• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

သုတေသနပညာရှင်တွေ ဖြေရှင်းဖို့ ခက်ခဲနေဆဲဖြစ်တဲ့ ရှေးဟောင်းပစ္စည်းများ

by ဟယ်လ်သင်
13 December 2018
in Culture
A A
ရှေးဟောင်းပစ္စည်းများ

ရှေးဟောင်းပစ္စည်းများ

5.3k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာကြီးရဲ့ ထူးခြားဆန်းကြယ်မှုတွေဟာ ကျွမ်းကျင်သုတေသန ပညာရှင်တွေအတွက် တွေ့ရှိသွားရုံနဲ့ မလုံလောက်သေးဘဲ ထပ်မံ အဖြေဖော်ဖို့ ခက်ခဲတာတွေလည်း ရှိနေသေးပါတယ်။ အခုဖော်ပြပေးမှာကတော့ အထူးခြားဆုံး ရှာဖွေတွေ့ရှိမှုတွေထဲကမှ အဖြေမထုတ်နိုင်သေးတဲ့ ရှေးဟောင်းပစ္စည်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။

(၁) Antikythera mechanism

နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိတဲ့ Antikythera mechanism ဟာ ရှေးဟောင်းဂရိ သင်္ဘောပျက်ထဲကနေ တွေ့ရှိခဲ့တာဖြစ်ပြီး “ပထမဆုံးကွန်ပျူတာ” လို့ သတ်မှတ်ထားကြတာလည်းဖြစ်ပါတယ်။ နေ ၊ လ နဲ့ အခြားဂြိုဟ် ၅ ခုရဲ့ လမ်းကြောင်းကို တွက်ချက်ဖို့ အသုံးပြုခဲ့တာဖြစ်တယ်လို့လည်း သုတေသန မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ သုတေသနပညာရှင်တွေကအနေနဲ့ Antikythera mechanism ကို လူ့သမိုင်းတလျှောက်မှာ ဖန်တီးခဲ့တဲ့အခြားပစ္စည်းတွေထက် အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးဖို့ ဂရိလူမျိုးတွေ ဘယ်လို စီစဉ်ခဲ့လဲ ဆိုတာကိုတော့ မဖော်ထုတ်နိုင်သေးပါဘူး။

(၂) Voynich Manuscript

Voynich Manuscript ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀မှာ ဥရောပအလယ်ပိုင်း ဘာသာစကားတမျိုးနဲ့ ရေးသားခဲ့တာဖြစ်ပြီး သုတေသနပညာရှင်တွေ အတွက်ကတော့ ဒီစာမျက်နှာတွေဟာ ဘာတွေကို ဖော်ပြချင်တာလဲ၊ ဘယ်လိုဘာသာစကားကို အသုံးပြုထားလဲ ဆိုတာကိုတော့ ယခုထက်ထိ မဖော်ထုတ်နိုင်သေးပါဘူး။

သိပ်မကြာသေးခင်အချိန်တုန်းကတော့ စာလုံးတွေဟာ ဟီဘရူးဘာသာစကားကို ဘာသာစကား ကုဒ်တွေဖြစ်တယ်လို့ ဖော်ပြထားပြီး ဝါကျတကြောင်းအနေနဲ့ကတော့ အဆီအငေါ်မတည့်တာတွေ တော်တော်များများပါဝင်နေတာဖြစ်တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

(၃) Roman Dodecahedrons

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
91
သဇင်ပန်း

သဇင်ပန်း

10 January 2026
121
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
308

Roman Dodecahedrons မှာတော့ အနား ၁၂ ခု ပါဝင်ပြီး အေဒီ ၁၀၀ နဲ့ ၃၀၀ ကြားမှာ ကြေးနီ (သို့မဟုတ်) ကျောက်တုံးကို အသုံးပြုပြီး အလယ်ဗဟိုမှ တွင်းခေါင်းတခုနဲ့ ပြုလုပ်ခဲ့တယ်လို့ပဲ သုတေသနပညာရှင်တွေက ဖော်ပြနိုင်ကြသေးပါတယ်။

အချို့ပညာရှင်တွေအနေနဲ့ကတော့ အနား ၁၂ ခုဟာ ရာသီခွင်တွေကို ကိုယ်စားပြုတယ်လို့ ဖော်ပြကြပေမယ့် အချို့ပညာရှင်တွေကတော့ လက်နက် (သို့မဟုတ်) ကစားစရာ (သို့) ဘာသာရေးသင်္ကေတတွေအဖြစ် မှတ်ယူကြပြီး သဘောထားကွဲလွဲစရာတွေ ရှိနေတဲ့ ပစ္စည်းတခုလည်း ဖြစ်ပါတယ်။

(၄) Plain of Jars

လာအိုနိုင်ငံရဲ့ တောင်တန်းတွေ အလယ်မှာ တည်ရှိတဲ့ ထောင်နဲ့ချီတဲ့ ကျောက်တုံးချိုင့်ခွက်တွေဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်ကတည်းက တည်ရှိနေတာဖြစ်ပြီး ဘာအတွက်ကြောင့် တည်ရှိနေခဲ့သလဲဆိုတာကိုတော့ အခုအချိန်ထိ အဖြေရှာမရသေးပါဘူး။

ဒီကျောက်တုံး ချိုင့်ခွက်တွေအနားမှာ လူအရိုးစုတွေကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် နာရေးအခမ်းအနားမှာ အသုံးပြုခဲ့ကြပုံရတယ်လို့ ယူဆကြပေမယ့် တိကျသေချာတဲ့ အဖြေမျိုးကိုတော့ မရရှိနိုင်သေးတာလည်း ဖြစ်ပါတယ်။

Ref: www.rd.com

Your Thoughts …
Tags: ရှေးဟောင်းပစ္စည်းများ
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

ပဲခူးရှိ သမိုင်းဝင်ရွှေမော်ဓောဘုရား

နှစ်ပေါင်း ၁၆၅ နှစ် ကြာသောအခါ

by Cahal Milmo
20 August 2017
15.8k

နှစ်ပေါင်း ၁၆၅ နှစ် ကြာသောအခါ ကိုလိုနီခေတ် စစ်သားကြီး ယူဆောင်သွားခဲ့သော ရှေးဟောင်း ပစ္စည်း ၁၀ ခုစလုံးကို ၎င်း၏ မြစ်တော်စပ်သူက မူရင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင် ပေးခဲ့သည်။

သံတမန်ရေးရာ ပြောရေးဆိုခွင့်ရှိသူ Busadee Santipitaks (ဘယ်) နှင့် အထွေထွေ ရှေးဟောင်းအနုပညာဌာနမှ ဒါရိုက်တာ Prateep Pengtako တို့က နိုင်ငံတွင်းမီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်

မိခင် ထိုင်းနိုင်ငံဆီ ပြန်လည် ရောက်ရှိလာတဲ့ ရှေးဟောင်းပစ္စည်းများ

by ဟယ်လ်သင်
5 October 2018
6.1k

အဲဒီ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေကို အမေရိကန်နိုင်ငံသားတဦးက ဝယ်ယူ စုဆောင်း ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အခုချိန်မှာ သံရုံးကနေတဆင့် ပြန်လည် လွှဲပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

Next Post
ရုပ်ရှင်တွေနဲ့ပတ်သက်ပြီး တက်တူးထိုးခဲ့ကြတဲ့ အနုပညာရှင်များ

ပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး အမှတ်တရ တက်တူးထိုးခဲ့ကြတဲ့ အနုပညာရှင်များ

Huawei Founder ရဲ့ သမီး Annabel Yao

"Le Bal des Debutantes" ပွဲမှာ ပါဝင်ခဲ့တဲ့ Huawei Founder ရဲ့ သမီး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved