• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ဒုတိယလှိုင်း စတင်ရာ ရခိုင်မှာ ကျန်းမာရေးဝန်ထမ်း ၄ ထောင်ကျော် ကာကွယ်ဆေး ထိုးမည်

by ခိုင်ရိုးလ
26 January 2021
in သတင်း
A A
အိန္ဒိယနိုင်ငံ Serum Institute of India မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး COVISHIELD / Getty Image 

အိန္ဒိယနိုင်ငံ Serum Institute of India မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး COVISHIELD / Getty Image 

4.8k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်ရောဂါ ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံဆေးခန်းတို့၌ တာဝန်ထမ်းဆောင်လျက်ရှိ သော ကျန်းမာရေး ဝန်ထမ်းပေါင်း ၄၄၀၀ ကျော်တို့အား ပထမဦးစားပေးအဖြစ် ကိုဗစ်ကာကွယ်ဆေးများကို ဇန်နဝါရီလ ၂၇ ရက်တွင် ထိုးပေးသွားမည် ဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေးဌာနက သိရသည်။

ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က “ကိုဗစ် ကာကွယ်ဆေးက လောလောဆယ် ကျန်းမာရေး ဝန်ထမ်းတွေကို ထိုးမယ်ဆိုပြီးတော့ စာရင်း ကောက်ထားတယ်။ အကုန်လုံးက ၄၄၀၀ ကျော် ရှိတယ်။ ကျနော်တို့ကလည်း၂၇ ရက်မှာ ထိုးမယ်လို့ စီစဉ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အိန္ဒိယနိုင်ငံ Serum Institute of India မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး COVISHIELD ၁ သန်းခွဲသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်နဝါရီလ၂၂ ရက်က Air India လေယာဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်ပြီး ထို ဆေးများကို တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးသို့ ဖြန့်ဝေခဲ့သည်။

လက်ရှိတွင် စစ်တွေဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးထိုးရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ဆိုသည်။

ကာကွယ်ဆေး စတင် ထိုးနှံပေးမည့် အုပ်စုတွင် ကျန်းမာရေး ဝန်ထမ်းများ၊ ကိုဗစ်ကုသတိုက်ဖျက်ရေးတွင် ပါဝင်နေသည့် စေတနာ့ ဝန်ထမ်းများ၊ နိုင်ငံတော် အကြီးအကဲများ၊ အစိုးရယန္တရား ပုံမှန်လည်ပတ်နိုင်ရန်အတွက် အဓိကကျသည့် အစိုးရ ဝန်ထမ်းများ၊ အစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအပြင် COVID-19 ရောဂါ ကူးစက်လွယ် သည့် အုပ်စုနှင့် ကူးစက်ခံရပြီးနောက် အသေအပျောက်များနိုင်သည့် အုပ်စုများ ပါဝင်ကြောင်းလည်း နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ၂၁ ရက်တွင် COVID-19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ဇန်နဝါရီ ၂၄ ရက်ကရခိုင်ပြည်နယ်သို့ ကိုဗစ်ကာကွယ်ဆေး လူဦးရေ ၄၄၀၀ ကျော်အတွက် ရောက်ရှိနေပြီး မြို့နယ်အသီးသီးကိုလည်း ပြန်လည် ဖြန့်ဝေထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကျန်းမာရေး ဝန်ထမ်းများကို ဆေးထိုးပြီးသည့် နောက်ပိုင်းတွင် တခြားအုပ်ချုပ်ရေးပိုင်း၊ သက်ကြီးပိုင်း ပြည်သူ စသည့် တို့ကိုလည်း ထိုးပေးသွားရန် အုပ်ချုပ်ရေးပိုင်းက စာရင်း ကောက်ယူနေကြောင်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ဆက်လက်ပြီး ဒေါက်တာစိုးဝင်းပိုင်က “ကျန်တဲ့ လူတွေကိုတော့ ထွေအုပ်ကနေ စာရင်းကောက်ယူနေတယ်။ အဲဒီစာရင်းတွေ ပြည့်စုံပြီဆိုရင် ဗဟ်ိုကော်မတီကနေ ဆေးရရှိမှုအပေါ်မူတည်ပြီးတော့ ဘယ်အုပ်စုကို ထိုးမယ်လို့ ပြောလာမှ ထိုးရမှာ။ တဆင့်ချင်း သွားမှာပေါ့ ” ဟု ရှင်းပြသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

အလားတူ ဆက်လက်ပြီး ကာကွယ် ဆေးရရှိမှုအပေါ် မူတည်ပြီး ရခိုင်ရှိ ဒုက္ခသည်တို့ကိုလည်း အဆင့်အလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ရောက်ရှိနေသော ကာကွယ်ဆေး ၁ သန်းခွဲသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးပို့သော လက်ဆောင် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံသံရုံးက ထုတ်ပြန်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးသန်း ၃၀ ဝယ် ယူရန် သဘောတူထားပြီး ၁၅ သန်းအတွက် ငွေပေးချေပြီး ဖြစ်ကြောင်းလည်း သိရသည်။

You may also like these stories:

ကိုဗစ် ကာကွယ်ဆေးထိုးရန် တိုင်းနှင့် ပြည်နယ်များတွင် စာရင်းကောက်ယူ

ကိုဗစ်ကာကွယ်ဆေးများ တိုင်းနှင့်ပြည်နယ်များသို့ မနက်ဖြန်မှစ၍ ဖြန့်ဝေမည်

Your Thoughts …
Tags: ကိုဗစ်ကာကွယ်ဆေးကျန်းမာရေးဝန်ထမ်းရခိုင်
ခိုင်ရိုးလ

ခိုင်ရိုးလ

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.2k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12.1k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

by ဧရာဝတီ
5 March 2024
11.2k

ရခိုင်စစ်မျက်နှာတွင် အထိနာနေသည့် စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် မြို့များ၊ စခန်းများမှ တပ်ဖွဲ့ဝင်များအား စစ်တွေနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတို့တွင် ပြန်လည်စုစည်းမှုများ ပြုလုပ်ကာ ခံစစ်ပြင်နေသည့်အခြေအနေဖြစ်ကြောင်း

Next Post
၂၀၁၅ခုနှစ်က တွေ့မြင်ရသည့် ဘော်တွင်း သတ္တုတွင်း  / ဧရာဝတီ

ဘော်တွင်းသတ္တုစီမံကိန်းအတွက် နေရာပြောင်းရန် ပြောဆိုမှု ဒေသခံများ လက်မခံ

ပုသိမ်မြို့ ဟစ်တိုင်ကွင်းတွင် ပြုလုပ်ခဲ့သည့် တပ်မတော်ထောက်ခံပွဲနှင့် ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲ  / ဆလိုင်းသန့်စင် / ဧရာဝတီ

တပ်မတော် ထောက်ခံပွဲ ဦးဆောင်သူများကို အရေးယူရန် ပုသိမ်ဒေသခံများ တောင်းဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved