• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဟစ်တလာ၏ နောက်ဆုံး အမိန့် (၂)

by လင်းယုန်မောင်မောင်
15 February 2025
in ဆောင်းပါး
A A
ဟစ်တလာ၏ နောက်ဆုံး အမိန့် (၂)
1.8k
VIEWS
Share on FacebookShare on Twitter

ယခင်အပတ်မှ အဆက်

“သူတို့ဟာ ငါ့ကို အသေဖြစ်ဖြစ်၊ အရှင် ဖြစ်ဖြစ် ဖမ်းမိသွားရင် မော်စကို ကို ယူသွားကြမှာ သေချာတယ်။ အဲဒီမှာ ငါ့ကို ပြပွဲ လုပ်ပြီး လူတွေကို ပြကြလိမ့်မယ်။ အဲဒီကျတော့ ငါဟာ ပုံသွင်းထားတဲ့ ဖယောင်းရုပ်ကြီး တရုတ်လို ဖြစ်သွားမှာပဲ”

ဟစ်တလာသည် စိတ်မချမ်းသာသည့် အမူအရာဖြင့် ညည်းတွား ပြောဆိုလိုက်သည်။ ထို့နောက် ချက်ချင်း ဆိုသလိုပင် သူသည် စိတ်မထိန်းနိုင်ဘဲ ဒေါသတကြီးဖြင့် ထအော်လိုက်သည်။

“ဒါမျိုး အဖြစ်မခံနိုင်ဘူး၊ ငါပြောတာ ကြားရဲ့လား၊ ဒီအဖြစ်မျိုး ဘယ်တော့ဆို ဘယ်တော့မှ မဖြစ်ရဘူး”

*****

ကျွန်ုပ်သည် အလောင်းများကို စောင်များဖြင့် သေသေချာချာ ဂရုစိုက်၍ ပတ်လိုက်သည်။ အထူးသဖြင့် သေဆုံးနေပြီ ဖြစ်သော ဟစ်တလာ၏ မျက်နှာကို မည်သူမျှ မမြင်နိုင်စေရန် ဖြစ်သည်။

ထို့နောက် အသေခံတပ်သား နှစ်ယောက်တို့က ကျွန်ုပ်အား ဟစ်တလာ၏ အလောင်း အပြင်သို့ သယ်ထုတ်သွားရာတွင် ဝင်ရောက် ကူညီသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
29
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
202
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
212

အီဗာဘရွန်း၏ အလောင်းကိုမူ ကိုယ်ရံတော် တပ်ဖွဲ့မှ တပ်မှူး ဖြစ်သူ ဗိုလ်မှူး ဂွမ်ချဲ က သယ်ဆောင် လာခဲ့သည်။

အီဗာဘရွန်းသည် ထိုစဉ်က နက်ပြာရောင် အပြောက်ကလေးများ ပါသည့် ဂါဝန်၊ ချောကလက်ရောင် အီတာလျံ ရှုးဖိနပ်ကို စီးကား နိုင်လွန် ခြေအိတ်များကို ဝတ်ဆင်ထားခဲ့သည်။

သူမ၏ လက်ကောက်ဝတ်တွင်မူ တခုတည်းသော လက်ဝတ်ရတနာ အဖြစ် စိန်များ တပ်ဆင်ထားသည့် ပလက်တီနံ လက်ပတ်နာရီလေးကို ခါတိုင်းကဲ့သို့ပင် ပတ်ထားလျက် ရှိသည်။

ဤလက်ပတ်နာရီမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ဟစ်တလာက ပေးထားခဲ့သည့် လက်ဆောင် ပစ္စည်းဖြစ်သည်။

မကြာမီ ဓာတ်ဆီများ ရောက်လာသည်။ ကျွန်ုပ်သည် ဓာတ်ဆီများကို တပုံးပြီး တပုံး အလောင်းများပေါ်သို့ လောင်းချခဲ့ရာ ဂွမ်ချဲ နှင့် အခြား အရာရှိများက ကူညီ လုပ်ကိုင်ပေးခဲ့ကြသည်။

ဟစ်တလာ နောက်ဆုံး နေထိုင်သွားခဲ့သည့် မြေအောက်ဗုံးကျင်း နှင့် ဟစ်တလာ၏ အလောင်း မီးသင်္ဂြိုဟ် ခဲ့သော နေရာကို ပြသသည့် ဆိုဗီယက် (ရုရှား) တို့၏ မြေပုံကြမ်း။ / ဟစ်တလာ သေ – မသေ စာအုပ်မှ။

ထိုအချိန်မှာပင် ဆူညံ မြည်ဟီးနေသည့် အမြောက်သံများနှင့် အတူ စက်သေနတ် သံများကိုပါ မကြာခဏ တဖျောက်ဖျောက် ကြားလာရသည်။

ကျွန်ုပ်အတွက် အချိန် သိပ်ဖြုန်းနေ၍ မဖြစ်တော့ ဟူ၍ သိလိုက်ရသည်။

ဓာတ်ဆီများ လောင်းထားသည့် စောင်များကို မီးရှို့လိုက်သည်နှင့် တပြိုင်နက် ကြီးမားလှသည့် မီးတောက်ကြီးသည် ဝုန်းခနဲ တမုဟုတ်ခြင်း ထ၍ တောက်လောင်ခဲ့သည်။

မီးတောက်၏ အရှိန်မှာ ကြီးမားလှသည်နှင့် အမျှ အလင်းရောင်မှာလည်း စူးလှသည် ဖြစ်ရာ မျက်စိများပင် ပြာ၍ ဘာမှ မမြင်ရအောင် ဖြစ်သွားခဲ့သည်။

သို့သော် မီးတောက်များ လျင်မြန်စွာ တောက်လောင် သကဲ့သို့ လျင်မြန်စွာပင် အရှိန်ကျသွားသည်ကို တွေ့ရသည်။

ဟစ်တလာသည် သူ၏ အလောင်းကို ပြာကျသည်အထိ မီးရှို့ပစ်စေလိုကြောင်း ကျွန်ုပ် သတိပြုမိသည်။

သို့သော် ကျွန်ုပ်သည် ယခုကဲ့သို့ သေရေး ရှင်ရေး ဖြစ်နေသည့် အခိုက်အတန့်ကလေးမှာပင် ကျွန်ုပ်တို့သည် ဓာတ်ဆီ အစား မီးသင်္ဂြိုဟ် ရာတွင် ပို၍ တမြေ့မြေ့ တောက်လောင်စေသည့် ရေနံဆီ ကဲ့သို့သော လောင်စာကို ဘာကြောင့် အသုံး မပြုကြသည်ကို စဉ်းစားကာ အံ့သြနေမိသည်။

သို့ဖြစ်၍လည်း အလောင်းများ မီးလောင်နေသည်ကို အခြားသော ပုဂ္ဂိုလ် အနည်းငယ်တို့နှင့် အတူ စောင့်ကြည့် နေဆဲမှာပင် ဤအလောင်းများကို မည်သည့်နည်းနှင့်မျှ ပြာကျအောင် မီးရှို့၍ မဖြစ်နိုင်သည်ကို ကျွန်ုပ် သတိပြုမိသည်။

ထိုအချိန်တွင် ဟစ်တလာ၏ ယူနီဖောင်း ဝတ်စုံနှင့် အီဗာဘရွန်း၏ အပြောက်ကလေးများ ပါသော ဂါဝန်မှာ လုံးဝ လောင်ကျွမ်း သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ဟစ်တလာနှင့် သူ့ဇနီး အီဗာတို့၏ ရုပ်အလောင်းများမှာ မှတ်မိနိုင်လောက်အောင် ရှိနေသေးသည်ကို တွေ့ရသည်။

ဤအခိုက်အတန့်မှာပင် ဘောမန်းက မီးသင်္ဂြိုဟ်သည့် တာဝန်ကို လွှဲပြောင်း ယူလိုက်သည်။

သူ့တွင် ဟစ်တလာက သီးသန့် ပေးခဲ့သည့် အမိန့်များ ရှိနေမည် ဖြစ်သည်။ သို့သော် ယင်းအမိန့်များသည် မည်သို့သော အမိန့်များ ဖြစ်နေသည်ကိုမူ ကျွန်ုပ် လုံးဝ မသိခဲ့ရပေ…။

သို့ဖြစ်ရာ ကျွန်ုပ်သည် ပုန်းကျင်းထဲသို့ ပြန်ပြေးလာခဲ့ပြီး ကျွန်ုပ်၏ ဒုတိယ လုပ်ငန်း တာဝန်ကို စတင် လုပ်ကိုင်ခဲ့ရသည်။ ယင်းတာဝန်မှာ ဟစ်တလာ၏ ကိုယ်ပိုင် အသုံးအဆောင် ပစ္စည်းမှန်သမျှကို ဖျက်ဆီးပစ်ခြင်းပင် ဖြစ်သည်။

ထို့နောက် နာရီ အနည်းငယ် ကြာသောအခါ ကျွန်ုပ်သည် ပုန်းကျင်းထဲမှတဖန် ပြန်ထွက်လာခဲ့ပြန်သည်။ ထိုအခါတွင်မူ ဟစ်တလာ၏ အသေခံ တပ်သားများသည် အလောင်းများကို မလှမ်းမကမ်း တနေရာသို့ သယ်ဆောင်သွားခဲ့ပြီး ထိုနေရာ တွင်ပင် မြေမြှုပ်ပစ်လိုက်ကြပြီဟု သိခဲ့ရသည်။

*****

ကျွန်ုပ်အား ရှရှားတပ်များက ဖမ်းဆီးခဲ့ပြီးနောက် ဟစ်တလာ၏ အလောင်း မြှုပ်နှံခဲ့သည်ဟု ယူဆရသော နေရာကို ပြသရန် အတွက် ကျွန်ုပ်အား ထိုနေရာသို့ ခေါ်လာခဲ့ကြသေးသည်။

ဟစ်တလာ၏ ဇနီး အီဗာဘရွန်း (၁၉၁၂-၁၉၄၅) / biography.com

သို့သော် ကျွန်ုပ်အား အကြိမ်ပေါင်း မြောက်မြားစွာ အဖန်တလဲလဲ စစ်ဆေး မေးမြန်း၍ ရှာဖွေခဲ့ကြသည့် တိုင်အောင် ဟစ်တလာ၏ အလောင်းကို လုံးဝ ရှာမတွေ့ဘဲ ဖြစ်ခဲ့သည့် အတွက် ကျွန်ုပ်မှာ အားရ ကျေနပ်မိပေသည်။

ဤနေရာတွင် ကျွန်ုပ်၌ အတွေးအခေါ် တခု ရှိ၏။ သို့သော် ဤသည်မှာ အတွေးအခေါ် သက်သက်သာလျှင် ဖြစ်၏။

ယင်းမှာ အခြား မဟုတ်၊ အသေခံ တပ်သားများသည် ဟစ်တလာနှင့် သူ့ဇနီးတို့၏ အလောင်းများကို အစိုးရ ဂေဟာ အနီးရှိ ကျင်းတကျင်းထဲတွင် အတူတကွ မြှုပ်နှံပစ်ခဲ့ကြသည် ဟူသော အချက်ပင် ဖြစ်၏။

ဤအတိုင်းသာ ဆိုပါက သူတို့သည် ထိုနေရာတွင် ယနေ့ထက် တိုင်အောင် လဲလျောင်းနေကြဆဲပင် ရှိလိမ့်ဦးမည် သာတည်း…။

*****

အထက်ပါတို့မှာ ဟစ်တလာ ကိုယ်တိုင် အတိအကျ အမိန့်ပေးခဲ့သဖြင့် ဟစ်တလာနှင့် အီဗာတို့၏ ရုပ်အလောင်းများကို ကိုယ်တိုင် စောင်ဖြင့်ပတ်၍ သယ်ဆောင်ကာ၊ ကိုယ်တိုင် ဓာတ်ဆီလောင်း၍ မီးသင်္ဂြိုဟ်ခဲ့ရသော ဟိန်းလင့်ဂျ်၏ နောက်ဆုံး ဖော်ထုတ် ရေးသားချက်ပင် ဖြစ်သည်။

ဟိန်းလင့်ဂျ်၏ အထက်ပါ ရေးသားချက်အရ သည်တခါတွင် ဟစ်တလာ သေပြီ ဟူသော သတင်းမှာ ဘယ်သူမှ ငြင်း၍ ရနိုင်စရာ မရှိတော့ဟု ဆိုရမည် ဖြစ်သည်။

အဘယ့်ကြောင့် ဆိုသော် သူသည် ဗြိတိသျှ သမိုင်းဆရာ ထရီဗာရိုဗာ၊ ဆိုဗီယက် သတင်းစာဆရာ ဆလာဗင်နှင့် အမေရိကန် အယ်ဒီတာ မက္ကဂရက်တို့ ကဲ့သို့ တဆင့်စကား တဆင့်နား ဆိုသလို သူတပါး ပြောပြချက်များကို တဆင့် ပြန်လည် တင်ပြနေခြင်း မဟုတ်ဘဲ သူကိုယ်တိုင် မျက်စိဖြင့် တပ်တပ်အပ်အပ် မြင်ခဲ့တွေ့ခဲ့ရ၍ ကိုယ်တိုင်ပါဝင် လုပ်ဆောင် ခဲ့ရသမျှကို အရင်းအတိုင်း ဖောက်သည် ချနေခြင်း ဖြစ်သည်။

အထူးသဖြင့် ဟစ်တလာသည် သူ့ကို ရုရှားတို့က အရှင်ဖြစ်စေ၊ အသေ ဖြစ်စေ ဖမ်းမိသွားမည်ကို အကြီးကျယ် စိုးရိမ် ထိတ်လန့် နေပုံများနှင့် သူ့ကို အရှင်လတ်လတ် ဖြစ်စေ၊ သေပြီးနောက် သူ့အလောင်းကိုပင် ဖြစ်စေ၊ ရုရှားတို့က မော်စကို အထိ ခေါ်ယူ သယ်ဆောင်သွားလိမ့်မည် ဟူ၍ တွေးတော ကြောက်ရွံ့နေပုံများမှာ လွန်စွာပင် ယုတ္တိ ရှိနေသည်နှင့် အမျှ တကယ့် အဖြစ်မှန်များ ဟူ၍ တထစ်ချ မှတ်ယူကြရမည်ပင် ဖြစ်သည်။

နောက်ဆုံး၌ ဟစ်တလာ ကိုယ်နှိုက်က သူနှင့် သူ့ဇနီး အီဗာဘရွန်း၏ အလောင်းများကို “ဘာတခုမှ အစအန မကျန် ရအောင်” မီးရှို့ဖျက်ဆီးပစ်ရန် အလေးအနက် အမိန့်ပေးထားခဲ့သည့် တိုင်အောင် တကယ့် လက်တွေ့တွင် အလောင်း များကို လုံးဝပြာကျသည်အထိ မီးသင်္ဂြိုဟ်ခြင်း မပြုနိုင်ခဲ့ကြောင်းများကို ဟိန်းလင့်ဂျ်က အတိအလင်း ဝန်ခံထားသည်ကို တွေ့ကြရသည်။

ဟစ်တလာ နှင့် အီဗာဘရွန်း ကို ၁၉၄၂ ခုနှစ်က တွေ့ရစဉ်။ ၁၉၄၅ ခုနှစ် ဧပြီလ ၂၉ ရက်တွင် လက်ထပ်ပြီး ဧပြီလ ၃၀ ရက်မှာ ၂ ဦးလုံး အဆုံး စီရင်သွားသည်။ / A blog of the U.S. National Archives

သို့ဖြစ်ရာ “ဟစ်တလာ သေပြီ” ဟူသော အချက်ကို မည်သူမျှ စောဒက တက်၍ မဖြစ်နိုင်တော့သလို မည်သူမျှ အငြင်းပွား၍ မဖြစ်နိုင်တော့ဟု ဆိုရမည် ဖြစ်သည်။

သို့သော် သည်ကြားထဲမှပင် ရှင်းစရာ လင်းစရာ မေးစရာ မြန်းစရာ အချက်တချက် ကျန်ရှိနေပြန်သေးသည်။

ယင်းအချက်မှာ ဟစ်တလာ အလောင်း ဘယ်မှာလဲ ဟူသော မေးခွန်းပင် ဖြစ်သည်။

မှန်သည်၊ ဟိန်းလင့်ဂျ်သည် ဟစ်တလာ၏ အလောင်းကို ပူပူနွေးနွေး တွေ့ခဲ့၊ မြင်ခဲ့ရသူ ဖြစ်သည်။ ဟစ်တလာ၏ အလောင်းကို စောင်ဖြင့် ပတ်၍ ကိုယ်တိုင် သယ်ယူခဲ့ရသူ ဖြစ်သည်။ ဟစ်တလာနှင့် အီဗာ တို့၏ အလောင်းများကို ကိုယ်တိုင် ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ရသူ ဖြစ်သည်။

သို့သော် အဆိုပါ အလောင်းများ မီးလောင်ကျွမ်းနေဆဲမှာပင် ဟိန်းလင့်ဂျ်သည် ဟစ်တလာ အမိန့်ပေးခဲ့သလို ပြာကျ၍ ဘာမှ မကျန်အောင် မိးရှို့ရန်မှာ မဖြစ်နိုင်ကြောင်း သိရသည့်အပြင်၊ ထိုအချိန်မှာပင် ဟစ်တလာ၏ ညာလက်ရုံး ဖြစ်သော မာတင် ဘောမန်း ကိုယ်တိုင် မီးသင်္ဂြိုဟ်သည့် ကိစ္စကို တာဝန်ယူ လုပ်ကိုင်လာပြီ ဖြစ်သဖြင့် ဟစ်တလာ၏ အမိန့်အတိုင်း ပုန်းကျင်းထဲသို့ ပြန်ပြေးလာပြီး ဟစ်တလာ၏ အသုံးအဆောင် ပစ္စည်းမှန်သမျှကို သိမ်းကျုံး စုဆောင်းကာ ဖျောက်ဖျက် ပစ်ခဲ့ရသည်။

ဤတွင် သူ၏ အဆိုအရ ဟစ်တလာ၏ ပစ္စည်းများကို သိမ်းကျုံး ဖျက်ဆီးပြီးနောက် ပုန်းကျင်းထဲမှ နောက်တကြိမ် ပြန်ထွက်ကြည့်သောအခါ အလောင်းများကို မတွေ့ရတော့ဘဲ တနေရာတွင် မြေမြှုပ်ပစ်လိုက်ပြီး ဖြစ်ကြောင်းကိုသာ သိခဲ့ရသည်ဟု ဆိုသည်။

သို့ဖြင့် မီးသင်္ဂြိုဟ်နေရာမှ ဟစ်တလာနှင့် အီဗာ တို့၏ အလောင်းများ ထူးဆန်းစွာ ပျောက်ကွယ် သွားခဲ့ရာ ဤနေရာတွင် ဟိန်းလင့်ဂျ် ကိုယ်တိုင် မျက်ခြည် ပြတ်သွားခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။

ထို့သို့ ရုတ်တရက် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သော ဟစ်တလာနှင့် အီဗာ တို့၏ အလောင်းများကို ဆက်လက် ခြေရာခံနိုင်မှ အဖြေမှန် ရမည် ဖြစ်သည်။

မှန်သည်၊ ဤကွင်းဆက်သည် “ဟစ်တလာ သေ-မသေ” ပြဿနာကို အဖြေရှာရာ၌ နောက်ဆုံး ကွင်းဆက်ပင် ဖြစ်သည်။ ။

(စာရေးဆရာကြီး လင်းယုန်မောင်မောင် ရေးသားသည့် ဤဆောင်းပါးကို သုခုမ စာပေတိုက်က ၂၀၀၃ ခုနှစ် မေလတွင် ထုတ်ဝေသော “ဟစ်တလာ သေ-မသေ” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၂ ခုနှစ် မေလ ၂၅ ရက် အသက် ၇၇ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)

You may also like these stories:

ဟစ်တလာ၏ နောက်ဆုံး အမိန့် (၁)

Your Thoughts …
Tags: ဆိုဗီယက်ဘောမန်းမော်စကိုရုရှားဟစ်တလာဟိန်းလင့်ဂျ်အီဗာဘရွန်း
လင်းယုန်မောင်မောင်

လင်းယုန်မောင်မောင်

Similar Picks:

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
16.2k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

by စောလွင်
21 November 2024
13.8k

ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးရာတွင် ရုရှားပညာရှင်များကူညီနေသည့် သတင်းများကြားနေရကြောင်း

Next Post
BGF ခေါင်းဆောင်တွေကို ထိုင်းက ဖမ်းမှာလား (ရုပ်/သံ)

BGF ခေါင်းဆောင်တွေကို ထိုင်းက ဖမ်းမှာလား (ရုပ်/သံ)

တရားခံ ဘယ်သူလဲ…

တရားခံ ဘယ်သူလဲ…

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved