နာမည်ကျော် Kentucky Fried Chicken (KFC)ဟာာ သက်သတ်လွတ်စားသုံးသူတွေကို ဆွဲဆောင်တဲ့အနေနဲ့ အသားအစား အပင်ကနေ အခြေခံထုတ်လုပ်ထားတဲ့ အသားတုတွေကိုအသုံးပြုပြီး Chicken Nuggets နဲ့ ကြက် တောင်ပံကြော်ကို အသီးအရွက်စားသူတွေအတွက် ရည်ရွယ်ရောင်းချပေးတော့မယ်လို့ ဆိုပါတယ်။
နောက်ဆုံးဖွင့်လှစ်မယ့် Atlanta KFC ဆိုင်ခွဲမှာ အဆိုပါ သက်သတ်လွတ် မီနူးအသစ်ကို စတင်ရောင်းချပေး သွားမှာဖြစ်ပြီး စားသုံးသူတွေရဲ့ တုန့်ပြန်မှပေါ်မူတည်ကာ တခြားဆိုင်တွေမှာပါ ဆက်လက်ရောင်းချပေးသွားဖို့ စီ စဉ်ထားပါတယ်။
အပင်ကနေအခြေခံထုတ်လုပ်ထားတဲ့ အသားအစားထိုး အသားတုတွေကို ထုတ်လုပ်ရောင်းချပေးနေတဲ့ Beyond Meat ကနေပြီး အဆိုပါမီနူးအသစ်အတွက် အသားတုကို တာဝန်ယူပေးသွားမှာပါ။
၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တဲ့ Beyond Meat ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံထဲမှာ အသားတုတွေကို စတင် ရောင်းချနိုင်ခဲ့သလို ၂၀၁၆ ခုနှစ်မှာတော့ ပထမဆုံး အသားတုဟမ်ဘာဂါကို ဈေးကွက်ထဲမှာ ရောင်းချပေးနိုင် ခဲ့ပါတယ်။ Beyond Meat ဟာ ဘာဂါအပြင် အသားချောင်းနဲ့ အသားမွှကြော်အတုတွေကိုလည်း ထုတ်လုပ် ရောင်းချပါတယ်။
အခုလည်း နာမည်ကျော် KFC ဆိုင်နဲ့ လက်တွဲပြီး သက်သတ်လွတ်စားသုံးသူတွေအတွက် ရည်ရွယ်ထားတဲ့ မီနူး အသစ်အတွက် အကျိုးတူပူးပေါင်းခဲ့ကြတာပါ။ သက်သတ်လွတ်မီနူးအသစ် Chicken Nuggets တပွဲကို အမေရိ ကန်ဒေါ်လာ 6.49 ကနေ 8.49 ကြား၊ သက်သတ်လွတ်ကြက်တောင်ပံကြော်ကိုတော့ ဒေါ်လာ 6 ကနေ 12 အတွင်းရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
အသားတုတွေကို စမ်းသပ်ရောင်းချပေးနေတဲ့ စားသောက်ဆိုင်ကြီးတွေမှာလည်း အရင်ကထက် စားသုံးသူတွေ က လက်ခံအားပေးလာတာကြောင့် ဝယ်လိုအားပိုများလာခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ စားသုံးသူတွေဟာ ကျန်းမာရေးအတွက် ပိုသင့်တော်တဲ့အစားအသောက်တွေကို ရွေးချယ်လာတာကြောင့် Euromonitor အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ အသားအစားထိုး အသားတု ရောင်းချမှု ၇၈ ရာခိုင်နှုန်းလောက်မြင့်တက်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အမြတ်အစွန်းပိုများလာတဲ့ အသားတုဈေးကွက်အတွင်းမှာ Beyond Meat နဲ့အပြိုင် ဖြစ်လာမယ့် ပြိုင်ဘက် ကုမ္ပဏီတွေရှိလာပါပြီ။ အသားထုတ်လုပ်ရောင်းချနေတဲ့ Tyson Foods ကလည်း နောက်ထပ်ဖြန့်ချိမယ့် Nuggets တွေကို အသားအစားထိုး ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ ပဲကတဆင့် ထုတ်လုပ်တော့မယ်လို့ ကြေညာ လိုက်ပါတယ်။
ဒါ့ပြင် ကြက်သားအသားထုတ်လုပ်ရောင်းချနေတဲ့ Perdue Farm ကလည်း Nuggets ကို အသားချည်းမဟုတ်တော့ဘဲ အသီးအရွက်နဲ့ရောကာ ထုတ်လုပ်ရောင်းချတော့မယ်လို့ ဆိုပါတယ်။
Ref: AP
You may also like these stories:
ဆစ်ဒနေမြို့က မူလတန်းကျောင်းတခုမှာ အသင့်စားမုန့်တွေ ပို့ခွင့်ပိတ်ပင်