• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ပေးခြင်း ခံရဖူးတယ်လို့ နေခြည်ဦး ပြော

by ယုဖြူဟန်
1 July 2019
in Entertainment
A A
Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး / ယုဖြူဟန် / ဧရာဝတီ

Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး / ယုဖြူဟန် / ဧရာဝတီ

91.1k
VIEWS
Share on FacebookShare on Twitter

မိန်းကလေး ပရိသတ်များရဲ့ အချစ်တော်၊ Beauty by Naychi ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သလို သရုပ်ဆောင်တယောက်လည်း ဖြစ်လာတဲ့ နေခြည်ဦးကတော့ သူ ဆယ်ကျော်သက်အရွယ်တုန်းက လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ပေးခြင်း ခံခဲ့ရတယ်လို့ ပြောပါတယ်။

“နေခြည် ပွင့်ပွင့်လင်းလင်းပြောရရင် နေခြည် ၁၂ နှစ်၊ ၁၃ နှစ်အရွယ်က Sexual Harassment လုပ်ခံခဲ့ရဖူးပါတယ်။ သြင်္ကန်မှာပေါ့။ နေခြည်တို့က ငယ်ငယ်က စစ်တပ်ဆိုတော့ တိုက်တန်းလျားတွေမှာ နေတာပါ။ နေခြည် လမ်းမထွက်ပြီး ရေပက်တဲ့ အချိန်မှာ နေခြည့်နောက်ကနေ ယောကျ်ားတယောက်က နေခြည့်တင်ပါးကို ကိုင်ပါတယ်”

“စိတ်ထဲမှာ ကြောက်သွားတာ။ ဘယ်သူမှန်းလဲ မသိဘူး။ နောက်ကို လှည့်မကြည့်ရဲဘူး။ ဘာလို့ ဒီလူက ငါ့တင်ပါးကို ကိုင်တာလဲ စဉ်းစားနေတာပေါ့နော်။ အရမ်းငယ်တဲ့အရွယ် မဟုတ်ဘူး။ အပျိုဖော်ဝင်တဲ့ အရွယ်ဖြစ်နေပြီ” လို့ နေခြည်ဦးက ပြောပါတယ်။

အဲ့ဒီ အသက်အရွယ်တုန်းက အနှောင့်အယှက်ပေးတဲ့ သူကိုလည်း ရှက်ကြောက်တာကြောင့် မျက်နှာကို မကြည့်ခဲ့ရဘဲ မိဘတွေကိုလည်း မပြောရဲတာကြောင့် စိတ်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဆိုပါတယ်။

“အဲဒီအချိန်က တကယ်ရှက်တယ်။ လှည့်လည်း မကြည့်ရဲဘူး။ သူက ၅ မိနစ်လောက် ကိုင်တဲ့အချိန်မှာ နေခြည် မခံစားနိုင်တော့ဘူး။ နေခြည့် အိမ်ကိုပြေးပြီး နေခြည် တောက်လျှောက် ငိုခဲ့ရတယ်။ မိဘကိုလည်း မပြောခဲ့ရဘူး။ ဘယ်လိုပြောရမှန်း မသိခဲ့ဘူး။ နေခြည့်အဖေကို ပြောလိုက်ရင် သတ်မယ်၊ ဖြတ်မယ် လုပ်မှာပဲ။ ဒါပေမဲ့ နေခြည် ဘယ်သူမှန်းလဲ မသိခဲ့ရဘူး။ အဲဒီ စိတ်ဒဏ်ရာက ၃၊ ၄နှစ်လောက်ထိ Carry on လုပ်လာပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

နောက်ပိုင်းမှာတော့ စာတွေဖတ်ခဲ့ရတဲ့အတွက် အဆိုပါ အချိန်က လူကြီးများကို ပြန်လည် မပြောပြခဲ့ခြင်းဟာ သူ့ရဲ့လိုအပ်ချက်ကြီးတခုလို ဖြစ်နေပြီး နောက်ပိုင်းမှာလည်း နေခြည်ဦးလို ကြုံတွေ့ရတဲ့ ကလေးများအတွက် အများကြီး ကူညီပေးချင်တယ်လို့ ဆိုပါတယ်။

“၁၆ နှစ်၊ ၁၇ နှစ် ရောက်တော့ စာတွေ ဖတ်ခဲ့ရတယ်။ နေခြည် ဒီလို မပြောဘဲနေခဲ့ရတာက နေခြည့် လိုအပ်ချက်တွေပေါ့။ နေခြည့်ကို သင်ပေးမယ့်သူလည်း မရှိဘူး။ ကလေးတွေမှာ Body Safety ပိုင်းကို သင်ပေးဖို့ အများကြီး လိုအပ်ပါတယ်။ နေခြည် ငယ်ငယ်တုန်းက ဘယ်အစိတ်အပိုင်းကို လာကိုင်လို့မရဘူး ဆိုတာ မသိပါဘူး။ အခုအရွယ်မှာ ရင်ဘတ်ကို လာကိုင်ရင် ပါး ပြန်ရိုက်မှာပါ”

“ဒါပေမဲ့ ကလေးတွေမှာ ဒီလိုအစိတ်အပိုင်းတွေကို လာကိုင်ရင် ဘာပြန်လုပ်ရမှန်း မသိပါဘူး။ ကလေးတယောက်မှာ No လို့ ပြောဖို့အတွက် ခက်ခဲပါတယ်။ သူတို့မှာ အတွေ့အကြုံတွေ ဗဟုသုတတွေ မရှိပါဘူး။ နေခြည် အများကြီး လုပ်ပေးချင်ပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

လတ်တလောမှာလည်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကျယ်ပြန့်စွာ သိရှိလာခဲ့တဲ့ နေပြည်တော်မှာဖြစ်ပွားခဲ့တဲ့ ၃ နှစ် မပြည့်သေးတဲ့ ကလေး သက်ငယ်မုဒိမ်း ပြုကျင့်ခံရတာနဲ့ ပတ်သက်ပြီးတော့လည်း နေခြည်ဦးက သူ့အမြင်ကို အခုလို ပြောပြခဲ့ပါတယ်။

“ကျူးလွန်တဲ့သူတွေက ကလေးတွေ ဖြစ်နေတော့ တော်တော်လေး စိတ်မကောင်းဘူး။ ဒါပေမဲ့ နေခြည်တို့ ဒါကို လက်ခံရမယ့်ကိစ ္စမဟုတ်ပါဘူး။ ကလေးပဲ ကျူးလွန် ကျူးလွန်၊ လူကြီးပဲ ကျူးလွန် ကျူးလွန် ထိထိရောက်ရောက် အရေးယူရမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျူးလွန်သွားတဲ့ မိဘတွေဘက်ကိုလည်း နေခြည်ကိုယ်ချင်းစာပါတယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
137
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“နေခြည့် ညီမလေးသာ ကျူးလွန်ခံရတဲ့ သူနေရာမှာဆိုရင် နေခြည် ခံနိုင်မှာ မဟုတ်ပါဘူး။ အလားတူပဲ နေခြည့်မှာ မောင်လေးလည်း ရှိပါတယ်။ နေခြည့် မောင်လေးသာ တပါးသူကို အဲ့လို လုပ်လိုက်တယ်ဆိုရင် ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီကိစ္စက နေခြည်တို့ တနိုင်ငံလုံးကို Alert ဖြစ်သွားတယ်လို့ ထင်ပါတယ်” လို့ နေခြည်ဦးက ပြောပါတယ်။

အဆိုပါ ကိစ္စရပ်များအတွက် မဖြစ်ခင်မှာ ဘယ်လို ကာကွယ်ရမယ်၊ ဖြစ်ပြီးသွားတဲ့အချိန်မှာ ဘယ်လိုတွေ ဆက်လုပ်ရမလဲ ဆိုတဲ့ အကြောင်းအရာများကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပညာပေးဖို့ လိုအပ်တယ်လို့ နေခြည်ဦးက ဆိုပါတယ်။

You may also like these stories:

“အပြင်က နေခြည်ဦးက ရုပ်ရှင်ထဲက နှင်းနုလို မဟုတ်ဘူး”

“မေမေက နေခြည်ဆိုးသမျှကို သည်းခံပေးတဲ့အတွက် ကျေးဇူးတင်တယ်”

“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်အကြောင်း ပြောပြတဲ့ နေခြည်ဦး

“ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှ လက်ထပ်မယ်”

Your Thoughts …
Tags: Sexual Harassmentနေခြည်ဦး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် ခြူးလေး / ဧရာဝတီ

Beauty Blogger နေခြည်ဦးလို ယုံကြည်မှု ရှိချင်တဲ့ သရုပ်ဆောင် ခြူးလေး

by ယုဖြူဟန်
21 October 2019
12.8k

သူ့ရဲ့စကားလေးတခွန်းက အားတက်စေတယ်။ အဲဒါကဘာလဲဆိုရင် လူပြောများလေ လူပိုသိလေပဲ။ သူတို့ ပြောလေ အထက်ကို တက်လေပဲဆိုတော့ အေးဆေးပဲ”လို့ ပြောပါတယ်။

Beauty Blogger နေခြည်ဦး   / Nay Chi Oo's Facebook

နိုင်ငံရေးဖြစ်စဉ်အပေါ် စစ်တပ်အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့သူ နေခြည်ဦး ရေးတဲ့စာ

by ယုဖြူဟန်
3 February 2021
26.1k

နေခြည်ဦးရဲ့ အခုလို ရပ်တည်မှုအတွက် Makeup Artist မေဦး၊ မော်ဒယ် ပိုင်တံခွန်နဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်တို့ကလည်း အားပေးခဲ့ကြပါတယ်။

Beauty Blogger နေခြည်ဦး / ဧရာဝတီ

နေခြည်ဦးနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ လက်တွဲဖြုတ်

by ဧရာဝတီ
3 March 2021
36k

နေခြည်ဦး Brand Ambassador အဖြစ် လုပ်ကိုင်နေတဲ့ vivo Myanmar ဖုန်းကုမ္ပဏီမှ ယနေ့၊ မတ်လ ၃ ရက်နေ့မှာ လက်တွဲဖြုတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

သရုပ်ဆောင် နေခြည်ဦး  / Nay Chi Oo's Facebook

ပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ကားတွေ ရုံတင်မြန်တဲ့အကြောင်း ပြောပြတဲ့ နေခြည်ဦး

by ယုဖြူဟန်
6 October 2019
6.6k

“ဒီကားမှာက အရှေ့မှာ ၄ ကားလောက် ရိုက်ပြီးတဲ့အချိန် ကိုနေတိုးနဲ့ တွဲရမယ်ဆိုတော့ နေခြည် အရမ်းစိတ်လှုပ်ရှားနေတာ။ ရိုက်တဲ့အချိန်မှာလည်း နေခြည် အကောင်းဆုံး ပြင်ဆင်ခဲ့တယ်။

ဖခင်ဝယ်ပေးတဲ့ ကားနဲ့ တွေ့ရတဲ့ နေခြည်ဦး  / Nay Chi Oo's Facebook

ဖခင်ဖြစ်သူက ကားဝယ်ပေးလို့ ပျော်နေတဲ့ နေခြည်ဦး

by ယုဖြူဟန်
14 August 2018
25k

ကားရတာနဲ့ ပတ်သက်ပြီးတော့လည်း “ဝယ်ပေးမယ်ပြောတာက Velar ၊ Showroom ရောက်တော့ လိုချင်တာက Autobiography ၊ ဘယ်ကားလေးရရ ကံတရားပေါ့”

ဂျွန်လွင် ၊ Beauty Blogger နေခြည်ဦး

နေခြည်ဦးအတွက် မွေးနေ့ ဆုတောင်းပေးလိုက်တဲ့ ဂျွန်လွင်

by ယုဖြူဟန်
26 January 2021
10.4k

အဆိုပါ ဆုတောင်းထားတဲ့ ပို့စ်အောက်မှာလည်း နေခြည်ဦးက “Love you so much Daddy” လို့ Reply လုပ်ထားပါတယ်။

Next Post
မွန်ပြည်နယ်က အိုလံပစ်နေ့ အထိမ်းအမှတ် စက်ဘီးစီးနင်းပွဲ (ရုပ်/သံ)

မွန်ပြည်နယ်က အိုလံပစ်နေ့ အထိမ်းအမှတ် စက်ဘီးစီးနင်းပွဲ (ရုပ်/သံ)

အဆိုတော် Taylor Swift

သီချင်းမူပိုင်ခွင့်တွေ ဆုံးရှုံးလိုက်ရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Taylor Swift

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved