• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စိတ်ကြွဆေး ၁၀သန်းကျော် ရခိုင်ပြည်နယ်တွင် ဖမ်းမိ

by နန်းလွင်နှင်းပွင့်
4 March 2019
in သတင်း
A A
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝေသာလီကျေးရွာ မောင်တော-အငူမော် ကားလမ်းပေါ်၌ ရပ်ထားသည့် HINO ကားမှ မူးယစ်ဆေးများ ဖမ်းမိစဉ် (CCDAC)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝေသာလီကျေးရွာ မောင်တော-အငူမော် ကားလမ်းပေါ်၌ ရပ်ထားသည့် HINO ကားမှ မူးယစ်ဆေးများ ဖမ်းမိစဉ် (CCDAC)

48.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မောင်တောနှင့် မကွေးတိုင်းဒေသကြီး ငဖဲ မြို့နယ်တို့တွင် WY စာတမ်းပါ မူးယစ် ဆေး ပြား ၁၀ သန်းကျော် ကို မတ်လ ၂ရက်နေ့ ဖမ်းမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး နှိမ် နင်းရေး ရဲတပ်ဖွဲ့- ဗဟို (CCDAC) က ထုတ်ပြန်သည်။

ဆေးပြား ၁၀ သန်းကျော်အနက် ၈၇ ဒဿမ ၇၅ သိန်းကို မောင်တောမြို့နယ် ဝေသာလီကျေးရွာ၊ မောင်တော-အငူမော် ကားလမ်းပေါ်၌ ရပ်ထားသည့် HINO ကား၏ ကြမ်းခင်း၌ အံဝှက်အတွင်းမှ ဖမ်းမိခြင်းဖြစ်ပြီး၊ ကျန်ဆေးပြား ၁၄ သိန်းကျော် မှာ ငဖဲမြို့နယ်၊ ပျဉ်းဝ ကျေးရွာကို ဖြတ်၍ ရခိုင်ပြည်နယ်သို့ သွားမည့် ကားတစီးကို စစ်ဆေးရာ ဖမ်းမိခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး တပ်ဖွဲ့၊ တားဆီးနှိမ်နင်းရေး ဌာနမှ ဌာနမှူး ရဲမှူးကြီး ဇော်လင်း က “ကွင်းဆက်လိုက်နေ တုန်း ပြောမရသေးပါဘူး။ ကွင်းဆက်လိုက်နေလို့ပါ။ ဘယ်သူနဲ့ ပတ်သက် တယ်ဆိုတာ ထုတ်ပြန်လို့ မရသေးပါဘူး။ ထုတ် ပြန်လိုက်ရင် ကျနော်တို့ရဲ့ တရားခံတွေ ပျောက်သွား မှာပါ” ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

ထို့အတွက် ဖမ်းမိသည့် သတင်းအချက်အလက်ကိုသာ ထုတ်ပြန်ပေးနိုင်ပြီး မောင်တောနှင့် ငဖဲ တွင် မိသည့် ဆေးပြားများ မည်သည့်နေရာမှ ထွက်လာပြီး မည်သည့်နေရာသို့ သွားမည်ဟူသည့် သတင်း ကို ထုတ်ဖော်ပြောဆို နိုင်ခြင်း မရှိသေးကြောင်း ရဲမှူးကြီး ဇော်လင်းက ဆိုသည်။

မောင်တောမြို့နယ် ဝေသာလီကျေးရွာ၊ မောင်တော-အငူမော် ကားလမ်း၌ ဖမ်းဆီးသည့် ဖြစ်စဉ်တွင် HINO ကားကို ပိုင်ရှင် မဲ့အဖြစ် ကနဦး တွေ့ရှိပြီး ကားအနီးသို့ ဆိုင်ကယ်ဖြင့် ရောက်လာသည့် ဦးမြင့်စိုးကို စစ်ဆေးရန် ရဲတပ်ဖွဲ့က တားရာ ထွက် ပြေးသွားသဖြင့် သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့ သည်ဟု သိရသည်။

လက်ရှိတွင် ဦးမြင့်စိုးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေအရ တရားစွဲဆိုထား သည်ဟုလည်း CCDAC ၏ သတင်းထုတ်ချက်တွင် ဖော်ပြထားသည်။

မောင်တောမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်က “ဘင်္ဂလားဘက်ကို ပို့တာ လို့ ကျနော်တို့ ကြား ရတယ်။ ပုံမှန်လမ်းကြောင်းပဲ။ မောင်တောကနေဆို ဘင်္ဂလားနိုင်ငံကိုပဲ ပို့တာ ရှိတာလေ။ ဒီမှာက ဆက်စပ်နေတဲ့ နေရာ တွေ အများကြီးပဲ။ မြို့ရဲ့မြောက်ဘက်မှာဆို တနံတလျား ကုန်းတွေ ဆက်နေတယ်။ တချို့က ရေကြောင်းက ရှိတယ်”ဟု ဧရာဝတီ ပြောသည်။

မြန်မာနိုင်ငံရှိ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရခိုင်ပြည်နယ်သို့ ဝင်လာသည့် ပမာဏာ များပြားသည့် မူးယစ် ဆေးပြားများမှာ မောင်တောမြို့နယ်တွင်းသို့ ရောက်ပါက ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းသို့ မူးယစ် မှောင်ခိုဂိုဏ်း ချိတ် ဆက် များဖြင့် ကူးသန်းရောင်း ဝယ်ကြခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မောင်တောမြို့နယ်အတွင်းတွင်လည်း WYဆေးပြားများကို ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ် သကဲ့သို့ ဝယ်ယူရ လွယ်နေ ပြီး အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများထံတွင် မူးယစ်ဆေးပြား ဖမ်း မိသည့် အမှုများ လည်း ရှိနေသည်ဟု ဦးထွန်းလှစိန်က ဆိုသည်။

မကွေးတိုင်း နတ်ရေကန် ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် ဖမ်းမိသည့် မူးယစ်ဆေးများ(CCDAC)

ဆက်လက်၍ ဦးထွန်းလှစိန်က ” သူတို့ မူးယစ်ဆေးဝါး လုပ်တဲ့ လူတွေက နောက်ကွယ်မှာ လက်နက် လည်း ပါတယ်။ သူတို့ ခုခံကာကွယ်ဖို့လေ။ သူတို့ နောက်ကွယ်မှာ ငွေများ ငွေနိုင်၊ ငွေများတော့ လက်နက်ကပါလာပြီ။ ဒီကိစ္စကို ကိုင်တွယ်ကြသူတွေကလည်း အန္တရာယ်ရှိပါတယ်”ဟု ပြောသည်။

ငဖဲမြို့နယ်တွင် ဖမ်းမိသည့် မူးယစ်ဆေးပြား ၁၄ သိန်းကျော်မှာလည်း မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်မှ တဆင့် ရခိုင်ပြည်နယ်ဘက်သို့ ဦးတည်သွားနေသည့် ကားပေါ်တွင် ဖမ်းမိခြင်း ဖြစ်သည်။

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ မတ်လ ၂ရက်၊ ည ၁၁ နာရီကျော်တွင် မူးယစ် ဆေးပြား ၁၄သိန်းကျော် တင်ဆောင်လာသည့် ဒိုင်နာ ကားကို နတ်ရေကန် ပူးပေါင်းစစ်ဆေး ရေးဂိတ်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးတင်ဆောင်သည့် ဒိုင်နာကားမှာ ရန်ကုန်မှ မောင်းနှင်လာခြင်း ဖြစ်ပြီး စစ်တွေမြို့သို့ သွားမည့် ကားဖြစ်ပြီး ယာဉ်မောင်းမှာ မောင်တောမြို့နယ်၊ အမှတ် (၃) ရပ်ကွက်မှ ဦးသိန်းကျော် ဖြစ် ပြီး အတူပါလာ သူများမှာ မောင်တော မြို့နယ်၊ ခံပြင်ကျေးရွာမှ ဦးအောင်စိန်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန် ရပ်ကွက်မှ ဦးကျော် မင်းဦးတို့ ဖြစ်သည်ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့က မူးယစ်ဆေးပြားများကို ကားကြမ်းခင်းအောက်တွင် ဝှက်ကာ သယ်ဆောင်လာပြီး ရဲတပ်ဖွဲ့ ဖမ်းမိသည့် ဆေးပြားပမာဏမှာ WY ဆေးပြား ၁၄၃၉၉၄၅ ပြား (၁၄သိန်းကျော်)၊ ခန့်မှန်းတန်ဖိုး ကျပ် သန်းပေါင်း ၇၁၀၀ ကျော် ရှိသည်ဟု သိရသည်။

မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ဦးသိန်းကျော်၊ ဦးအောင်စိန်နှင့် ဦးကျော်မင်းဦးတို့ကို ငဖဲမြို့ နယ်၊ ပဒါန်း နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)၊ ၂၀ (က)၊ ၂၁ တို့ဖြင့် အမှုဖွင့်ထားပြီဟု သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သိန်းနှင့်ချီသည့် မူးယစ်ဆေးဝါးများကို ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့ တွင် ပိုင်ရှင်မဲ့ အဖြစ် ဖမ်းမိထားသည့် အမှုများ ရှိပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ တက္ကနပ်မြို့တွင် WY ဆေးပြား တသန်းကျော် ဖမ်းမိခဲ့သည်။

ထိုဆေးပြား တသန်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဝင်လာသည့် ဆေးပြားများ ဖြစ်ပြီး မြန်မာဘက်မှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ တွင်းသို့ မူးယစ်ဆေးများ အလုံးအရင်း ဝင်နေသည်ဟုလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ သတင်းမီဒီယာများကို ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင်းမှ ထွက်နေသည့် WYဆေးပြားများကို မူးယစ်မှောင်ခိုဂိုဏ်းများမှ တဆင့် ထိုင်း၊ မလေးရှား နိုင်ငံတွင်းသို့ ကူးသန်းရောင်းဝယ်နေမှုများ ရှိနေပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် မလေးရှားရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံတွင်း မူးယစ်ဆေး လမ်းကြောင်း မြေပုံတခုကို ထုတ်ပြန်ခဲ့သည်။

မလေးရှား ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် WYဆေးပြားများကို အဓိက ထုတ်လုပ်ဖြန့် ဖြူး နေသည့် စက်ရုံ ၃၇ ရုံ ရှိပြီး ထို စက်ရုံအားလုံး၏ တည်နေရာများမှာ ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ တပ်မတော် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားနေသည့် နယ်မြေများတွင် ဖြစ်သည်။

Your Thoughts …
Tags: စိတ်ကြွဆေးမူးယစ်ဆေးပြားရခိုင်ပြည်နယ်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.2k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
15k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
အနံ့အသက်ဆိုးများနဲ့ ကျိုက်ထီးရိုးက မိလ္လာစနစ် (ရုပ်/သံ)

အနံ့အသက်ဆိုးများနဲ့ ကျိုက်ထီးရိုးက မိလ္လာစနစ် (ရုပ်/သံ)

အဆိုတော် ဂျီလတ်၏ ညီဖြစ်သူ တေးရေး တေးဆို ကမ္ဘာ  / Pe Kabar Nyein Chan facebook

အဆိုတော် ဂျီလတ်၏ ညီ နေပြည်တော်၌ ဒဏ်ရာများနှင့် သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved