Entertainment

နေခြည်ဦးအတွက် မွေးနေ့ ဆုတောင်းပေးလိုက်တဲ့ ဂျွန်လွင်

Want create site? Find Free WordPress Themes and plugins.

ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ Beauty Blogger၊ သရုပ်ဆောင် နေခြည်ဦးရဲ့ အသက် ၂၉ နှစ်ပြည့်မွေးနေ့မှာ Star Event Production မှ ဂျွန်လွင်က မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

“ဒီနေ့က ရုပ်ရှင်သရုပ်ဆောင်နဲ့ Beauty Blogger နေခြည်ဦးရဲ့ ၂၉ နှစ်ပြည့်မွေးနေ့ဆိုပြီး နေ့လယ်စာကို အိုင်ဒီယာ အကောင်းဆုံး ထုတ်ပိုးမှုနဲ့ ကချင်ရိုးရာ ဟင်းတွေ လာပြီး ပို့ပေးသွားတယ်။ ကျေးဇူးတင်ပါတယ် ချီချီ သမီးရေ။ အခုလို မွေးနေ့မှာ တကူးတက လာပို့ပေးတဲ့အတွက် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်ပါစေ။ အနုပညာ နယ်ပယ်မှာလည်း ယခုထက် ပိုအောင်မြင်ပြီး အကယ်ဒမီပေါင်းများစွာ ဆွတ်ခူးနိုင်ပါစေ။ သာယာပျော်ရွှင်သော မိသားစုဘဝကိုလည်း ထာဝရ ပိုင်ဆိုင်နိုင်ပါစေ” လို့ ဂျွန်လွင်က ဆုတောင်းပေးထားပါတယ်။

အဆိုပါ ဆုတောင်းထားတဲ့ ပို့စ်အောက်မှာလည်း နေခြည်ဦးက “Love you so much Daddy” လို့ Reply လုပ်ထားပါတယ်။

Beauty Blogger နေခြည်ဦး (ဓာတ်ပုံ – Nay Chi Oo’s Facebook)

နေခြည်ဦးက သူ့ရဲ့မွေးနေ့မှာ ရန်ကုန်မှာ မရှိဘဲ ပြင်ဦးလွင်ကို ရောက်နေတာဖြစ်ပေမယ့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အဆိုတော် မိုင်းမိုင်ဆိုင်း ရောင်းချနေတဲ့ ကချင်ရိုးရာ အစားအစာများကို မှာပြီး ချစ်ခင်ရတဲ့သူတွေထံ ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

“Happy full blessings birthday ပါ ချီရေ။ အသက် အတူတူ ဆိုပေမယ့် အမြဲလေးစား အားကျပြီး ထက်မြက်သောသူ၊ ရိုးရှင်းပွင့်လင်းပြီး Positive သမားမို့ အမြဲချစ်ပြီး အားပေးနေသူပါ။ ဒီထက်လည်းပိုအောင်မြင်ပါစေနော်။ အောင်မြင်ဦးမယ့်သူဆိုတာလည်း ယုံကြည်ပါတယ်”

“ရန်ကုန်မြို့ကြီးရဲ့ စားကောင်းပြီးခေတ်မီ အဆင့်မြင့်တဲ့ဆိုင်တွေ အများကြီးရှိတဲ့ထဲက ကျနော့်ရဲ့ ကချင်ရိုးရာ အစားသောက်တွေ ချီ့ရဲ့ Special day အတွက် (အစားသောက်) ပြင်ဆင်ခွင့်ရလို့ ဝမ်းသာကျေးဇူးတင်ပါတယ်နော်။ ရှုတင်ရှိတဲ့ အချိန်တွေမှာလည်း မှာယူအားပေးခဲ့တာတွေလည်း အခု တခါတည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်နော်” လို့ မိုင်းမိုင်ဆိုင်းက ပြောထားပါတယ်။

Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦးကတော့ လတ်တလော ပြင်ဦးလွင်မှာ “ချစ်ပန်းဝါဝါ” ဆိုတဲ့ ဇာတ်လမ်းတွဲကို မြင့်မြတ်နဲ့အတူ ရိုက်ကူးလျက် ရှိပါတယ်။

You may also like these stories:

“Esports ကို မသိပေမယ့် မြန်မာလူငယ်တွေ ကမ္ဘာအဆင့်မီတာ ဂုဏ်ယူတယ်”

ဒုတိယမြောက် သမီးလေးကို အီတလီမှာ သွားမွေးမယ့် အဆိုတော် ချမ်းချမ်း

ဦးဆောင်နိုင်မယ့်သူမျိုးကို သဘောကျတဲ့ မေမြင့်မိုရ်

Did you find apk for android? You can find new Free Android Games and apps.
Loading