Trend

မော်စကိုမှာ ဝန်ထမ်းအစား စက်ရုပ်တွေနဲ့ အစားထိုးထားတဲ့ KFC ဆိုင်ခွဲ

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် Kentucky Fried Chicken (KFC) ကြက်ကြော်ဆိုင်ကြီးက ဝန်ထမ်းမပါဘဲ စက်တွေနဲ့ အလိုအလျောက် လုပ်ဆောင်သွားမယ့် ဆိုင်ခွဲကို ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ ပြသလိုက်ပါတယ်။ COVID-19 ကူးစက်မှုတွေကို ကာကွယ်တဲ့အနေနဲ့ အခုလို စက်တွေနဲ့ပဲ ရောင်းချမယ့်ဆိုင်ကို ပြသခဲ့တာပါ။

“A restaurant of the future” လို့ နာမည်ပေးထားတဲ့ KFC ဆိုင်ခွဲကို စားသုံးသူတွေနဲ့ ဆိုင်ဝန်ထမ်းတွေကြား ထိတွေ့မှုတွေ လျှော့ချလိုက်တဲ့အနေနဲ့ စက်တွေနဲ့ပဲ ပြင်ဆင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို စက်ရုပ်တွေက မှာထားတဲ့ အော်ဒါတွေအတိုင်း ပြင်ဆင်ပေးသွားမှာပါ။

စားသုံးသူဘက်က ကျသင့်ငွေကို ဘဏ်ကတ် ဒါမှမဟုတ် မှတ်ပုံတင်ထားတဲ့ Face biometric data တွေ သုံးပြီး ရှင်းပေးရမှာဖြစ်ပါတယ်။ KFC ရဲ့ တာဝန်ရှိသူ Dimitry Ageev က အဆိုပါ စက်တွေသုံးပြီး ရောင်းချမယ့်ပုံစံကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိခင်ကတည်းက မှာယူမယ့် အစားအသောက်တွေ ကျန်းမာရေးနဲ့အညီ သန့်ရှင်းဖို့အတွက် ဆိုင်ခွဲသစ်ကြီးကို ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

KFC က တဆိုင်လုံးကို လူမပါဘဲ လည်ပတ်နေတာမျိုးတော့ မဟုတ်ပါဘူး။ အစားအသောက်တွေ ချက်ပြုတ်ဖို့အတွက် နှာခေါင်းစည်း Mask တွေ၊ လက်အိတ်တွေနဲ့ စနစ်တကျ ကာကွယ်ထားတဲ့ ဝန်ထမ်းတွေက မှာယူထားတဲ့ အော်ဒါတွေအတွက် ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

KFC ဆိုင်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျှော့ချရေးနဲ့ ကျန်းမာရေးနဲ့အညီ သန့်ရှင်းဖို့အတွက် ဝန်ထမ်းတွေအစား စက်ရုပ်တွေ သုံးလာတာကြောင့် နောင်တချိန်မှာ အလုပ်အကိုင် ရှားပါးသွားမှာကို စိုးရိမ်နေသူတွေလည်း ရှိပါတယ်။

လူမပါဘဲ စက်ရုပ်တွေနဲ့ အစားထိုးလာကြတာဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးအလွန် နောက်ပိုင်းမှာဖြစ်လာမယ့် ရှေ့ပြေးပုံစံတွေဖြစ်တယ်လို့ ပညာရှင်တွေကတော့ ခန့်မှန်းထားပါတယ်။

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် စားသောက်ဆိုင်တွေကို ၂ လကြာ ကန့်သတ်ပိတ်ထားခဲ့ပြီးနောက် ဇွန် ၂၃ ရက်မှာ မြို့တွင်းကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတဲ့အနေနဲ့ ဆိုင်အပြင်မှာပါ ထိုင်စားခွင့် ပြုလိုက်ပါပြီ။

မြို့တော် မော်စကိုမှာ COVID-19 ကူးစက်ခံရသူ ၂ သိန်းကျော်ရှိပြီး ဒီထဲကမှ တရားဝင်ထုတ်ပြန်ချက်အရ သေဆုံးသူ ၃,၅၉၇ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

Ref: New York Post

You may also like these stories:

Beyond Meat နဲ့လက်တွဲပြီး သက်သတ်လွတ်မီနူးတွေ ရောင်းတော့မယ့် KFC

Did you find apk for android? You can find new Free Android Games and apps.
Loading