• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မိန်းကလေး ချောချော လှလှလေးတွေကို ရင်ခုန်တဲ့ အလှမယ် ဆွေဇင်ထက်

by ယုဖြူဟန်
26 January 2020
in Entertainment
A A
Miss Universe Myanmar 2019 အလှမယ် ဆွေဇင်ထက်  / ဝေဝေနှင်း/ဧရာဝတီ

Miss Universe Myanmar 2019 အလှမယ် ဆွေဇင်ထက် / ဝေဝေနှင်း/ဧရာဝတီ

5.3k
VIEWS
Share on FacebookShare on Twitter

မယ်စင်္ကြာဝဠာ ပြိုင်ပွဲကြီးရဲ့ နိုင်ငံတကာ စင်မြင့်ထက်မှာ လိင်တူချစ်သူအဖြစ် ဝန်ခံခဲ့တဲ့ Miss Universe Myanmar 2019 အလှမယ် ဆွေဇင်ထက်ကတော့ ကိုယ်တိုင်လည်း ငယ်ရွယ် နုပျိုချောမောတဲ့ မိန်းမငယ်တဦးဖြစ်ပေမယ့် ကောင်မလေး ချောချောလေးတွေကို ချစ်တယ်လို့ ပြောပါတယ်။

“စိတ်နဲ့ပဲ ဆိုင်မယ် ထင်တယ်။ ကျမဆိုရင် ယောကျ်ားလေး ချောချောမြင်ရင် ရင်မခုန်ဘူး။ ကောင်မလေး ချောချောလေးတွေ တွေ့ရင် ရင်ခုန်တယ်။ အခုထိပေါ့နော်။ လိုက်ကြည့်မိတယ်။ ကိုယ့်ရဲ့စိတ်ကြောင့်လို့ပဲထင်တယ်။ ကောင်မလေး ချောချောလေးတွေ မြင်ရင် ချစ်တယ်”လို့ အလှမယ် ဆွေဇင်ထက်က ပြောပါတယ်။

ကိုယ်တိုင် လိင်တူချစ်သူ တယောက်ဖြစ်ပြီး ချစ်သူသက်တမ်း ၃ နှစ်အကြာ ချစ်လာကြတဲ့ ချစ်သူ ရှိပေမယ့် ဆွေဇင်ထက်ကို စိတ်ဝင်စားတဲ့ အမျိုးသားများလည်း ရှိတယ်လို့ သိရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

“ကျမကို ကြိုက်ကြတဲ့ ယောကျ်ားလေးတွေ ရှိတယ်။ ပြောကြတယ်။ ကျမကလည်း စိတ်မဝင်စားဘူး။ ဂေဂေးကလည်း စိတ်တော့ပူတယ်။ ဒါပေမဲ့ သူ စိတ်ချပါတယ်။ ကျမကတော့ အဲ့လူတွေကို ဘလော့လိုက်တာပဲ။ တခါတလေကျရင် ဂေဂေးထိတောင် သွားပြောတဲ့သူတွေ ရှိတယ်။ သူဆိုရင်လည်း ပြန်ပြော၊ ပြန်ဆဲတာတွေရှိတယ်။ ကြီးကြီးမားမား ပြဿနာတော့ မရှိဖူးဘူး”လို့ ဆွေဇင်ထက်က ပြောပါတယ်။

တယောက်နဲ့တယောက် ချစ်နေတာဟာ အပြစ်မရှိဘဲ အေးချမ်းတဲ့အတွက် ချစ်ကြပါလို့ ပြောပါတယ်။ “အဓိကက တယောက်နဲ့တယောက် ချစ်နေဖို့ပဲ။ တယောက်နဲ့ တယောက် ချစ်နေရင် အပြစ်လည်း မရှိဘူး။ အေးချမ်းတယ်။ မိန်းကလေးချင်းပဲဖြစ်ဖြစ်၊ ယောကျ်ားလေးချင်းပဲဖြစ်ဖြစ်၊ မိန်းကလေးနဲ့ ယောကျ်ားလေးပဲဖြစ်ဖြစ် ချစ်နေရင်ပြီးရော၊ အချစ်မှာ အပြစ်မရှိဘူး။ ချစ်ကြပါ”လို့ ဆွေဇင်ထက်က ပြောပါတယ်။

ဆွေဇင်ထက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် လိင်တူချစ်သူတယောက် ဆိုတာကို ဘယ်အရွယ်က စတင်သိရှိခဲ့တာလဲဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ “ကျမ ထင်တာတော့ ဆယ်ကျော်သက်အရွယ်ပေါ့။ ဆယ်ကျော်သက်အရွယ်ဆိုတာ အချစ်ကို စပြီးသိတဲ့အရွယ်ဆိုတော့ အဲ့အချိန်က စသိခဲ့တာပေါ့” လို့ ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အလှမယ် ဆွေဇင်ထက်ကတော့ Miss Universe စင်မြင့်ရဲ့ သက်တမ်းတလျှောက်မှာ ပထမဆုံး လိင်တူချစ်သူဆိုတာကို ဝန်ခံခဲ့တဲ့ အလှမယ်တယောက် ဖြစ်ပြီး အခုလိုဝန်ခံခဲ့ပြီးနောက်ပိုင်း ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်သွားလဲဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

“လွတ်လပ်သွားတာပေါ့နော်။ အပြင်တွေဘာတွေ သွားတဲ့အခါမျိုးမှာ ခိုးကြောင်ခိုးဝှက် နေစရာ မလိုတော့ဘူး။ ပွင့်ပွင့်လင်းလင်း ဖြစ်သွားပြီပေါ့”လို့ ဆွေဇင်ထက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၆ ကြိမ်မြောက် ပြုလုပ်တဲ့ Yangon Pride ပွဲကြီးမှာလည်း ဆွေဇင်ထက်ကို ဆုချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“& Proud ပွဲမှာ ကျမကို ဆုပေးမယ်။ ဂေဂေးကတော့ သီချင်းဆိုဖို့ ရှိပါတယ်။ ဒါကတော့ ဂုဏ်ပြုတာပေါ့နော်။ သူတို့က ကျမကို ဂုဏ်ပြုတဲ့အတွက် ပျော်တာပေါ့။ ဒါက ဒုတိယအပျော်ပေါ့။ ဆုပေးတဲ့အတွက်” လို့ ဆွေဇင်ထက်က ပြောပါတယ်။

အလှမယ် ဆွေဇင်ထက်ကတော့ ဘားအံ ကိုယ်စားပြုအနေနဲ့ Miss Universe Myanmar 2019 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးချယ်ခံရတဲ့အတွက် အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့ ၆၉ ကြိမ်မြောက် Miss Universe 2019 ကို သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် တဦး ဖြစ်ပါတယ်။

Your Thoughts …
Tags: Miss Universe Myanmar 2019ဆွေဇင်ထက်လိင်တူချစ်သူအလှမယ်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

နိုင်ငံတကာမှာ အရှက်ရခဲ့ရတဲ့ Miss Grand Myanmar (ရုပ်/သံ)

နိုင်ငံတကာမှာ အရှက်ရခဲ့ရတဲ့ Miss Grand Myanmar (ရုပ်/သံ)

by ဧရာဝတီ
2 November 2024
7.8k

Miss Grand International 2024 ကို မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သဲစုငြိမ်း တတိယဆု ရရှိခဲ့တဲ့အပေါ် အလှမယ်ကိုယ်စားပြု ဒါရိုက်တာက မကျေနပ်ခဲ့ဘဲ သရဖူနဲ့ ဆုစလွယ်ကို ပြိုင်ပွဲစင်မြင့်မှာတင် ဖယ်ရှားခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ ပွဲဆူသွားစေခဲ့ပါတယ်။

လိင်စိတ်ခံယူမှု ကွဲပြားသူတွေကျင်းပတဲ့ပွဲမှာ မြန်မာလိင်တူချစ်သူနှစ်ဦး လက်ထပ် (ရုပ်/သံ)

လိင်စိတ်ခံယူမှု ကွဲပြားသူတွေကျင်းပတဲ့ပွဲမှာ မြန်မာလိင်တူချစ်သူနှစ်ဦး လက်ထပ် (ရုပ်/သံ)

by စောမေရီ
27 May 2024
1.6k

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရဲ့ အထင်ကရ နေရာဖြစ်တဲ့ ထဖယ်ဂိတ်မှာ မတ်လ ၂၆ ရက်နေ့က ကျင်းပတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ Chiang Mai Pride 2024 ပွဲမှာ မြန်မာလိင်တူချစ်သူ နှစ်ဦးက သူတို့ရဲ့ မင်္ဂလာပွဲကိုပါ...

Miss Universe Myanmar သူဇာဝင့်လွင်  / Myanmar Beauties Page

ချင်းရိုးရာ ဝတ်စုံနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်

by ဧရာဝတီ
14 May 2021
15.4k

Miss Universe Myanmar သူဇာဝင့်လွင်ဟာ နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးဖို့ "Pray for Myanmar" ဆိုတဲ့ စာသားကိုင်ကာ တင်ဆက် တောင်းဆိုခဲ့ပါတယ်။

အလှမယ် ထွန်းပုလဲရတနာ  / Htun Palal Yadanar's Facebook

ဆေးကျောင်းသူ အလှမယ် ထွန်းပုလဲရတနာ ပြန်လည် လွတ်မြောက်

by ဧရာဝတီ
1 March 2021
9.3k

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထွန်းပုလဲရတနာ ပါဝင်တဲ့ ဆေးတက္ကသိုလ် သပိတ်စစ်ကြောင်းဟာ ရန်ကင်း ကျောက်ကုန်းအထွက်မှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ဖြိုခွင်း ဖမ်းဆီးခြင်းကို ခံရပါတယ်။

Miss Universe Myanmar 2019 အလှမယ် ဆွေဇင်ထက်

လိင်တူချစ်သူတဦးအဖြစ် ဝန်ခံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မယ်စကြာဝဠာ အလှမယ် ဆွေဇင်ထက်

by ယုဖြူဟန်
9 December 2019
64.5k

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလှမယ် ဆွေဇင်ထက်ကတော့ Miss Universe စင်မြင့်ရဲ့ သက်တမ်းတလျှောက်မှာ ပထမဆုံး လိင်တူချစ်သူဆိုတာကို ဝန်ခံခဲ့တဲ့ အလှမယ်တယောက် ဖြစ်ခဲ့ပါတယ်။

Next Post
ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထုပ်ပိုးခြင်းအား လျှော့ချဖို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။

ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထည့်စားခြင်းဟာ ရင်သားကင်ဆာ ပိုဖြစ်စေနိုင်

ရန်ုကုန်တိုင်းဒေသကြီး လွှတ်တော်  / ထက်ဝေ / ဧရာဝတီ

ရန်ကုန်တိုင်း အစိုးရ အဂတိလိုက်စားမှု ရှိနေလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved