ပိုလန် သိပ္ပံပညာရှင်တဦးဖြစ်တဲ့ Marie Sklodowska-Curie ရဲ့ ဘဝတလျှောက် သိပ္ပံနယ်ပယ် ဖြတ်သန်းမှုနဲ့ သူကြုံတွေ့ခဲ့ရတဲ့ ချစ်ရေးချစ်ရာကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ Biography, Drama, Romance အမျိုးအစား ရုပ်ရှင်တကားဖြစ်ပြီး ဒါရိုက်တာ Marjane Satrapi က တာဝန်ယူ ရိုက်ကူးထားတာပါ။
သရုပ်ဆောင်တွေအနေနဲ့ Anya Taylor-Joy, Rosamund Pike, Jonathan Aris, Sam Riley တို့အပြင် တခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ UK ရုပ်ရှင်ရုံတွေမှာတော့ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၀ မှာ ပြသမှာဖြစ်ပြီး ကမ္ဘာနှံ့တဝှမ်းက ရုပ်ရှင်ရုံတွေအတွက် ပြသရက်ကိုတော့ မသိရသေးပါဘူး။
Paste မဂ္ဂဇင်းမှာတော့ Joelle Monique က “ဘဝ၊ သေခြင်းတရား၊ သိပ္ပံ၊ ချစ်ခြင်းနဲ့ အမုန်းတရားတို့ ရောယှက်နေရာက ပါရမီရှင်တယောက်ကို မွေးထုတ်ပေးလိုက်ပါတော့တယ်။ ကျနော် ကြည့်ဖူးတဲ့ Biography ရုပ်ရှင်တွေနဲ့ Radioactive ဟာ တမူကွဲပြားပါတယ်” လို့ သူ့အမြင်ကို ဖော်ပြခဲ့တာပါ။
The Hollywood Reporter မှာလည်း Deborah Young က “မင်းသမီး Rosamund Pike ရဲ့ Marie Curie အဖြစ် သရုပ်ဆောင်ရာမှာ နူးညံ့ညင်သာတဲ့ သရုပ်ဆောင်စွမ်းရည်ကို တွေ့မြင်ရကြောင်း၊ ယောကျ်ား၊ မိန်းမ ခွဲခြားခံရမှုတွေ ပြည့်နှက်နေတဲ့ ခေတ်အခါမှာ ကျက်သရေ မင်္ဂလာတခု ပိုင်ဆိုင်ထားတဲ့ Marie Curie ကိုလည်း တွေ့မြင်ကြရဦးမှာ”လို့ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာ “Radioactive” ရုပ်ရှင် Trailer ကို One Miedia အနေနဲ့ Youtube မှာ မျှဝေခဲ့ပြီး ၂၀၂၀ ခုနှစ်အတွင်း ကြည့်ရှုရမယ့် ရုပ်ရှင်တွေ စာရင်းထဲမှာမှ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။
Biography ရုပ်ရှင်ဆိုတဲ့ စိတ်ခံစားချက်ကို မေ့လျော့ပြီး စီးမျောကြရမယ့် ရုပ်ရှင်ကား ဖြစ်တာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေ စောင့်မျှော် ကြည့်ရှုချင်စရာ ကောင်းမယ့် “Radioactive” ပဲ ဖြစ်ပါတယ်။
Ref. IMDb