နယ်သာလန်နိုင်ငံ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/နယ်သာလန်နိုင်ငံ Covering Burma and Southeast Asia Tue, 18 Jul 2023 23:50:09 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png နယ်သာလန်နိုင်ငံ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/နယ်သာလန်နိုင်ငံ 32 32 ကိုရိုနာကြောင့် ဆေးခြောက်ဝယ်လိုအားများနေတဲ့ နယ်သာလန်နိုင်ငံ https://burma.irrawaddy.com/lifestyle/trend/2020/03/18/218416.html Wed, 18 Mar 2020 10:46:39 +0000 https://burma.irrawaddy.com/lytbox/?p=218416 ဆေးခြောက်သုံးစွဲသူတွေဟာ ဆိုရင်လည်း ဆေးခြောက်ပြတ်လပ်မှုမရှိအောင် ကြိုတင်ဝယ်ယူစုဆောင်းနေကြတာပါမြို့ရဲ့ နာမည်ကြီးကော်ဖီဆိုင်တခုဖြစ်တဲ့ Doctor Green ဆိုတဲ့ ကော်ဖီဆိုင်ရှေ့မှာ ဆေးခြောက်ချစ်သူအများအပြား တန်းစီစောင့်ဆိုင်းနေကြတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။]]> ဆေးခြောက်သုံးစွဲသူတွေဟာ ဆိုရင်လည်း ဆေးခြောက်ပြတ်လပ်မှုမရှိအောင် ကြိုတင်ဝယ်ယူစုဆောင်းနေကြတာပါ

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ပြန့်ပွားနှုန်းမြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများစုဝေး သွားလာတတ်တဲ့ ရုပ်ရှင်ရုံ၊ ပန်းခြံ၊ ကော်ဖီဆိုင်နဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတော်တော်များများကို နိုင်ငံအသီးသီးမှာ ပိတ်ပင်ထားကြတာ ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာဆိုရင်လည်း မြို့တွင်းကော်ဖီဆိုင်တော်တော်များများကို ပိတ်ပင်ထားတာဖြစ်ပြီး လူသုံးကုန်ပစ္စည်းတွေ၊ အိမ်သုံးတစ်ရှူးစက္ကူလိပ်တွေအပြင် နောက်ထပ်ဝယ်လိုအားများနေတာကတော့ ဆေးခြောက်ပဲ ဖြစ်ပါတယ်။

ကိုရိုနာကြောင့် အပြင်မထွက်ရဘဲ အိမ်တွင်းအောင်းနေရမယ့် အခြေအနေတခုမှာ ဆေးခြောက်သုံးစွဲသူတွေဟာ ဆိုရင်လည်း ဆေးခြောက်ပြတ်လပ်မှုမရှိအောင် ကြိုတင်ဝယ်ယူစုဆောင်းနေကြတာပါ။ ဆေးခြောက်ဝယ်ယူလို့ရတဲ့ ကော်ဖီဆိုင်တွေ တော်တော်များများမှာ ဆေးခြောက်ဝယ်ယူဖို့ စောင့်ဆိုင်းနေကြတဲ့ မြင်ကွင်းဟာဆိုရင်လည်း ဆိုရှယ်မီဒီယာတွေမှာ လတ်တလော ပျံ့နှံနေတာလည်း ဖြစ်ပါတယ်။

မြို့ရဲ့ နာမည်ကြီးကော်ဖီဆိုင်တခုဖြစ်တဲ့ Doctor Green ဆိုတဲ့ ကော်ဖီဆိုင်ရှေ့မှာ ဆေးခြောက်ချစ်သူအများအပြား တန်းစီစောင့်ဆိုင်းနေကြတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ လတ်တလောအခြေအနေတွေအရ ကော်ဖီဆိုင်တွေအပါအဝင် ကလပ်တွေနဲ့ ဘားတွေကို ညနေ ၆ နာရီဆိုတာနဲ့ ပိတ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားတာလည်း ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံက ကော်ဖီဆိုင်တော်တော်များများဟာ ကော်ဖီတင်မက ဆေးခြောက်လည်းရောင်းပြီး ဥပဒေအရဆိုရင်တော့ ဆိုင်တွင်းမှာ ၅၀၀ ဂရမ်ထက်မပိုတဲ့ ဆေးခြောက်တွေ ထားခွင့်ရှိပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေအနေနဲ့ ဆေးခြောက်သုံးစွဲနိုင်ပြီး နာမည်ကြီးကော်ဖီဆိုင် အများစုမှာ ဆေးခြောက်ဝယ်ယူနိုင် တာကြောင့် အခုလို အခြေအနေမှာ ကော်ဖီဆိုင်တွေရှေ့မှာ ဆေးခြောက်သောက်သုံးသူတွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။

Ref. www.dailymail.co.uk

You may also like these stories:

ကိုရိုနာကူးစက်မှု ကာကွယ်ဖို့ ထိုင်းတက္ကသိုလ်များ အွန်လိုင်းစနစ်နဲ့ ပညာသင်ရန် တိုက်တွန်းထား

ကိုရိုနာကြောင့် ကမ္ဘောဒီးယားမှာ နိုင်ငံ ၅ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်

COVID-19 ကာကွယ်ဆေးကို အမေရိကန်မှာ ပထမဆုံးအကြိမ် စတင် စမ်းသပ်

]]>
နယ်သာလန်နိုင်ငံက ATM တွေမှာ ကလေးပျောက် ကြေညာတွေ ပြသပေးမည် https://burma.irrawaddy.com/business/it/2019/05/29/192991.html Wed, 29 May 2019 12:04:02 +0000 https://burma.irrawaddy.com/lytbox/?p=192991 နယ်သာလန်နိုင်ငံက ATM တွေမှာ ကလေးပျောက် ကြေညာတွေ ပြသပေးသွားမှာ ဖြစ်ပါတယ်လက်ရှိ ATM စက်တွေမှာ ကလေးပျောက် ကြေညာချက်ကို ဒတ်ချ်ဘာသာစကားသီးသန့် Vermist Kind Alert နဲ့ Amber Alerts ဆိုပြီး နှစ်မျိုးနှစ်စား ဖော်ပြနိုင်ပါတယ်။]]> နယ်သာလန်နိုင်ငံက ATM တွေမှာ ကလေးပျောက် ကြေညာတွေ ပြသပေးသွားမှာ ဖြစ်ပါတယ်

လွန်ခဲ့တဲ့အပတ်က စတင်ပြီး နယ်သာလန်နိုင်ငံက In2Retail ကုမ္ပဏီထုတ် ATM စက်ပေါင်း ၃၀၀ ကျော်မှာ ကလေးပျောက် ကြေညာတွေ စတင်ဖော်ပြပေးနေပြီ ဖြစ်ပါတယ်။ အဓိကအားဖြင့် လေဆိပ်၊ ကုန်တိုက်နဲ့ ကမ္ဘာလှည့် ခရီးသည်အလာများတဲ့ နေရာဒေသတွေက ATM တွေမှာ ပြပေးနေတာ ဖြစ်ပါတယ်။

အကယ်၍ ဒီကနဦး အစီအစဉ်သာ အောင်မြင်မှုရရှိခဲ့မယ်ဆိုရင် အခြားကုမ္ပဏီထုတ် ATM စက်တွေမှာပါ ကလေးပျောက် ကြေညာတွေ တိုးချဲ့ ပြသပေးမှာဖြစ်ပြီး၊ တနိုင်ငံလုံးက ATIM စက် အကုန်လုံးမှာ ပြသနိုင်ဖို့အထိ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ နယ်သာလန်နိုင်ငံဟာ ATM စက်မှာ လူပျောက် ကြေညာချက် ဖော်ပြပေးတဲ့ ပထမဆုံးနိုင်ငံ အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

လက်ရှိ ATM စက်တွေမှာ ကလေးပျောက် ကြေညာချက်ကို ဒတ်ချ်ဘာသာစကားသီးသန့် Vermist Kind Alert နဲ့ Amber Alerts ဆိုပြီး နှစ်မျိုးနှစ်စား ဖော်ပြနိုင်ပါတယ်။ နှစ်ခုစလုံးက ကလေးပျောက်ဆုံးသွားကြောင်း ကြေညာချက်တွေပဲ ဖြစ်ပေမယ့် Amber Alert က ကလေးအသက်အန္တရာယ် ကြုံတွေ့နိုင်ခြေ ရှိတယ်လို့ ယူဆရတဲ့ အရေးပေါ်ကြေညာချက်တွေအတွက် ဖြစ်ပါတယ်။

ပိုမို အရေးကြီးတဲ့ Amber Alert အသုံးပြုရပြီဆိုရင် SMS မက်ဆေ့ပို့တာ၊ Facebook Notifications ထုတ်ပေးတာနဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားသတင်းတွေမှာ ကြားဖြတ် ကြေညာတာတွေပါ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ AmberAlert.eu ရဲ့ အဆိုအရ ၂၀၁၈ ခုနှစ်အတွင်း ဥရောပနိုင်ငံတွေမှာ ပျောက်ဆုံးနေတဲ့ ကလေးငယ် ၃၀ ဦးအတွက် ကြေညာချက် ၂၆ ခု ထုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ ဒီထဲမှာ ၉၇ ရာခိုင်နှုန်းလောက်ကို အောင်မြင်စွာ ပြန်ရှာတွေ့ခဲ့ပါတယ်။

ATM စက်မှာ ပြသမယ့် ကလေးပျောက် ကြေညာမှာ ကလေးဓာတ်ပုံကိုပါ ယှဉ်တွဲဖော်ပြနိုင်သလို၊ ကလေး ရောက်နေနိုင်လောက်တဲ့ နေရာတွေကိုလည်း ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေ့လျောက် အလားတူ ကြေညာချက်တွေကို ဖုန်းမှာ ရယူထားကြဖို့အတွက် လှုံ့ဆော်တဲ့ ဗီဒီယိုတခုကိုလည်း ATM စက်မှာ ပြသနိုင်ပါတယ်။ ကလေးကိုပြန်တွေ့ပြီဆိုတာနဲ့ သတင်းအချက်အလက် အားလုံးကို ပြန်ဖျက်ပေးမှာဖြစ်တယ်လို့ AmberAlert.eu က ပြောကြားထားပါတယ်။

Amber Alerts ကို ဥရော၊ အမေရိကနဲ့ အခြားနိုင်ငံတွေက ကြော်ငြာ စခရင်တွေ၊ အဝေးပြေး ဆိုင်းဘုတ်၊ ဘေဘုတ်နဲ့ ဝဘ်ဆိုဒ်တွေမှာလည်း လက်ရှိ ဖော်ပြပေးလျက်ရှိပါတယ်။ ATM တွေမှာတော့ ယခုမှ ဖော်ပြပေးဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ Waze နဲ့ Google Maps စတဲ့ လူသုံးများတဲ့ Apps တွေမှာလည်း အလားတူ ကလေးပျောက် Amber Alerts ပြနိုင်တဲ့ လုပ်ဆောင်ချက်တွေ ထည့်ပြီး ဖြစ်ပါတယ်။

Ref: The Verge

You may also like these stories:

ဗြိတိန် 5G ကွန်ရက် တည်ဆောက်ရာမှာ Huawei ပါဝင်ခွင့် ရရှိဟုဆို

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အေဂျင်စီနှစ်ခု ပူးပေါင်းကာ ERA Myanmar ကို တည်ထောင်

ဟွာဝေး 5G နည်းပညာက အမေရိကန်အတွက် အဏုမြူဗုံးသဖွယ် ဖြစ်နေဟုဆို

Amazon က ဂြိုဟ်တုအလုံးရေ ၃,၀၀၀ ကျော်ဖြင့် ကမ္ဘာအနှံ့ အင်တာနက် လွှင့်မည်

]]>