Gangnam Style သီချင်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/gangnam-style-သီချင်း Covering Burma and Southeast Asia Mon, 03 Apr 2023 12:15:07 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Gangnam Style သီချင်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/gangnam-style-သီချင်း 32 32 YouTube မှာ ကြည့်ရှုသူ ၃.၅ ဘီလီယံ ကျော်သွားတဲ့ PSY ရဲ့ Gangnam Style https://burma.irrawaddy.com/lifestyle/entertainment/2020/01/27/213920.html Mon, 27 Jan 2020 04:08:21 +0000 https://burma.irrawaddy.com/lytbox/?p=213920 PSY ရဲ့ “Gangnam Style”သီချင်းဇန်နဝါရီလ ၂၅ ရက်နေ့၊ ကိုရီးယားစံတော်ချိန် ညနေ ၃ နာရီလောက်မှာပဲ YouTube ကနေ PSY ရဲ့ “Gangnam Style”သီချင်း MV ကို ဝင်ရောက်ကြည့်ရှုသူ ၃ ဒဿမ ၅ ဘီလီယံကျော်သွားခဲ့တာပါ။]]> PSY ရဲ့ “Gangnam Style”သီချင်း

K-Pop လောကရဲ့ ကြည့်ရှုနှုန်းအမြင့်ဆုံး သီချင်းဖြစ်ခဲ့သလို ကမ္ဘာတဝှမ်းမှာပါ အောင်မြင်ကျော်ကြားခဲ့တဲ့ PSY ရဲ့ “Gangnam Style”သီချင်းဟာ ထွက်ရှိပြီး ၇ နှစ်ကျော်အတွင်းမှာ YouTube ကနေ ကြည့်ရှုသူပေါင်း ၃ ဒဿမ ၅ ဘီလီ ယံကျော်နဲ့ မှတ်တမ်းဝင်သွားခဲ့ပါပြီ။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၊ ကိုရီးယားစံတော်ချိန် ညနေ ၃ နာရီလောက်မှာပဲ YouTube ကနေ PSY ရဲ့ “Gangnam Style”သီချင်း MV ကို ဝင်ရောက်ကြည့်ရှုသူ ၃ ဒဿမ ၅ ဘီလီယံကျော်သွားခဲ့တာပါ။ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၅ ရက်နေ့မှာ ထွက်ရှိခဲ့ပြီး K-Pop ချစ်သူတွေကြားမှာသာမက လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဒီနေ့အချိန်ထိ စွဲလမ်းနေဆဲ သီချင်းတပုဒ်အဖြစ် ကမ္ဘာတဝှမ်း အောင်မြင်မှုတွေ စိုက်ထူနိုင်နေဆဲလည်းဖြစ်ပါတယ်။

သီချင်းတင် အောင်မြင်ရုံသာကမဘဲ သီချင်းထဲမှာပါတဲ့ ကကွက်ကိုပါ လိုက်ကကြတဲ့ထိ အောင်မြင်ခဲ့သလို နိုင်ငံတော်အဆင့် ပွဲတွေမှာပါ ပါဝင်လာတဲ့ထိ အောင်မြင်ခဲ့တဲ့ သီချင်းတပုဒ်ပါ။ YouTube ပေါ်မှာ ဒီနေ့အချိန်ထိ ကြည့်ရှုသူအများဆုံး ဗီဒီယိုတွေထဲမှာ ဆဋ္ဌမနေရာမှာ ရှိနေပြီး ကြည့်ရှုနှုန်း ၃ ဘီလီယံခွဲထိရောက်ခဲ့တဲ့ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အဆိုတော်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အခုလို YouTube ပေါ်မှာ ကြည့်ရှုသူအများဆုံး ဖြစ်ခဲ့တာကြောင့် PSY ဟာ Fonsi နဲ့ Daddy Yankee, Ed Sheeran, Taylor Swift, Charlie Puth နဲ့ တခြားနာမည်ကျော် အနုပညာရှင်တွေနဲ့အတူတူ ဂုဏ်ပြုခံရသူ ဖြစ်လာခဲ့ပါတယ်။

PSY ရဲ့ “Gangnam Style”သီချင်း MV ဟာ စစချင်း YouTube မှာတင်ပြီး ရက် ၁၀၀ အတွင်းမှာပဲ ကြည့်ရှုသူ သန်း ၅၀၀ ကျော်ရခဲ့သလို၊ နာမည်ကြီး မီဒီယာတွေမှာလည်း သူ့ရဲ့ နာမည်ကျော် horse dance အကြောင်းကိုပါ အကျယ်တဝင့် ရေးသားဖော်ပြခဲ့ကြပါတယ်။

PSY ဟာ သူ့ရဲ့နာမည်ကျော် “Gangnam Style” အပြင် ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Gentleman” သီချင်းက လည်း ကြည့်ရှုသူ ၁ ဒဿမ၂ ဘီလီယံကျော် ရှိနေပြီး၊ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Snoop Dogg နဲ့အတူ သီဆိုခဲ့တဲ့ “Hangover” သီချင်းက ကြည့်ရှုသူ ၃၃၈ သန်းကျော်ရှိနေသလို၊ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ 2 Ne 1 အဖွဲ့က CL နဲ့ အတူဆိုထားတဲ့ “Daddy” ကတော့ ကြည့်ရှုသူ ၄၆၇ သန်းကျော် ရှိနေပါတယ်။

Ref: Soompi

You may also like these stories:

မိန်းကလေး ချောချော လှလှလေးတွေကို ရင်ခုန်တဲ့ အလှမယ် ဆွေဇင်ထက်

အသက် ၂၈ နှစ်ပြည့် မွေးနေ့ကို အလှူအတန်းများနဲ့ ဖြတ်သန်းခဲ့တဲ့ နေခြည်ဦး

၂၀ ရာစုရဲ့ အမျိုးသမီးတယောက် အကြောင်း (သို့မဟုတ်) “Radioactive” ရုပ်ရှင်

]]>