Detox Water Archives - ဧရာဝတီ https://burma.irrawaddy.com/tag/detox-water Covering Burma and Southeast Asia Wed, 19 Jul 2023 03:51:10 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Detox Water Archives - ဧရာဝတီ https://burma.irrawaddy.com/tag/detox-water 32 32 Detox ပြုလုပ်ဖို့ လိုအပ်နေကြောင်း သိနိုင်သော လက္ခဏာများ https://burma.irrawaddy.com/lifestyle/health/2018/07/12/163675.html Thu, 12 Jul 2018 08:06:11 +0000 https://burma.irrawaddy.com/lytbox/?p=163675 Detox Water သောက်သုံးခြင်းဟာ နှလုံးနဲ့ပက်သက်တဲ့ ကျန်းမာရေးပြဿနာများ သက်သာစေနိုင်ပါတယ်အခုနောက်ပိုင်းမှာဆိုရင် အလုပ်မအားလပ်တာနဲ့ ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာကြောင့် အပြင်စာနဲ့ အသင့်စား အစားအစာတွေကို စားသုံးမှုများလာကြပါတယ်။]]> Detox Water သောက်သုံးခြင်းဟာ နှလုံးနဲ့ပက်သက်တဲ့ ကျန်းမာရေးပြဿနာများ သက်သာစေနိုင်ပါတယ်

ကျန်းမာရေး လိုက်စားသူတွေကြားမှာ ခေတ်စားလာတဲ့ Detox ပြုလုပ်ခြင်း ဆိုတာဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေနဲ့ မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပစ်တာပဲ ဖြစ်ပါတယ်။ Detox ပြုလုပ်တယ် ဆိုတာဟာလည်း ခက်ခက်ခဲခဲကိစ္စ မဟုတ်ပါဘူး။ သခွားသီး၊ သံပုရာသီး၊ ပူစီနံရွက် စတဲ့ သဘာဝ အသီးအနှံတွေကို ရေနဲ့ရောစပ်ပြီး သောက်သုံးတာပဲ ဖြစ်ပါတယ်။

သင့်ခန္ဓာကိုယ်မှာ အခုဖော်ပြပေးမယ့် လက္ခဏာမျိုးတွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ Detox Water သောက်သုံးပြီး Detox ပြုလုပ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

(၁) ခံတွင်း အနံ့ဆိုးတာဟာ ခန္ဓာကိုယ်တွင်းမှာ အပူများတဲ့ အခါမျိုးတွေနဲ့ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များတဲ့ အခါမျိုးတွေမှာ ဖြစ်တတ်တာကြောင့် ခံတွင်းအနံ့ ဆိုးဆိုးဝါးဝါးနံတဲ့အခါမျိုးတွေမှာ Detox ပြုလုပ်သင့်ပါတယ်။

(၂) အခုနောက်ပိုင်းမှာဆိုရင် အလုပ်မအားလပ်တာနဲ့ ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာကြောင့် အပြင်စာနဲ့ အသင့်စား အစားအစာတွေကို စားသုံးမှုများလာကြပါတယ်။ သင်ဟာ မကြာခဏ အပြင်စာတွေ အစား များတတ်သူတဦးဆိုရင်တော့ ခန္ဓာကိုယ်တွင်း အဆီပိုတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ လိုအပ်တာကြောင့် Detox ပြုလုပ်ပေးသင့်ပါတယ်။

(၃) စိတ်ဖိစီးမှုများတာနဲ့ စိုးရိမ်ပူပန်မှုများသူတွေဟာ ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုမမှန်ကန်တဲ့အခါမျိုးတွေနဲ့ သွေးတွင်းအောက်ဆီဂျင် လုံလောက်မှုမရှိတဲ့အခါ ဖြစ်တတ်တာကြောင့် Detox Water တွေ သောက်သုံး ပေးသင့်ပါတယ်။

(၄) မျက်နှာအသားအရေမှာ ဝက်ခြံ မကြာခဏ ပေါက်တတ်သူတွေ၊ အသားအရေ ယားယံတာမျိုးနဲ့ အသားအရေဆိုင်ရာ ကျန်းမာရေး ပြဿနာရှိသူတွေဟာ မဖြစ်မနေကို Detox ပြုလုပ်ပေးသင့်ပါတယ်။

(၅) Detox Water သောက်သုံးပေးခြင်းဟာ နှလုံးနဲ့ပက်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေကို လျော့နည်း စေတာကြောင့် နှလုံးနဲ့ ပက်သက်တဲ့ ရောဂါခံစားနေရသူတွေအနေနဲ့ သောက်သုံးပေးသင့်ပါတယ်။

(၆) ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာဟာ Melatonin ဟော်မုန်းထုတ်လုပ်မှု လျော့နည်းတဲ့ အခါမျိုးတွေမှာ ဖြစ်တတ်တာကြောင့် ညဘက်ကောင်းမွန်စွာ အိပ်မပျော်ဘူးဆိုရင်တော့ Detox Water ကို ပုံမှန် သောက်သုံးပေးသင့်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ – ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီပိုတွေကို အလျင်အမြန် ဖယ်ရှားပေးနိုင်မယ့် Detox Water (၃) မျိုး

ကျန်းမာရေးအတွက် Detox Water သောက်သုံးသင့်တဲ့ အချက် ၃ ချက်

Ref ; bodyecology.com

]]>
ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီပိုတွေကို အလျင်အမြန် ဖယ်ရှားပေးနိုင်မယ့် Detox Water (၃) မျိုး https://burma.irrawaddy.com/lifestyle/health/2018/05/15/158644.html Tue, 15 May 2018 11:24:35 +0000 https://burma.irrawaddy.com/lytbox/?p=158644 သဘာဝအသီးအနှံတွေနဲ့ ရေကိုအဓိကထားပြီး ရောစပ်ထားတဲ့ Detox Water တွေက  ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပြားပါတယ်ဒုတိယတမျိုးကတော့ Gym ဆော့ပြီးချိန်မှာသောက်သုံးသင့်တဲ့ အဆီပိုတွေကိုဖယ်ရှားပေးနိုင်မယ့် Detox အမျိုးအစားပဲ ဖြစ်ပါတယ်။ သံပရိုသီးတလုံးနဲ့ နာနတ်သီး နှစ်စိတ်လောက်ကိုပါးပါးလှီးပြီးပူစီနံရွက်အနည်းငယ်ကိုချေပြီးထည့်ပေးပါ။]]> သဘာဝအသီးအနှံတွေနဲ့ ရေကိုအဓိကထားပြီး ရောစပ်ထားတဲ့ Detox Water တွေက  ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပြားပါတယ်

သဘာဝအသီးအနှံတွေနဲ့ ရေကိုအဓိကထားပြီး ရောစပ်ထားတဲ့ Detox Water တွေဟာ ပြုလုပ်ရလွယ်ကူသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေလည်း များပြားလှတာကြောင့် ခန္ဓာကိုယ်က ပိုလျှံနေတဲ့ အဆီပိုတွေကို အလွယ်တကူပဲ ဖယ်ရှားပေးနိုင်မယ့် Detox Water ပြုလုပ်နည်း ၃ မျိုးကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ပန်းသီးတလုံးကို ခပ်ပါးပါးလှီးပြီး Detox Water လုပ်မယ့် ဖန်ခွက် ဒါမှမဟုတ် ဘူးထဲထည့်ပေးပါ။ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို ရောစပ်ပေးပါ။ ပြီးရင်တော့ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ထည့်ပြီး ရေ ဒါမှမဟုတ် ရေခဲတုံးတွေထည့်ပြီး ရေခဲသေတ္တာထဲမှာ ခဏလောက် ထားပေးရုံနဲ့ အဆီပိုတွေကို အလျင်အမြန် လောင်ကျွမ်း စေနိုင်မယ့် Apple,Cinnamon Detox Water ကိုရရှိမှာပဲ ဖြစ်ပါတယ်။

(၂) ဒုတိယတမျိုးကတော့ Gym ဆော့ပြီးချိန်မှာ သောက်သုံးသင့်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်မယ့် Detox အမျိုး အစားပဲ ဖြစ်ပါတယ်။ သံပရိုသီးတလုံးနဲ့ နာနတ်သီး နှစ်စိတ်လောက်ကို ပါးပါးလှီးပြီး ပူစီနံရွက်အနည်းငယ်ကို ချေပြီး ထည့်ပေးပါ။ ပြီးရင်တော့ ရေတလီတာလောက်ကို အပေါ်ကနေ လောင်းချပေးပြီး ရေခဲသေတ္တာထဲမှာ ခဏလောက်ထား ပေးရုံနဲ့ Pineapple, Lemon Detox Water ကိုရရှိမှာပဲ ဖြစ်ပါတယ်။ ဒီ Detox Water အမျိုးအစားကိုတော့ အထိုင်များ သူတွေနဲ့ စိတ်ဖိစီးမှုများတဲ့သူတွေလည်း ပုံမှန် သောက်သုံးပေးသင့်ပါတယ်။

(၃) နောက်ထပ်တမျိုးကတော့ ဖရဲသီးကို Blender နဲ့ချေပြီး စတော်ဘယ်ရီသီးကို အခြမ်းလေးတွေခြမ်းပြီး ရောစပ်ပေးပါ။ ပူစီနံရွက် အနည်းငယ်ကိုချေပြီး မသောက်ခင် ၁ နာရီလောက်အလိုမှာ ရေခဲသေတ္တာထဲ ထည့်ထားပေးရုံနဲ့ အဆီပိုတွေကို သာမက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ Strawberry,Watermelon Detox Water အမျိုးအစားကို ရရှိမှာပဲ ဖြစ်ပါတယ်။ ဒီ Detox Water ကိုတော့ မကြာခဏ သွေးပေါင်ကျတတ်သူတွေနဲ့ ကိုယ်လက် လှုပ်ရှားမှု များများပြုလုပ်ရသူတွေ သောက်သုံးပေးသင့်ပါတယ်။

ဆက်စပ်သတင်းလင့်ခ် – ကျန်းမာရေးအတွက် Detox Water သောက်သုံးသင့်တဲ့ အချက် ၃ ချက်

Ref. http://detoxdiy.com

]]>
အသားအရေ ကြည်လင်ဝင်းပပြီး ဝက်ခြံပျောက်စေတဲ့ Detox Water အလွယ်တကူ ပြုလုပ်နည်း https://burma.irrawaddy.com/lifestyle/food/2018/02/28/153150.html Wed, 28 Feb 2018 09:18:20 +0000 https://burma.irrawaddy.com/lytbox/?p=153150 အသားအရေ ကြည်လင်စေမယ့် Detox ရေအကြောင်းကို အရင် ဝေမျှပေးချင်ပါတယ်။ သခွားသီးက ရေဓာတ် ဖြည့်ပေးပြီး ရောင်ရမ်းခြင်းကို သက်သာစေနိုင်စွမ်း ရှိပါတယ်။ ]]>

အသားအရေ ကြည်လင်ဝင်းပပြီး မျက်နှာအတွင်းပိုင်းက အဆိပ်တောက်တွေ ဖယ်ရှားပေးမယ့် Detox Water အကြောင်း ပြောပြပေးချင်ပါတယ်။ ဝက်ခြံကြောင့် စိတ်ညစ်နေတယ်ဆိုရင် အလွယ်တကူ လုပ်နိုင်ပြီး ထိရောက်တဲ့ အကျိုးအာနိသင် များလို့ နေ့စဉ်သောက်ဖို့ အကြံပေးချင်ပါတယ်။

Cucumber Lemon Mint

အသားအရေ ကြည်လင်စေမယ့် Detox ရေအကြောင်းကို အရင် ဝေမျှပေးချင်ပါတယ်။ သခွားသီးက ရေဓာတ် ဖြည့်ပေးပြီး ရောင်ရမ်းခြင်းကို သက်သာစေနိုင်စွမ်း ရှိပါတယ်။ ပူစီနံကတော့ အစာခြေစနစ် ပိုကောင်းစေပြီး အသားအရေကို ကြည်လင် တောက်ပစေပါတယ်။ သံပုရာသီးကတော့ ကိုယ်တွင်းက အဆိပ်တောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ Detox လုပ်ရင် မပါမဖြစ် အသုံးဝင်တဲ့ အသီးပါ။

ပါဝင် ပစ္စည်းများ

သခွားသီး – ၁ လုံး (အလတ်စား)
သံပုရာသီး – ၂ လုံး
ပူစီနံ – ၁၀ ရွက်နေ ၁၂ ရွက်
ရေ

ပြုလုပ်ပုံ

• ပူစီနံရွက်တွေကို ချေပါ။
• သခွားသီး၊ လိမ္မော်သီးတွေကို အဝိုင်းလေးတွေ လှီးပြီး ချေထားတဲ့ ပူစီနံရွက်တွေနဲ့ ရောပြီး ရေဘူးထဲ ထည့်လိုက်ပါ။ ရေဖြည့်ပါ။
• ဘူးအဖုံးကို သေချာပိတ်ပါ။
• ရေခဲသေတ္တာထဲ တညထည့်ပြီး နောက်နေ့ မနက်ဆို သောက်လို့ ရပါပြီ။

Blueberry Orange Water

ဝက်ခြံအထွက်များလို့ စိတ်ညစ်နေတဲ့သူဆိုရင် Blueberry Orange Water သောက်ပါ။ Antioxidant ပါတဲ့ ဘယ်ရီသီးက ဝက်ခြံထွက်ခြင်းကို သက်သာစေပါတယ်။ ဗီတာမင်စီပါတဲ့ လိမ္မော်သီးက အသားအရေကို ကြည်လင်ဝင်းပ စေနိုင်စွမ်း ရှိပါတယ်။

ပါဝင် ပစ္စည်းများ

လိမ္မော်သီး – ၂ လုံး (အပိုင်းလေးတွေ စိတ်ထားပါ)
ဘယ်ရီသီး – လက်တဆုပ်စာ
ရေ

ပြုလုပ်ပုံ

• ပါဝင်ပစ္စည်းအားလုံးကို detox water လုပ်မယ့် ရေဘူးထဲထည့်ပါ။ ရေဖြည့်ပါ။
• ဘူးအဖုံးကို သေချာပိတ်ပါ။
• ရေခဲသေတ္တာထဲ ၂ နာရီ (သို့) တညထည့်ပြီး နောက်နေ့ဆို သောက်လို့ရပါပြီ။
• မသောက်ခင် ရေထဲကို လိမ္မော်သီး တစိတ် နှစ်စိတ်လောက် ထပ်ညှစ်ေ သာက်လိုက်ရင် အနံ့ ပိုမွှေးပါတယ်။

Chia Fruit Water

chia စေ့ဆိုတာ မက္ကဆီကိုနိုင်ငံမှာ ပေါက်တဲ့ အပင်တမျိုးက ရတဲ့အစေ့ပါ။ အသားအရေအတွက် လိုအပ်တဲ့ အာဟာရ ဓာတ်တွေ အပြင် အသားအရေ ကောင်းအောင် အထောက်အကူ ပြုပါတယ်။ ဝက်ခြံ မထွက်စေတဲ့အပြင် ပိုးဝင်ပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ စတော်ဘယ်ရီနဲ့ သံပုရာ အတွဲစပ် အရည်က နေ့စဉ်သောက်ဖြစ်အောင် ဆွဲဆောင်ပါလိမ့်မယ်။

ပါဝင် ပစ္စည်းများ

ရေခဲရေ
အသီးအနှံ (စတော်ဘယ်ရီ၊ သံပုရာ၊ သံပုရို)
Chia စေ့ – စာပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်ပုံ

• Detox လုပ်မယ့် ရေဘူးထဲ ပါဝင်ပစ္စည်း အကုန် ထည့်လိုက်ပါ။
• သမသွားအောင် မွှေပေးပါ။
• ရေခဲသေတ္တာထဲ ၁၀ မိနစ်လောက်ထည့်ပြီး ထပ်မွှေပြီးရင် သောက်လို့ရပါပြီ။

Ref : Hiruscar

]]>
ကျန်းမာရေးအတွက် Detox Water သောက်သုံးသင့်တဲ့ အချက် ၃ ချက် https://burma.irrawaddy.com/lifestyle/health/2018/02/13/151799.html Tue, 13 Feb 2018 10:20:16 +0000 https://burma.irrawaddy.com/lytbox/?p=151799 ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Detox Water  / detoxdiy သံပုရာသီးနဲ့ ပူစီနံရွက်အချို့ ပါဝင်တဲ့ Detox Water သောက်သုံးခြင်းဟာ ကောင်းမွန်စွာ အိပ်ပျော်နိုင်စေတဲ့အပြင် အသည်းအဆီဖုံးခြင်းနဲ့ နှလုံးရောဂါဖြစ်ပွားမှှုကို လျော့ကျစေပါတယ်။]]> ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Detox Water  / detoxdiy

ခန္ဓာကိုယ်လှပဖို့နဲ့ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အရေးကြီးသလို နေ့စဉ် စားသောက်မှုပုံစံဟာလည်း အရေးပါလှပါတယ်။ အထူးသဖြင့် ရေသောက်ခြင်းဟာ ကျန်းမာရေးအတွက် အဓိက ဖြစ်တဲ့အတွက် ရေကို မကြာခဏ သောက်သုံးပေးသင့်ပါတယ်။

ရေကိုမကြာခဏ မသောက်ချင်သူတွေ အနေနဲ့ ပြုလုပ်ရလွယ်ကူပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ Detox Water ပြုလုပ်နည်း အချို့နဲ့ ဘာလို့ Detox Water ကို သာက်သုံးသင့်တယ်ဆိုတဲ့ အကြောင်းအရာတွေ ရေးသား ဖော်ပြ လိုက်ပါတယ်။

ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Detox Water (ဓာတ်ပုံ – detoxdiy)

(၁) သံပုရာသီးနဲ့ ပူစီနံရွက်အချို့ ပါဝင်တဲ့ Detox Water သောက်သုံးခြင်းဟာ ကောင်းမွန်စွာ အိပ်ပျော်နိုင်စေတဲ့အပြင် အသည်းအဆီဖုံးခြင်းနဲ့ နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ ဒါ့အပြင် အစာအိမ်ရဲ့ အစာခြေဖျက်မှုစနစ်ကို ကောင်းမွန်စေပြီး ဝမ်းဗိုက် ချပ်ရပ်လိုသူများနဲ့ ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အသုံးဝင်တဲ့ ဆေးစွမ်းကောင်း တလက် ဖြစ်ပါတယ်။

(၂) Detox Water ပြုလုပ်ရာမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးအနှံနဲ့ ရေကို ရောစပ်ပြီး ပြုလုပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် Detox Water ကို သခွားသီး၊ သံပုရာသီး၊ ကီဝီသီးနဲ့ စတော်ဘယ်ရီ စတဲ့အသီးတွေနဲ့ ပြုလုပ်နိုင်ပါတယ်။ အိပ်ရာ မဝင်ခင် Detox Water သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပြီး ကယ်လိုရီ လောင်ကျွမ်းမှုနှုန်းကို မြှင့်တင်ပေးပါတယ်။

ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Detox Water (ဓာတ်ပုံ – detoxdiy)

(၃) Detox Water ကို အိပ်ရာမဝင်ခင် သောက်သုံးလို့ ရသလို အစားစားရင်းနဲ့လည်း သောက်သုံးနိုင်ပါတယ်။ အစားစားရင်း သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး လိုအပ်တဲ့ အာဟာရဓာတ် စုပ်ယူမှုကိုလည်း တိုးတက်စေပါတယ်။

Ref ; detoxdiy.com

]]>