• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မျိုးချစ်ဆိုသူများ၏ ကျောက်တိုင်စိုက်ပွဲ ထောက်ပံ့ခြင်းမရှိဟု တပ်မတော်ငြင်း

by ထွန်းထွန်း
26 January 2021
in သတင်း
A A
ယနေ့ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဗိုလ်ချုပ်ဇော်မင်းထွန်း / သီဟလွင် / ဧရာဝတီ

ယနေ့ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဗိုလ်ချုပ်ဇော်မင်းထွန်း / သီဟလွင် / ဧရာဝတီ

13.5k
VIEWS
Share on FacebookShare on Twitter

ပုဒ်မ ၃ ခုဖြင့် အမှုဖွင့် တရားစွဲထားသည့် မိုက်ကယ်ကျော်မြင့် ဦးဆောင်ကာ နေပြည်တော်တွင် ကျောက်တိုင် စိုက်ထူရန် စီစဉ်နေမှုအား ထောက်ပံမှု မပေးသော်လည်း ၎င်းတို့က တပ်မတော်အား ဝန်းရံခြင်းမှာ အပြစ်မဟုတ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“တပ်မတော်အနေနဲ့က စပွန်ဆာပေးစရာအကြောင်းမရှိပါဘူး။ ဝန်းရံသူတွေကတော့ ရှိမှာပေါ့။ ဝန်းရံသူတွေ ဝန်းရံတာ ကတော့ အပြစ်မဟုတ်ဘူးလို့ ဆိုချင်တယ်။ အဖွဲ့အစည်းတိုင်းမှာတော့ သူတို့ ဝန်းရံသူတွေက ရှိနိုင်ပါလိမ့်မယ်” ဟု၎င်းက ဧရာဝတီ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုက်ကယ်ကျော်မြင့်မှာ အခြေခံလူတန်းစား ဘဝတိုးတက်မြင့်မားရေးပါတီ(YDP) အထွေထွေ အတွင်းရေးမှူးဖြစ် ပြီး၊ စစ်ကိုင်းတိုင်း ခင်ဦးမြိုနယ်တွင် ပုဒ်မ ၅၀၅(ခ)၊ ကျောက်တံတားမြို့နယ်တွင် ငြိမ်း/စု/ စီ ဥပဒေပုဒ်မ ၁၉၊ တောင်ဒဂုံ မြို့နယ်တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)တို့ဖြင့် အမှုဖွင့်ခံထားရသူဖြစ်ကာ ထွက်ပြေးနေရာမှ နေပြည် တော်တွင် ကျောက်တိုင်စိုက်ပွဲပြီးမှ ရင်ဆိုင်ဖြေရှင်းမည်ဟု ဆိုထားသူဖြစ်သည်။

၎င်းအပါအဝင် တပ်မတော်ထောက်ခံသူများ အနေဖြင့် မျိုးချစ်တပ်မတော်မှ အခြေခံဥပဒေနှင့် အညီ တိုင်ပြည်ကာကွယ် စောင့်ရှောက်ပေးရန် ဆိုကာ ဇန်နဝါရီ ၂၉ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ရုံးစိုက်ရာ အနီးတွင် တိုင်းပြု ပြည်ပြု ကျောက် တိုင်စိုက်ထူရန် စီစဉ်နေခြင်းဖြစ်သည်။

မိုက်ကယ်ကျော်မြင့်သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း တောင်ဒဂုံမြို့နယ်အတွင်း ဘာသာရေးအကြောင်းပြ ဆူပူမှု ကြောင့် ပုဒ်မ ၅၀၅(ခ)ဖြင့်လည်း ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရဖူးသူဖြစ်သည်။

မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် YDP ပါတီအပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်သည့် ၃၄ ပါတီသည် ရွေးကောက်ပွဲ မတိုင်မီ သြဂုတ်လက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နေပြည်တော်တွင် တွေ့ဆုံကာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တရားမျှတမှု မရှိပါက ဝင်ရောက်ဖြေရှင်းပေးရန် တောင်းဆိုမှုရှိခဲ့သည်။

ကျောက်တိုင်စိုက်မည့် အစီအစဉ်နှင့် ပတ်သက်၍ ဥပဒေအကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က တာဝန်ရှိသူများ အနေ ဖြင့် အမှန်တကယ် ဥပဒေအတိုင်း ဆောင်ရွက်ပါက ဖြစ်လာစရာ အကြောင်းမရှိကြောင်းနှင့် တပ်မတော် အနေဖြင့်လည်း ဝရမ်းပြေးတဦး လုပ်ဆောင်သည်ကို လက်ခံလိမ့်မည်မထင်ကြောင်း ပြောသည်။

“ဒီဟာကို ဦးဆောင်မယ့်သူ ကိုယ်တိုင်က ဝရမ်းပြေးဖြစ်နေတယ်၊ ဝရမ်းပြေး တယောက်ဟာ ဥပဒေရဲ့ အပြင်ကနေ သူလုပ် ဆောင်သမျှ အားလုံးသည် ဘယ်လိုမှ ဥပဒေနဲ့အညီ မဟုတ်တဲ့အတွက် ပါဝင်ဆောင်ရွက်သူ အားလုံးသည်လည်းပဲ ဥပဒေ နဲ့ ငြိစွန်းပြီးတော့ အရေးယူခံရမှု ဖြစ်တဲ့အတွက် ဥပဒေအမြင်နဲ့ ကြည့်ရင်တော့ စိုးရိမ်စရာ အနေအထားလည်းမရှိဘူး၊ ကျောက်တိုင်စိုက်ပွဲကလည်း တာဝန်ရှိသူတွေက ဥပဒေအတိုင်း ဆောင်ရွက်ကြမယ်ဆိုရင် ဖြစ်ထွန်းလာစရာကို အကြောင်း မရှိဘူး”ဟု ၎င်းပြောသည်။

ယင်းအပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၁(ဃ) အရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော ပြည်ထောင်စုနိုင်ငံ၏ လုပ်ငန်းအဖွဲ့ကို လည်းကောင်း၊ ပြည်ထောင်စုအဖွဲ့ဝင်၏ လုပ်ငန်းအဖွဲ့ကို သော်လည်ကောင်း၊ လက် နက်ဖြင့် ဖြစ်စေ၊ အခြားသောင်းကျန်းသော နည်းလမ်းဖြင့် ဖြစ်စေ ဖြိုဖျက်ရန် အားထုတ်လျှင်(သို့) ဖြိုဖျက်ရန် အခြားနည်း ဖြင့် ပြင်ဆင်လျှင်၊ (သို့) ထိုသို့ အားထုတ်မှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းနှင့် လှုံ့ဆော်သူများ အနေဖြင့် သေဒဏ် အထိ ကျခံရနိုင်သည့် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးအဖြစ် အရေးယူခံရနိုင်ချေကိုလည်း ၎င်းက ထောက်ပြ သတိပေးခဲ့သည်။

သို့သော် လတ်တလောတွင် ကျောက်တိုင်စိုက်ပွဲသို့ လာရောက်သူများအား ကူညီရန်နှင့် ပူးပေါင်းပါဝင်ရန် လှုံ့ဆော်ခဲ့သည့် မင်းသားကြီးဆိုသူနှင့် ညီဖြစ်သူတို့အား ရန်ကုန်- မန္တလေး အမြန်လမ်း နေပြည်တော်အနီး မိုင်တိုင် ၂၀၃၊ ၃/၄ ဖာလုံအနီးရှိ ရာဇအောင်မြေတောရ သသနာပြုကျောင်းတွင် ဇန်နဝါရီ ၂၂ ရက်နေ့က ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

ယင်းအပြင် YDP ပါတီမှ ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်ဆိုသူကိုလည်း ကျောက်တိုင်စိုက်ပွဲနှင့် ပတ်သက်ပြီး နည်းပညာ အသုံးပြုကာ လူစုလူဝေး ဖြစ်စေရန် လှုံ့ဆော်သည်ဟု ဆိုကာ ဇန်နဝါရီ ၂၅ ရက်နေ့က မြောက်ဒဂုံမြို့နယ်၊ ၁၆ ရပ်ကွက် အတွင်းရှိ Ruby Paradise တွင် ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ ဖြင့် အမှုဖွင့် အရေးယူ ထားသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
22
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
25
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
625

ဒေါ်မိုးမိုးခိုင်သည် ဒီဇင်ဘာ ၂၈ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင် မျိုးချစ်တပ်မတော်အား ထောက်ခံကြောင်း ဦးဆောင် ဆန္ဒပြသည့် အတွက် ငြိမ်း/စု/စီ ဥပဒေပုဒ်မ ၂၀ ဖြင့် ကျောက်တံတာမြို့နယ်တွင် တရားစွဲခံ ထားရသူဖြစ်ပြီး နေပြည်တော်တွင် စိုက်ထူမည့် တိုင်ပြုပြည်ပြု ကျောက်တိုင်ကိုလည်း ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်အပ်နှံမှာ ဖြစ်ကာ ဖိတ်စာလည်း ပေးထားပြီး ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသူဖြစ်သည်။

ကျောက်တိုင်စိုက်ပွဲ လှုံ့ဆော်သူများအား အရေးယူထားသည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ တွင် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး(သို့) အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှု တရပ်ရပ်ကို ပြုလုပ်ခြင်းတို့ ရှိပါက အနည်းဆုံး ထောင်ဒဏ် ၇ နှစ်နှင့် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

အစိုးရအနေဖြင့်လည်း မဲစာရင်း မှာယွင်းမှုကို အခြေခံကာ UEC ကန့်ကွက်ကြောင်းနှင့် တပ်မတော်အား ထောက်ခံ ကြောင်း ဆန္ဒပြမှုများနှင့် ပတ်သက်၍ ခွင့်ပြုချက် ရယူခြင်း မရှိမှုနှင့် ဥပဒေ ချိုးဖောက်မှုများအား ဆက်တိုက် ဖမ်းဆီး အရေးယူလျှက်ရှိရာ ဇန်နဝါရီ ၂၅ ရက်နေ့က တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ရွှေထွဋ်တင် ကွင်းအရှေ့တွင် လူ ၃၀၀ ကျော်ခန့်က ဆန္ဒပြရန် ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့က လူစုခွဲဖမ်းဆီးခဲ့ပြီး ဦးဆောင်သူ ၁၇ ဦးအား ငြိမ်း/စု/စည်း ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း တာမွေရဲစခန်းက သိရသည်။

You may also like these stories:

ရုရှားကာကွယ်ရေးဝန်ကြီးကို တပ်မတော်က ကော်ဇောနီဖြင့် ကြိုခဲ့သည်

လေကြောင်းရန် ကာကွယ်ရေး စက်လက်နက်များ ရုရှားက မြန်မာကို ရောင်းချပေးမည်

စစ်ဘေးရှောင် နေရပ်ပြန်ရေး တပ်စခန်းများ ရုပ်ပေးရန် ဆန္ဒထုတ်ဖော်

Your Thoughts …
Tags: တပ်မတော်တိုင်းပြုပြည်ပြု ကျောက်တိုင်မိုက်ကယ်ကျော်မြင့်ရွေးကောက်ပွဲ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
အိန္ဒိယနိုင်ငံ Serum Institute of India မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး COVISHIELD / Getty Image 

ကိုဗစ်ဒုတိယလှိုင်း စတင်ရာ ရခိုင်မှာ ကျန်းမာရေးဝန်ထမ်း ၄ ထောင်ကျော် ကာကွယ်ဆေး ထိုးမည်

၂၀၁၅ခုနှစ်က တွေ့မြင်ရသည့် ဘော်တွင်း သတ္တုတွင်း  / ဧရာဝတီ

ဘော်တွင်းသတ္တုစီမံကိန်းအတွက် နေရာပြောင်းရန် ပြောဆိုမှု ဒေသခံများ လက်မခံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved