Culture

မိခင် ထိုင်းနိုင်ငံဆီ ပြန်လည် ရောက်ရှိလာတဲ့ ရှေးဟောင်းပစ္စည်းများ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံက ရှေးဟောင်းအမွေအနှစ် ၁၂ ခုကို အမေရိကန်မှတဆင့် မိခင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဆီကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီလို့ သံတမန်ရေးရာ ပြောရေးဆိုခွင့်ရှိသူ Busadee Santipitaks ကပြောပါတယ်။

ရှေးဟောင်း အမွေအနှစ်ပစ္စည်းတွေကို ဝါရှင်တန်မှာရှိတဲ့ ထိုင်းနိုင်ငံသံရုံးမှာ ထိန်းသိမ်းပေးခဲ့တာ ဖြစ်ပြီး မနေ့ကပဲ ထိုင်းနိုင်ငံ သံရုံးမှတဆင့် ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့တာလို့ နိုင်ငံတွင်း သတင်းဌာနတွေကနေတဆင့် သိရပါတယ်။

အထွေထွေ ရှေးဟောင်းအနုပညာဌာနရဲ့ ဒါရိုက်တာ Prateep Pengtako ကတော့ သူ့အနေနဲ့ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပြီး အဲဒီ အမွေအနှစ် ပစ္စည်းတွေကို ပြပွဲတွေမှာလည်း ထည့်သွင်းပြသသွားမှာလို့လည်း ထပ်မံသိရှိရပါတယ်။

ရှေးဟောင်းအမွေအနှစ် ၁၂ ခုထဲမှ အချို့

လွှဲပြောင်းပေးခဲ့တဲ့ အမွေအနှစ်ပစ္စည်း ၁၂ ခုထဲမှာ မြေထည်ပစ္စည်းတွေ၊ စဉ့် မသုတ်ထားတဲ့ နီညိုရောင် မြေထည်ပစ္စည်းတွေနဲ့ ကြေးလက်ကောက်တွေ ပါဝင်တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ နဲ့ ၄၃၀၀ ကြား သက်တမ်းရှိတယ်လို့လည်း သံရုံးအဆိုပြုချက်တွေအရ သိရပါတယ်။

အဲဒီ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေကို အမေရိကန်နိုင်ငံသားတဦးက ဝယ်ယူ စုဆောင်း ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အခုချိန်မှာ သံရုံးကနေတဆင့် ပြန်လည် လွှဲပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ရှေးဟောင်း အမွေအနှစ်ပစ္စည်းတွေကို နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ် ပစ္စည်းစာရင်းမှာ တရားဝင် ထည့်သွင်းထားမှာဖြစ်ပြီး Khlong Luang မှာရှိတဲ့ အမျိုးသားပြတိုက်မှာ ပြသထားမယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ ရှေးဟောင်း အမွေအနှစ်ပစ္စည်းတွေနဲ့ ပက်သက်ပြီး အစိုးရအနေနဲ့ ကော်မတီ ၁ ရပ် ဖွဲ့စည်းကာ ပြန်လည်ရှာဖွေဖို့ လုပ်ဆောင်မယ်လို့ Ms Busadee က ဆိုပါတယ်။ ကော်မတီ အနေနဲ့ တွေ့ရှိသမျှ အမွေအနှစ်ပစ္စည်းတွေကို လုံခြုံစိတ်ချစွာနဲ့ နိုင်ငံကို ပြန်လည် ပို့ဆောင်ရေးဟာလည်း အဓိက ရည်ရွယ်ချက်ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

Bangkok Post တွင် ရေးသားထားသော “12 ancient artefacts find way home” သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading