• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ဒီနှစ် အကယ်ဒမီပွဲမှာ ပဝါလိုက်မခြုံပေးဘူး”လို့ ဆိုလိုက်တဲ့ ဂျွန်လွင်

by ချစ်ပိုး
4 March 2019
in Entertainment
A A
အကယ်ဒမီ ပေးပွဲကို စီစဉ်မယ့် ဂျွန်လွင်  / ဧရာဝတီ

အကယ်ဒမီ ပေးပွဲကို စီစဉ်မယ့် ဂျွန်လွင် / ဧရာဝတီ

30.9k
VIEWS
Share on FacebookShare on Twitter

အနုပညာလောကသားတွေသာမက ပရိသတ်တွေပါ စောင့်မျှော်နေကြတဲ့ မြန်မာရုပ်ရှင်ထူးချွန်ဆု ပေးပွဲကြီးကို မတ်လ(၂၃) ရက်နေ့တွင် The One Entertainment Park မှာ ကျင်းပသွားမှာ ဖြစ်ပြီး အကယ်ဒမီ ပေးပွဲအတွက် Event ပိုင်းကို စီစဉ်သူ ဂျွန်လွင်မှ တာဝန်ယူသွားမယ်လို့ သိရပါတယ်။ အကယ်ဒမီပွဲကြီး နေရာရွေ့လိုက်တာနဲ့ ပတ်သက်ပြီး ဂျွန်လွင်က ဒီနှစ် အကယ်ဒမီပေးပွဲ Budget ကို လျော့ပြီး သုံးထားပါတယ်လို့ ဆိုပါတယ်။

“အကယ်ဒမီပေးပွဲကို မဟာနဲ့ Moon Myanmar Media နဲ့ ပူးပေါင်းပြီးလုပ်မှာပါ။ ကျနော်က Event ဘက်ကို ကူညီတဲ့ အနေနဲ့ ဝင်လုပ်ပေးတာပါ။ သူတို့ စီစဉ်တာလည်း တော်တော်ပြီးသွားပါပြီ။ ကျနော်တို့ကအပိုင်းအစတခုအနေနဲ့ ပါဝင်ပါတဲ့ သဘောပါ။ ကျနော်တို့ကတော့ အကောင်းဆုံးလုပ်သွားမှာပါ။ နေရာလည်း The One Entertainment မှာ လုပ်မှာပါ။ စတိတ်ဒီဇိုင်းလည်း ကျနော်လည်း ဆွဲတာပါ။ သူတို့က မပြပါနဲ့ဦးဆိုလို့ ကျနော်ပြလို့ မရသေးပါဘူး”လို့ ဂျွန်လွင်က ပြောပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
256
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
797
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

“နိုင်ငံခြားက စတိတ်ကို ကိုးကားပြီး ပြန်လုပ်ထားတာဖြစ်ပါတယ်။ ကျနော်တို့ သွားလာရတာတွေ အဆင်ပြေအောင် တာဝန်ယူမှာပါ။ ဦးဇင်ဝိုင်းက အနုပညာလောကသား ၂၀၀၀ ကျော် ဖိတ်မယ်လို့ ပြောတယ်။ အဲ့အတွက် နည်းနည်းတော့ ခက်ခဲတယ်။ ဟောလိဝုဒ်မှာတော့ ဘယ်လိုဖိတ်လည်းမသိဘူး”

“ ကျနော်တို့ အယောက် ၃၂၀၀ လို့ မှန်းထားတယ်။ ခုံခင်းကြည့်တာတော့ ၂၈၀၀ နဲ့ ၃၀၀၀ ကြားပဲဆန့် တယ်။ သေချာတော့ ထပ်လုပ်ကြည့်ရဦးမယ်။ ကျနော်တို့ဘက်အခြမ်းကို သိန်း ၈၀၀ နဲ့၈၀ကြားကို ချမှတ်ပေးထားပါတယ်။ အဲ့ကြားကို ဘောင်ဝင်အောင်လုပ်ရမှာပါ။ ဒီနှစ် အကယ်ဒမီပေးပွဲ Budget ကို လျော့ပြီး သုံးထားပါတယ်”လို့ ဂျွန်လွင်ကပြောပါတယ်။

အကယ်ဒမီ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးလည်း ဒီနှစ်မှာ ကြိုက်နှစ်သက်သလို ဝတ်ဆင်နိုင်ပြီး ပဝါခြုံမပေးဘူးလို့ ဆိုပါတယ်။

“ကိုယ့်ကလည်း မင်းသမီးတယောက်အနေနဲ့ ဝတ်လာရင် အရမ်းကြီးဝတ်လာရင် ကိုယ့်ကို Reflection ရိုက်နိုင်ပါတယ်။ ကိုယ့်ဦးနှောက်နဲ့ ကိုယ်စဉ်းစားပြီး ဝတ်တတ်ပါတယ်။ အဝတ်အစား ဒီဇိုင်းဖော်မှ မဟုတ်ဘူး။ လှအောင်ဝတ်ပြီး လျှောက်လှမ်းကို လျှောက်လို့လည်းရပါတယ်။ ပဝါလည်း ခြုံမပေးပါဘူး” လို့ ဂျွန်လွင်က ပြောပါတယ်။

ပွဲစီစဉ်သူ ဂျွန်လွင်ကတော့ ပွဲစီစဉ်ရတာ ဝါသနာပါတဲ့အတွက် ဘယ်အပိုင်းက ပါရပါရ ကြိုက်တယ်လို့ ဆိုပါတယ်။

“ကျနော်အနေနဲ့ ပွဲစီစဉ်တာကို ဝါသနာကို ပါတာပေါ့။ ဘယ်အပိုင်းကပဲ ပါရပါရ ကျနော်ကြိုက်တယ်။ တချို့တွေက ပြောတယ်။ မြန်မာနိုင်ငံမှာ သူတယောက်တည်းရှိတာ မဟုတ်ဘူး။ သူတို့လည်းလုပ်ပြချင်တယ် လို့ပြောတယ်။ ကျနော့် အတွေ့အကြုံတွေနဲ့ ကျနော် လုပ်ပြနိုင်မယ်ထင်လို့ သူတို့က ကျနော်ကိုခေါ်တာပါ။ နောင်နှစ်တွေမှာလည်း ကျနော်ထက်စွမ်းတာတွေရှိမှာပါ”

“တချို့တွေက ကွန်ပျူတာ ဒီဇိုင်းပေါ်မှာသာ ဆွဲတတ်တာ။ တကယ့်ပွဲမှာ သူတို့ မလုပ်နိုင်ဘူး။ ဒီနှစ်အကယ်ဒမီ ပွဲကြီးလည်းအောင်မြင်မှာပါ။ ကျနော် ဖိဖိစီးစီးနဲ့ သေချာလုပ်မှာပါ။ အဲ့အတွက်ရှိတဲ့ ပွဲကို ရက်တွေ ရွေ့ထားတယ်။ ရုပ်ရှင်မိသားစုတွေရဲ့ အမြင့်ဆုံးဆုပေးပွဲဖြစ်တဲ့ အတွက် ဒီပွဲကြီးကို မြန်မာတနိုင်ငံလုံးကလည်း စိတ်ဝင်စားတယ်”လို့ ဂျွန်လွင်က ပြောပါတယ်။

Model လောကရဲ့ ဦးဆောင်နိုင်သူလို့ ရည်ညွှန်းရမယ့် ဂျွန်လွင်ကတော့ ပွဲတိုင်းကို အောင်မြင်စွာကျင်းပနေသူပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စတား မော်ဒယ်အေဂျင်စီကနေလည်း တက်သစ်စ အနုပညာရှင်တွေ အမြဲ မွေးထုတ်ပေးလျက် ရှိပါတယ်။

Your Thoughts …
Tags: ဂျွန်လွင်အကယ်ဒမီ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

by ဧရာဝတီ
21 February 2024
3.9k

စစ်မှုမထမ်းလိုသည့် မြန်မာလူငယ်များမှာ ထိုင်းနိုင်ငံသို့ နီးစပ်ရာ နယ်စပ်ထွက်ပေါက်များမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ထွက်ခွာနေကြသလို တရားဝင်လမ်းကြောင်းမှလာရန် ရန်ကုန်ရှိ ထိုင်းသံရုံး၌ ဗီဇာတန်းစီသူ နေ့စဉ်ထောင်နှင့်ချီ၍ ရှိနေကြောင်း

လူမျိုးရေး များနေတဲ့ အကယ်ဒမီ ၃ ဆုရှင် အုတ်ကြားမြက်ပေါက်

လူမျိုးရေး များနေတဲ့ အကယ်ဒမီ ၃ ဆုရှင် အုတ်ကြားမြက်ပေါက်

by စိုင်းလတ်
21 March 2017
13.7k

အုတ်ကြားမြက်ပေါက်ရုပ်ရှင်မှာ မြန်မာအမျိုးသမီးတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းရှိပေမယ့် လူမျိုးရေးကို ရှေ့တန်းတင်တယ်။

အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

by ဧရာဝတီ
30 January 2022
5.5k

အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

“အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ရခဲ့တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် / မျိုးမင်းစိုး / ဧရာဝတီ

၁၃ နှစ် အကြာမှာ ဒုတိယမြောက် အကယ်ဒမီဆု ရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်

by ယုဖြူဟန်
24 March 2018
7.9k

“ရင်ဘတ်ထဲကဓား” ရုပ်ရှင် ဇာတ်ကားကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ “အမှောင်ထဲမှာ” ဆိုတဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းက ပြန်လည် ပုံဖော်ရိုက်ပြီး အဆိုပါဇာတ်ကားနဲ့ပဲ ဒါရိုက်တာဝိုင်းက ဒီနှစ်မှာ ဇာတ်ညွှန်းဆု အကယ်ဒမီ ရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ရခဲ့တဲ့ မြင့်မြတ်  / မျိုးမင်းစိုး / ဧရာဝတီ

“အကယ်ဒမီ မြင့်မြတ် ဖြစ်သွားပါပြီ”ဆိုပြီး ပရိသတ်တွေကို ပြောလိုက်တဲ့ မြင့်မြတ်

by ယုဖြူဟန်
23 March 2018
11.2k

မြင့်မြတ်ကတော့ ယခုနှစ် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများထဲမှာ ဟာသရုပ်ရှင် ဇာတ်ကားများ အရေအတွက်က များနေပြီး ဒရာမာဇာတ်ကား အနေဖြင့် “အမှောင်တွေ ရွာချတဲ့ မိုးတိမ်” (ကျွန်) ဇာတ်ကားတကားသာ ပါရှိနေကာ

အကယ်ဒမီ “အမျိုးသား ဇာတ်ဆောင်ဆု” ရေပန်းစားနေတဲ့ မင်းသားတွေရဲ့ စကားသံများ

အကယ်ဒမီ “အမျိုးသား ဇာတ်ဆောင်ဆု” ရေပန်းစားနေတဲ့ မင်းသားတွေရဲ့ စကားသံများ

by ချစ်ပိုး
19 March 2019
9.4k

ရင်ခုန်ခွင့်ရှိတဲ့ ဇာတ်ကားတွေ ပါလာတဲ့အခါကြတော့ ကျနော့်အနေနဲ့ ဝမ်းသာတယ်။ အကယ်ဒမီဆိုတာ ရခြင်း၊ မရခြင်း ဆိုတာထက် ကျနော့် အနေနဲ့ အမြဲ တမ်း ကြိုးစားနေမယ်”လို့ နေတိုးက ပြောပါတယ်။

Next Post
မြန်မာ့စီးပွားရေးမြှင့်တင်ဖို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း လုပ်ဆောင်မည်

မြန်မာ့စီးပွားရေးမြှင့်တင်ဖို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း လုပ်ဆောင်မည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝေသာလီကျေးရွာ မောင်တော-အငူမော် ကားလမ်းပေါ်၌ ရပ်ထားသည့် HINO ကားမှ မူးယစ်ဆေးများ ဖမ်းမိစဉ် (CCDAC)

စိတ်ကြွဆေး ၁၀သန်းကျော် ရခိုင်ပြည်နယ်တွင် ဖမ်းမိ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

21 hours ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate