သတ်သက်လွတ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သတ်သက်လွတ် Covering Burma and Southeast Asia Tue, 18 Jul 2023 23:58:26 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png သတ်သက်လွတ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သတ်သက်လွတ် 32 32 သက်သတ်လွတ်နဲ့ အသားရှောင်သူတွေအတွက် ထုတ်လုပ်ပေးထားတဲ့ K-Beauty အလှကုန်များ https://burma.irrawaddy.com/lifestyle/trend/2019/05/17/191556.html Fri, 17 May 2019 05:18:10 +0000 https://burma.irrawaddy.com/lytbox/?p=191556 ကိုရီးယားနိုင်ငံထုတ် Vegan အလှကုန် ပစ္စည်းများစမ်းသပ်ခန်းတွေမှာ တိရစ္ဆာန်တွေ အသုံးပြုတာကို ကန့်ကွက်ကြတဲ့ အသားရှောင်သူတွေ အတွက်လည်း ဒါဟာ ကောင်းမွန်တဲ့ အဆင့်တခုကို စတင်လိုက်သလိုပါပဲ။ ]]> ကိုရီးယားနိုင်ငံထုတ် Vegan အလှကုန် ပစ္စည်းများ

ကမ္ဘာ့အလှကုန်ပစ္စည်း ဈေးကွက်ရဲ့ ထိပ်တန်းစာရင်းဝင် K-Beauty (ကိုရီးယားနိုင်ငံထုတ် အလှကုန်များ) အမျိုးအစားထဲမှာ သက်သတ်လွတ် စားတဲ့သူ၊ အသားရှောင်တဲ့ သူတွေအတွက် Vegan အလှကုန်ဆိုပြီး သီးသန့် ထုတ်လုပ် ပေးလိုက်ပါပြီ။

လောလောဆယ်မှာတော့ ရွေးချယ်စရာ အများကြီး မရှိပေမယ့် နောက်ပိုင်းမှာ ထပ်တိုးဖို့ အစီအစဉ်တွေ ရှိတယ်လို့ သိရပါတယ်။ ဒီလို Vegan အလှကုန်ပစ္စည်းတွေ စတင်ထုတ်လုပ် ဖြစ်တာကလည်း သက်သတ်လွတ်သမားတွေ အသုံးပြုမယ့် အလှကုန်ကို တိရစ္ဆာန် ထုတ်ကုန်ကြမ်းတွေ မသုံးထားလို့ စိတ်ရှင်းရှင်းနဲ့ အသုံးပြုနိုင်အောင် တီထွင် ဖန်တီးခဲ့ကြတာပါ။

စမ်းသပ်ခန်းတွေမှာ တိရစ္ဆာန်တွေ အသုံးပြုတာကို ကန့်ကွက်ကြတဲ့ အသားရှောင်သူတွေ အတွက်လည်း ဒါဟာ ကောင်းမွန်တဲ့ အဆင့်တခုကို စတင်လိုက်သလိုပါပဲ။ ၁၀၀ ရာခိုင်နှုန်း အသီးအရွက် ကုန်ကြမ်းတွေကိုပဲ အသုံးပြုထားတာကြောင့် ထိခိုက်လွယ်တဲ့ Sensitive Skin အသားရေ ပိုင်ရှင်တွေအတွက်လည်း အထူးသင့်တော်ပါတယ်။

K-Beauty အလှကုန်တွေထဲက ဘယ်တံဆိပ်တွေမှာ Vegan အလှကုန်တွေကို ထုတ်လုပ်နေကြပြီလဲဆိုရင် အရင်ဆုံး “Happy Vegan” တံဆိပ်အကြောင်းကို ပြောပြပေးချင်ပါတယ်။ နာမည် တွေ့လိုက်ရုံနဲ့ မေးစရာ မလိုအောင် Vegan အလှကုန်မှန်း သိကြမှာပါ။

လက်ရှိ ဈေးကွက်ထဲမှာ ရောင်းချပေးနေတဲ့ Hypoallergenic Mask တွေဆိုရင် ဓာတ်မတည့်သူတွေအတွက် ရာနှုန်းပြည့် သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုပေးထားပါတယ်။ နောက်ထပ်လည်း Happy Vegan ကနေ ပစ္စည်းသစ်တွေ ထုတ်လုပ်ဖို့ တာစူနေပါပြီ။

မျက်နှာပေါ်က အရေးကြောင်းတွေနဲ့ မျက်လုံးတဝိုက် အရေးကြောင်းတွေကို အဓိကထား လျော့နည်းအောင် ပြန်လည်ပြုပြင်ပေးမယ့် “A.True” တံဆိပ်ရဲ့ အဓိကကုန်ကြမ်းကတော့ Black Tea ပါ။ ထုတ်ကုန် အကုန်လုံးကို အရည်အသွေးမြင့် ပစ္စည်းတွေပဲ အသုံးပြုထားလို့ အသားအရေအတွက် စိတ်ချရတဲ့အပြင် ဓာတ်မတည့်လို့ ရောင်ရမ်းတာမျိုး မဖြစ်စေနိုင်ဘူးလို့ အာမခံထားပါတယ်။

နာမည်ကြီး “Klairs” က ထုတ်တဲ့ Manuka Honey & Choco Body Soap နဲ့ Midnight Blue Calming Cream ကလွဲလို့ ပစ္စည်းတိုင်းလိုလိုဟာ Vegan အလှကုန်တွေ များပါတယ်။ ဒါ့ပြင် ထုတ်ကုန်တွေအတွက် တိရစ္ဆာန်တွေ အသုံးပြုပြီး စမ်းသပ်တာမျိုးလည်း မရှိပါဘူး။

နာမည်ကို ကြည့်လိုက်ရုံနဲ့တင် သဘာဝပစ္စည်းစစ်စစ်တွေကို အသုံးပြုထားတဲ့ Vegan အလှကုန်မှန်း သိသာစေတဲ့ နောက်ထပ် တံဆိပ်ကတော့ “Thank You Farmer” ပါ၊ ဒီက ထုတ်ကုန်တွေဟာ သေချာစမ်းသပ်ပြီးမှ ဈေးကွက်ထဲ ဖြန့်ချိတာမို့ အရည်အသွေးကိုတော့ သံသယဖြစ်စရာ မရှိပါဘူး။

“Whamisa” က ထုတ်တဲ့ အလှကုန်တွေ အကုန်လုံးကို အော်ဂဲနစ်စစ်စစ် သဘာဝပစ္စည်းတွေကိုပဲ အခြေခံအသုံးပြုထားတယ်ဆိုပေမယ့် Vegan စစ်စစ်လို့တော့ သတ်မှတ်လို့မရပါဘူး။ တချို့ပစ္စည်းတွေမှာ ပျားဖယောင်း၊ ပျားရည်၊ Royal Jelly ကို အသုံးပြုတာမျိုးတွေ ရှိပါတယ်။

Ref: Soompi

You may also like these stories:

အမျိုးသမီးတွေ လက်ဝှေ့ထိုးသင့်တဲ့ အကြောင်းအရင်း ၅ ချက်

အလှကုန်ပစ္စည်းဈေးကွက်မှာ တခေတ်ဆန်းလာတော့မယ့် G-Beauty အလှကုန်များ

သွေးမလှူခင် သိထားသင့်တဲ့ အချက် ၅ ချက်

ခရစ္စမတ်မှာ စာအုပ်လက်ဆောင် ပေးလေ့ရှိတဲ့ ကမ္ဘာ့ဘေးအကင်းဆုံး Iceland နိုင်ငံ

]]>