန်တယ်။ ကိုယ့်သမီးက ကိုယ့်ကို အားပေးတယ်။ သီချင်းဆိုလည်းအားပေးတယ်” လို့ ငွေစိုးက ဆိုပါတယ်။

သမီးတယောက်ရဲ့ ဖခင်ဖြစ်တဲ့အတွက် သမီးဖြစ်သူနဲ့ ပတ်သက်တဲ့ ခံစားချက်ကိုလည်း အခုလိုဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“ သမီးက ငွေနှင်းရတီပါ။ အသက်က ၁၀နှစ် မန္တလေးမှာနေပါတယ်။ သမီးလေးကို သူ့ရဲ့ စိတ်နဲ့ ထပ်တူကျတာကိုပဲ လုပ်စေချင်တယ်။ ကျနော်ကိုယ်တိုင်က ဒါလုပ်ပါလို့ မတိုက်တွန်းချင်ဘူး။ အဖေရော အမေရော ဂီတလိုင်းက ဆိုတော့ သူ့မှာလည်း ပိုးတော့ ပါတယ်။ သူအင်္ဂလိပ် သီချင်းတွေနားထောင်တယ်”

“ကျနော်သမီးအတွက် သီချင်းလေး တပုဒ်ဆိုဖို့ရှိတယ်။ ကိုလင်းကို ရေးခိုင်းထားတယ်။ ကိုလင်းကလည်း သမီးလေး နှစ်ယောက်မွေးထားတာလေ။ သူ့ရေးပေးရင် ကိုယ်နဲ့ ထပ်တူကျမယ်ထင်လို့ သူရေးပေးမယ်ပြောတယ်။ ကျနော့်အယ်ဘမ်လ်ထဲမှာ ပါမယ်”လို့ ငွေစိုးက ပြောပါတယ်။

အဆိုတော်ငွေစိုးက The Voice Myanmar Season 1 မှာ Winner ရရှိခဲ့ပြီး နောက်ပိုင်း သီချင်းတွေ သီဆိုနေသလို အွန်လိုင်းကနေ ပရိသတ်အတွက် သီချင်းသစ် နှစ်ပုဒ်တင်ပေးထားပါသေးတယ်။

Your Thoughts …
Tags: The Voice Myanmarအဆိုတော်ငွေစိုး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

Final အထိ တက်လှမ်းသွားတဲ့ ပြိုင်ပွဲဝင် ၄ ဦး / The Voice Myanmar

The Voice Myanmar Season 3 ရဲ့ ဖိုင်နယ် ပြိုင်ပွဲဝင် ၄ ဦး ပေါ်ထွက်

by ယုဖြူဟန်
14 December 2020
5.5k

ဖိုင်နယ်ပွဲကို တက်လှမ်းသွားတဲ့ ပြိုင်ပွဲဝင်တွေကတော့ Team YC မှ Error ၊ Team ကျားပေါက်မှ တွမ်ပီး၊ Team နီနီခင်ဇော်မှ ခင်ရတနာစိုး၊ Team R ဇာနည်မှ N Oo L...

Winner ဆု ရရှိခဲ့တဲ့ ပြိုင်ပွဲဝင် အဆိုရှင် ငွေစိုး / The Voice Myanmar’s Facebook

“The Voice Myanmar 2018 Winner” အဆိုရှင်၊ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့သလား

by ချစ်ပိုး
4 June 2018
18.3k

ပြိုင်ပွဲဝင် ငွေစိုးက နိုင်ငံကျော် တေးရေး၊ အဆိုတော် လင်းလင်းရဲ့ အဖွဲ့က ဖြစ်ပြီး အဆိုတော် လင်းလင်း ကလည်း ဒီသီချင်းကို သီဆိုခွင့်ပြုခဲ့တဲ့ ထူးအိမ်သင်ရဲ့ မိသားစုကို ကျေးဇူးတင်တယ်လို့ ထပ်မံပြောပြခဲ့ပါသေးတယ်။

အဆိုတော် ငွေစိုး / ငွေစိုး / Facebook

ဆုရခြင်း၊ မရခြင်းထက် သီချင်းအပေါ်မှာပဲ စိုးရိမ်ခဲ့တဲ့ The Voice Myanmar Winner ငွေစိုး

by မန်းသူ
6 June 2018
10.4k

ကျနော် Final မှာတော့ စိုးရိမ်စိတ် ရှိခဲ့တယ်။ အဲဒါက ဆုရခြင်း၊ မရခြင်းအတွက် စိုးရိမ်တာတော့ မဟုတ်ဘူး။ ကျနော် ဆိုမယ့်သီချင်းက ကိုငှက်သီချင်း ဖြစ်နေတဲ့အတွက် တာဝန် အရမ်းကြီးတယ်။ မှားမှာစိုးလို့ စိုးရိမ်တာ တခုပါပဲ။

အဆိုတော် နီနီခင်ဇော်  / The Voice Myanmar's Facebook

“ပြိုင်ပွဲဝင်တွေကို နှလုံးသားနဲ့ရွေးရသလို ဉာဏ်ပညာနဲ့လည်း ရွေးရတယ်”

by ချစ်ပိုး
22 January 2019
14.3k

“ဉာဏ်နဲ့ဆိုတာ သူရှေ့မှာ ကောင်းလာနိုင်လားပိုပြီး ဆိုးသွားနိုင်လား ဆိုတာကိုကြည့်တယ်။ နှလုံးသားနဲ့က တခါတလေ မှားတတ်တယ်။ ဒီတပွဲမှာပဲကောင်းပြီး နောက်တပွဲမှာ ကောင်းချင်မှကောင်းတော့တယ်။

Next Post
အဆိုတော် နီနီခင်ဇော်  / Nini Khin Zaw's Facebook

တကိုယ်တော်အခွေနဲ့ အလှကုန်ပစ္စည်းသစ်ထပ်ထုတ်ဖို့ ရှိနေတဲ့ အဆိုတော် နီနီခင်ဇော်

ဘိုကလေးမြို့၊ အမှတ် ၇ ရပ်ကွက်ရှိ မီးလောင်ပျက်စီးမှု မြင်ကွင်း  /  ဧရာဝတီ

ဘိုကလေးက ကိုယ့်အိမ်ကိုယ် မီးရှို့ မှု အခြားအိမ်များပါကူးစက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved