ထိန်းသိမ်းရေးစခန်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ထိန်းသိမ်းရေးစခန်း Covering Burma and Southeast Asia Sun, 12 Jul 2026 04:30:27 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ထိန်းသိမ်းရေးစခန်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ထိန်းသိမ်းရေးစခန်း 32 32 မလေးရှားထိန်းသိမ်းရေးစခန်းများ၌ ၅နှစ်အတွင်း မြန်မာ ၆၀ ကျော် သေဆုံးခဲ့ https://burma.irrawaddy.com/news/2026/07/12/414725.html Sun, 12 Jul 2026 04:30:27 +0000 https://burma.irrawaddy.com/?p=414725 မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများ၌ အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အလုပ်သမားများ အနက် ၂၀၂၁- ၂၅ ခုနှစ် အထိ ၅နှစ်အတွင်း သေဆုံးသူ ၄၆၅ ဦးရှိရာ ထိုအထဲတွင် မြန်မာနိုင်ငံသား ၆၁ ဦးပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးက ဇူလိုင် ၇ရက်က လွှတ်တော်၌ ဖြေကြားချက်ကို ကိုးကား၍ Harian Metro သတင်းကဆိုသည်။]]>

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများ၌ အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အလုပ်သမားများ အနက် ၂၀၂၁- ၂၅ ခုနှစ် အထိ ၅နှစ်အတွင်း သေဆုံးသူ ၄၆၅ ဦးရှိရာ ထိုအထဲတွင် မြန်မာနိုင်ငံသား ၆၁ ဦးပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးက ဇူလိုင် ၇ရက်က လွှတ်တော်၌ ဖြေကြားချက်ကို ကိုးကား၍ Harian Metro သတင်းကဆိုသည်။

နိုင်ငံအလိုက် စာရင်းများအရ ဖိလစ်ပိုင်နိုင်ငံသား ၂၂၂ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၀၉ ဦးဖြင့် ဒုတိယအများဆုံးနှင့် မြန်မာနိုင်ငံသား ၆၁ ဦးဖြင့် တတိယအများဆုံး ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့အပါအဝင် အခြားနိုင်ငံများမှ သေဆုံးသူ ၇၃ ဦးရှိခဲ့ကြောင်း သိရသည်။

သေဆုံးရသည့် အကြောင်းရင်းများထဲတွင် အသက်ရှုလမ်းကြောင်းရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါများနှင့် HIV / AIDS ၊ အဖျားရောဂါ Leptospirosis (ကြွက်၊ဝက်စသောတိရိစ္တာန်များမှ တဆင့် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းကြောင့်ဖြစ်သော) ၊ ဦးနှောက် အမြှေးရောင်ရောဂါ (meningitis )ကဲ့သို့ ရောဂါများကြောင့် ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

မလေးရှားရောက် အလုပ်သမားရေးကူညီပေးသူတဦးက “တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ အော်ပရာစီ စီမံချက်နဲ့ တစ်ခါဝင်ဖမ်းရင် ဆယ်ချီရာချီ အစုလိုက် ဖမ်းဆီးခံရတယ်။ ဖမ်းခံရရင်ထားတဲ့ ထိန်းသိမ်းရေးစခန်းတွေမှာက သန့်ရှင်းရေးအားနည်းတော့ ယားနာလို အရေပြားရောဂါတွေဖြစ်ကြတယ်။ ကျွေးတော့လည်း ကြက်ဥပြုတ်တခြမ်း၊ ထမင်းကိုရေလုံပြုတ်ပဲ။ သောက်ရေတောင် ခွဲတမ်းအလိုက်ပဲ၊ ထပ်တောင်းခွင့် မရှိဘူး” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပါက ပြင်ပနှင့် အဆက်အသွယ်ရရန် ခက်ခဲကြောင်း မိသားစုနှင့် အဆက်အသွယ်ရဖို့ ထိန်းသိမ်းရေးစခန်းရှိတာဝန်ရှိသူများကို ငွေပေးရကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ဆိုသည်။

မလေးရှား၏ လက်ရှိဥပဒေအရ ကာကွယ်စောင့်ရှောက်ရေး ပြဋ္ဌာန်းချက်များ ရှိနေသော်လည်း အဆိုပါ အကာအကွယ်များ လုံလောက်မှု ရှိ၊ မရှိ ဆိုသည့် မေးခွန်းမှာ ဆက်ရှိနေဆဲဖြစ်ကြောင်း၊ မလေးရှား ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅ ကဲ့သို့သော ပြဋ္ဌာန်းချက်များတွင် အသက်ရှင်သန်ခွင့်နှင့် အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းမှ ကာကွယ်ပိုင်ခွင့်တို့ကို အာမခံထားသော်လည်း တင်းကျပ်စွာ ကိုင်တွယ်အရေးယူမှု အားနည်းချက်ကြောင့် ထိုအခွင့်အရေးများကို လက်တွေ့အကောင်အထည် ဖော်နိုင်ခြင်း မရှိဖြစ်နေသည်ဟု လူ့အခွင့်အရေးအခြေအနေများကို သုတေသနလုပ်နေသော လွတ်လပ်သည့် အရပ်ဘက်အဖွဲ့အစည်းဖြစ်သော Human Rights Research Center က ၂၀၂၅ ခုနှစ်တွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။

၂၀၂၂ခုနှစ်က မလေးရှားထိန်းသိမ်းရေးစခန်းများတွင် ပြစ်ဒဏ်ကျခံပြီးသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်စဉ်/ Myanmar Embassy in Kuala Lumpur, Malaysia

ထို့ပြင် တရားဝင် စုံစမ်းစစ်ဆေးမှုများတွင် သေဆုံးရခြင်း အကြောင်းရင်းကို သဘာဝအတိုင်း သေဆုံးခြင်း၊ မိမိကိုယ်ကိုယ် သေကြောင်းကြံခြင်း သို့မဟုတ် မူးယစ်ဆေး အလွန်အကျွံ သောက်သုံးခြင်း စသည်ဖြင့် ဖော်ပြလေ့ရှိရာ ယင်းသည် နောက်ကွယ်မှ အကြောင်းအရာများကို ဖုံးကွယ်ရန် ကြိုးပမ်းမှု ဖြစ်ကြောင်း၊ ထိုစခန်းများတွင် ထိန်းသိမ်းခံထားရသူ အများစုမှာ ဆင်းရဲနွမ်းပါးသူများ၊ ရွှေ့ပြောင်းနေထိုင်သူများ သို့မဟုတ် လူနည်းစု တိုင်းရင်းသားများ ဖြစ်သဖြင့် နှိပ်စက်ညှဉ်းပန်းမှုနှင့် မတရား ဆက်ဆံခံရမှုဒဏ်ကို ပို၍ ခံစားရလွယ်ကြောင်း၊ နှိပ်စက်ညှဉ်းပန်းမှုများသည် ရဲစခန်းတွင်း အချုပ်ခန်းများ၌သာ ဖြစ်ပွားတတ်သည်ဟု အများက အထင်မှားလေ့ရှိကြသော်လည်း၊ လက်တွေ့တွင်မူ အလားတူ ချိုးဖောက်မှုမျိုးသည် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင်လည်း ဖြစ်ပွားလျက်ရှိကြောင်း Human Rights Research Center အစီရင်ခံစာက ဆိုသည်။

ပြီးခဲ့သော ၅နှစ်အတွင်း လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းစခန်းများသို့ ဝင်ရောက်လာသူ စုစုပေါင်း ၃၄၉,၈၅၆ ဦးရှိခဲ့ပြီး သေဆုံးမှုနှုန်းမှာ ၀ ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း၊ သေဆုံးသူများထဲတွင် အမျိုးသား ၃၉၃ ဦး ၊ အမျိုးသမီး ၆၀ ဦးနှင့် ကလေးငယ် ၁၂ ဦး (ယောက်ျားလေး ၈ ဦး၊ မိန်းကလေး ၄ ဦး) ပါဝင်ကြောင်း၊ မလေးရှား၌ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၂၀ ရှိပြီး စခန်းတခုတွင် လူ ၃၀၀ မှ ၁၀၀၀ ကြား ထားရှိကြောင်း သိရသည်။

မလေးရှားတွင် ပြစ်ဒဏ်ကျခံခဲ့ဖူးသူတဦးက ”မလေးထောင်ထဲ ရောက်နေတဲ့ မြန်မာနိုင်ငံသား အများစုက တရားမဝင် နေထိုင်မှုကြောင့် များတယ် တချို့ကျတော့လည်း ပြစ်ဒဏ်က ပြည့်သွားပေမယ့် မိသားစုနဲ့ အဆက်သွယ်မရတော့ အပြန်စရိတ်မပေးနိုင်ဘဲ ထိန်းသိမ်းရေးစခန်းထဲမှာ မိသားစုကိုအဆက်သွယ်ရတဲ့အထိ စောင့်နေရင်း အချိန်ကြာပြီး သေဆုံးရတာတွေရှိတယ်”ဟု ဧရာဝတီကို ပြောသည်။

အဖမ်းခံရသူများ၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေးအတွက် ဖမ်းဆီးခံရစဉ်တွင် ကျန်းမာရေးစစ်ဆေးခြင်း၊ ပုံမှန်ဆေးစစ်ခြင်း၊ ဆေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းခြင်း၊ ကူးစက်ရောဂါ သို့မဟုတ် စိတ်ကျန်းမာရေး အရေးပေါ်ကိစ္စများအတွက် ခွဲထုတ်ထားရှိခြင်းနှင့် ဆေးရုံသို့ တိုက်ရိုက် လွှဲပြောင်းကုသပေးခြင်းတို့ ပြုလုပ်ပေးကြောင်း၊ အပတ်စဉ် အပြင်ဘက်တွင် လေ့ကျင့်ခန်းလုပ်ခြင်းများ ခွင့်ပြုထားသလို သေဆုံးသူအများစုမှာ ရောဂါအခံများကြောင့် ဖြစ်ကြောင်း မလေးရှားပြည်ထဲရေး ဝန်ကြီးက ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများ ၊ စစ်မှုထမ်းဥပဒေကြောင့် မလေးရှားနိုင်ငံကို တရားဝင်နှင့် တရားမဝင်လမ်းကြောင်းများမှ မြန်မာနိုင်ငံသား အမြောက်အမြား သွားရောက်ကြပြီး မလေးရှားနိုင်ငံအတွင်း အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားများဖမ်းဆီးမှုကို အထူးစီမံချက်များဖြင့် ပိုမို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မလေးရှားတွင် ဖမ်းဆီးခံရသူများအနေဖြင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ ယာယီထိန်းသိမ်းရေးအချုပ်များ၌ ၃ လခန့် အချုပ်ကျခံရပြီး ထိုမှတဆင့် ထိန်းသိမ်းစခန်းများသို့ ပို့ဆောင်ကာ သက်ဆိုင်ရာသံရုံးများမှ စိစစ်အတည်ပြု၍ မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းများ လုပ်ဆောင်လေ့ရှိသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံကာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် နေရပ်ပြန်ရန် စောင့်နေသူများထဲမှ မြန်မာနိုင်ငံသား ၈၀၀ နီးပါးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး (ကွာလာလမ်ပူမြို့)၏ ထုတ်ပြန်ချက်များအရ သိရသည်။

မလေးရှားတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား ၅ သိန်းကျော်ရှိပြီး တရားမဝင် အလုပ်သမား သန်းနှင့် ချီရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ခန့်မှန်းထားသည်။

]]>
စစ်သုံ့ပန်းများအား စစ်တပ်ကိုယ်တိုင် ပြန်ဗုံးကြဲခြင်း https://burma.irrawaddy.com/article/2026/04/04/412367.html Sat, 04 Apr 2026 06:28:49 +0000 https://burma.irrawaddy.com/?p=412367 အကယ်၍ စစ်သုံ့ပန်းများသည်ပင် ပစ်မှတ်များ ဖြစ်လာပြီဆိုပါက စစ်ပွဲ၏ နောက်ဆုံးကျန်ရှိသော ထိန်းကျောင်းမှုများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။]]>

၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် မြန်မာစစ်တပ်မှ တိုက်လေယာဉ် လေးစင်းနှင့် Y-12 လေယာဉ် လေးစင်းတို့သည် သုံးနာရီကျော်ကြာအောင် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုသည် ရခိုင်ပြည်စစ်ပွဲအတွင်း အဆိုးဝါးဆုံး လေကြောင်းတိုက်ခိုက်မှုများထဲမှ တခု ဖြစ်ခဲ့သည်။ ပစ်မှတ်မှာ ရှေ့တန်းစခန်းတခု၊ ရွေ့လျားနေသော စစ်ကြောင်းတခု သို့မဟုတ် တိုက်ပွဲဖြစ်ပွားနေသည့် စစ်မြေပြင် မဟုတ်ပေ။ ၎င်းသည် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းများ ထိန်းသိမ်းထားသည့် စခန်းတခုသာ ဖြစ်သည်။

အာရက္ခတပ်တော်၏ ပဏာမစာရင်းများအရ ထိုတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းနှင့် အကျဉ်းသား ၁၁၆ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရသူများလည်း အမြောက်အမြားရှိနေသည်။ သေဆုံးသူများထဲတွင် ဗိုလ်မှူးချုပ် မြင့်ဆွေ အပါအဝင် အဆင့်မြင့်အရာရှိကြီးများ၊ ဗိုလ်မှူးအဆင့်ရှိသူ အချို့နှင့် စစ်ဘက်ဆိုင်ရာ ဆေးဘက်ဝန်ထမ်းများ ပါဝင်သည်။ ထို့အပြင် ထောင်ဒဏ်ကျခံနေရသည့် အရပ်သားအချို့လည်း ထိုတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

အကယ်၍ ဤအချက်အလက်များ အတည်ပြုနိုင်ပါက အမ်းမြို့နယ် လေကြောင်းတိုက်ခိုက်မှုသည် ရခိုင်စစ်ပွဲအတွင်း စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းအပေါ် အဆိုးဝါးဆုံး တိုက်ခိုက်မှုအဖြစ်သာမက မြန်မာ့ခေတ်သစ် စစ်ပွဲသမိုင်းတွင် တုန်လှုပ်ဖွယ်အကောင်းဆုံး ဖြစ်ရပ်တခုအဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်သည်။ ဤဖြစ်ရပ်သည် မိမိတို့၏ ဖမ်းဆီးခံ စစ်သားများ ရှိနေမှန်းသိလျက်နှင့် မိမိတို့ကိုယ်တိုင် ပြန်လည်ဗုံးကြဲခဲ့သည့် ရက်စက်သော လုပ်ရပ်ပင် ဖြစ်သည်။

ဤဖြစ်ရပ်၏ အရေးပါမှုမှာ သေဆုံးသူ အရေအတွက်ထက် ပိုမိုနက်ရှိုင်းသည်။ ၎င်းသည် လက်ရှိရခိုင်ပြည်တွင် ဖြစ်ပွားနေသော စစ်ပွဲ၏ သဘာဝနှင့်ပတ်သက်၍ ပိုမိုလေးနက်သော မေးခွန်းတခုကို ဖြစ်ပေါ်စေပြီး “သုံ့ပန်းများပင်လျှင် ကောင်းကင်မှကျလာသော ဗုံးဒဏ်မှ မလုံခြုံတော့ပါက ဘာဆက်ဖြစ်လာနိုင်သနည်း” ဟူ၍ ဖြစ်သည်။

အမ်းမြို့နယ် တိုက်ခိုက်မှု၏ အဓိပ္ပာယ်

စစ်ပွဲသည် ရက်စက်သည်။ သို့သော် စစ်ပွဲများတွင်ပင် စည်းမျဉ်းများ ရှိသည်။

ဂျီနီဗာ ကွန်ဗင်းရှင်းများ အပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ စစ်သုံ့ပန်းများသည် အကာအကွယ်ပေးရမည့်သူများ ဖြစ်သည်။ စစ်သားများ လက်နက်ချပြီး ဖမ်းဆီးခံရသည့်အခါ ၎င်းတို့သည် တရားဝင် စစ်ရေးပစ်မှတ်များ မဟုတ်တော့ပေ။ သူတို့အား အကာအကွယ်ပေးခြင်းမှာ လက်နက်ကိုင် ပဋိပက္ခများကို ထိန်းကျောင်းသည့် အခြေခံအကျဆုံး စံနှုန်းတခု ဖြစ်သည်။ ထိုအချက်ကပင် အမ်းမြို့နယ် တိုက်ခိုက်မှုကို အလွန်စိုးရိမ်ဖွယ် ဖြစ်စေခြင်းပင် ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၏ ထွက်ဆိုချက်အရ စစ်တပ်သည် တိုက်ခိုက်မှုမပြုမီ ကင်းထောက်ပျံသန်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်းနေရာသည် အကျဉ်းထောင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်ဟု ဆိုသည်။ ကောင်းကင်မှကြည့်လျှင် စနစ်တကျ တည်ဆောက်ထားသော အဆောက်အအုံများ၊ ကင်းမျှော်စင်များနှင့် အကျဉ်းထောင်ဝတ်စုံ ဝတ်ဆင်ထားသူများကို မြင်တွေ့နိုင်သည်ဟု သူက ပြောကြားခဲ့သည်။

အကယ်၍ ထိုပြောကြားချက် မှန်ကန်ပါက ဤတိုက်ခိုက်မှုမှာ ဇဝေဇဝါဖြစ်ခြင်း သို့မဟုတ် စစ်မြေပြင်တွင် အမှတ်မှားခြင်းဟု ဆင်ခြေပေးရန် ခက်ခဲပေလိမ့်မည်။ ဤသို့ အစုအပုံလိုက် သေဆုံးရမှုသည် လူသားချင်းစာနာမှုနှင့် လူသားဆန်မှုအရ ပိုမိုတုန်လှုပ်ချောက်ရှားဖွယ် ကောင်းပြီး ဖမ်းဆီးခံ မိမိတို့တပ်ဖွဲ့ဝင်များကို ထိန်းသိမ်းထားသည့် နေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထပ်တလဲလဲ ဖြစ်နေသော ပုံစံ

အမ်းမြို့နယ် ဖြစ်ရပ်မှာ သီးခြားဖြစ်ရပ်တခု မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အာရက္ခတပ်တော်က ဖမ်းဆီးထားသည့် စစ်သားများကို ထားရှိသည့် နေရာများသို့ လေကြောင်းတိုက်ခိုက်မှု အများအမြား ပြုလုပ်ခဲ့သည်။ DMG ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်မှစ၍ ထိန်းသိမ်းရေးစခန်းများအပေါ် လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ် ပြုလုပ်ခဲ့ရာ စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၂၆ ဦး သေဆုံးကာ ၉၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုဖြစ်ရပ်များမှာ

-၂၀၂၄၊ စက်တင်ဘာ ၉ – ပေါက်တောမြို့နယ်ရှိ ရှင်ရွာစခန်းနှင့် မောင်တောရှိ နခခ (၂)
-၂၀၂၅၊ ဇန်နဝါရီ ၁၈ – မြောက်ဦးမြို့နယ်ရှိ ရမ်ချောင်းစခန်း
-၂၀၂၅၊ ဖေဖော်ဝါရီ ၂၈ – မောင်တောရှိ နယ်ခြားစောင့်တပ်စခန်း
-၂၀၂၆၊ ဇန်နဝါရီ ၂၀ – ကျောက်တော်-ပုဏ္ဏားကျွန်း အစပ်ရှိ ချောင်းတူစခန်း
-၂၀၂၆၊ မတ်လ ၈ – အမ်းမြို့နယ်ရှိ ဒါးလက်ချောင်းစခန်း

ထိုတိုက်ခိုက်မှုများသည် ပေါက်တော၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်နှင့် အမ်းမြို့နယ်များတွင် ဖြစ်ပွားခဲ့ပြီး ၎င်းနေရာများသည် ထိုစဉ်က တိုက်ပွဲဖြစ်ပွားနေသည့် စစ်မြေပြင်များ မဟုတ်တော့ပေ။

အမှတ်မှားခြင်း တကြိမ်တခါကိုမူ စစ်ပွဲ၏ ရှုပ်ထွေးမှုဟု ရှင်းပြနိုင်သော်လည်း ဤကဲ့သို့ တူညီသော ဖြစ်ရပ် ၆ ကြိမ် ဖြစ်လာခြင်းမှာ အခြားအရာတခုကို ညွှန်ပြနေသည်။

ထိန်းသိမ်းရေးစခန်းများကို ထပ်ခါတလဲလဲ ပစ်မှတ်ထားခြင်းက စိတ်မသက်သာစရာ မေးခွန်းများကို ဖြစ်ပေါ်စေကာ “ဤအရာများသည် အမှန်တကယ်ပင် မတော်တဆမှုများလား” သို့မဟုတ် “စစ်တပ်သည် ဖမ်းဆီးခံစစ်သားများကို ပြန်လည်ကယ်တင်ရမည့် ရဲဘော်ရဲဘက်များအဖြစ် မရှုမြင်တော့ဘဲ ဖယ်ရှားပစ်ရမည့် ဝန်ထုပ်ဝန်ပိုးများအဖြစ် သဘောထားသည့် မှောင်မိုက်သော ယုတ္တိတခုကို ကျင့်သုံးနေခြင်းလား” စသည့် တွေးတောစရာများ ဖြစ်လာသည်။

AA ဦးစီးချုပ်ကိုင်ထားတဲ့ ထိန်းသိမ်းရေးစခန်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အပြီး/Wester News

ကောင်းကင်မှ စစ်ပွဲ

အဘယ်ကြောင့် ထိုကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်လာရသနည်းကို နားလည်ရန် အမ်းမြို့နယ် တိုက်ခိုက်မှုကို ရခိုင်ပဋိပက္ခ၏ ကျယ်ပြန့်သော အခြေအနေနှင့် ချိတ်ဆက်ကြည့်ရမည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်၏ နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပြီး အဓိကမြို့ကြီးများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကိုပါ ထိန်းချုပ်နိုင်ခဲ့သည်။ ၂၀၂၆ ခုနှစ် အစောပိုင်းတွင် AA သည် ပြည်နယ်အနှံ့ရှိ နယ်မြေအများအပြားကို ထိရောက်စွာ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

စစ်ကောင်စီ၏ မြေပြင်အင်အား ဆုတ်ယုတ်လာသည်နှင့်အမျှ လေကြောင်းအင်အားအပေါ် မှီခိုမှုမှာ ပိုမို ကြီးမားလာသည်။ လေကြောင်းတိုက်ခိုက်မှုများသည် မိမိတို့ အာဏာစက်မရှိတော့သည့် နယ်မြေများသို့ အင်အားပြရန်အတွက် စစ်ကောင်စီ၏ အဓိကလက်နက် ဖြစ်လာသည်။ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် စစ်ဘေးရှောင်စခန်းများမှာ ဗုံးကြဲခံခဲ့ရသည်။ စစ်မြေပြင်သည် တိုက်ရိုက်ရင်ဆိုင်တိုက်ပွဲများမှသည် ကောင်းကင်မှ အပြစ်ပေးသည့် စစ်ပွဲအသွင်သို့ ပြောင်းလဲလာသည်။

ဤရှုထောင့်မှ ကြည့်လျှင် ထိန်းသိမ်းရေးစခန်းများကို ဗုံးကြဲခြင်းမှာ ကြောက်မက်ဖွယ်ကောင်းသော စစ်ရေးယုတ္တိတခုကို ရောင်ပြန်ဟပ်နေနိုင်သည်။ အကယ်၍ စစ်တပ်အနေဖြင့် ဖမ်းဆီးခံစစ်သားများကို ပြန်မကယ်နိုင်တော့လျှင် သို့မဟုတ် နယ်မြေကို ပြန်မထိန်းချုပ်နိုင်တော့လျှင် ရန်သူက ထိုသုံ့ပန်းများကို ထိန်းသိမ်းထားခြင်းဖြင့် အကျိုးအမြတ်မရစေရန် ဖျက်ဆီးပစ်ခြင်းပင် ဖြစ်သည်။ ထိုယုတ္တိမှာ ရက်စက်သော်လည်း စစ်ရေးအရ တွက်ချက်ခြင်းဖြစ်နိုင်ပါသည်။ သို့သော် ၎င်းသည် ကြီးမားသော အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။

ယုံကြည်မှု ပြိုလဲခြင်း

အမ်းမြို့နယ် တိုက်ခိုက်မှုတွင် အထူးခြားဆုံး အချက်မှာ ဝေဖန်မှုများသည် အရပ်သားများ သို့မဟုတ် အတိုက်အခံအုပ်စုများထံမှ လာခြင်းမဟုတ်ဘဲ ဖမ်းဆီးခံထားရသည့် စစ်သားများကိုယ်တိုင်ထံမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ မြန်မာစစ်တပ်တွင် ၃၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုဗုံးကြဲမှုမှ အသက်ရှင်ကျန်ရစ်သူ အရာခံဗိုလ် သိန်းလွင်က ဤတိုက်ခိုက်မှုကို ပြတ်သားသော စကားလုံးဖြင့် ဖော်ပြခဲ့သည်။ “ဒီလိုလုပ်တာဟာ သစ္စာဖောက်မှုပဲ” ဟု သူက ဆိုသည်။ “ကျနော်တို့မှာ လက်နက်မရှိတော့ဘူး၊ ကျနော်တို့ဟာ အကျဉ်းသားတွေ ဖြစ်နေပြီ။ ဘာဖြစ်လို့ ကျနော်တို့ကို ဒီလိုလုပ်ရတာလဲ”။

နောက်ထပ် အသက်ရှင်ကျန်ရစ်သူ တဦးဖြစ်သည့် အမြောက်တပ်အရာရှိဟောင်း အောင်မျိုးမြတ်ကလည်း ဗုံးများ စတင်ကျလာသည့် အချိန်ကို ပြန်လည်ပြောပြခဲ့သည်။ မိမိတို့ကိုယ်ပိုင်စစ်တပ်မှ တိုက်လေယာဉ်များက မိမိတို့ရှိနေသည့် ထိန်းသိမ်းရေးစခန်းကို တိုက်ခိုက်လိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ကြောင်း ဆိုသည်။

ပေါက်ကွဲမှုများကြောင့် အဆောက်အအုံဝင်းတခုလုံး ပျက်စီးသွားချိန်တွင် ထိန်းသိမ်းခံရသူများမှာ အကူအညီတောင်းကာ အော်ဟစ်ခဲ့ကြပြီး အချို့မှာ မီးလောင်နေသည့် အကျဉ်းဆောင်များအတွင်း ပိတ်မိနေခဲ့ကြသည်။ သူ့အတွက် တုန်လှုပ်စရာအကောင်းဆုံးမှာ ဗုံးကြဲမှု၏ ပြင်းထန်မှုသာမက ဤတိုက်ခိုက်မှုမှာ မိမိတို့ တချိန်က အလုပ်အကျွေးပြုခဲ့သည့် အဖွဲ့အစည်းထံမှ လာခြင်းဖြစ်သည်ကို သိရှိလိုက်ရခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

အမ်းမြို့ ကျဆုံးချိန်တွင် ဖမ်းဆီးခံခဲ့ရသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကလည်း ပိုမိုလေးနက်သော စိုးရိမ်မှုကို ထုတ်ဖော်ခဲ့သည်။ “အကယ်၍ ထိန်းသိမ်းရေးစခန်းများ ဆက်လက်ဗုံးကြဲခံနေရပါက စစ်တပ်ခေါင်းဆောင်ပိုင်းအနေဖြင့် ဖမ်းဆီးခံစစ်သားများကို နေရပ်ပြန်ခေါ်ရန် ရည်ရွယ်ချက် ရှိ၊ မရှိ သို့မဟုတ် ၎င်းတို့ကို လုံးဝစွန့်ပစ်လိုက်ပြီလား” ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာကြောင်း သူက ဆိုသည်။

ထိုသို့သော ပြောကြားချက်များသည် စစ်တပ်တခုကို စုစည်းထားသည့် အခြေခံအုတ်မြစ်ကို ထိခိုက်စေသည်။ စစ်တပ်ဆိုသည်မှာ အမိန့်ပေးစနစ်နှင့် လက်နက်များအပေါ်တွင်သာ တည်ဆောက်ထားခြင်း မဟုတ်ဘဲ ယုံကြည်မှုအပေါ်တွင်လည်း တည်ဆောက်ထားခြင်း ဖြစ်သည်။ အထက်လူကြီးများသည် မိမိတို့၏ အသက်ကို တန်ဖိုးထားသည်ဟူသော ယုံကြည်မှုနှင့် လက်နက်ချခြင်းသည် စွန့်ပစ်ခံရခြင်း မဟုတ်ဟူသော ယုံကြည်မှုများ ဖြစ်သည်။

အကယ်၍ စစ်သားများက ဖမ်းဆီးခံရခြင်းမှာ စွန့်ပစ်ခံရခြင်းဟု ယုံကြည်လာပါက ၎င်း၏ အကျိုးဆက်မှာ စစ်မြေပြင်တခုလုံးကို ရိုက်ခတ်သွားလိမ့်မည်။ အချို့မှာ ဖမ်းဆီးခံရမည်ကို ကြောက်သဖြင့် ပိုမိုရူးသွပ်စွာ တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်သော်လည်း အချို့မှာမူ မိမိတို့ အလုပ်အကျွေးပြုနေသည့် အဖွဲ့အစည်းအပေါ် ယုံကြည်မှု ကုန်ဆုံးသွားမည် ဖြစ်သည်။ မည်သည့်ရလဒ်ပင် ဖြစ်ပါစေ စစ်ပွဲကို ပိုမိုရက်စက်ကြမ်းကြုတ်စေမည်သာ ဖြစ်သည်။

မတ်လ ၈ ရက် တိုက်ခိုက်မှုတွင် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရရှိကာ အများအပြား ဒဏ်ရာရရှိခဲ့သည်/AA

ကြေကွဲဖွယ် ကောင်းသော နှိုင်းယှဉ်ချက်

အမ်းမြို့နယ် ဖြစ်ရပ်၏ နောက်ထပ် အစိတ်အပိုင်းတခုက နိုင်ငံရေးအရ အရှက်ရမှုကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ အများအပြားက ဗုံးများ ကျရောက်နေစဉ်အတွင်းမှာပင် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များက အကျဉ်းထောင်တံခါးများကို ချိုးဖျက်ကာ ထိန်းသိမ်းခံရသူများကို ဆွဲထုတ်ခဲ့ကြောင်း၊ ဒဏ်ရာရသူများကို ကယ်တင်ကာ ဗုံးခိုကျင်းများနှင့် ဆေးကုသဆောင်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့ကြသည်။

စစ်အတွင်း ထွက်ဆိုချက်များကို အမြဲတမ်း သတိဖြင့် ချဉ်းကပ်ရမည်ဖြစ်သော်လည်း ၎င်းတို့၏ ပြောကြားချက်မှာ အနည်းငယ်မျှ မှန်ကန်လျှင်ပင် ကြီးမားသော နှိုင်းယှဉ်ချက်တခု ဖြစ်လာသည်။ နိုင်ငံတော်ကို ကာကွယ်နေပါသည်ဟု ဆိုသော စစ်တပ်မှာ မိမိတို့၏ ဖမ်းဆီးခံစစ်သည်များကို စွန့်ပစ်ခဲ့သည်ဟု ၎င်းတို့ကိုယ်တိုင် စွပ်စွဲမှုကို ခံနေရစဉ် ရန်သူဟု သတ်မှတ်ခံထားရသူများကမူ တိုက်ခိုက်မှုအတွင်း သုံ့ပန်းများကို ကယ်တင်ခဲ့သူများအဖြစ် ဖော်ပြခံနေရသည်။ မည်သည့်ပဋိပက္ခတွင်မဆို ထိုကဲ့သို့ ပြောင်းပြန်ဖြစ်ရပ်မျိုးမှာ နိုင်ငံရေးအရ အကြီးအကျယ် ထိခိုက်စေနိုင်သည်။

လူသားတို့၏ ဆုံးရှုံးမှု

မဟာဗျူဟာနှင့် နိုင်ငံရေးများ၏ နောက်ကွယ်တွင် ရိုးရှင်းသော အမှန်တရားတခု ရှိသည်။ ၎င်းမှာ သေဆုံးသူများသည် လူသားများ ဖြစ်ကြသည်ဟူသော အချက်ပင် ဖြစ်သည်။

အမ်းမြို့တွင် သေဆုံးခဲ့သည့် သုံ့ပန်းများစွာမှာ တိုက်ပွဲများ၊ လက်နက်ချခြင်းနှင့် ဖမ်းဆီးခံရခြင်းများကို ကြံ့ကြံ့ခံ ကျော်ဖြတ်လာခဲ့သူများ ဖြစ်သည်။ အချို့မှာ လက်နက်ချထားသော ဒဏ်ရာရစစ်သားများ ဖြစ်ပြီး အချို့မှာ ထောင်ဒဏ်ကျခံနေရသည့် အရပ်သားများ ဖြစ်သည်။ ဗုံးပေါက်ကွဲမှုကြောင့် ရုပ်အလောင်းများမှာ မှတ်မိနိုင်စွမ်း မရှိတော့သည်အထိ လောင်ကျွမ်းခဲ့ရသဖြင့် မိသားစုများအနေဖြင့် မိမိတို့၏ လူများကို ပြန်လည်ခွဲခြားရန် မဖြစ်နိုင်တော့ကြောင်း သိရသည်။

ပျောက်ဆုံးနေသူများ၏ မိသားစုများအတွက်မူ ဤကြေကွဲမှုမှာ သီအိုရီတခု မဟုတ်ဘဲ နက်ရှိုင်းသော ပုဂ္ဂိုလ်ရေး ခံစားချက် ဖြစ်သည်။ ပျောက်ဆုံးနေသော စစ်သုံ့ပန်းတဦး၏ ဇနီးဖြစ်သူ ဒေါ်သီတာစိုးက “ဒီလူတွေကို လိုအပ်တဲ့အချိန်မှာ သုံးပြီး မလိုအပ်တော့တဲ့အခါ စွန့်ပစ်လိုက်သလိုပဲ ခံစားရတယ်” ဟု ပြောကြားခဲ့သည်။

အနာဂတ်အတွက် သတိပေးချက်

အမ်းမြို့နယ် ထိန်းသိမ်းရေးစခန်းအား ဗုံးကြဲမှုသည် ရက်စက်မှုတခုထက် ပိုနိုင်သည်။ ၎င်းသည် ရခိုင်စစ်ပွဲ၏ အဆင့်သစ်တခုသို့ ကူးပြောင်းသွားခြင်းကို ညွှန်ပြနေပြီး စစ်ပွဲ၏ စည်းမျဉ်းများမှာ ပိုမိုပျက်စီးယိုယွင်းလာနေသည်။ ဆေးရုံများကို ဗုံးကြဲခြင်း၊ စာသင်ကျောင်းများကို ဖျက်ဆီးခြင်းနှင့် အရပ်သားနယ်မြေများကို ထပ်ခါတလဲလဲ တိုက်ခိုက်ခြင်းများဖြင့် ဤပဋိပက္ခသည် စည်းများစွာကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။

အကယ်၍ စစ်သုံ့ပန်းများသည်ပင် ပစ်မှတ်များ ဖြစ်လာပြီဆိုပါက စစ်ပွဲ၏ နောက်ဆုံးကျန်ရှိသော ထိန်းကျောင်းမှုများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဖမ်းဆီးခံထားရချိန်မှာပင် အကာအကွယ် မရနိုင်တော့ပါက ဤစစ်ပွဲသည် အရပ်သားများအတွက်သာမက သုံ့ပန်းများအတွက်ပါ ပိုမိုအန္တရာယ်ကြီးမားသော အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ယခုမေးခွန်းမှာ ထိုစည်းကို နောက်တကြိမ် ထပ်မကျော်မီ “ကမ္ဘာကြီးအနေဖြင့် အမ်းမြို့နယ် တိုက်ခိုက်မှု၏ အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်မည်လား” ဆိုသည်ပင် ဖြစ်သည်။

(အောင်မင်းဦးသည် ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။)

]]>
ထိန်းသိမ်းထားသော မြန်မာ ၃၀၀၀ ကျော် မလေးရှား ပြန်ပို့ချင် https://burma.irrawaddy.com/news/2020/06/09/224302.html Tue, 09 Jun 2020 09:17:17 +0000 https://burma.irrawaddy.com/lytbox/?p=224302 မေလ ၈ ရက် ကယ်ဆယ်ရေးလေယာဉ်ကို ကွာလာလမ်ပူလေဆိပ်တွင် စောင့်ဆိုင်းနေကြစဉ် / နိုင်ငံခြားရေးဝန်ကြီးရုံးထိန်းသိမ်းထားသော လူ ၃၀၀၀ ကျော်ကို မလေးရှားနိုင်ငံက မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆန္ဒရှိနေသည်]]> မေလ ၈ ရက် ကယ်ဆယ်ရေးလေယာဉ်ကို ကွာလာလမ်ပူလေဆိပ်တွင် စောင့်ဆိုင်းနေကြစဉ် / နိုင်ငံခြားရေးဝန်ကြီးရုံး

ထိန်းသိမ်းထားသူ ရာနှင့်ချီ၍ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် မလေးရှားအစိုးရက လက်ရှိအချိန်တွင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းထားသော လူ ၃၀၀၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆန္ဒရှိနေသည်ဟု မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတဦး၏ အဆိုအရ သိရသည်။

ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လည်ပို့ဆောင်ရန် မလေးရှားနိုင်ငံက ဆန္ဒရှိကြောင်း သံရုံးသို့ အကြောင်းကြားခဲ့ပြီး ၎င်းတို့ကို သယ်ယူပို့ဆောင်ရေး စင်းလုံးငှား လေယာဉ်များ စီစဉ်ပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်ဟု ကွာလာ လမ်ပူရှိ မြန်မာသံရုံးမှ သံရုံးအုပ် ဦးကိုကိုလွင်က ဧရာဝတီသို့ ဇွန်လ ၈ ရက် နေ့က ပြောကြားခဲ့သည်။

မလေးရှားတွင် အာဏာပိုင်များက ဖမ်းမိသော စာရွက်စာတမ်း အထောက်အထားမဲ့ နိုင်ငံခြားသားများကို ပုံမှန်အားဖြင့် တိုင်းပြည်အတွင်း တရားမဝင်နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းအတွက် နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထောင် ဒဏ် ၃ လမှ ၆ လအထိ ချမှတ်လေ့ရှိသည်။ ထောင်ဒဏ်ကျခံပြီးနောက် သူတို့၏ အထောက်အထားနှင့် နိုင်ငံသားဖြစ်မှုကို သက်ဆိုင်ရာသံရုံးများက အတည်ပြု ပေးနိုင်သည့် ကာလအထိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းထားလေ့ရှိသည်။

ဇွန်လ ၄ ရက်နေ့တွင် မလေးရှားကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က ထိုနေ့တွင် COVID-19 ဖြစ်ပွားမှုအသစ် ၂၇၇ ခုကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့ထဲမှ ၂၇၀ မှာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းထားသည့် နိုင်ငံခြားသားများ ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

ထိုတွေ့ ရှိမှု မတိုင်မီတွင် မေလ ၂၁ ရက်နေ့က Bukit Jalil လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း၌ နိုင်ငံခြားသား ၃၅ ဦး တွင် COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး ၎င်းတို့ထဲမှ  ၁၇ ဦး မှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက မလေးရှား နိုင်ငံတလွှားမှ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၁၁ ခုတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသားများဖြစ်သည်ဟု သူတို့က ဖော်ပြသော လူ ၃၀၀၀ ကျော်ကို ပြန်ပို့ရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သံရုံး တာဝန်ရှိသူ၏ အဆိုအရ သိရသည်။

“သူတို့က အမှန်တကယ် မြန်မာနိုင်ငံသားတွေ ဟုတ်သလား ဆိုတာကို ကျနော်တို့က ဆုံးဖြတ်ရပါမယ်” ဟု ဦးကိုကိုလွင် ကပြောသည်။

ပြီးခဲ့သည့်တကြိမ်တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း၌ မြန်မာနိုင်ငံသားများအဖြစ် မှတ်ပုံတင်ထားသည့် ထိန်းသိမ်းခံထားသူ ၂၀၀ အနက် တဝက်က မြန်မာနိုင်ငံမှ မဟုတ်ကြောင်း မြန်မာအာဏာပိုင်များက တွေ့ ရှိခဲ့ရသည်ဟု သူက ပြောသည်။

မလေးရှားအစိုးရက နိုင်ငံတွင်း ခရီးသွားလာခြင်းအတွက် COVID-19 ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်သည်နှင့် တပြိုင်နက် သံရုံးအရာရှိများက နိုင်ငံသား စိစစ်မှုများ ပြုလုပ်ရန် မလေးရှား နိုင်ငံတလွှားရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်း ရေးစခန်း ၁၁ ခုသို့ သွားရောက်ရန် စီစဉ်နေကြသည် ဟု သူက ထပ်ပြောသည်။

ထိန်းသိမ်းရေး စခန်းများ တွင် COVID-19 ကူးစက် ပျံ့နှံ့မှု သတင်းများကြောင့် စစ်ဆေး အတည်ပြုခြင်း လုပ်ငန်းစဉ်က ထပ်မံ နှောင့်နှေးခဲ့ရသည်။

ဦးကိုကိုလွင်၏ အဆိုအရ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း အတည်ပြုပြီးသူများကို ပြန်လည်ခေါ်ယူသွားမည် ဖြစ်သည်။

မေလ ၁၁ ရက်နေ့တွင် အကျဉ်းထောင်မှ လွတ်လာပြီးနောက် မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၃၉၁ ဦး ကို မလေးရှားအစိုးရက ပံ့ပိုးပေးသည့် စင်းလုံးငှား လေယာဉ် ၂ စီး ဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။

ထို ၃၉၁ ဦးအနက် မှ ၄ ဦးသည် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ ရှိခဲ့ရသည်။

မေလ ၈ ရက်မှ စ၍ ထိန်းသိမ်းခံထားသူ ၃၉၁ ဦး အပါအဝင် မြန်မာနိုင်ငံသား ၅၉၁ ဦး ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဌာန၏ အဆိုအရ သိရသည်။

မြန်မာရွှေ့ပြောင်း လုပ်သားရေး တက်ကြွလှုပ်ရှားသူနှင့် ကွာလာလမ်ပူအခြေစိုက် Kathpone နာရေး ကူညီမှု အသင်း ဥက္ကဌ ဦးစန်းဝင်းက မလေးရှားနိုင်ငံက အထောက်အထားမဲ့နိုင်ငံခြားအလုပ်သမားများ အပေါ် ဖြိုခွဲမှုများ ဆက်လက် ပြုလုပ် နေသည့် အချိန်၌ COVID-19 အတွက် ပိတ်ဆို့မှုများဖြင့် ကြုံတွေ့နေရသည့် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများကို အစိုးရက ကူညီသင့်ကြောင်း ဧရာဝတီသို့ ဇွန်လ ၈ ရက် နေ့က ပြောကြားခဲ့သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် COVID-19 မဟုတ်သည့် ကျန်းမာရေး ပြဿနာများရှိသူများ အပါအဝင် အထောက်အထားမဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများအပြားသည် COVID-19 အကျပ်အတည်းကြောင့် သူတို့၏ အလုပ်များ ဆုံးရှုံးခဲ့ရ ပြီး နောက်တွင် ဘဝရပ်တည်ရေး အခက်အခဲဖြစ်နေကြရသည်ဟု ဦးစန်းဝင်း က ပြောသည်။

မလေးရှားရှိ မြန်မာနိုင်ငံသား ၄၀၀ ခန့် က မြန်မာအစိုးရ စီစဉ်နေသောပြန်လည် ပို့ဆောင်ရေး လေယာဉ်များဖြင့် အိမ်ပြန်ရန် မှတ်ပုံတင်ထားကြောင်း မြန်မာသံရုံးမှ တာဝန်ရှိသူများက ပြောသည်။

ဇွန်လ ၈ ရက်နေ့အထိ  သေဆုံးသူ ၆ ဦး နှင့် ပြန်လည် သက်သာ လာသူ ၁၅၆ ဦး အပါအဝင် မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၂၄၃ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

(Zaw Zaw Htwe ၏ Malaysia Seeks to Deport 3,000 Detained Illegal Immigrants to Myanmar  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုလည်း ကူညီပါ

မလေးရှား သံရုံးရှေ့  စွန့်ပစ်ခံရသည့် မြန်မာ လုပ်သားများကိစ္စ အရေးယူမည်

မလေးရှားတွင် ဒုက္ခကြုံနေရသည့် မြန်မာလုပ်သားများအရေး မေးမြန်းချက်

]]>
မလေးရှား ထိန်းသိမ်းရေးစခန်းရောက် မြန်မာနိုင်ငံသား ၁၃၈ ဦး ပြန်လည်ရောက်ရှိ https://burma.irrawaddy.com/news/2016/08/09/122278.html Mon, 08 Aug 2016 18:10:51 +0000 https://burma.irrawaddy.com/lytbox/?p=122278 သြဂုတ် ၉ ရက်နေ့က ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားတချို့ / မေစစ်ပိုင် / ဧရာဝတီထောင်ထဲမှာ ၂လ၊ အချုပ် ၂ လကျပြီးတော့ ထိန်းသိမ်းရေးစခန်းရောက်သွားတယ်။ အစားအသောက် အရမ်း ဆင်းရဲတယ်။ အိပ်ရတာကလည်း တမံသလင်းပေါ်မှာ ။ ရောဂါတွေဖြစ်ကြ၊ သေကြတဲ့သူတွေတောင်ရှိတယ်။ အလုပ်ရှားပါးလို့ သွားလုပ်ရတာပါ။]]> သြဂုတ် ၉ ရက်နေ့က ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားတချို့ / မေစစ်ပိုင် / ဧရာဝတီ

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း ၁၁ ခုတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၃၈ ဦး ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

အစိုးရ က မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနို်င်ငံသား ၂၂၉၄ ဦးအနက် ပထမဆုံးအကြိမ်အဖြစ် ၁၃၈ ဦးကို သြဂုတ် ၉ ရက် ညပိုင်းက ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ယင်း ၁၃၈ ဦးအနက် အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၁၂၈ ဦးပါဝင်ပြီး ချင်း၊ စစ်ကိုင်း၊ ရခိုင်၊ ကရင်စသည့် တိုင်းနှင့် ပြည်နယ်အသီးသီးမှ ဖြစ်ကြောင်း သိရသည်။

လူကုန်ကူးတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး မျိုးသိန်းက “ကျနော်တို့ စစ်ဆေးမေးမြန်းထားသလောက်တော့ စခန်းတွေမှာ ရောက်နေတဲ့သူတို့တွေက လူကုန်ကူးခံရပြီး ရောက်သွားတာ မဟုတ်ဘူး။ ပတ်စ်ပို့သက်တမ်းလွန်တာ၊ အောက်လမ်းက သွားတာတွေကနေ ဖမ်းဆီးခံရပြီး ရောက်သွားကြတာ။ သူတို့ရဲ့ ဖြစ်စဉ်၊ အလုပ်အကိုင် စတာတွေနဲ့ပတ်သက်ပြီး ကျနော်တို့ မေးမြန်းပါတယ်”ဟု ဧရာဝတီသို့ပြောသည်။

ထိန်းသိမ်းရေးစခန်းတခုမှ ပြန်လည်ရောက်ရှိလာသူ မသီတာကလည်း “အပြင်မှာ အဝတ်ထွက်လှမ်းရင်းနဲ့ ရဲက ဖမ်းခေါ်သွားတာ။ ထောင်ထဲမှာ ၂လ၊ အချုပ် ၂ လကျပြီးတော့ ထိန်းသိမ်းရေးစခန်းရောက်သွားတယ်။ အစားအသောက် အရမ်း ဆင်းရဲတယ်။ အိပ်ရတာကလည်း တမံသလင်းပေါ်မှာ ။ ရောဂါတွေဖြစ်ကြ၊ သေကြတဲ့သူတွေတောင်ရှိတယ်။ အလုပ်ရှားပါးလို့ သွားလုပ်ရတာပါ။”ဟု ရှင်းပြသည်။

မသီတာနှင့်အတူ ၎င်း အကို ဖြစ်သူပါ တခါတည်း ပြန်လည်ရောက်ရှိလာပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ပြန်မည်ဖြစ်ကြောင်း၊ အစိုးရက အလုပ်အကိုင် ရရှိနိုင်ရန် ကူညီပေးမည်ဟု ဆိုသဖြင့် ကိုယ်ရေးအကျဉ်းအချက်အလက်များ ဖြည့်ပေးထားကြောင်း ပြောပြသည်။

ရခို်င်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဒေါ်အောင်လှဖြူကလည်း “စက်ရုံမှာ သန့်ရှင်းရေး သွားလုပ်တာ။ အိပ်ပျော်နေတုန်း အဖမ်းခံရတာ။ ထိန်းသိမ်းရေး စခန်းမှာ ၄ လလောက်နေလိုက်ရတယ်။ အခုတော့ သူတို့ပြန်ခေါ်တယ်။ လိုက်မလား ဆိုတော့ လိုက်လာလိုက်တာ”ဟု ဆိုသည်။

အဆိုပါ ထိန်းသိမ်းရေးစခန်း (၁၁) ခုတွင်  အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံနေကြရသော မြန်မာနိုင်ငံသား ၂၂၉၄ ဦးအနက် ပထမအသုတ်အဖြစ် ၁၃၈ ဦးကို ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) က အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) စင်းလုံးငှားလေယာဉ်ဖြင့် မလေးရှားနိုင်ငံ၊ ကွာလာလမ် ပူမြို့မှ ရန်ကုန်မြို့သို့ အခမဲ့ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသူများ အားလုံးကိုလည်း MAI စင်းလုံးငှား လေယာဉ်များဖြင့် ဆက်လက်၍ အခမဲ့ ပြန်လည်ခေါ်ဆောင်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် ပြန်လည်ရောက်ရှိ လာသူများကို သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပြန်နိုင်ရေးအတွက် တဦးလျှင် လမ်းစရိတ် ၁ သိန်းစီ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဒုတိယအသုတ်ကိုလည်း သြဂုတ် ဒုတိယအပတ်တွင် ထပ်မံခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။

]]>