မြေပြင်တိုက်ပွဲ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/မြေပြင်တိုက်ပွဲ Covering Burma and Southeast Asia Wed, 31 Jul 2024 11:34:33 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png မြေပြင်တိုက်ပွဲ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/မြေပြင်တိုက်ပွဲ 32 32 စစ်ကောင်စီ ပြန်ရဖို့ ကြိုးစားနေသည့် စဉ့်ကူးကို PDF တို့ ဆက်ထိန်းထား https://burma.irrawaddy.com/news/2024/07/31/388054.html Wed, 31 Jul 2024 11:34:33 +0000 https://burma.irrawaddy.com/?p=388054 စစ်သည်၊ စစ်မေများအနေဖြင့် အခြေချရာဒေသများတွင် တပ်ဖွဲ့အတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူပါက ကျသင့်သည့်ငွေတန်ဖိုး ပေးချေ၍ ဝယ်ယူသုံးစွဲရန်၊ နယ်မြေခံ ပြည်သူများနှင့် ဈေးဆိုင်ပိုင်ရှင်များကလည်း ပစ္စည်းတန်ဖိုးအတိုင်းရောင်းချ၍ ကျသင့်ငွေအား လက်ခံပေးရန်]]>

မန္တလေးတိုင်း စဉ့်ကူးမြို့ ပြန်ရရန် စစ်ကောင်စီက ရေကြောင်းမှ အကြိမ်ကြိမ် လာရောက်တိုက်ခိုက် ကြိုးစားနေသော်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF နှင့် ပူးပေါင်းတပ်များ ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်။

ဇူလိုင် ၁၇ရက်က တိုက်ခိုက်သိမ်းပိုက်ခံရသည့် စဉ့်ကူးပြန်ရရေး ဇူလိုင် ၂၉ ရက်က သံခွံရေယာဉ် ၄စီးဖြင့် ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဇူလိုင် ၂၀ ရက်၌ စစ်ကောင်စီ သင်္ဘော ၅ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သေးသည်။

MDY-PDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “စဉ့်ကူးမြို့ကို ကျနော်တို့ သိမ်းပြီးနောက် ဧရာဝတီမြစ်ကြောင်းက တဆင့် စစ်ကောင်စီက အင်အားဖြည့်ဖို့ ကြိုးစားလာတာ နှစ်ကြိမ်လောက်ရှိပြီ ၊ သို့ပေမယ့် စဉ့်ကူးမြို့အနီးတဝိုက်မှာတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တာမျိုး မရှိတော့ပါဘူး၊ လက်ရှိအချိန်ထိ ကျနော်တို့ စဉ့်ကူးမြို့ကို အပြည့်အဝ ထိန်းချုပ် ထားတယ်လို့ ပြောရင် ရပါတယ်”ဟု ဧရာဝတီကို ပြောသည်။

စစ်ကောင်စီဘက်မှ စဉ့်ကူးမြို့ပြန်လည်ရရှိရေး ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသလို MDY-PDF နှင့် ပူးပေါင်းတပ်များကလည်း နယ်မြေလုံခြုံရေးနှင့် တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်ထားကြောင်း မန္တလေး PDF က ဇူလိုင် ၂၇ရက်တွင် သတင်းထုတ်ပြန်အသိပေးထားသည်။

စဉ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “စဉ့်ကူး၊ လက်ပံလှကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ကြည်း၊ ရေ၊ လေ ညှပ်ပြီး ထိုးစစ်ဝင်လိမ့်မယ်လို့ သတင်းတွေ ထွက်နေတာကြောင့်လည်း ဒေသခံတွေ စိုးရိမ်နေကြ တာ မျိုးတော့ ရှိတယ်၊ ကျနော်တို့လည်း အဲဒီသတင်းကို တပ်တွင်းသတင်းရင်းမြစ်တွေဆီကနေ သိရတာမျိုးလည်း ရှိထားပါ တယ်၊ မြို့ကို သိမ်းပိုက်နိုင်ပြီဆိုကတည်းက အင်အားစုတွေအနေနဲ့က ပြင်ဆင်ထားကြပါတယ်၊ ဒေသခံတွေကတော့ ရပ်ဝေးရပ်နီး ရှောင်ရှားနေကြပါတယ်”ဟု ပြောသည်။

ပြည်သူနှင့် ဆက်ဆံသည့်အခါ ပြေပြစ်ချောမွေ့စေရန် MDY-PDF ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာန၏ လှုပ်ရှားမှုပုံရိပ်များ (MDY-PDF)

လက်ရှိတွင် စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ကာ မြေပြင်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း လေကြောင်းတိုက်ခိုက်မှု၊ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျောက်မြောင်းရှိ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂ က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေပြီး ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။

“မြို့ခံတွေအနေနဲ့ကတော့ လက်နက်ကြီး၊ လေကြောင်းရန် စိုးရိမ်မှုတွေကြောင့် တချို့မဝင်သေးပါဘူး”ဟု ကိုအော်စမွန်က ပြောသည်။

စဉ့်ကူးမြို့သိမ်းပိုက်ပြီးနောက် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ အသေးစိတ် အချက်အလက်များ ကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဟု MDY-PDF က ဆိုထားသည်။

ထို့ပြင် မန္တလေး PDF တပ်ဖွဲ့သည် ကျင့်ဝတ်လိုက်နာပြီး စစ်စည်းကမ်းအပြည့်ဖြင့် ပြည်သူလူထုအား ကာကွယ် စောင့်ရှောက်ရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်၍ စစ်သည်၊စစ်မေများအနေဖြင့် အခြေချရာဒေသများတွင် တပ်ဖွဲ့အတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူပါက ကျသင့်သည့်ငွေတန်ဖိုး ပေးချေ၍ ဝယ်ယူသုံးစွဲရန်၊ နယ်မြေခံ ပြည်သူများနှင့် ဈေးဆိုင်ပိုင်ရှင်များကလည်း ပစ္စည်းတန်ဖိုးအတိုင်းရောင်းချ၍ ကျသင့်ငွေအား လက်ခံပေးရန်လည်း အသိပေး ပန်ကြားထားသည်။

စဉ့်ကူးမြို့နှင့် ၃၅ မိုင်ခန့် ဝေးသော မတ္တရာမြို့နယ်အတွင်း ငါးလုံးပြွန်၊ တောင်ကန်၊ အောင်သပြေ၊ မြို့ကုန်း၊ ထန်းပင်ကုန်း၊ ဘိုကုန်းရွာများရှိ တပ်စခန်းများနှင့် အောင်သပြေကားကွင်းတပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း MDY-PDF က ယနေ့ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် မတ္တရာမြိုနယ်အတွင်း သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်း အရေအတွက်မှာ ၃၅ ခု ရှိခဲ့ပြီး ကျောက်တံတားကျေးရွာနှင့် မြကန်သာ ကျေးရွာတို့၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

You may also like these stories:

မန္တလေးလုံခြုံရေး ဧရာဝတီမြစ်တွင်း စစ်သင်္ဘောဖြင့် ကင်းလှည့်

လေကြောင်းတိုက်ခိုက်မှုများကြား စဉ့်ကူးကို မန္တလေး PDF ဝိုင်းရံထား

စဉ့်ကူး မတ္တရာ၌ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

]]>