• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

by ဧရာဝတီ
18 July 2023
in သတင်း
A A
မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

လူသတ်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူ (ဓာတ်ပုံ - Thairath)

6.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖွန်ခရိုင်ထဲက ရာဘာခြံတွင် မြန်မာ ၃ ဦးနှင့် ထိုင်းနိုင်ငံသား တဦးကို သတ်ဖြတ်ခဲ့သူအား ဖမ်းမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အား ကိုးကား၍ ထိုင်းသတင်းဌာများက ဖော်ပြသည်။

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူမှာ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရာဘာခြံချင်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
224
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
488
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
191

ချွန်ဖွန်ခရိုင် ဆဝီဒေသတောင်ခြေရှိ ရာဘာခြံထဲတွင် ဇူလိုင်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံသား ၃ ဦး၊ ထိုင်းရာဘာခြံ လုပ်ငန်းရှင်တဦးနှင့် ခွေးတကောင်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

သေနတ်သမားသည် လူသတ်မှုကျူးလွန်ပြီးနောက် ၎င်းပစ်ခတ်သတ်ဖြတ်ခဲ့သည့် ထိုင်းအလုပ်ရှင်၏ ပစ်ကပ်ကားကို ယူဆောင်ကာ စူရတ်ဌာနီခရိုင်သို့ ထွက်ပြေးခဲ့သည်ဟု ဆိုသည်။

ထို့နောက် စူရတ်ဌာနီခရိုင် ကန်ကျနဒစ်ဒေသတွင် ကားမှောက်သဖြင့် ကားကို ထားခဲ့ပြီး ချိုင်ဘူရီဒေသသို့ သွားရောက် ပုန်းခိုနေခဲ့ကြောင်း၊ ဇူလိုင်လ ၁၇ ရက်နေ့ မွန်းတည့်ချိန်ခန့်က သေနတ်သမား၏ ဖုန်းအား ခြေရာခံကာ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဖြင့် သွားရောက် ဖမ်းဆီးခဲ့ပြီး ချိုင်ဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာလုပ်သားများ သတ်ဖြတ်ခံခဲ့ရသည့်နေရာ (ဓာတ်ပုံ – Thairath)

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ အလုပ်သမားရေး တာဝန်ခံဦးမင်းဦးက “ချွန်ဖွန်မှာတော့ ရေလုပ်သားနဲ့ ခြံလုပ်သားအဓိကများတယ်။ ဒီလိုပြဿနာမျိုး ဆူရတ်တို့ ချွန်ဖွန်တို့မှာ မြန်မာတွေအသတ်ခံရတာတွေရှိဖူးတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က စူရတ်မှာ မြန်မာတွေ အသတ်ခံရတာရှိခဲ့တယ်။ တရားခံကိုတော့ မမိဘူး။ သက်သေတွေက မထွက်ဆိုရဲကြတာနဲ့ ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူတာတွေ မရှိခဲ့ဘူး” ဟု ပြောသည်။

မြန်မာအလုပ်သမားများသည် ၎င်း၏ ရာဘာပစ္စည်းများကို ခိုးယူသည်ဟု အကြိမ်ကြိမ်စွပ်စွဲခဲ့ပြီး အလုပ်သမားများကို ခြိမ်းခြောက်နှင်ထုတ်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း သေနတ်သမားက ရဲတပ်ဖွဲ့ထံ စွပ်စွဲထွက်ဆိုချက် ပေးထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချွန်ဖွန်ခရိုင်ရှိ ဆဝီဒေသရှိ လူသွားလူလာနည်းပါးသည့် အာရှလမ်းမကြီးနှင့် ၁၅ ကီလိုမီတာခန့်အကွာ ရာဘာခြံရှိ အလုပ်သမား အဆောင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာလုပ်သားများ သတ်ဖြတ်ခံခဲ့ရသည့်နေရာ (ဓာတ်ပုံ – Thairath)

ထိုင်းလူမျိုး ရာဘာခြံပိုင်ရှင်မှာ သေနတ်ဖြင့် အချက် ၂၀ ခန့် ပစ်ခတ်ခံထားရပြီး ထိုင်းရဲများ ရောက်ရှိလာချိန်တွင် သေဆုံးချိန်မှာ အနည်းဆုံး ၁၀ နာရီခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဖခင်သေဆုံးနေသည်ကို တွေ့ရှိခဲ့သည့် သားဖြစ်သူက ရဲစခန်းကို ဆက်သွယ် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ခြံဝန်းကျင်အား ထပ်မံစစ်ဆေးရာတွင် ဆိုင်ကယ်နှင့် အတူ မီးရှို့ခံထားရသည့် မြန်မာတဦးကိုတွေ့ရပြီး နောက်ထပ် မြန်မာ ၂ ဦးကိုတော့ အလုပ်သမားဆောင်ရှေ့နှင့် အခန်းအတွင်းတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရထားရသည့် သေနတ်သမားသည် ယခင်က မူးယစ်ဆေးဝါးသုံးဖူးသူဖြစ်ပြီး ၎င်းအား လူသတ်မှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုများဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Your Thoughts …
Tags: FEDထိုင်းနိုင်ငံရာဘာခြံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.6k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

by ဧရာဝတီ
17 July 2023
4.1k

"Move Forward ပါတီက ကိုယ်စားလှယ်အားလုံးဟာ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်းတွေကို ထောက်ခံဖို့ အသင့်ရှိတယ်"

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

by ဧရာဝတီ
14 September 2023
3.3k

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအား ဆေး မကုပေးဘဲ လမ်းဘေးရေမြောင်းအတွင်း စွန့်ပစ်ခဲ့ရာ သေဆုံးသွားသဖြင့် အလုပ်ရှင်ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် အမှုဖွင့်

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
23 March 2024
3.1k

ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းအစိုးရ ကန့်သတ်ထားသည့် အလုပ်များကို ဘန်ကောက်နှင့် အနီးတဝိုက်နေရာများ၊ ဖူးခက်၊ ကော့စမွေ၊ ပတ္တရားနှင့် ချင်းမိုင်ကဲ့သို့ ခရီးသွားလုပ်ငန်းနေရာများ၌ အများဆုံး လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ  တောင်းဆို

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

by ဧရာဝတီ
8 August 2023
2.8k

ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌသစ်ထံသို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၇ ခုက စာပို့ တောင်းဆိုလိုက်သည်။

မှောင်ခိုတင်ပို့သည်ဆိုကာ ပြောင်းကုန်သည်အချို့ ဖမ်းဆီး စစ်ဆေးခံနေရ

မှောင်ခိုတင်ပို့သည်ဆိုကာ ပြောင်းကုန်သည်အချို့ ဖမ်းဆီး စစ်ဆေးခံနေရ

by ဧရာဝတီ
1 September 2023
2.4k

ဘူတာရုံနှင့် သင်္ဘောဆိပ်များတွင် ရှောင်တခင် စစ်ဆေးဖမ်းဆီးကာ ပိုင်ရှင်များကိုပါ ခေါ်ယူစစ်ဆေးပြီး နောက် တရားမဝင် ကုန်စည်များအဖြစ် သိမ်းဆည်းပြီး ကုန်သည်ကိုပါ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများနှင့် အဆက်အသွယ်မရသည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Next Post
ကန်ပက်လက်တွင် တိုက်ပွဲဖြစ်ပြီး မဆာတွီရွာကို စစ်တပ်ဗုံးကြဲ

ကန်ပက်လက်တွင် တိုက်ပွဲဖြစ်ပြီး မဆာတွီရွာကို စစ်တပ်ဗုံးကြဲ

စိုက်စရိတ်ချေးငွေ ပြန်မဆပ်က ထောင်ချမည်ဟု စစ်ကောင်စီ ဖိအားပေး

စိုက်စရိတ်ချေးငွေ ပြန်မဆပ်က ထောင်ချမည်ဟု စစ်ကောင်စီ ဖိအားပေး

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate