• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အသက် ၂၈ နှစ်ပြည့် မွေးနေ့ကို အလှူအတန်းများနဲ့ ဖြတ်သန်းခဲ့တဲ့ နေခြည်ဦး

by ယုဖြူဟန်
26 January 2020
in Entertainment
A A
Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး  / ဧရာဝတီ

Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး / ဧရာဝတီ

3.8k
VIEWS
Share on FacebookShare on Twitter

“ချီချီ”လို့ အများက ချစ်စနိုးခေါ်ကြတဲ့ Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦးကတော့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက်၂၈ နှစ်ပြည့်မွေးနေ့မှာ မွန်ပြည်နယ်ရှိ မိခင်ဖြစ်သူရဲ့ ရွာလေးမှာ အလှူအတန်းများစွာ ပြုလုပ်ခဲ့ပါတယ်။

မွေးနေ့ရက် ၂၅ရက်နေ့ မတိုင်ခင်ကတည်းက မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မရမ်းကုန်း ကျေးရွာအုပ်စု၊ ငါးဘတ်ချောင်ရွာကို သွားရောက်ပြီး ရေသန့်စက်အတွက် အလှူငွေ ၁၅သိန်း ၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် မတည်ငွေ သိန်း ၁၁၀၊ ရွာမှာရှိတဲ့ အောင်ရတနာ ကျောင်းတိုက်မှာ နဂါးရုံဘုရားတည်ရန် မတည်ငွေ သိန်း ၃၀၀ နဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာပစ္စည်းများ လှူဒါန်းခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅၅၀ လှူဒါန်းခဲ့တယ်လို့ သူ့ရဲ့ Facebook မှာ ဖော်ပြထားပါတယ်။

“ယနေ့ မွေးနေ့အလှူငွေ စုစုပေါင်း သိန်း ၅၅၀ ကို Chillies တွေနဲ့အတူ နေခြည်နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ Brands တွေအားလုံးကို အမှူးထားပြီး လှူဒါန်းနိုင်ခဲ့ပါတယ်။ ဘဝမှာ ဒီလို အလှူလုပ်နိုင်လိမ့်မယ်လို့ တခါမှ မတွေးဖူးပါဘူး။ ကိုယ်ပိုင် လုပ်အားခလေးနဲ့ လှူဒါန်းနိုင်ခဲ့တာမို့ ကျေးဇူးရှိသူတိုင်းအတွက် စိတ်ထဲက အမြဲ အမှူးထားပါတယ်”လို့ နေခြည်ဦးက ဆိုထားပါတယ်။

ဒါ့အပြင် မွေးနေ့ရက် ဇန်နဝါရီ ၂၅ ရက်နေ့မှာလည်း အဆိုပါရွာရှိ အဘိုးဖြစ်သူရဲ့ ခြံထဲမှာ မုန့်ဟင်းခါးနဲ့ နေ့လယ်စာ ထမင်း၊ ဟင်းတို့ကို ကျွေးမွေးခဲ့ပြီး လာရောက် စားသုံးကြတဲ့ ကလေးများကိုလည်း ရွှေလက်စွပ်၊ စက်ဘီး၊ တီဗီ၊ စတီးချိုင့်၊ ပန်ကာ၊ ကျောပိုးအိတ်များကို မဲဖောက်ကာ လက်ဆောင်ပေးခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

မိခင်ဖြစ်သူမှ နေခြည်ဦးအား ထူးထူးခြားခြား မွေးနေ့လက်ဆောင်အဖြစ် ကျားသစ်ပေါက်လေး ၃ ကောင်ကို ပေးခဲ့တယ်လို့လည်း သိရပါတယ်။ နေခြည်ဦးကိုတော့ မွေးနေ့ မတိုင်ခင် ရက်ပိုင်းကတည်းက သူ့ကို ချစ်တဲ့ ပရိသတ်များက ရန်ကုန်မြို့ရှိ လမ်းဆုံမီးပွိုင့် နေရာများမှာ နေခြည်ဦးရဲ့ပုံများ Billboard ထောင်ပြီး မွေးနေ့ ဆုတောင်း လုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။

နေခြည်ဦးကတော့ ယခင်နှစ်များစွာနဲ့ မတူဘဲ ယခုနှစ် မွေးနေ့မှာ အလှူအတန်းများ ပြုလုပ်ကာ တည်ငြိမ်စွာ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ နေခြည်ဦးဟာ Beauty Blogger တယောက်အနေနဲ့ စတင်လုပ်ကိုင်ခဲ့ပြီး အနုပညာလောကထဲ ဝင်ရောက်လာကာ အချိန်တိုအတွင်း အောင်မြင်မှုများစွာနဲ့ ဝေဖန်မှုများစွာလည်း ရရှိခဲ့တဲ့သူတယောက် ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ နေခြည်ဦး ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားများ ရုံတင်တဲ့အခါမှာလည်း အားပေးမှုများစွာရရှိခဲ့ပြီး မကြာခင်မှာလည်း မိုရီဆာကီဝင်းနဲ့အတူ တွဲဖက် သရုပ်ဆောင်ထားတဲ့ “အိပ်မက်တွေ မိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသတော့မယ်လို့ သိရပါတယ်။

Your Thoughts …
Tags: နေခြည်ဦးမွေးနေ့အလှူ
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး / ယုဖြူဟန် / ဧရာဝတီ

ဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ပေးခြင်း ခံရဖူးတယ်လို့ နေခြည်ဦး ပြော

by ယုဖြူဟန်
1 July 2019
91.1k

စိတ်ထဲမှာ ကြောက်သွားတာ။ ဘယ်သူမှန်းလဲ မသိဘူး။ နောက်ကို လှည့်မကြည့်ရဲဘူး။ ဘာလို့ ဒီလူက ငါ့တင်ပါးကို ကိုင်တာလဲ စဉ်းစားနေတာပေါ့နော်။ အရမ်းငယ်တဲ့အရွယ် မဟုတ်ဘူး။

သရုပ်ဆောင် ခြူးလေး / ဧရာဝတီ

Beauty Blogger နေခြည်ဦးလို ယုံကြည်မှု ရှိချင်တဲ့ သရုပ်ဆောင် ခြူးလေး

by ယုဖြူဟန်
21 October 2019
12.8k

သူ့ရဲ့စကားလေးတခွန်းက အားတက်စေတယ်။ အဲဒါကဘာလဲဆိုရင် လူပြောများလေ လူပိုသိလေပဲ။ သူတို့ ပြောလေ အထက်ကို တက်လေပဲဆိုတော့ အေးဆေးပဲ”လို့ ပြောပါတယ်။

Beauty Blogger နေခြည်ဦး   / Nay Chi Oo's Facebook

နိုင်ငံရေးဖြစ်စဉ်အပေါ် စစ်တပ်အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့သူ နေခြည်ဦး ရေးတဲ့စာ

by ယုဖြူဟန်
3 February 2021
26.1k

နေခြည်ဦးရဲ့ အခုလို ရပ်တည်မှုအတွက် Makeup Artist မေဦး၊ မော်ဒယ် ပိုင်တံခွန်နဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်တို့ကလည်း အားပေးခဲ့ကြပါတယ်။

Beauty Blogger နေခြည်ဦး / ဧရာဝတီ

နေခြည်ဦးနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ လက်တွဲဖြုတ်

by ဧရာဝတီ
3 March 2021
36k

နေခြည်ဦး Brand Ambassador အဖြစ် လုပ်ကိုင်နေတဲ့ vivo Myanmar ဖုန်းကုမ္ပဏီမှ ယနေ့၊ မတ်လ ၃ ရက်နေ့မှာ လက်တွဲဖြုတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

သရုပ်ဆောင် နေခြည်ဦး  / Nay Chi Oo's Facebook

ပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ကားတွေ ရုံတင်မြန်တဲ့အကြောင်း ပြောပြတဲ့ နေခြည်ဦး

by ယုဖြူဟန်
6 October 2019
6.6k

“ဒီကားမှာက အရှေ့မှာ ၄ ကားလောက် ရိုက်ပြီးတဲ့အချိန် ကိုနေတိုးနဲ့ တွဲရမယ်ဆိုတော့ နေခြည် အရမ်းစိတ်လှုပ်ရှားနေတာ။ ရိုက်တဲ့အချိန်မှာလည်း နေခြည် အကောင်းဆုံး ပြင်ဆင်ခဲ့တယ်။

ဖခင်ဝယ်ပေးတဲ့ ကားနဲ့ တွေ့ရတဲ့ နေခြည်ဦး  / Nay Chi Oo's Facebook

ဖခင်ဖြစ်သူက ကားဝယ်ပေးလို့ ပျော်နေတဲ့ နေခြည်ဦး

by ယုဖြူဟန်
14 August 2018
25k

ကားရတာနဲ့ ပတ်သက်ပြီးတော့လည်း “ဝယ်ပေးမယ်ပြောတာက Velar ၊ Showroom ရောက်တော့ လိုချင်တာက Autobiography ၊ ဘယ်ကားလေးရရ ကံတရားပေါ့”

Next Post
ဆွေမျိုးပေါက်ဖော်များ ဘေးရန်ကင်းကြပါစေ

ဆွေမျိုးပေါက်ဖော်များ ဘေးရန်ကင်းကြပါစေ

"ဒီနှစ်အားလပ်ရက်" အမည်ရှိ ခရီးသွားအစီအစဉ်

"ဒီနှစ်အားလပ်ရက်" အမည်ရှိတဲ့ ခရီးသွားအစီအစဉ်ကို စတင်လိုက်တဲ့ သြစတြေးလျ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved